ယမကာလုလင် နဲ့ အိုက်ခီလောက်

ကျွန်တော် နာမည်ဆန်းတယ်ဆိုပြီးတပ်စ့်ထားတဲ့ ကိုတလနွန် ၊ တပ်စ့်ထားတဲ့အထဲကလွတ်ပြီဆိုပြီး ပျော်နေတုန်း သူ့ ကိုတပ်စ့်ထားတာပါပြီးကျွန်တော်မပါလို့  ပြန်တပ်စ့်တဲ့ မမိုးခါး နဲ့ နောက် သူ့ လည်းတပ်စ့်ခံထိထားတော့သူ့ ညီကိုလည်းပြန်တပ်စ့်တဲ့ ကိုနေရင့် ဒီသုံးယောက်တပ်စ့်ထားတာက အကြောင်းအရာတူနေတော့ နည်းနည်းခံသာသွားတယ် ဗျ ။ မဟုတ်ရင် မတူရင် သုံးယောက်ဆို သုံးပုဒ်ဗျ ။ ဒါတောင် တောင်ပေါ်သားတပ်စ့်ထားတာက ရှိသေးတယ် ချစ်နေလိုက်ကျတာအဲ့လို ။ အကြွေးတွေဆပ်ဖို့ ကော်နက်ရှင်က ခုတစ်လောသိပ်မကောင်းဘူးဗျ ။ ကိုယ့်ပဲဖြစ်နေတာထင်လို့ သူငယ်ချင်းတွေအိမ်သွားတယ် ၊ အစ်ကိုတွေ အစ်မတွေအိမ်မှာလည်းသွားကြည့်တော့ အားလုံးကအတူတူပဲဖြစ်နေတယ် လေ ။ အကြွေးဆပ်ချင်သော်လည်း ဆပ်ခွင့်မကြုံလို့ လားမသိဘူးလားမသိပါဘူး လေ ။ ခုတော့လိုင်းလေးကောင်းနေတုန်းလေး အပြေးဆပ်ပေးလိုက်ပါတယ် ။ တောင်ပေါ်သားတော့ခဏလေးစောင့်နေပေးပါနော် ကြိုပြောထားရတယ် ။

ကျွန်တော်ဘလောက့်ဆိုတာကို မလုပ်ခင် အရင်ဆုံး နိုင်ဆိုဒ့်ကို လုပ်ဖြစ်တယ် ဗျ ။ လုပ်ဖြစ်အောင် အားပေးအားမြှောက်တာက အရူးလေး ပေါ့ ။ သူ့ နဲ့ ကတန်ဆောင်တိုင်ကတည်းကအတွဲညီလာတာ ညီးအစ်ကိုရင်းလိုပဲ ပြောမနာဆိုမနာတွေလေ ။ သူ့ ပြောသလိုပဲ ညီအစ်ကိုနှစ်ယောက်စကားလက်ဆုံကျရင်မိုးလင်းတယ် ။ သူ့ က ကျွန်တော်ကို ကိုပေါ်လို့ ခေါ်တယ် ။ ဘာကြောင့်ဆို တန်ဆောင်တိုင်တုန်းက တောင်ကြီးချယ်ရီမြေစီပုံးမှာ ကျွန်တော့်နာမည်က တောင်ပေါ်ကရှမ်းကလေး ဖြစ်နေတယ်လေ ။ ကိုယ့်မွေးမြေ ကိုလည်းလွမ်းတာလည်းပါတယ်လေ ၊ ပြီးတော့ လူတိုင်းသိနေတဲ့ သီချင်းစာသားဖြစ်နေလို့ လေ ။ တောင်ပေါ်ကရှမ်းကလေးလျှော်ထမ်းလို့ ပြေး ဆိုတာလေ အားလုံးက သိကျမှာပါ ဒီစာသားလေးကို ။ ဒါနဲ့ လူတွေသတိထားမိအောင် ပိုအမှတ်ရလွယ်အောင်ဆိုပြီး တောင်ပေါ်ကရှမ်းကလေးကို ယူခဲ့ပါတယ် ။

ဒါနဲ့ တန်ဆောင်တိုင်ပြီးတော့ နတ်သဘင်က မေးလ်လေးရောက်လာတယ် ။ ပုသိမ်က သူငယ်ချင်းတစ်ယောက်ကြောင့်လို့ တော့ထင်တယ်လေ ။ ဒါနဲ့ လက်ဆော့ပြီးအဖွဲ့ ဝင်လိုက်တယ် ။ အဖွဲ့ ဝင် ဖြစ်စက နှစ်ဆယ်ကျော်ပဲလူရှိသေးတယ် ဗျ ။ ဒါနဲ့ နာမည်ပေးမယ်ဆိုတော့ သူ့ ကနတ်သဘင်ဆိုတော့ ကြည့်လိုက်တော့အားလုံးကနတ်နာမည်တွေချည်းပဲလေ ။ ဒါနဲ့ ငါလည်းနတ်နာမည် ယူမှဖြစ်မယ်ဆိုပြီး စဉ်းစားတယ်လေ ။ သိပ်မစဉ်းစားရပါဘူး ယမကာလုလင် လို့ ပေးဖြစ်ခဲ့တယ် ။ ပေးဖြစ်တာကလည်း ကျွန်တော်ကိုယ်တိုင် က ဒီနာမည်ကို ကြိုက်လို့ လေ ။ လူနားထဲ ကြားရရင် မရိုင်းဘူးလေ ။ အရက်သမားဆိုရင် လူတွေ ကနှာခေါင်းရှုံကျတယ်လေ ။ ယမကာလုလင် ဆိုတော့ နာဝင်ချိုတယ်လို့ တော့ထင်တာပါပဲ ။ ဒါနဲ့  ယမကာလုလင် ဆိုတဲ့နိုင်ဆိုဒ့်လေး လုပ်ဖြစ်ပါတယ် ။ အားပေးအားမြှောက်ကတော့ အရူးလေးပါ ။ ဒါနဲ့ သူ့ က တစ်မိုးအောက်နဲ့ ဆုံစည်းရာကို လုပ်ဖြစ်တယ် ။ ကျွန်တော်က ယမကာလုလင်ပေါ့ အရူးလေးက အားရင်လည်းလာလုပ်ကူတယ်လေ ။ ဒါပေမယ့် လုပ်တာလုပ်တာ သဘောမတွေ့ ဘူးဗျ ။ လူများရင်ချီးများတယ်ဆိုတာလေ ။ ဒါနဲ့ ယမကာလုလင်ဆိုတဲ့နိုင်ဆိုဒ့်လေး ဖျက်လိုက်တယ် ။

ပြီးတော့ ဘလောက်ကို လုပ်မယ်ဆိုပြီးအရူးလေးကိုတိုင်ပင်တော့ လုပ်တဲ့  သူ့ လည်းလုပ်ထားတယ်တဲ့လေ ။ ဒါနဲ့ စလုပ်ဖြစ်သွားတယ် ။နာမည်ကတော့ ယမကာလုလင် ပဲကြိုက်နေတော့ ဒါလေးပဲဆက်ယူဖြစ်သွားတာလေ ။ ပြီးတော့ ယမကာလုလင် ဆိုတဲ့ အိုက်ခီလောက်ရဲ့ ဆိုးခဲ့ ၊ ပေတေခဲ့တာကို နည်းနည်းဆီပြန်ပြီးရေးချင်တာလည်းပါတယ်လေ ။ လုပ်နေရင်းတန်းလန်းနဲ့ ဆုံစည်းရာကနေခင်လာတဲ့ တောင်ကြီးက ဘလောက်ဂါ တွေနဲ့ ရင်းနှီးပြီး အားတက်လာတယ်လေ ။ သူ့ တို့ ကလည်း ကူညီကျပါတယ် ။ ဘာကြောင့်တောင်ကြီးကဘလောက်ဂါလို့ ပြောရလည်းဆိုတာ မထင်ရဘူးဗျ တောင်ကြီးသားဘလောက်ဂါတွေ ကိုတော်တော်များများတွေ့ ရလို့ ပါပဲ ။ ဒါကြောင့်နာမည်ထည့်ရေးနေရင် ရှည်သွားမှာစိုးလို့ လေ :D ။ သူ့ တို့ ကလည်းကူညီကျပါတယ် လုပ်ချင်တာကိုလုပ်ဖို့ လေ။ ဒါကြောင့်ယမကာလုလင်လေးကို လုပ်ဖြစ်သွားပါတယ် ။ ဘာရယ်မဟုတ်ပါဘူး ကိုယ့်ရေးချင်တာလေးကို ရေးဖို့ ပါပဲ ။ တစ်နေ့ မှာအမှတ်တရလေးတွေဖြစ်နိုင်ကောင်းပါတယ်လေဆိုပြီး နည်းနည်းဆီရေးဖြစ်သွားတာပါပဲ ။

တစ်ခါတစ်လေ သိမ်ငယ်စိတ် ဝင်နေတဲ့အချိန် ၊ အားငယ်နေတဲ့အချိန် ၊ အိမ်ကိုလွမ်းနေတတ်တဲ့အချိန် ၊ မိသားစုကိုသတိရနေတတ်တာတွေ အားလုံးပေါ့လေ သူများကိုမပြောနိုင်ရင်တောင် ခံစားနေရတာလေးတွေကို ရေးချချင်တယ် ။ ပြီးတော့ ကိုယ့်ရေးထားသမျှကို ပြန်ပြီးကြည့်ချင်တာလည်းပါတယ်လေ ။ သူများတွေလိုတော့ ဦးတည်ချက်မရှိပါဘူး ။ ရေးချင်တာကိုရေးမယ် ။ ဖတ်ကောင်းအောင်တော့စာရေးဆရာလို ဖွဲ့ နွဲ့ ပြီးလည်းမေ၇းတတ်ဘူး ၊ ဘယ်ရေးတတ်မလည်းနော့။ ဒါနဲ့ ခေါင်းစဉ်ကို ယမကာလုလင်ပဲပေးဖြစ်သွားတယ်ပေါ့ဗျာ။

အိုက်ခီလောက်ဖြစ်လာတာက ကျွန်တော်က အရက်ကိုတစ်အားသောက်တယ် ။ သောက်ဖြစ်တာကလည်း စွဲစွဲမြဲမြဲသောက်ဖြစ်တတ်တာက ဆယ်တန်းပြီးတော့ ရွာပြန်တယ်လေ ။ အဲ့မှာ အစ်ကိုအကြီးဆုံးက ကျွန်တော်ဆယ်တန်းမဖြေပဲ ရွာပြန်လာလို့  အိမ်အလုပ်တွေခိုင်းတယ်လေ။ ကားနောက်လိုက် ချောင်းဘေးမှာ သဲပေါက် နဲ့ သဲသယ် ၊ သဲချပေါ့ အလုပ်ကြမ်းခိုင်းတော့တာပဲ ။ အငယ်ဆုံးဆိုတော့လည်း မပြောရဲဘူးလေ ၊ ပြီးတော့ကိုယ်လုပ်ထားတာကလည်း ကျောင်းကထွက်လာလတယ်ဆိုတော့ ငြိမ်ခံနေတာပေါ့ ။ အစ်ကိုက ကျောင်းမနေရင် ဒီလိုအလုပ်ကြမ်းတွေလုပ်ရမယ်ဆိုတာ ကိုသူ့ ကသိစေချင်လို့ ခိုင်းတာပါ ။ ပြီးတော့ ကားနောက်လိုက်ခိုင်းတော့ ဘိလပ်မြေအိတ် ၊ ဆန်အိတ် ၊ ကြံသကာခြင်းတွေ ထမ်းရတာပေါ့ ။ ကျွန်တော်တို့ ရွာက မြို့ နဲ့ လှမ်းတော့ တောလမ်းဖြစ်နေတော့ နွေရာသီဆို ဖုန်လမ်း ၊ မိုးတွင်းဆို ဗွက်ထ နေတာပေါ့ ။ ဒါနဲ့ ကျွန်တော့ ဘွဲ့ တော့မသိဘူး ဗွက်တော့ အသကုန်ပေါက်ရတယ် ကားဘီးကျွံတော့လေ ။ မိုးကလည်းရွာ ဗွက်ကလည်း တူးနေရတော့ ခံနိုင်ရည်ရှိအောင်ဆိုပြီး အရက်သောက်တာ ပေါ့ ။ ရွာမှာက စပါးအရက်မီးတောက်လေ ။ စသောက်တော့ မီးစနဲ့ ထိုးခံရသလိုပဲ ပူပြီးဆင်းသွားတာ ရေကို အငမ်းမရသောက်ရတယ် ။ နောက်တော့လည်း သောက်တတ်သွားတယ် ။

နောက်တော့ပင်ပန်းတာကိုအကြောင်းပြီပြီး အရက်ကို ပိုသောက်လာတယ် ။ ဘယ်လောက်သောက်လည်းဆိုတော့ သွားးလေရာဆောင်ထားတယ် ။ ကားထဲမှာလည်းထည့်ထားတယ် ။ ဂါလံပုံးနဲ့ လေ ။အရက်ကောင်းတယ်ဆိုရင် ဝယ်ထားပြီးထည့်ထားတယ်။ ကားမှာထည့်ထားတယ်ဆိုတာက လမ်းပေါ်မှာအခြင်းခြင်း သူငယ်ချင်းတွေ ဆုံရင် ကားဘက်ထရီအိုးဖြုတ်ပြီး ချောင်းထဲဆင်းပြီးငါးရှော့ရိုက်တယ်လေ ။ နောက် ပျော်ပျော်ပါးပါး အရက်သောက်တတ်လာတာ ။ ဒါကြောင့်တစ်ရွာလုံးက ကျွန်တော့်ကို အိုက်ခီလောက် လို့ ခေါ်တယ် ။ တော်သေးတယ်အိုက်ခီယာ့ လိုမခေါ်လို့ ။ အိုက်ခီယာ့ ဆိုတာ ရှမ်းလို့ ဆေးသမားပြောတာ လေ ။ အိုက်ခီလောက် ကတော့ အရက်သမားလို့ ခေါ်တာ ။ ဒါနဲ့ ယမကာလုလင်နဲ့ လိုက်အောင် အိုက်ခီလောက်ကို ရွေးတယ်လေ ။ သဘောကတော့အတူတူပဲလေ နော်။ မြန်မာလို ယမကာလုလင် လည်း ဆိုလိုတာကလည်းအရက်သမားတွေပဲလေ ။ ရှမ်းလို အိုက်ခီလောက်ကလည်း အရက်သမားပဲ ဖြစ်တာကြောင့်လိုက်ရောညီထွေဖြစ်အောင် ယူသုံးလိုက်တာပါပဲ ။

ယမကာလုလင်နဲ့ အိုက်ခီလောက်ဆိုတာ အတူတူပါပဲ ၊ မြန်မာလို ယမကာလုလင် ပေါ့ ။ ရှမ်းလို က အိုက်ခီလောက် ပေါ့ ။ အင်း ပြောရတာ ကိုယ့်ပေါင်ကိုယ့်လှန်ထောင်းသလိုပဲ ။ မကောင်းတာလုပ်တာမှမဟုတ်တာနော့်  ။ ဒါပေမယ့်မရှက်ပါဘူးဗျာ ၊ နောက်မှလူပိုသိသွားမှပိုရှက်ရမှာ အကြောက်ဆုံးပဲ ။ ကျွန်တော် တွေ့ တဲ့ လူတိုင်းကို ဝန်ခံ တယ် ဗျာ ။ ကျွန်တော် အရက်ကို သောက်ခဲ့တယ် ။ ဒါပေမယ့် ခုဒီဘလောက်လေးကို လုပ်ပြီးတဲ့နောက်ပိုင်းကျွန်တော်အများကြီးပြောင်းလဲသွားတယ် ။ အရက်လည်းသိပ်မသောက်ဖြစ်တော့ပါဘူး ။ အပြင်လည်းမထွက်ဖြစ်ဘူးဗျာ ။ သူငယ်ချင်းတွေ အားလုံးက အံသြနေတယ်လေ ။ အရင်က သောက်မယ်စားမယ်ဆိုတဲ့လူက ငြိမ်နေတယ် ၊ ပြီးတော့ အပြင်မှာတစ်ချိန်လုံးတွေ့ နေရတဲ့လူက အိမ်ကပ်နေတယ်ဆိုတော့ သူ့ တို့ ပြောလည်းပြောစရာပါပဲ ။

ဒါပေမယ့် ကျွန်တော် ဘလောက်လေးလုပ်ရတာအင်မတင်ပျော်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ချစ်တဲ့ အကိုတွေ အမ တွေ အများကြီးရလိုက်လို့ ပါပဲ ။ ညီ တွေ ညီမ လည်းရပါတယ် ။ တစ်ကယ်ပဲ မောင်နှမအတိုင်းပဲ တစ်ဦးကိုတစ်ဦးကဖေးကူလို့ ၊ တစ်ယောက်လို တာကို တစ်ယောက်က ဖြည့်ဆည်းပေးလို့ စိတ်ချမ်းသာရတယ် ။ ကျွန်တော်အထီးမကျန်တော့ဘူး ။ အပြင်ကထက် ပိုပြီး ဒီမှာ ဟန်ဆောင်မူမရှိတဲ့ အဖြူရောင်မေတ္တာတွေ မြင်နေရတယ် ။ ကဲ မဆိုင်တာတွေ ရောက်ကုန်ပြီ ။ ယမကာလုလင်နဲ့ အိုက်ခီလောက် ဖြစ်လာတာကိုေ၇းတတ်သလိုေ၇းလိုက်တာပါ ။ ရှင်းအောင်မရေးနိုင်ဘူးဆိုရင် ကျွန်တော်လိုအပ်ချက်ပဲဖြစ်ပါတယ် :P

အိုက်ခီလောက်
အမြည်းလေးတွေ 16 ရစ်တယ်ပေါ့ |

ထားခဲ့ဖူးသောချစ်သူရည်းစား

ကိုရီနိုတပ်စ့်ထားတာပါ ရေးမယ်ရေးမယ်ဆိုပြီးမရေးဖြစ်သေးတာ ၊ ပျင်းနေလို့ မဟုတ်ပါဘူး ။ လူမှုရေးတွေများနေလို့ မအားတာကတစ်ကြောင်း ၊ ပြီးတော့ ကော်နက်ရှင်ဆိုတဲ့လိုင်းကလည်း တက်လိုက်ကျလိုက်နဲ့ ကျီစယ်နေလေတော့ ကျန့် ကြာနေရခြင်းဖြစ်ပါတယ် ။ ခုလည်းလိုင်းမကောင်းတဲ့ကြားကနေ အတင်းကိုတွယ်ကပ် ပြီး မရ ၊ အရ ကို ရေးမှဖြစ်မယ်ဆိုပြီး စိတ်ရှည်ရှည်ထားပြီး သကာလ ကျွန်တော်တစ်ယောက် ချွေူးတစ်ပြန်ပြန်နဲ့ ဖြစ်ချင်တာဖြစ်ရောဆိုပြီး နောင်ခါလာနောင်ဈေး သဘောနဲ့ ရေးချလိုက်ပြီဗျာ ။ ဖြစ်လာမယ့်အကျိုးအကြောင်း ကောင်းဆိုးကိုတော့ ကျွန်တော်ခံပါမယ့် တပ်စ့်ထားတဲ့လူနဲ့ မဆိုင်ပါဘူး လေ ။

ကျွန်တော် ငါးတန်းလောက်ေ၇ာက်တော့ ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စားမိတယ် ။ သူ့ ကမုန့် ခိုးစားနေတာ ရှေ့ဆုံးခုံမှာထိုင်ပြီးအစား ပုတ်ချက်ကတော့ လက်လန်တယ် ။ သုံးယောက်ထဲကမှသူ့ ကို ကျွန်တော်သတိထားမိတာ ပါ ။ အဲ့ကစ တာနေမှာ သံယောဇဉ်ဆိုတာ ။ ဒီလိုနဲ့ အတန်းတွေ တစ်ဖြည်းဖြည်း ကြီးလာတော့ သူ့ ကိုစလိုက် နောက်လိုက်နဲ့ ပဲ သူငယ်ချင်းကောင်းတွေဖြစ်သွားကြတယ်ပေါ့ ။ သူ့ ကိုကျွန်တော်ချစ်ရေးဆိုတော့ ကိုးတန်းမှာ အပြိုင်အဆိုင်တွေ ကြားထဲမှာလေ ။ သူ့ ကိုစာလိုက်ပေးတဲ့လူတွေကများသားလား နော် ။ သူ့  ကအချောကြီးလည်းမဟုတ်ဘူးလေ ။ ဒါပေမယ့်သူ့ ပုံစံက ချစ်စရာလေးကောင်းနေတယ် ။ ရိုးရိုးအေးအေးလေးနဲ့ ပြီးတော့သူ့ ကအတန်းထဲမှာလည်း စာအတော်ဆုံး ဖော်ရွေတယ် ၊ သဘောကောင်းတယ် ။ ကျွန်တော်ကတော့ ကျောင်းမှာဆို အမြဲနောက်ဆုံးခုံမှာထိုင်တာများတယ် ။ မဟုတ်တာအမြဲလုပ်နေတာလေ ပြီးတော့ အစ အနောက်ကလည်း သန်တယ် ။ စာမှာဆိုလည်း နောက်ဆုံးမဟုတ်တောင် နီးတော့နီးနေတယ်လေ ဒါပေမယ့် အောက်က အမာခံတွေ ရှိနေသေးလို့ နောက်ဆုံးမရောက်တာ ။ ဒါနဲ့ သူ့ ကို စာပေးတော့ ကိုးတန်းဆိုတော့ သူ့ ကအချစ်ရေးစိတ်မဝင်စားဘူးဆိုပြီး လူကို ဆန့် ငင် ဆန့် ငင် လုပ်ထားလိုက်တာ ။ ဒါနဲ့ ဆယ်တန်းဖြေပြီးနောက်တစ်နေ့ ပေါ့ သူ့ ကတစ်ကယ်ပဲ အဖြေပေးခဲ့ပါတယ် ။ ဒါနဲ့ ချစ်သူဖြစ်သွားရော ဒါပေမယ့်သူငယ်ချင်းကနေချစ်သူဘဝသာရောက်သွားတာ မနေတတ်ဘူး ဘယ်လိုဖြစ်နေလည်းကိုမသိတာ ။ စကားတွေလည်းပြောစရာမရှိဘူးလေ ချိန်းတွေ့ တာတောင် ပြောစရာစကားမရှိပဲ ထိုင်နေတာနှစ်ယောက်လုံး သုံးလေးနာရီ လောက်ပေါ့ အဲ့လိုဖြစ်နေတာ ။ သူ့ နဲ့ ကတော့ ခုထိချစ်နေဆဲပါပဲ ။

ဆယ်တန်းဖြေပြီးလို့ ကျွန်တော်ရွာပြန်သွားခဲ့တယ် ။ အဲ့မှာကောင်မလေးတစ်ယောက်ကို တွေ့ လိုက်မိတယ် ။ သူ့ ကလှတယ် ဗျ ။ ပြီးတော့ ကျွန်တော့်ထက် ငယ်တယ် ။ သူ့ ကိုတွေ့ တာကလည်း အကိုကမိန်းမယူတော့ အရက်တိုက်တယ် လေ ။ ကျွန်တော်ကတော့ မီးဖိုဆောင်မှာပဲအေးဆေးသွားသောက်နေတာ သူ့ ကလည်း လူများနေလို့ ရှောင်လာတယ်ထင်တယ် ။ အဲ့မှာ ဆုံကျတာပဲ သူ့ ကကျွန်တော်ကို အမြည်းလေးတွေလုပ်ပေးတယ် ပြီးတော့စကားလက်ဆုံကျသွားတယ် ခင်သွားကြတယ်ပေါ့ ။ ဒီလိုနဲ့ အကြောင်းမရှိအကြောင်းရှာပြီး သူ့ ရှိနေတဲ့နေရာကိုအမြဲသွားဖြစ်တယ် ။ သူ့ ကိုချစ်ရေးဆိုတော့ ချက်ချင်းပဲ အဖြေရခဲ့တယ် ။ သိပ်မကြာပါဘူး သူ့ တို့ မိဘတွေက အရက်သမားနဲ့ ကြိုက်ရမလားဆိုပြီး သူ့ တို့ သမီးကို သူ့ တို့ အမျိုးရှိတဲ့တစ်ခြားမြို့ ကို ပို့ လိုက်တယ် ။ ဒါနဲ့ ပြတ်သွားလေသတည်းပေါ့ ။

ဒါနဲ့ အိမ်ကကျောင်းပြန်တက်ပါလားဆိုပြီး အညာဖက်ကိုပို့ တယ် ။ အညာကအဆောင်တစ်ခုမှာအပြင်ဖြေအနေနဲ့ စာတွေ လုပ်ပါရော ။ အဲ့မှာ တွေ့ တာက နှစ်ယောက်ဗျ ။ တစ်ယောက် က အညာသူလေး ချောတော့မချောဘူး ။ သူ့ ပုံစံက မျိုးကြီးမျက်နှာနဲ့ ဆင်တယ် ။ သူ့ ကို ကျွန်တော်က မျိုးကြီးလို့ ပဲခေါ်တယ်လေ ။ သူ့ ကလည်း ကျွန်တော်ကို ဒိုးလုံးတဲ့ လေ ။ အဆောင်မှာဂီတာတီးပြီးသီချင်းဆိုရင် ဒိုးလုံးသီချင်းပဲ အမြဲဆိုတာလေ ။ သူ့ နဲ့ ကသံယောဇဉ်လေးလောက်ပဲရှိခဲ့တာ ။ သူငယ်ချင်းတစ်ယောက်ကကြိုက်တယ်ဆိုလို့ သူ့ ကိုဦးစားပေးလိုက်တာ ။ ဒါပေမယ့်မျိုးကြီးလေးက မချစ်ဘူးဗျ သူ့ ကို ။ သူငယ်ချင်းတော့ကြိုးစားရှာပါတယ် ရကိုမရသွားတာ ။ ကျွန်တော်နဲ့ ဖြစ်သွားတာကလည်း ရိုးရိုးလေးဗျ ။ သူ့ ကသူ့ အမျိုးအိမ်မှာ စက်ဘီးသွားပြင်ခိုင်းမလို့ လိုက်ကူဆိုတာနဲ့ ကျွန်တော်လည်း စက်ဘီးလေးနဲ့ လိုက်ကူတာ သူ့ တစ်စီး ကျွန်တော်တစ်စီးပေါ့ ။ ပြန်လာတော့ သူ့ စက်ဘီးကထားခဲ့တော့ကျွန်တော်စက်ဘီးနဲ့ လိုက်စီးတာပေါ့ ။ ဒါနဲ့ သူ့ ကို ချစ်တယ်ပြောတော့ သူ့ ကလည်း မူမနေပါဘူး ချက်ချင်းပဲအဖြေရခဲ့ပါတယ် ။ ဒါနဲ့ ကျောင်းပြီးလို့ တောင်ကြီးပြန်ရောက်တော့ဖုန်းဆက်လာပါတယ် ။ ကျွန်တော်ကလည်း ရွာပြန် လိုက် တောင်ကြီးလာလိုက်နဲ့ ဆိုတော့ ဇာတ်လမ်းလေးက ပြီးသွားပါတယ် ။

အဲ့နောက်တစ်ယောက်က အလှမယ်ဘွဲ့ ရထားတာ ။ ကျွန်တော့်ထက်နည်းနည်းကြီးတယ် ။ သူ့ ကတော့သူငယ်ချင်းတစ်ယောက်နဲ့ ပက်သတ်ပြီးခင်မိတာလေ ။ ကျွန်တော်က လည်း အစသန် တော့ စလိုက် နောက်လိုက်နဲ့ ပဲ သူ့ နဲ့ ဖြစ်သွားပါလေရော ။ ဖြစ်ပြီးမကြာပါဘူးသူ့ ကလည်း သူ့ မြို့ ကိုသူ့ ပြန်တယ် ။ ပြီးတော့ သူ့  ကရန်ကုန်မှာ အလှပြင်သင်တန်း ထင်တယ်သွားတက်တာ ။ အဆက်အသွယ်တော့မပြတ်ဘူးပေါ့နော် ။ ဖုန်းတော့အမြဲဆက်လာတယ် ။ နောက်တော့သူ့ ကထိုင်းကို သွားပြီး သင်တန်းဆက်တက်တယ်လေ ။ ဒါနဲ့ အဆက်ပြတ်သွားရော ။


အင်းခုလက်ရှိတစ်ယောက်တည်းကို ချစ်နေတာပါ ။ သူ့ ကတော့ တစ်ကယ်ကိုချစ်တာလေ ။ ကျန်တဲ့လူနဲ့ မတူဘူး ။ ငယ်ကတည်းကချစ်နေရတဲ့ လူလေ ၊သိတယ်မလား မုန့် ခိုးစားတဲ့တစ်ယောက်ပေါ့ ။ သူ့ အပေါ်ထားတဲ့သံယောဇဉ် ကနည်းတာမဟုတ်ဘူး ငယ်ကတည်းကလေ ။ သူ့ ကိုအရင်ဆုံးချစ်ခဲ့တယ် ။ ခုထက်ထိပါပဲ ။ ရည်းစားတွေတာထားဖြစ်တာ သူ့ လောက်တော့ချစ်တာမဟုတ်ဘူး ။ ယောက်ကျားလေးဆိုတော့လည်း နည်းနည်းရှုပ်ချင်တာ ပါပဲ ။ ဒါပေမယ့်သူ့ ကကျွန်တော်ကို အမြဲနားလည်ပေးတယ် ။ ဖြစ်ခဲ့ဖူးတဲ့ကိစ္စတွေကိုလည်း နားလည်ပေးနေပြန်ရော ၊ ပြီးတော့မှားခဲ့တာတွေကိုလည်း သူ့ ကနားလည်ပေးရှာတယ် ။ ကျွန်တော်ဆိုးသမျှကိုလည်း တော်တော်ခံတယ် ။ သူ့ ကတော့ ကျွန်တော်တစ်ယောက်ကလွဲပြီး တစ်ခြားဘယ်သူ့ မှ မရှိပါဘူး ။ ကျွန်တော်လည်း သူ့ အကြောင်းသိပြီးကတည်းက အေးဆေးနေတာကြာပါပြီ ။ သူ့ လေးနဲ့ ချစ်ကြိုက်နေတာကလည်း ကြာနေပြီ ဗျ ။ သူ့ လေးကိုပဲ အိမ်သူသက်ထား ချစ်ဇနီးအဖြစ်နဲ့ ရွေးချယ်ထားပြီးပါပြီ ။ သိပ်မကြာခင်အချိန်မှာ အကိုတို့ အမတို့ ကို အကြောင်းကြားပါ့မယ် ။

ကဲ ကျေနပ်မယ်ထင်ပါတယ် ကိုရီနိုရေ ။ ကျေးဇူးပါဗျာ ကျွန်တော်ကို တပ်စ့်ထားလို့ လေ ။ ပြောရအုန်းမယ် တပ်စ့်ထားတဲ့လူတွေ သတိထားနေပါ ။ ကျွန်တော်လူစုနေပါတယ် ဗျာ ။ လူများလေကောင်းလေပါ ၊ ပိုများလေ ပိုကောင်းတာပေါ့ နော် ။ ဒီတော့ ကျွန်တော်နဲ့ အကြံတူတဲ့လူများရှိရင် လာရောက်ပူးပေါင်းကြပါလို့ ဖိတ်ခေါ်ပါတယ် ။ အကြံအစည်ကတော့ ခုတပ်စ့်ထားတဲ့လူတွေကို လေ ပြန်ပြီး တစ်ယောက်တစ်မျိုးပြန်ပြီးတပ်စ့်ကြမယ်လို့  စိတ်ကူးထားပါတယ် ။အယောက် နှစ်ဆယ်ဆိုရင် တစ်ယောက်တစ်မျိုး နဲ့ ဆိုရင် သူ့ တို့ ခေါင်းစဉ် အခု နှစ်ဆယ်ရေးရမှာ ။ အာ ခုမှကြောက်မနေနဲ့ ကိုယ့်အလှည့်တော့ကြောက်တယ်ဟုတ်လား ဟွန့်း့ ။ မရဘူးလူတွေစုနေပြီ မကြာခင်အချိန်တွင်းမှာအကောင်အထည်ဖော်မယ် ။ သူများတွေကိုတော့ တပ်စ့် ပြီးတော့ သူ့ အလှည့်ကျတော့ ဒီလိုပြေးလို့ မရဘူးလေ ။ ဒီတော့သတိထားပါ တပ်စ့်ထားတဲ့လူတွေ ။ တပ်စ့်ချင်ဦး သိလား ။ ခုတော့လူစုနေလို့ သက်သာနေတယ်လို့ မှတ်ပါ ။ ပြေးလို့ တော့မလွတ်ဘူး နော် သိတယ်ဟုတ် ။ အမယ်လေးကျိန်းမောင်းရတာ အရသာရှိလိုက်တာ ။ အကြံအစည်က ဘယ်ဆီနေလည်းမသိ ။ စိတ်ဝင်စားသူများဆက်သွယ်ပါ နော် ၊ ဒီအကြံကိုလေ စောင့်မျှော်နေပါတယ် :D




အမြည်းလေးတွေ 27 ရစ်တယ်ပေါ့ |

လိုအပ်ချက်နဲ့ အလိုချင်ဆုံး

ညီလေးအဆိပ်ခွက်လေးက တပ်စ့်ထားတယ်ဗျ အလိုအပ်ဆုံးနဲ့ အလိုချင်ဆုံးတဲ့လေ ။ ရေးပေတော့ပေါ့နော် ဒီတော့လည်း တပ်စ့်ထားတာကြာပြီဗျ ။ ခုတစ်လော စိတ်ဖိစီးမူများနေတော့ ရေးချင်ပေ့မယ့် မရေးနိုင်ဘူးဖြစ်နေတယ် ။ ဘလောက်က အကိုတွေ အမတွေ ကလည်း သိပ်မသောက်ပါနဲ့ ဆိုပြီး တားကြပါတယ် ။ အားလုံးက လည်းသိနေတယ်လေ ခုတစ်လောစိတ်ဖိစီးနေတော့ တစ်အားသောက်မှာစိုးလို့  ဝိုင်းပြောကျတာ ဝမ်းသာလိုက်တာ အဲ့လို မောင်နှမစိတ်လေးတွေ မြင်ရတော့ သူ့ တို့ စကားနားထောင်ပါတယ် ။ မသောက်ဖြစ်အောင်နေလိုက်တယ် ။ ကဲ အားလုံးမသောက်တော့ဘူးနော် ရံဖန်ရံခါတော့ သောက်ဖြစ်မယ်ထင်ပါတယ် ။ လိုအပ်ချက်နဲ့ အလိုချင်ဆုံးက တစ်ယောက်နဲ့ တစ်ယောက်မတူတော့ လိုချင်တာခြင်းလည်းတူမှတူပါလိမ့်မယ် ။

လိုအပ်ချက်တဲ့  ဘာတွေ လိုအပ်နေလည်းဆိုတာ စဉ်းစားမိတော့ ငယ်ကအဖေနဲ့ ရှင်ကွဲခဲ့ရတော့ အဖေလို့ ထင်ခဲ့မိတာတွေ ။ အဖေကိုတွေ့ ချင်လို့ အမေကိုယ်တိုင် အဖေဆီအရောက်ပို့ ပေးတာတွေ ကို မြင်ယောင်မိတော့ အမေ့ကိုပိုသနားလာမိတယ်လေ ။ ပြီးတော့ အမေဆင်းရဲဒုက္ခခံပြီး ခုလိုအခြေအနေအထိ ရောက်အောင် ပို့ ပေးတဲ့အမေ့ကို လိုအပ်မိတယ် ။ ထားခဲ့တဲ့အဖေကိုလည်း စိတ်နာတယ် ဖြေသိမ့်လို့ မရခဲ့ပါဘူး ။ ကျွန်တော့ဘဝမှာ အမေ ကိုလိုအပ်တယ် ။ အမေ့ ကျေးဇူးတွေ သိပြီးတဲ့နောက်ပိုင်း ကိုယ့်တိုင် ပြုပြင်နေခဲ့ပါတယ် ။ အမေ့မကြိုက်တဲ့ အရက် လည်း မသောက်ဖြစ်အောင် နေခဲ့တယ် ။ အပေါင်းအသင်းစုံမှသာ သောက်ဖြစ်ခဲ့ပါတယ် ။ အမေ စကားကို နားထောင်နိုင်အောင်ကြိုးစားနေဆဲပါ ။

ကျွန်တော်ဘဝမှာ လိုအပ်ချက်က အမေ ပါပဲ အမေသည်သာ အားကိုးရာအားထားရာ မှီခိုရာပါ ။ မောပန်းလာတဲ့သားတွေ သမီးတွေကို အပြုံးနဲ့ ဆီးကြိုနေတဲ့အမေ ။ အဝေး ကနေ ပြန်လာတဲ့ သားငယ်သမီးတွေ ကို ပင်ပင်ပန်းပန်းသူ့ ကိုယ့်တိုင် ချက်ပြုတ် ကျွေးမွေးမှအားရတဲ့အမေ ။ ညေ၇ာက်ရင်လည်း ဝမ်းသာပီတိနဲ့ စကားတွေ အများကြီးပြောပြီး ညနက်သည့်အထိ မအိပ်ပဲ သားတွေ သမီးတွေ နဲ့ အတူပျော်နေတဲ့အမေ ။ ဆိုးတဲ့သူ့ သားအငယ်ဆုံးကို အမြဲဆုံးမနေတတ်တဲ့အမေ ၊ အမေ့ဆီရောက်ရင် ပျော်ရတယ် ။ အမေက မြို့ မှာမပျော်ဘူးနော် အမျိုးများတဲ့ရွာမှာပဲအနေပျော်တဲ့အမေ ။ တစ်နှစ်တစ်ခေါက် ရွာပြန်တဲ့အချိန်ဆို အမေ့ခမျာ ဝမ်းသာလွန်းလို့ သူ့ သားတွေ သမီးတွေကို လာတဲ့လူတိုင်းကို ကြွားနေရတာ ။ မောရပန်းရမှန်းမသိအောင်ကို အမေပျော်နေတာကို ပြန်မြင်ချင်သေးတယ် အမေရယ် ။ ကျွန်တော် လိုအပ်ချက် က အမေ ပါပဲ ။ အမေ ရှိနေရင် အမေ့ကိုလုပ်ကျွေး ပြီးနေမယ် ။ အမေသဘောကျတာတွေ ကိုလုပ်ပေးမယ် ။ အမေ့စကားနားထောင်မယ်ဗျာ ။ ခုလို အဝေးကိုရောက်နေတော့ အမေနဲ့ နေစဉ်က စကားနားမထောင်တာတွေ ၊ ဆိုးချင်တိုင်းဆိုးနေတာကို တွေးပြီး ဝမ်းနည်းမဆုံးဘူးဗျာ ။

အမေကတော့ တစ်ပြုံးပြုံးနဲ့ သားလေးပြောသမျှကို နားထောင်ပေးနေတယ်လေ ။ ငယ်ကတည်းက အဖေနဲ့ မနေခဲ့ရဖူးတဲ့သားလေးကို အမေက တစ်အားချစ်တယ် ။ လူလားမြောက်အောင် ကျွေးမွေးပြုစုပျိုးထောင်ပေးခဲ့တဲ့အမေ့ကို ကျေးဇူးဆပ်နိုင်အောင် ကြိုးစားရမယ်ဗျာ ။ ကျွန်တော်လိုအပ်ချက်ကတော့ မွေးမိခင် ကျေးဇူးရှင် အမေ ပါပဲ ။ ကျွန်တော့ဘဝမှာ လိုအပ်ချက် ပါပဲ ဗျာ ။ ခုထိအသက်ရှင်နေထိုင်ပေးတဲ့အမေ့ကိုလုပ်ကျွေးရတာ ကံကောင်းတယ်လို့ ထင်မှတ်ထားပါတယ်ဗျာ ။

အလိုအပ်ဆုံး တဲ့ ကျွန်တော့ဘဝမှာ အလိုအပ်ဆုံးက မောင်နှမတွေ စုံစုံညီညီ အတူတူထမင်းစားချင်တာ ပါ ။ ငယ်တုန်းက အတူတူစားခဲ့ဖူးတာကို သတိရလိုက်တာ ဗျာ ။ အငယ်ဆုံးဆိုပြီး အသားအများဆုံးစားရတာက ကျွတ်တော်ပါ ။ ဘာဖြစ်ဖြစ် သူများထက်ဦးစားပေးခံရ အလိုလိုက်ခံရတာ ကျွန်တော်ပါ ပဲ ။ ဒီလိုမောင်နှမတွေ နဲ့ အတူတူပြန်နေချင်ပေမယ့် မဖြစ်နိုင်တော့ပါဘူးဗျာ ။ အားလုံးက တစ်ယောက်တစ်နေရာဆိုသလိုပဲ အသီးသီးထွက်ခွာသွားကြပါပြီ ။ ပြန်ဆုံဖို့ ဆိုတာ မလွယ်တော့ပါဘူး ။ အိမ်ထောင်အသီးသီးနဲ့ သူ့ တို့ လည်း သူ့ တို့ ဘဝကို ဖြတ်သန်းနေတော့ ပြန်ဆုံပြီးအတူတူထမင်းလက်ဆုံစားရဖို့ ဆိုတာ မဖြစ်နိုင်မှန်းသိပေမယ့်လည်း ဘုရားရှိခိုးလို့ ဆုတောင်းတိုင်း အမြဲဆုတောင်းနေပါတယ် ။ အလိုချင်ဆုံးပါပဲ ဗျာ ခုထက်ထိပဲ မောင်နှမအားလုံးနဲ့ အတူတူ ငယ်တုန်းကလို အမေက ပြုံးပြီး ကြည့်နေတယ် လေ ။

အငယ်ဆုံးဆိုတော့ ရသမျှစားတော့ ညဆိုအစာမကျေတော့ ဗိုက်နာတတ်တော့ အစ်ကိုတွေ အစ်မတွေ က ဗိုက်ကို ရေနွေးထည့်ထားတဲ့ပုလင်းလေးနဲ့ လိမ့်ပေးတယ်လေ ။ ဗိုက်နာပျောက်တယ်လို့ တော့ပြောကျတာပဲလေ ။ တစ်ကယ်လည်းပျောက်ပါတယ် အစ်ကို အစ်မတို့ စေတနာတွေ မေတ္တာတွေ ကြောင့်ထင်ပါတယ် ။ အဲ့လို လုပ်ပေးနေရင် လူက အိပ်ပျော်သွားတတ်ပါတယ် ။ မနက်လင်းလာရင်လည်း အစ်ကိုအကြီးဆုံးက လက်ဖက်ရည်ဆိုင် သွားတော့အမြဲခေါ်သွားပါတယ် ။ အိမ်မှာ ခေါက်ဆွဲလုပ်ရောင်းတော့ နေ့ တိုင်းခေါက်ဆွဲချည်းစားနေတော့ ထမင်းမစားတော့တဲ့ ကျွန်တော်တို့ ကို ညရောက်တော့ ခေါက်ဆွဲတွေ အများကြီးကြော်ပြီး စားခိုင်းတာ လေ အစ်ကိုကြီးက ။ ဗိုက်က မဆန့် လည်းအတင်းစားခိုင်းနေတာလေ သူ့ ကိုကြောက်နေတော့ စားရတာပေါ့ ။ အမေ့က ကုန်သည်ဆိုတော့အိမ်မှာမရှိဘူးလေ အဲ့ချိန်က ။ ဒါနဲ့ စားလိုက်တာ လူကို နောက်မစားချင်ဖြစ်သွားတယ် ။ အဲ့မှဆိုင် ကလည်း အမြတ်ထွက်တယ်ထင်တယ် ။

ဒီလိုပါပဲ မောင်နှမတွေနဲ့ ခုလိုအသက်အရွယ်နဲ့ အတူတူထမင်းလက်ဆုံစားချင်တယ် ။ ဖြစ်နေရတဲ့ အခြေအနေတွေ ၊ လုပ်နေတဲ့အလုပ်အကိုင်တွေ ကို ရေပက်မဝင်အောင်ပြောရင်း ငြင်းခုံနေချင်သေးတယ်ဗျာ ။ အငယ်ဆုံး မောင်လေး ညီလေးဆိုပြီး လုပ်ချင်တာမှန်သမျှကို လုပ်ခွင့်ပေးခဲ့တဲ့ အစ်ကို အစ်မ တွေကို တစ်အားသတိရတယ် ။ အားလုံးထက် အငယ်ဆုံးကိုမှ ဝိုင်းချစ်ကြတဲ့အစ်ကိုတွေ အစ်မတွေ ကို အလိုချင်ဆုံးပါပဲ ။ မဖြစ်နိုင်မှန်းသိပေမယ့်လည်း ကိုယ့်လိုချင်တာကိုတောင်းဆိုကြတာ မလွန်ဘူးထင်ပါတယ် နော် ။ ကျွန်တော်ပြုပြင်နေတယ် အရင်လိုမဟုတ်တော့တဲ့အကြောင်း ဖုန်းဆက်ပြီးပြောရတာ မောတောင်မောတယ်ဗျာ ။ စကားပြောရင် အကောင်းမပြောတဲ့ကျွန်တော့ကို အားလုံးက ခုလို ပြောလာတော့အံသြနေကြတယ်လေ ။ သူ့ တို့ စိတ်ထဲမှာ ကလေးငယ်တစ်ယောက်လိုပဲ ထင်နေလားမသိဘူးနော် ။ ကျွန်တော်တို့ မောင်နှမတွေ စည်းစည်းလုံးလုံးရှိတာကို မြင်တဲ့သူ့ တိုင်းအားကျတတ်ကြတယ် ။ တစ်ယောက်ကို တစ်ယောက်ဖေးမလို့ တစ်ဦးလက်ကိုတစ်ဦးကဆွဲလို့ လက်တွဲခေါ်လာတာ တစ်ရွာလုံးကလူတွေ အံသြနေကြတယ် ။ ဒါပေမယ့်ဗျာ အတူတူ လက်ဆုံထမင်းစားရတာတော့ မဖြစ်နိုင်တော့ဘူးပေါ့ အနေတွေ ဝေးနေကြပြီလေ ။ အလိုချင်ဆုံးကိုပြောပါဆိုရင် မောင်နှမအားလုံးအတူတူဆုံချင်တယ်ဗျာ ။

ကဲ အားလုံးရဲ့ လိုအပ်ချက်နဲ့ အလိုချင်ဆုံးကတော့ ကျွန်တော်နဲ့ ထပ်တူဖြစ်ချင်မှဖြစ်မယ်နော့် ။ ဒါပေမယ့် ကျွန်တော်ဘဝမှာတော့ ဒါတွေ က အရေးပါနေတယ်လေ ။ ငွေတွေ ၊ ဂုဏ်တွေ ၊ ပကာသနတွေ ၊ တစ်ခြားအားလုံးသောအရာတွေ ကို မလိုချင်ပါ ဘူး ။ အမေကို လိုအပ်တယ် ၊ မောင်နှမအားလုံးနဲ့ ပြန်ဆုံချင်တယ် လိုချင်တယ် ဒါလေးပါပဲဗျာ ။ ခေါင်းစဉ်လေးနဲ့ တပ်စ့်ထားတဲ့ ညီလေး အဆိပ်ခွက်လည်း ကျေးဇူးတင်ပါတယ် ။ ကျွန်တော်စိတ်ခံစားချက်များသာဖြစ်ပါတယ် ။ တစ်ကယ်လည်း ဖြစ်လာမယ်လို့ လည်းယုံကြည်နေပါတယ် ။ တစ်နေ့ ဆိုတဲ့ အချိန်များရောက်လာခဲ့ရင် .............................


အိုက်ခီလောက်
အမြည်းလေးတွေ 17 ရစ်တယ်ပေါ့ |

အီမေ့

အမေ သားဒီနေ့ တစ်အားခံစားရတယ်
ညီအစ်ကို အမတွေ ရေးထားတဲ့အမေ့လွမ်းခြင်းတွေ
ဖတ်ပြီးသားငိုနေမိတယ်
သူ့ တို့ ကိုအားကျမိတယ်
သားဘဝမှာအမေ့နဲ့ လက်ဆုံထမင်းစားရတာရေတွက်လို့ ရတယ်နော်
သားပြောချင်တာတွေ ညီအစ်ကို အမတွေ အားလုံးရေးသွားတယ်
သူ့ တို့ ရေးတာကြည့်ပြီး သားအရမ်းခံစားရတယ်အမေ
သားဘာမှရေးလို့ မရတော့ဘူး အမေရယ်
အမေ့ကိုသတိရနေတာတော့အမှန်ပဲ
အမေ့လည်းအိုနေပြီနော် အရင်လို မဟုတ်တော့ဘူး
ကျန်းမာရေးကောင်းတယ်ဆိုတော့
စိတ်မပူပေမယ့်လည်း စိုးရိမ်တယ်အမေရယ်
ဒုက္ခခံပြီး ရှာကျွေးခဲ့တဲ့အမေ
ခုထိ သားလူဆိုးကို ပူပန်နေတဲ့အမေ
သားဆိုင်ကယ်မှောက်တာတောင် အမေ့ကိုမပြောတာတောင်
အမေကသိနေတယ် နော်
အိမ်ရှေ့မှာ သားခေါ်သံကြားလို့ 
အိမ်အောက်ကို တံခါးလာဖွင့်ပေးတဲ့အမေ
သားကိုမတွေ့ တော့တစ်ခုခုများဖြစ်နေပြီလားဆိုပြီး
စိတ်ပူပြီးဖုန်းဆက်ပြီးမေးတဲ့အမေ
သားထွေးမို့ လို့ အလိုလိုက် ပေးတဲ့အမေ
သားပြောသမျှကိုနားထောင်ပေးတဲ့အမေ
အရက်မသောက်ဖို့ အမြဲပြောနေပေမယ့်
ဆူပူတာမရှိဘူးနော် အမေရယ်
ခုထက်ထိ ပူပင်ပေးနေတဲ့အမေ
သားလေ အမေ့ပေါင်ပေါ် မှာ ဟိုးအရင် ကလေးလိုပဲ
အိပ်နေချင်တယ် အမေရယ်
ငြိမ်းချမ်းစွာနဲ့ လှဲလှောင်းနေချင်တယ်
အမေ့အရိပ်ကအေးမြတယ်တဲ့


အိုက်ခီလောက်


ဒါက ....ဒီလိုရှိပါတယ်

အင်းမငုံကတပ်စ့်ထားတယ် ။ ကိုယ့်ဟာကို ပုလင်းကြီးပါးစပ်ချိတ်နေတာကို မနာလိုဘူးလေ အပျိုကြီးပီပီ လာတပ်စ့်တယ် ။ မနာလိုဘူးထင့်ပါ ချိတ်ယေ ဒယ် ဂယ် :P ။ အင်း မရေးလို့ လည်းမရဘူးလေ ကိုယ့်အမဆိုတော့ ကာ နောင်တစ်ချိန် သူ့ ယောက်ကျားမယူတော့ သူ့ အမွေတွေ လည်းရှိမှာကိုး ။ ရှေ့ရေးကိုတွေးပြီး ရေးလိုက်တော့မယ် ။ အင်းရေးမယ်သာပြောရတာ ကိုယ့်လုပ်ခဲ့တာကများနေတော့ ကောင်းတာလေးတွေကိုပဲ ရှာကြံရေးမှ မဟုတ်ရင် အရက်သမားပါဆိုမှ အတွင်းစိတ်တွေ ပါသိကုန်ရင် သွားပြီ ။ အမ အားကိုးလည်းမရပါဘူး ၊ သူ့ ကိုယ့်တိုင်တောင် မစွံသေးတာ ။ ကိုယ့်အတွက်ဆိုတာတော့ ဝေးလာဝေးပေါ့ ။

အင်း ပြောရမယ်ဆိုရင်တော့ လူက ခပ်ရွဲ့ ရွဲ့ ပဲဗျ ။ တစ်ဖက်သားမခံချင်အောင်အမြဲစနေတတ်တယ် ။ အစ အနောက်ကလည်းသန်မှသန် ။ ကလေး ၊ လူကြီးမရွေးဘူး ။ တစ်ချို့ ဆို တစ်ကယ်တောင်ထင်တယ် အဲ့လောက် အစသန်တာ ။ ပြီးတော့ခပ်တည်တည်နဲ့ ညာဖီးတတ်သေးတယ် ။ မင်သေသေနဲ့  ရုပ်ကိုကြည့်တစ်ချက်မှမပျက်ဘူး ။ အတည်ပေါက်နဲ့ လိမ်တတ်တယ် ။ တစ်ခါ ကပေါ့ ကျောင်းမှာ ကျောင်းလစ်လို့  ဆရာမက သတိပေးတယ် ။ နင့်တို့ နောက်ခါကျောင်းပျက်ကွက်ရင် ကျောင်းအုပ်ကြီးဆီပို့ မယ်ပေါ့ ။ ဒါလည်းကြောက်မယ်ထင်လား ဝေးသေး ။ ကျောင်းလစ်တာပဲ ကျောင်းကျက်သရေဆောင်ပါဆိုမှ ။ ဒါနဲ့ အတန်းပိုင်လည်း ပြောမရမဲ့အတူတူ ဖြစ်ချင်တာဖြစ်ဆိုပြီး ကျောင်းအုပ်ဆီလွတ်တာပေါ့ ။ အဟတ် သူငယ်ချင်းတစ်ယောက်ပါသေးတယ် ။ ဆိုးတူ ၊ ဆိုးဖက် အတွဲညီတယ် ဗျ ။ သူ့ ကအရပ်ပုတယ် ငမူးက အရပ်ရှည်တယ် ။ တွဲလိုက်ရင် ဘယ်လိုမှကြည့်မကောင်းဘူး ။ ဒါပေမယ့် တစ်ခုခုဆို အတွဲညီတယ် ။ အဲ့ ဒါနဲ့ ကျောင်းတက်တော့ အတန်းပိုင်က ကျောင်းအုပ်ဆီလွတ်တယ် ။ ဒါနဲ့ နှစ်ကောင်သားသွားတာပေါ့ ။ ဘာများဆူမလည်း ၊ ငါ့တို့ ဘယ်လိုလုပ်ကျမလည်းပေါ့ ။ ဒါနဲ့ ကျောင်းအုပ်ဆီသွားဖို့ ရုံးခန်းကိုရောက်လာတယ် ။ အဲ့မှာ ရုံးခန်းကိုလာပြီး နာမည်စာရင်းလာယူတဲ့ကျောင်းသားတွေလည်း ငမူးတို့ အတွဲကိုကြည့်ပြီးပြုံးစိစိပေါ့ ။ သဘောကတော့မှတ်ပါ့လားပေါ့ နာမည်ကြီးတွေကိုး ။ သူ့ တို့ ကိုမြင်မှ အကြံရလာတာ ဒါနဲ့ သူငယ်ချင်းကိုမပူနဲ့ ပေါ့ ငါ့ကြည့်လုပ်လိုက်မယ် မင်းအသာလေးနေ ဆိုပြီး သူ့ ကို အပြင်မှာစောင့်ခိုင်းထားပြီး ငမူးတစ်ယောက်ပဲ ကျောင်းအုပ်ဆီသွားတာ ။ ကျောင်းအုပ်ကလည်းဘာကိစ္စလည်းပေါ့ မေးနေတယ် ။ ငမူးလည်း လိမ်ပြီလေ ။ ဆရာကြီးလို့ ကျွန်တော်တို့ အခန်းက နာမည်စာရင်း ( ကျောင်းခေါ်ကြိမ် ) လာရှာတာမတွေ့ လို့ ရုံးခန်းမှာလာရှာတာပေါ့ ။ ဒါနဲ့ ကျောင်းအုပ်ကလည်း အပြင်မှာထင်တယ် သွားရှာကြည့်လိုက်လေ ဆိုပြီးပြောတော့ ဝမ်းသာလိုက်တာပြောမနေနဲ့  ၊ ဒါပေမယ့်လူကခပ်တည်တည်ပဲ ဟန်မပျက်ထွက်လာတာ ။ ပြီးတော့ ဟိုရှာသလို ဒီရှာသလို နည်းနည်းအကြာကြီးနေလိုက်တယ် ။ ပြီးမှ အတန်းထဲပြန်လာတာပေါ့ ။ အတန်းပိုင်ကတော့ မေးတယ်လေ နင့်တို့ ကိုဘာပြောလွတ်လိုက်လည်းပေါ့ ။ ဘယ်ရမလည်းနော့်  ငမူးပဲဟာ ပြန်ပြောလိုက်တာပေါ့ ၊ နောက် တစ်ခါကျောင်းပျက်ရင် အုပ်ထိန်းသူ ခေါ်မယ်ပေါ့ ၊ ဒီခါနောက်ဆုံးဖြစ်ပါစေပေါ့  မင်သေသေနဲ့ အတန်းပိုင်ကို ရှင်းပြလိုက်တော့ ဆရာမလည်း အေးအေး ပြီးတာပဲဆိုပြီး ကျေနပ်သွားတယ် ။ အဲ့လောက် ပိုင်တာ သိလား ။


နောက်တစ်ခုက စိတ်ကြီးပြီး လက်ကအရင်ရောက်သွားတာ ။ အဆောင်နေတုန်းက မှတ်မိသေးတယ် ။ စာကျက်ခိုင်းတာကို စာမကျက်ပဲ သူငယ်ချင်းတွေ လေးငါးယောက်လောက်ပေါ့ တစ်ယောက်ကိုစာအော်ကျက်ခိုင်းထားပြီး ကျန်တဲ့လူတွေနဲ့ အရက်ခိုးသောက်နေတာ ။ တံခါးကိုပိတ်ထားပြီးတော့လေ ။ တစ်ယောက်ပြီးရင် နောက်တစ်ယောက်ကအော်ကျက်ပေါ့ .။ ကြာလာတော့ အသံကပုံမှန်မဟုတ်တော့ဘူး ၊ စကားသံက ပိုကျယ်လာတယ် မူးပြီဆိုတော့ ထိန်းမရတော့ဘူး စာကျက်တဲ့ကောင်ကလည်း စကားဝိုင်းထဲရောက်လာတယ် ။ သတိမထားမိဘူးမူးနေပြီဆိုတော့ ။ ဒါနဲ့ စာမကျက်တော့ပဲအရက်ဝိုင်းလေးဖြစ်နေတယ် ။ အဲ့ချိန်မှာ တံခါးကိုလာပြီး ထုနေတယ် ။ လူကလည်းမူးနေပြီဆိုတော့ မေးတာပေါ့ ဘယ်သူ့ လည်းကွ တံခါးလာထုနေတာလို့  ။ ပြန်မဖြေဘူး ဒါနဲ့ လူကလည်း မူးတော့သွေးကကြွလာပြီး ဟေ့ကောင် မင်းဘယ်သူ လည်း င့ါလာမှအဆိုးမဆိုနဲ့ လို့ အော်ပြောတာ ။ ဘာသံမှထွက်မလာပဲ တံခါးပဲထုနေတာ ။ မင်းတော့နာတော့မယ်ဆိုပြီး အနားမှရှိတဲ့တုတ်ကို ကောက်ကိုင်ပြီး တံခါးဖွင့်ပြီး ရိုက်မလို့ ကြည့်လိုက်မှ အဆောင်မှုးဖြစ်နေလို့  ထွက်ပြေးရသေးတယ် ။ တော်သေးတယ် မရိုက်မိလို့ ပေါ့ ဒါပေမယ့် အဆောင်မူးကဘယ်ကျေနပ်မလည်းနော့် ။ အားလုံးကိုခေါ်ပြီး ဒဏ်တော့ပေးခံရတယ် ပြီးတော့ လူစုခွဲ လိုက်တယ် အဟတ် ။

အဲ့သူများကိုလည်းယုံအောင်ပြောတတ်တယ် ။ ဒါတော့ကောင်းလားမသိဖူး ။ခုတော့ မလုပ်တာကြာပြီ ။ ကျောင်းပိတ်ရက်နွေရာသီဆို ရွာအမြဲပြန်နေကျလေ ။ ရွာပြန်ချိန်ဆိုတပေါင်းပွဲနဲ့ တိုးတာပဲ ။ အဲ့ချိန်ဆို မောင်နှမဝမ်းကွဲတွေနဲ့ ရွာပြောင်းဆန်အောင် လမ်းသလားနေတာ ။ ပွဲသွားလည်တော့ ဆွေမျိုးတွေချည်းပဲ ။ တစ်ရွာလုံးက အမျိုးတွေချည်းပဲဆိုတော့လွတ်ထားတာပေါ့ ။ ဆိုးချင်တိုင်းဆိုး နေတာ ။ အဲ့တပေါင်းပွဲလည်းရောက်ရော ဘုရားအောက်ဖက်မှာပွဲဈေးရှိတာပေါ့ ။ ပွဲဈေးဆိုတော့ ငမူးတို့ နေရာယူတာက သိတယ်ဟုတ် ။ လောင်းကစားနဲ့ အရက်ဆိုင် ။ လောင်းဖို့ ငွေမရှိတော့ရင် အရက်ဆိုင်မှာ အရက်သောက်ကျတယ် ။အဲ့မှာစတွေ့ တာက ကောင်မလေးတစ်ယောက်ဗျ ။ အကိုဝမ်းကွဲကို မေးသေးတယ် မင်းကောင်မလေးလားလို့  .။ သူ့ ပဲဦးဆောင်ခေါ်လာတာကိုး ။ သူ့ ကမဟုတ်ဘူးဆိုပြီးလိမ်တယ် ။ ငမူးလည်း ဒီကောင်တော့နာတော့မယ်ဆိုပြီး စိတ်မှာထားပြီး ဖွန်တော့တာကိုး ။ ကောင်မလေးကလည်း မြို့ ကပြန်လာတဲ့ငမူးကိုအထင်ကြီးလို့  စကားတွေပြောနေလိုက်တာ ဟိုကောင်ကိုမေ့သွားတယ် ။ ကြာတော့ အကိုဝမ်းကွဲလည်း မခံနိုင်ဘူးထင်တယ် ပြန်မယ်ဆိုပြီး အတင်းကို နှင်ထုတ်တာ ။ နောက်နေ့ တော့တစ်ယောက်တည်းပဲ သွားတာ ။ ညနက်ဖက် ရောက်လာတော့ အေးလာတာပေါ့ ။ ဒါနဲ့ မီးဖိုပြီး စကားပြောတော့ မီးကမစွဲတော့ မီးခိုးတွေချည်းပဲ ထွက်လာတာ ။ ဖြစ်ချင်တော့ ငမူးဖက်ကိုပဲလာတာ မီးခိုးက ဘယ် အညိုးမှန်းကိုမသိတာ ။ ဒါနဲ့ အကြံကရသွားတယ် ။ မီးခိုးမိတော့မျက်ရည်က ကျလာတာပေါ့ ။ ဒါကိုမသုတ်ပဲနဲ့ ကောင်မလေးကို ကြည့်နေမိတယ်လေ ။ ကောင်မလေးကလည်းတွေ့ တော့ဘာလို့ ငိုတာလည်းပေါ့ ။ ငမူးလည်း ခပ်တည်တည်ပဲ ဝမ်းနည်းတယ်ပေါ့ ။ အဖြေလည်းမပေးသေးဘူးလို့ ။ ဘာညာဆိုပြီး ပြောလွတ်လိုက်တာ အဖြေကိုရရော ။ ဒါပေမယ့်နောက်နေ့ တော့ သူ့ ကိုပြန်ပြောပါတယ် သူငယ်ချင်းပဲလုပ်ရအောင်လို့  ။ ချစ်မှ မချစ်တာကိုးနော့ အကိုဝမ်းကွဲလည်းသနားတာလေ ။

ရွဲ့ တာလည်းတတ်တယ် ။ တစ်ကယ်ပြောလို့ မှမယုံရင် ဖြစ်အောင်အရွဲ့ တိုက်တာ ။ မလုပ်ပါဖူးဆိုတာကို လုပ်တယ်လို့ လာပြောလို့ ကတော့ ဖြစ်အောင်ကိုလုပ်လိုက်တာ ။ ခုထိအဲ့စိတ်က ပါနေတုန်းပဲ ။ ရွာမှာနေတော့ တစ်ချို့ ကလည်း ဆေးသမားပါတယ် ။ သူ့ တို့ နဲ့ ပေါင်းတော့ ဆေးသမားလို့ အပြောခံ၇တယ် ။ မဟုတ်ဘူးမလုပ်ပါဘူးဆိုမှ ဘယ်လိုပြောပြော မရဘူးဗျာ ။ ဒါနဲ့ လမ်းပေါ်မှာအသံပြဲကြီးနဲ့ ဆေးချချင်တာ ဘယ်အိမ်မှာဆေးရောင်းလည်းဆိုပြီးတစ်ရွာလုံးကိုအော်လိုက်တာ ။ ဆေးရောင်းတဲ့အိမ်ဆို ငမူးကို လန့် နေတာ ခုထက်ထိပဲ ။ အဲ့လိုရွဲ့ လို့ ဆေးတော့ချဖြစ်သွားတယ် အဟတ် ။ မကောင်းမှန်းသိလို့ ဖြတ်လိုက်ပါပြီ လုပ်တော့ဘူး ။

နောက်တစ်ခုက ကိုယ့်ကလည်းမှားတယ် မခံချင်ဘူး ။ဆိုးတယ်ဒါတော့ ပြင်နေတာပဲ မရဘူး ။ ဒီရောက်လည်းဒီလိုပဲ ။ မှားနေပေမယ့် မခံချင်ဘူးဗျ ။ တစ်ခါ အလုပ်နောက်ကျတယ် ။ နောက်ကျတာတော့ အမြဲတမ်းပဲ ။ အဲ့နေ့ ကအိပ်လိုက်တာ မနိုးလို့ အလုပ်ကိုနောက်ကျတာ ။ သေဌေးက ဆူတာပေါ့ ။ မင်းလာတာအမြဲနောက်ကျတယ်ပေါ့ ။ ခုတစ်နာရီနောက်ကျတယ်ပေါ့ ။ ကျန်တဲ့ရက်ဆို ဆယ့်မိနစ် ဆယ့်ငါးမိနစ်နောက်ကျတယ်ပေါ့ ဆူနေတာ .။ လူကမခံချင်ဘူး မှားကလည်းမှားသေး ဒါနဲ့ ပြန်ပြောလိုက်မိတယ် သေဌေးကိုလေ မင်းမကျေနပ်ဘူးလားပေါ့ ငါ့နောက်ကျတယ်ကွာ ငါ့တမင်နောက်ကျတာမဟုတ်ဘူး ပေါ့ ။ ဒီတော့မင်းကငါ့ကိုမခိုင်းချင်လည်းငါ့ခုပဲအလုပ်ထွက်တယ်ကွာ ဆိုပြီးပြောတာ ။ ကိုယ့်ကလည်းမှားသေး ပြီးတော့ သူ့ ကိုပါပြန်ဟောက်နေတယ် ။ ဒါပေမယ့်သေဌေးကသိပါတယ် အလုပ်တစ်အားလုပ်တာကို သိတော့ ပေးမထွက်ပါဘူး ။ ပြန်ချော့တာပေါ့ မင်းကို ဒီသဘောပြောတာမဟုတ်ပါဘူး ကွာ နောက်လူတွေ မင်းကို အတုခိုးလာရင်မကောင်းဘူးပေါ့ ဘာညာဆိုပြီးပြောလိုက်လို့  ကျေနပ်လိုက်တာ အဟား ။

အင်းဒီတစ်ခုတော့အတော်ကိုဆိုးတယ် ပြင်သင့်ပြီလို့ လည်းထင်တယ်လေ ။ အရက်သောက်ပြီးရင် မူးလာရင်လူကအငြိမ်မနေဘူး ။ လုပ်ချင်တာလုပ်တာ စကားလည်းနားမထောင်ဘူး ။ သောက်ပြီးပြီဆိုရင်ထပ်သောက်လိုက်ရမှ ကျေနပ်တာ ။တားလေဆိုးလေပဲ မတားရင် အကောင်း ။ မူးပြီး ဆိုင်ကယ်မှောက်တယ် ။ အဟတ် သိပြီးပြီထင့်ပါ့ ကံကောင်းလို့ မကျိုးမပဲ့တာလေ ။ တစ်ခါလည်း သူငယ်ချင်းနဲ့ သူ့ ကားနဲ့ ပေါ့ တစ်ခြားနေရာမှသွားသောက်တာ ။ သောက်ရင်းနဲ့ ကို တစ်ခြားနေရာထပ်သွားသောက်မယ်ပေါ့ ။ ဒါနဲ့ သူ့ ကမူးနေပြီ ကားမမောင်းနိုင်လို့ ငမူးက မောင်းတာပေါ့ ။ သူ့ ကားကအော်တိုဂီယာဗျ တစ်ခါမှလည်းမမောင်းဖူးတော့ ခပ်တည်တည်ပဲ မောင်းချလာတာပေါ့ ။ အော်တိုဆိုတဲ့အတိုင်း လီဗာနဲ့ ဘရိတ်ပဲရှိတာ ခြေတစ်ချောင်းပဲအသုံးချတာလေ ။ လူက မူးနေတော့မောင်းတာ ရပ်တာလည်းရပ် ကြောင်နေတာ ။ အဲ့မှာကံဆိုးချင်တော့ ရဲကားနဲ့ တိုးပါလေရော။ မူးပြီးကားမောင်းတာ ကတစ်ခု လိုင်စင်မပါပဲနဲ့ မောင်းတာကတစ်ခု အပြစ်က များနေပြီ ။ ဘယ်ရမလည်းနော် ညှိတာပေါ့ ။ ကူညီပါ ဘာညာဆိုပြီး ပိုက်ဆံတော့တစ်ထောင်ထွက်သွားပါတယ် ။ အဲ့ပိုက်ဆံကလည်း ပါမစ်တိုးဖို့  သေဌေးနား ညနေမှ တောင်းထားတဲ့ပိုက်ဆံလေ ။ ပေးလိုက်ရတာပေါ့ ရုံးရောက်ရင် ထောင်တောင်ကျမလားပဲ ။ မူးပြီးအေးဆေးမနေတာလေ ။

အင်း မကောင်းကြောင်းပြောရင် များတယ်ဗျာ ။ အကြောင်းသိပြန်ရင်လည်းမပေါင်းချင်ပဲနေအုန်းမယ် ။ ဒီတော့ ဒီလောက်ပဲပြောတော့မယ် ။ ငမူးလည်း အမှားမကင်းတဲ့ တစ်ယောက်ပါပဲ ။ခုနေချိန်မှာတော့ ပြင်သင့်တာကို ပြင်နေပါပြီ အရင်လိုမနေတော့ဘူးဆိုတဲ့အကြောင်း သူငယ်ချင်း အားလုံးကို အကိုအမ တွေ သိအောင်ပြောလိုက်ခြင်းဖြစ်ပါတယ် ဗျာ ။ ကျေနပ်ကျမှာပါ ။


အိုက်ခီလောက်
အမြည်းလေးတွေ 14 ရစ်တယ်ပေါ့ |

မိန်းမဆိုးလေး

လူရယ်လို့ ဖြစ်လာသော်လည်းပဲ ရှေးက ပါလာတဲ့ကုသိုလ်ကံခြင်းက မတူတာရယ်ကြောင့် ၊ လူ လူ ခြင်းပေမယ် ဖြစ်လာရတဲ့ ၊ ခံစားရတဲ့ ဘဝပေးအခြေအနေက မတူကြဘူး ။ လူကံဆိုတာကလည်း ပြောရခက်တယ် ။ ဆုတောင်းကြတာခြင်းလည်းမတူတာရယ်ကြောင့် ဖြစ်နေရတဲ့ဘဝတွေ လည်း ခြားနားလို့ ပါ ။ တစ်ချို့ လည်း လိုလေသေးမရှိ မတောင့်မတ ၊ မကြောင့်မကျ နေနိုင်ကျတယ် ။ တစ်ချို့ လည်း တစ်နေ့ လုပ်တစ်နေ့ စားတွေ လေ ။ သေဌေးတစ်ချို့ တွေက ငွေမျက်နှာ တစ်ခုတည်းနဲ့ နိုင်ထက်စီးနှင်းကျတယ် ။ သူတစ်ပါးသားပျို ၊ သမီးပျိုတွေကို ငွေနဲ့ ပေါက်ပြီး အတင်း သား၊ မယားလုပ်နေကြတယ် လေ ။ ငွေနဲ့ အရာရာကို ထိန်းချုပ်ထားကျတယ် ။ ဒီလိုလူတွေကို ဘယ်သူ့ မှ မပြောရဲ ကျဘူး ။ ဘာကြောင့်လည်းဆိုတော့ ငမူးတို့ နယ်စပ်ဖက်မှာ အဖွဲ့ အစည်းဆိုတဲ့ လူတွေပေါ့ ။ အထူးအခွင့်အရေးတွေ ရနေတော့လုပ်ချင်တာလုပ်နေကျတယ် ။ ပြီးတော့ဗျောက်လည်းခါးကြားချိတ်ထားတော့ ဘယ်သူ့ ကသွားပြောရဲမလည်းနော့ ။ အာချောင်မှ ပြောင်းဝက ကိုယ့်ဖက်လှည့်လာမှာတော့ကြောက်သား ။ လူပဲလေ ကိုယ့်အသက်ထက် ဘာကိုနှမြောနေရမှာလည်း ။ ပြီးတော့ ဒီလိုလူတွေက ဒေသ ဖွံဖြိုးတိုးတက်ရေးဆိုတာထက်သူ့ တို့ စည်းစိမ် တွေ တိုးပွားရေးပဲ လုပ်နေကျတာပေါ့ ။ မိန်းမလည်းယူချင်တိုင်းယူနေကျတာလေ ၊။ မဟုတ်တာလုပ်နေလည်း ဘယ်သူ့ ကသွားပြောရဲမှာလည်း နော် ။ ဒီလိုလူတွေ ကလည်း ငွေ နဲ့ လုပ်ချင်တိုင်းလုပ်နေကျတယ် ။ တစ်ချို့ လူတွေလည်းကောင်းပါတယ် ။ ခုပြောတာက တစ်ချို့ သောသူတွေ ဆိုပါတော့ ။ သူ့ တို့ လို လူမဆန်တဲ့ ရင်ခွင်ကြားမှာ အညွှန့် တုံးရတဲ့ သမီးပျိုတွေ ဘယ်လောက်တောင်များနေပြီလည်းမသိဘူး ။ မရှိလို့ လုပ်စားပါတယ် ဆိုမှ သူ့ တို့ ရဲ့ မက်လုံးတွေ ၊ ငွေနဲ့ အရာရာကို ထိန်းချုပ်ပြီး လုပ်ချင်တိုင်းလုပ်နေကျတာ ။ ဒီလိုလူတွေ ကိုတော့ ဘယ်သူ့ မှ မပြောရဲ ပေမယ့် ဘဝ တစ်ခုလုံးရင်းလိုက်ရတဲ့ မိန်းကလေးတွေ ကို တော့ ရစရာမရှိအောင်ကို ကဲ့ရဲ့ ကျတယ် ။ အားပေးစကားပြောဖို့ ဆိုတာဝေးလို့ ၊ အရင် ဆုံးပုတ်ခတ်ပြောဆိုကြတယ် လေ ။ သူ မတန်အောင် အမျိုးမျိုးကဲ့ရဲ့ ပြောဆိုကြတယ် ။ လူမဆန်တဲ့ လူတွေကြောင့် မိန်းမပျိုလေးတွေ ခမျာ အပျိုလေးဖြစ်ချိန် ဆယ့်ခြောက် ဆယ့်၈ှစ် ဆိုတဲ့အသက်အရွယ်မှာပဲ ဘဝ တစ်ခုလုံး ရင်းလိုက်၇တယ်။ ဆင်းရဲတော့လည်း ငွေ မရှိတော့ မတတ်သာတဲ့အဆုံး လူမဆန်တဲ့ ရင်ခွင်ကြားမှာပဲ ငွေကိုရှာနေကြတယ်လေ ။ ဒါပေမယ့် သူ့ တို့ ရဲ့ ဒုက္ခတွေ ၊ ပေးဆပ်လိုက်ရတဲ့ ဘဝ တစ်ခုလုံး ၊ ချစ်သူ ၊ ပတ်ဝန်းကျင် တစ်ခုလုံးကို သူ့ မသိသလို နေခဲ့ ရတယ် ။ သူ့ တို့ ရဲ့ မျက်ရည်ကို ဘယ်သူ့ မှမတွေ့ ကြဘူး ။ ပြီးတော့ ဝိုင်းကဲ့ရဲ့ ကြတာက မိန်းမဆိုးလေး ပိုင်းလုံးမ ၊ မယားငယ် ။ သူ့ တို့ ရဲ့ ဘဝ တစ်ခုလုံးအရှုံးခံပြီး ရင်းထားရတာတော့ မသိကြဘူး ။ အားလုံးပဲစဉ်းစားကြည့်ပါ လူဆိုတာ ကောင်းတာပဲ နေချင်ကြတယ် ၊ အရာရာကို ပြီးပြည့်စုံချင်ကျတာချည်းပဲလေ ။ ဆုတောင်းကြတာလည်း ကောင်းတာတွေချည်းပဲ ။ ဖြစ်လေရာဘဝ ဆက်တိုင်း ကောင်းရာမွန်ရာလေးနဲ့ နေချင်ကြတယ် ။ ဒါပေမယ့် ဖြစ်လာရတဲ့ အကျိုးပေးခြင်းမတူတော့ ၊ ဆင်းရဲနွမ်းပါးတာတောင်မှ ဒုက္ခကရောက်နေသေးတယ် ။ မလုပ်ချင်တာလည်းလုပ်နေရတယ်လေ။ အားလုံးပဲ စဉ်းစားကျပါ ဘယ်သူ့ က ပိုင်းလုံးမ ဖြစ်ချင်မလည်း ၊ သူ များအကဲ့ရဲ့ ခံ ချင်မလည်း ။ အပြောအဆိုခံချင်မလည်း လို့ လေ ။ ပြီးတော့ မိဘ ၊ မောင်နှမတွေ နဲ့ ခွဲခွာချင်မလည်း ။ ဘယ်သူ့ မဆိုကိုယ့်ချစ်သူနဲ့ အတူနေချင်တာပေါ့ ။ လူမဆန်တဲ့ ရင်ခွင်ကြားမှာ ဘယ်သူ့ ကပျော်နေနိုင်မလည်း ။ အသက် ၊ သွေး ၊ချွေး နဲ့ ရင်းပြီး ဒုက္ခ ခံနေ၇တာ ဘယ်သူ့ သိနိုင်မလည်း ။ သူများ အမုန်းတွေကြားမှာ သူ့ တို့ ဘယ်လောက်တောင် အရှက်ကွဲ နေပြီလည်း ။ အနေရခက်နေပြီလည်း တွေးမိကြရဲ့ လားဗျာ ။ ဒါပေမယ့်လည်း ကံကြမ္မာဆိုးကဝင်မွှေသွားတော့ သူ့ တို့ ကို မျက်နှာသာမပေးတော့ သူ့ တို့ ရဲ့ မိသားစု ၊ ရည်ရွယ်ချက် ၊ ချစ်သူ ၊ အရာရာအားလုံးကို စွန့် လွတ် ခဲ့ရတယ်လေ ။ တစ်ခါတစ်လေမှာသူ့ တို့ ဘဝလေးတွေကိုစာနာ သနားစွာနဲ့ စဉ်းစားပေးကြပါလား ။ သူ့ တို့ ဟာ မိဘကို လုပ်ကျွေးနေတဲ့ မိန်းမဆိုးလေး ဆိုတာ မသိကြဘူးလား ။ ကိုယ်တိုင် အနှစ်နာခံပြီး မိဘ တွေကို လုပ်ကျွေးနေတဲ့ သူတွေဆိုတာ မမြင်မိကြဘူးလား ။ တစ်သက်လုံးနာမည်ပျက်နဲ့  နေထိုင်သွားရတော့မယ် ။ ကိုယ့်အဖေ လောက်အသက်အရွယ်ကို ယူထားရတာလေ ။ ဒါပေမယ့် သူ့ တို့ ရဲ့ စိတ်မှာ ဖြူစင်နေတယ် ဆိုတာ သိပေးကြပါ ။ စာနာပေးကြပါ ။ သည်းခံပြီးတော့ မိန်းမဆိုးလေးလို့ မပြောပါနဲ့ လား ။ နားလည်သဘောပေါက်ပေး မယ်ဆိုရင် ကောင်းမှာပဲ ။ သူ့ တို့ မကောင်းကြောင်းကိုမပြောပါနဲ့ လား ဗျာ ။ အားလုံးပဲတွေးကြည့်ပါ လူရယ်လို့ ဖြစ်လာရင် ဘယ်သူ့ မဆို ကောင်းတာလေးတွေ ဖြစ်ချင်ကြတာပါပဲ ။ နေရာကောင်းကို ရောက်ချင်ကျတာပါပဲ ဗျာ ။ ဘယ်သူ့ ကမိန်းမဆိုးလေးဖြစ်ချင်ကျမှာလည်း ၊ မိန်းမဆိုးလေးဖြစ်ချင်တာမဟုတ် ရပါဘူး ။ မိန်းမဆိုးလေးပိုင်းလုံးမ ဖြစ်ချင်တာ မဟုတ်ရပါဘူး ၊ မကောင်းတဲ့ မိန်းမလည်းမဖြစ်ချင်ကျပါဘူးး ။ နားလည်ပေးကြပါ သူ့ တို့ ဘဝလေးတွေကို ။ အဆိုးဖက်ကမမြင်ဘဲနဲ့  အကောင်းဖက်ကလည်းတွေး ပြီးနားလည်ပေးကြပါလား ။


အိုက်ခီလောက်