ခံစားမိတဲ့ ကြိုက်တဲ့ သီချင်း

အလွမ်းကဗျာရှည်





ရှိနေမယ်



ခုတစ်လော ဘာမှမလုပ်နိုင်ပါဘူးဗျာ ။ အကြောင်းလေးကတော့ရှိပါတယ် ။ ပြောပြတော့ဘူးနော် :D ။ ခုလည်း ဘာမှမလုပ်နိုင်မဲ့အတူတူသီချင်းလေးတွေလိုက်ရှာပြီးနားထောင်နေတာ အဟောင်းတွေထဲကနေပဲ ရှာနေတာပါ ။ ကိုဟန်ထွန်း သီချင်းတွေနားထောင်ပြီး သူ့ အသံအေးအေးလေးနဲ့ သီချင်းတွေ ကို ဆားချက်တယ်လို့ သဘောမထားပဲနဲ့ နားထောင်ကြည့်ပါအုန်း ။ ကိုဟန်ထွန်းကို ကြိုက်နေတာက သူ့ ထိပ်ဆုံး ခွေထွက်ကတည်းကပါပဲ ။ မျက်ရည်ယန္တား ဆိုတဲ့  ခွေထွက်ကတည်းကပါပဲ ။ မှတ်မှတ်ရရ သူ့ ခွေထွက်တဲ့ နေ့ မှာ တောင်ကြီးသားနှစ်ဦးလုံး တစ်နေ့ တည်း အခွေတူတူထွက်တဲ့နေ့ ဖြစ်ပါတယ် ။ ကို အယ်နှောင်း ပါ ၊ အနောက်တောင်မှတ်သုံလေ ဆိုတဲ့ ခွေလေးပါပဲ ။ အတူတူထွက်ပြီးတော့ ပေါက်တာက ကိုအယ်နှောင်းခွေလေးပါ ။ နောက်မှ တစ်ဖြည်းဖြည်းနဲ့ အသံအေးအေးလေးနဲ့ နားထဲဝင်လာတာက နားထောင်ပြီးနားထောင်ချင်အောင် ဆွဲဆောင်မူတွေနဲ့ ကိုဟန်ထွန်းက ဆွဲဆောင်သွားပါတယ် ။ အလွမ်းသီချင်းတွေ ၊ ခံစားမူတွေနဲ့ ပီပြင်အောင်ဆိုနိုင်တဲ့ ကိုဟန်ထွန်းကို အဲ့ကတည်းကကြိုက်နေမိပါတယ် ။ မှတ်မှတ်ရရ ရှစ်တန်းကျောင်းသား လေးပါ ။ ခုလည်း သူ့ သီချင်းတွေ ကြိုက်နေဆဲပါပဲ ။ တောင်ကြီးသားတွေ မို့ လို့ တောင်ကြီးကအဆိုတော်တွေ အားလုံးကိုကြိုက်ပါတယ် ။ ပြောရဲပါတယ် အဆိုတော်အများစု က တောင်ကြီးကထွက်တယ်ဆိုတာ ။ တောင်ကြီးသားတွေ သီချင်းတစ်အားကြိုက်ပါတယ် :P ။ မဆိုပဲမနေနိုင်အောင်ကို ပတ်ဝန်းကျင်ကို ဒုက္ခပေးတတ်ပါတယ် :D ။ မူးပြီး အော်ဆိုတဲ့အထဲမှာ ငမူး မပါဘူးဆိုရင် ဘယ်ယုံကျမလည်းနော့် ။ အသံတောင်ဝင်ပါတယ် နင်းကန်လည်းအော်တယ် ၊ မှောက်ယှက်လည်းအော်တယ် ၊ ကျုံးပြီးလည်းအော်တယ် ၊ ဖင်ထောင်အောင်သောက်ပြီး လည်းအော်တယ် ။ အဲ့လောက်အထိ သောင်းကျန်းခဲ့တာ တောင်ကြီးတစ်ခွင်ပြဲပြဲစင်အောင်ကို လှည့်ပြီးသောင်းကျန်းတာ :D ။


အိုက်ခီလောက်
အမြည်းလေးတွေ 14 ရစ်တယ်ပေါ့ |