DEC 31 2009

မွေးနေ့ တဲ့ လေ ။ အမှတ်မရချင်လည်း စိတ်ထဲ စွဲနေတယ် ။ အမှန်က ဒီနေ့ မှာ အစီအစဉ်မရှိခဲ့ပါဘူး ။ ဒီလိုပဲ ဖာသိ ဖာသာနဲ့ ပဲ ကျော်ဖြတ်သွားချင်တာကို ၊ အကိုလိုခင်တဲ့ အကိုကြီးကနေ မွေးနေ့ ကိတ် အမှတ်တရ လက်ဆောင်ပေးခဲ့လို့ မွေးနေ့ ကိတ် ခွဲဖြစ်သွားတာပါ ။ သူငယ်ချင်းအနည်းအကျဉ်းနဲ့ ပဲ ပျှော်ရွှ့င်ခဲ့ရတာပေါ့ဗျာ ။ အသိအမှတ်ပြုပြီးလက်ဆောင်ပေးတဲ့ အကိုကြီး ကိုလည်း ကျေးဇူးတင်မဆုံးပါဘူးဗျာ ။ အားလုံးက ငမူး ကို ရှမ်းလေးလို့ ခေါ်တယ်ဗျာ ။ ရှမ်းတိုင်းရင်းသားကြီးမို့ လို့ ပါတဲ့ လေ :P










ပျှော်ပျှော်ပါးပါး စားသောက်လိုက်ကြတယ် ဗျာ


ဒီလိုကားမျိုး ဘယ်သူ့ လာပေးမလည်းလို့ မျှော်နေသေးတယ် ဗျ




အိုက်ခီလောက်

ကလေးဘဝ အမှတ်တရများ

တောင်ပေါ်သား က ကုန်ကြမ်းရှာလာပေးတယ် ၊ ဒါနဲ့ ရေးရအုန်းမှာပေါ့ ကလေးဘဝက အဖြစ်အပျက်တွေကို ။ ငမူး ကလေး ဘဝမှ သောင်းကျန်းဆိုးခဲ့ တာတွေ အများကြီးပဲ အဲ့ ထဲ ကမှ ကောင်းမယ်ထင်တာလေးတွေ ၊ မှတ်မိလွယ်တာလေးတွေကို ရေးပြရတော့မှာပေါ့ ။ ဒီလို ဘဝ မျိုးတွေက မေ့ချင်ပေမယ့်လည်း မေ့မရတော့ အမြဲသတိမရရင် နေပါစေ ၊ အမှတ်တမဲ့ နဲ့ ကိုယ်မြင်လိုက်ရတဲ့ ပတ်ဝန်းကျင် ပေါ်မူတည်ပြီး ပြန်အမှတ်ရတတ်ကြတာချည်းပါပဲ ။ ကလေးဘဝ တုန်းကတော့ အပူအပင်မဲ့ ၊ သွားချင်တာ သွား ၊ လုပ်ချင်တာလုပ်ရတဲ့ ဘဝ အိပ်ချိန်ဆိုရင်လည်း ဘာမှတွေးတော ပူပင်စရာမလိုပဲ အိပ်ပျော်သွားတတ်တယ် ။ပြီးတော့ မောင်နှမ များတဲ့ ငမူး ၊ အိမ်မှာအငယ်ဆုံးဆိုတော့ ဘယ်ပြောကောင်းမလည်း ဆိုးချင်တိုင်းဆိုးနေတော့တာပါပဲ ။ လိမ္မာ တာလည်း ရှိတာပေါ့ ဗျာ ။

ငယ်တုန်းက ဦးလေးနဲ့ အတူနေရတော့ ဦးလေးသားတွေနဲ့ ပဲ အများဆုံးပေါင်းပြီး ဆိုးတာများတယ် ။ ဦးလေးကလည်း သားချည်း လေးယောက်မွေးထားတာဆိုတော့  တစ်အိမ်လုံးမှာ ကျား တွေချည်းပဲ ။ သရေပင် ပစ်မလား ၊ ဂေါ်လီရိုက်မလား ၊ ဖဲရိုက်မလား ( တွမ်တီးဝမ်း ) ၊ ဘောလုံးကန်မလား အိမ်မှာပဲ ဒိုင်ခံ ဆော့နေတာ။ ပြီးတော့ တစ်ရပ်ကွက်လုံးလှည့်ပြီး ဂေါ်လီလိမ့်လိုက် သရေပင် သွားပစ်လိုက်နဲ့ လမ်းသလားနေတတ်ကျတာ။ စွန်လွတ်တဲ့ အချိန်ဆိုရင် လည်း မနေသာပါဘူး အထူးအဆန်းတွေလုပ်တတ်လွန်းလို့ ညီအစ်ကိုတွေ အားလုံး ပေါ့ ။ စွန်ကြိုးထက်အောင် မှန်ထောင်းပြီး ကော်ရည်နဲ့ သုတ် ရတာလေ ။ အဲ့ဒါကို ရိုးရိုးမတိုက်ဘူး စွန်ကြိုးကို ၊ အိမ်မှာစိုက်ထားတဲ့ တစ်ဇောင်းလက်ပတ်အပင် က အစေးတွေ ထုတ် ပြီးတော့ ကြောင်အိမ်က ကြက်ဥတွေ ယူ ၊ ပြီးတော့ ဖန်ချောင်းတွေ ဖြုတ် ၊ လူကြီးသိတော့ အားလုံးထွက်ပြေး တစ်ယောက်တစ်နေရာစီပြေးကြတယ်လေ ။ လူကြီးတွေကလည်း ပြောမရတော့ သတိထား ဆိုတာနဲ့ တင် ပြီးသွားလေ့ရှိတယ် ။ စွန်လွတ်ပြန်ရင်လည်း ကောင်းကောင်းမလွတ်ဘူးဗျ ၊ သူများစွန်ကို မျှားခေါ်လာပြီး ကိုယ့်နေရာအပိုင်လောက်ေ၇ာက်ပြီဆိုရင် တစ်ခြားတစ်ယောက်က ကြိုးလေးငါးထပ် ပူးနဲ့ ချည်ထားတဲ့ ကားနတ်သီးနဲ့ ချည်ပြီး ဂွလေးနဲ့ ပစ်တင်ပြီးဆွဲချ ကြတာ ။ အမြဲတမ်းရန်ဖြစ်နေရတယ် အနောက်လမ်းကလူတွေနဲ့ ။ စွန်ခြင်းစားတာ မနိုင်တော့ နိုင်တာလုပ်ကြတာပေါ့ ဗျာ ။

ပြီးတော့ ရေကူးတာလည်းဝါသနာပါမှပါ ၊ တစ်ဖွဲ့ လုံး ပဲ ။ မြို့ အထွက်နားလေးက ရေကူးကန်မှာ သွားကူးနေကျ ။ စက်ဘီးကိုယ်စီနဲ့ သွားကြတာ ။ ရေကူးပြိုင်ကြသေးတယ် ဘယ်လောက်ကူးနိုင်တယ်ပေါ့ ။ ရေသာကူးတာကူးတာ ခုထိ ဒိုင်ဗင်တော့ မပစ်ရဲသေးဘူး ။ တစ်ခါ ဒိုက်စင် ပေါ်ကနေ ဒိုင်ဗင် ထိုးချတာ ဝမ်းလားမှောက်ကြီးကို ကျတာ ရင်ဘတ်တစ်ခုလုံး အောင့်သက်သက်နဲ့ နာလိုက်တာ ရင်ဘတ်တစ်ခုလုံး နီရဲ နေတာပဲ ။ အဲ့ကတည်းက မှတ်သွားတာ ရေကူးရင် ဘယ်တော့မှ ဒိုင်ဗင် မထိုးတော့ဘူး ။ စက်ဘီး စီးရင်လည်းကောင်းကောင်းမစီးဘူး ။ စက်ဘီးရှေ့ဘီး က ဂွကြားလေးမှာ ပူစီပေါင်းတွေ မှုတ်ပြီးချည်ထားတာလေ ။ စက်ဘီး စီးပြီ ဘီးလည် ပြီးဆိုတာနဲ့  စမုတ်တံနဲ့ ပွတ်တော့ အသံတွေက အကျယ်ကြီးထွက်လာတယ် ။ မနက်ခင်းစောစောစီးစီးကျူရှင်သွားပြီဆို အဲ့အသံတွေ ညံနေရောပဲ ။ ဘာနဲ့ တူလည်းဆိုတော့ ထော်လာဂျီအသံနဲ့ ဆင်တယ် ။ ဆ၇ာမဆို သိနေပြီ သူ့ တပည့်တွေလာပြီဆို အသံကို အရင်ကြားရတာပဲ ။ အဲ့လို စီးလို့  ကလေးအမေက ထော်လာဂျီထင်ပြီးသူ့ ကလေးကို ထော်လာဂျီတိုက်မှာစိုးလို့ အိမ်ထဲကနေ ပြေးပြီးလာဆွဲတော့ စက်ဘီးမှန်းသိလို့ အော်ဆဲခံရတာလေ ။ ဒါလည်းမှတ်လားဆို မမှတ်ပါဘူး ။ မြို့ အဝင်က ဘုရားက လှေကားထစ်မှာလည်း လှေကားအတိုင်း ပြိုင်ဆင်းသေးတယ်လေ မှတ်မှတ်ရရပါပဲ ။ လှေကားကတော်တော်ရှည်တယ် ။ သူငယ်ချင်းတစ်ယောက် နဲ့ အလောင်းအစားပြိုင်ပြီး ဆင်းတာ သူငယ်ချင်းက မထိန်းနိုင်ပဲ မှောက်လို့  သွားကျိုးပြီး ၊ ကျိုးတဲ့ သွားက ရှေ့နုတ်ခမ်းကို ဖေါက်သွားတာလေ ဘယ်တော့မှမမေ့နိုင်ပါဘူးအဲ့အဖြစ်အပျက်ကို ။ ဒါလည်းမှတ်လားဆို ငမူးတစ်ကောင်လုံးဝကို အမှတ်သည်းခြေ မရှိပါဘူးဗျာ ကိုယ့်ခံရတာမှ မဟုတ်တာကို နော့ :P ။

ပြီးတော့ အစအနောက်လည်း တော်တော်သန်တယ်ဗျ အားလုံးထဲမှာ ။ ကျူရှင်သွားလို့  လမ်းလျှောက်သွားကျတယ်ဆိုရင် လူက အုပ်လိုက်ကြီးဗျ ။ ပြီးတော့ ဆရာမ အိမ် အဝင်လမ်းနားမှ ခွေးကြီး နှစ်ကောင်က ငမူးတို့ လူအုပ်မြင်ပြီဆိုထိုးဟောင်တာ ။ ပြီးလိုက်ကိုက်တယ် ။ လူအုပ်နဲ့ ဆို ခွေးက ဟောင်ပဲ ဟောင်တာ ။ အားလုံးကလည်း သတိအနေအထားနဲ့ ပေါ့ ။ သူ့ ကို ငါ ကြည့် င့ါကို နင်ကြည့် နဲ့ ခွေးရှေ့က ဖြတ်သွားပြီဆို ငြိမ်နေလိုက်ကျတာ ၊ နည်းနည်းလေးကျော်သွားတာနဲ့ အရင်ဦးအောင် ခွေးကို စပြီး တန်းထွက်ပြေးတာ ။ အဲ့ခါဆို ခွေးက လိုက်ဆွဲပါလေရော် အသကုန် ခြေကုန်သုတ်ပြေးတာ တစ်ဖွဲ့ လုံး ။ ပြန်တွေးကြည့်ရင် ရီစရာလေးပဲ ဗျ ။ ပြီးတော့ ကျောင်းမှာ တုတ်တန်းပေါ်တက်ဆော့နေတဲ့ သူငယ်ချင်းကို ပုဆိုးဆွဲချလို့ လိုက်ရိုက်တာ ခံလိုက်ရသေးတယ် ။ သူခမျာ အရှက်ကွဲတော့လိုက်ရိုက်တော့တာပေါ့ ဗျာ ။ အမြင်ကပ်တဲ့ ဆရာမကျတော့ သူ့ အချိန် မရောက်ခင် မုန့် စားကျောင်းဆင်းတယ်လေ ။ အဲ့ချိန်ဆို ကျောင်းခန်းထဲမှာ လူသိပ်မရှိဘူး ။ ဒါကို အခွင့်ကောင်းယူပြီး ဆရာမထိုင်မယ့်နေရာနဲ့ တစ်ခန်းလုံးခုံမှာ ခွေးလီးယားသီးတွေ ဖြူးထားလိုက်တာ ။ အတော်ရီရတယ် သူ့ တို့ ယားနေတာကို ကြည့်ပြီး ၊ ဒါပေမယ့်လည်းဗျာ မကောင်းမူဆိတ်ကွယ်ရာမရှိဆိုတော့ ကြိမ်ဒဏ်နဲ့ ဒူးထောက်တာခံလိုက်ရတယ် ။

ကျောင်းပိတ်ရက် ဆိုရင် ရွာကို အမြဲပြန်နေကျလေ ။ ရွာမှာလည်း ဆိုးတာပဲ ၊ ဆိုးမှာပေါ့ အလိုလိုက်ထားတာကိုးနော့ ။ ရွာမှာဆိုတော့ ဗမာစကားသိပ်မပြောတတ်တဲ့ လူတွေထဲမှာ ဆရာကြီးပေါ့ ။ ရွာမှာဆို ပျှော်ဖို့ တစ်ကယ်ကောင်းတယ် ။ လူကြီးတွေ လက်ဖက် ခူးသွားရင် လိုက်သွား ၊ တောထဲ ထင်းခွေသွားရင်လည်းလိုက်တာပဲ ။ ပြီးတော့ချောင်းထဲဆင်းပြီးရေဆော့ရင် လူကြီးတွေက ဆူတယ် ။ ရေနစ်မှာဆိုးလို့ လေ ။ ရွာကလည်း ရှေ့ဖက်မှာလည်းချောင်း ၊ အနောက်ဖက်မှာလည်းချောင်း ဆိုတော့ ငမူးတစ်ကောင် ကောင်းကောင်းကဲတာပေါ့ ။ နဂိုကမှ ရေဆိုအသေကြိုက်တာ ၊ အရင်ဘဝက ငါးများ ဖြစ်ခဲဖူးလားမသိဘူး ။ အိမ်က ကားဘက်ထရီ ခိုးဖြုတ် ၊ ပြီးတော့ ရွာက ညီအစ်ကိုဝမ်းကွဲတွေနဲ့ ချောင်းထဲ သွားပြီး ငါးရှော့လိုက်ရိုက်တာ ၊ ပျှော်ဖို့ တစ်အားကောင်းတယ် ။ ငရဲတော့ မကြီးဘူးလားဆိုတော့ အတုံးလိုက် အတစ်လိုက်ကို ကြီးမှာသေချာတယ် :D ။ တစ်ရွာလုံးလှည့်ပြီး ရှိသမျှအပင်က အသီးတွေ လိုက်ခူးစားတာပဲ ။ ရွာထဲက လူတွေအားလုံးနီးပါးကလည်း ဆွေမကင်း ၊ မျိုးမကင်းဆိုတော့ ခွင့်လွတ်ပေးကြပါတယ် ဘာလုပ်လုပ် အပြစ်မတင်ကြဘူး ။

လူကြီးတွေ ဘိန်းခင်းသွားရင်လည်း လိုက်သွားတာပဲ ။ ဘိန်းခင်းကြားထဲမှာ မုန် ညှင်း တွေ စိုက်ထားတယ်လေ ။ အဲ့ မုန် ညှင်းတွေဆို စားလို့ ကောင်းမှကောင်းပဲ ။ ဘိန်းခင်းထဲက မုန်ညှင်းမို့ လားမသိဘူး အပင်တွေက အကြီးကြီးတွေ ။ ပြီးတော့ဘိန်းစေ့တွေ စားလို့ လည်းကောင်းမှကောင်း ။ ငယ်တုန်းတော့ဘာမှမသိဘူး ဆော့နေရ ၊သွားနေရရင်ကိုပဲကျေနပ်နေပြီ ။ တောထဲမှာ မှိုခူး လည်းလိုက်တာပဲ ၊ မြှစ် ချိုးလည်း လိုက်သွားတာပဲ ။ မြှစ် လတ်လတ်ဆတ်ဆတ်တွေ စားရတာ တစ်ကယ့်ကို ကောင်းမှကောင်း မြို့ ကလူတွေတောင် မစားဖူးဘူး ဒါမျိုးတွေ ။ ပြီးတော့ခူးပြီးသားလက်ဖက် ကို ငရုတ်သီး ၊ ခရမ်းကျွတ်သီးနဲ့ ထောင်းပြီးစားရတာလည်း ကောင်းသလားမပြောနဲ့ ။ ပြောရရင် မြို့ မှာနေရတာထက် ရွာမှနေရတာက ပိုပျှော်ဖို့ ကောင်းနေသေးတယ် ။ ပုရစ် ဖမ်းချိန်ဆိုလည်း ချောင်းဘေးတစ်လျှောက် တိုင်လေးတွေ စိုက်ပြီး ၊ တိုင်မှာ ဆန်မှုန့် ကော်ရည်နဲ့ သုတ်ပြီး လာကပ်သမျှ ပုရစ်တွေ လိုက်ခွာ ပြီးရေပုံးထဲ ထည့် ၊ ညဆိုရင် ပုရစ်ကြော်စား ၊ မီးကင်စား ဘယ်လို စားစားကောင်းနေတာပဲ ။ တွေးတိုင်း အမြဲ သတိရနေမိတယ် ။

ရွာသန့် ရှင်းရေး ၊ ဘုန်းကြီးကျောင်းသန့် ရှင်းရေး ဆိုရင် တစ်ရွာလုံးလာပြီးလုပ်အားပေးကြတယ်လေ ။ အဲ့ချိန်ဆိုရင်လည်း လူကြီး ကြားထဲမှာ အမြဲ ပါတတ်တာပဲ ။ လပြည့် ၊ လကွယ် နေ့ တိုင်းဆို တစ်ရွာလုံးအလုပ်မလုပ်ကြဘူးလေ ။ လူကြီးပိုင်း နဲ့  လူငယ်တွေ က လယ်ထဲ က ကောက်ရိုးတဲမှာ ကြိတ်ဝိုင်းလုပ်ကြတယ် ။ ငမူးလည်း ပါတာပဲ အဲ့နေရာဆိုလည်း ။ ဘာမှတာ မဆော့တတ်တာ သူ့ တို့ ထဲက နိုင်တဲ့ လူက အချိုရည်တိုက် ၊ မုန့် ကျွေးတယ်လေ ။ ဒီတော့သူ့ တို့ လိုတာ လက်တိုလက်တောင်းခိုင်းလို့ ရအောင် သွားတာပေါ့ ဗျာ ။ ပြီးတော့ ရွာမှာ အသားပေါ်ရင် ဝက်တွေ ၊ နွားတွေ သားဖျက်ပြီဆိုရင်လည်း လိုက်တာပဲ ။ အသားတွေ စားရတာလေ ဖျက်တဲ့ နေရာမှာ ။ ချောင်းဘေးမှာ မီးဖို ပြီး ရေနွေးအိုး တည်ထားတယ် ။ ဆား ၊ ဟင်းချိုမုန့် ၊ ငရုတ်သီး အကုန်ပါတယ် ။ ပြီးတော့အတွင်းကလီစာတွေ ၊ စားကောင်းမယ့် အသားတွေ ဦးဦးဖျားဖျားစားရတာ ။ ပြီးတော့ သွေးကို အိုးထဲ ထည့်ပြီး ရေနဲ့ ဆား ၊ဟင်းချိုမုန့် အစာပလာတွေထည့်ပြီး ၊ အိုးကို ချောင်းထဲမှာတစ်ဝက် စိမ်ထားပြီး လက်နဲ့ သွေးကို မွှေလိုက်တာ သွေးက ခဲသွားပါလေရော် ။ ကျောက်ကျောလို ခဲသွားတာဗျ ၊ ဒါကို ဓါးလေးနဲ့ လှီးပြီး စားကြည့်တာ အစကတော့မစားရဲဘူး တစ်တုံးလည်း စားလိုက်ရော် စားလို့ ကောင်းလိုက်တာဗျာ ၊ နောက်ပိုင်း ဘယ်မှာသားဖျက် တယ်ဆိုအသံကြားတာနဲ့ ရောက်အောင်သွားတတ်တာ ။


လယ်ထဲမှာ လောက်စာလုံးတွေ လုံး ၊ ပြီးတော့ တောထဲ ဝင်ပြီး ငှက်လိုက်ပစ် ။ ထောင်ချောက်တွေ ထောင် ။ ဘာအကောင်ပဲ ရရ မျက်နှာကိုက ဂုဏ်ယူဝင့်ကြွားတဲ့ ပုံစံမျိုး ငါ့ကွ ဆိုတဲ့ မျက်နှာပေးမျိုး ။ ဘကြီး ဆေးလိပ် ခပေါင်းတစ်ဗူးကို ခိုးသောက်တာ ဘာမှန်းမသိပဲနဲ့ တစ်ဗူးသာကုန်သွားတာ ။ ညရောက်တော့ လည်ချောင်းနာပါရော်လား ။ ခြံထဲက သရက်သီးတွေ တက်ခူးတာ ခါချဉ်ကိုက်လို့ သစ်ပင်ပေါ်က မပြုတ်ကျတာ ကံကောင်း ။ မြို့ မှာ ခါချဉ် မရှိဘူးလေ သရက်ပင်မှာ က ။

ခုနေခါမှာပြန်တွေးကြည့်ရင် ပျှော်ဖို့ ကောင်းသလို ၊ လွမ်းဆွေးဖို့ လည်းကောင်းတယ် ။ အိမ်ထောင်ကျတဲ့ လူက ကျ ၊ တစ်ခြားနေရာမှာအလုပ်သွားလုပ်တဲ့ လူက လုပ်နဲ့ အားလုံး ကွဲသွားကြတာ ဘယ်ချိန်ပြန်ဆုံမယ်မသိဘူး ဗျာ ။ အမြဲ သွားအတူ ၊ လာအတူ ၊ စားအတူနဲ့  တစ်ရုန်းရုန်း သွားလာခဲ့ကြပြီးမှ အရွယ်ရောက်လာတော့ တစ်နေရာစီ ၊အဆင်ပြေမယ့်နေရာကို သွားတဲ့ လူနဲ့ ၊ ကင်းကွာသွားလိုက်တာ ခုထက်ထိ ပါပဲ လေ ။ ဆုံဖြစ်ရင်တောင်အရင်လို လူမစုံတော့ သတိရမိတယ် ။ ခုတော့ လည်း လူလို နေတတ်အောင်ကျင့်နေရတာပါပဲ ။ မနေချင်လည်း နေတတ်အောင် နေရပြီ ။ ကဲ မတပ်စ့်စဖူး တစ်ခါမှမတပ်စ့်ဖူးပါဘူး ခုတော့ တပ်စ့်ပြီဗျာ ချစ်လို့ တပ်စ့်တာပဲဗျာ

( ၁ ) ကိုမိုးစက်
( ၂ ) ကိုသော်ဇင်
( ၃ ) ငလင်း
( ၄ ) ကိုကျိုး
( ၅ ) မကြီးကီ
( ၆ ) ကိုနေရင့် တို့ ပါပဲ ။ စိတ်ဝင်စားပါတယ် သူ့ တို့ ဘဝလေးတွေကိုလည်း ၊ ငရဲ ကို တပ်စ့်ချင်တာ ဒင်းက စာမေးပွဲရှိနေလို့ ပေါ့ကွာ ။
ကျန်တဲ့ မောင်နှမအားလုံးကတော့ တပ်စ့်ဘေးထိထားလို့ ဆက်မတပ်စ့်တော့ပါဘူး ။


အိုက်ခီလောက်

အမြည်းလေးတွေ 8 ရစ်တယ်ပေါ့ |

ခေါင်တိုင် အလည်တစ်ခေါက်




































အိုက်ခီလောက်

သွားအုန်းမယ်ဗျ





















ပျှော်ရာမှာမနေရ ၊ တော်ရာမှာနေရသလိုမျိုးပဲ လူဘဝကြီးက ။ ခုတော့လည်း မလာချင်သော်လည်းပဲ လာခဲ့ရတယ် ၊ ခုတော့လည်းမပြန်ချင်ပဲနဲ့ လည်းပြန်ရတော့မယ် ။ တွေ့ ဆုံ ကြုံ ကွဲ ဆိုတဲ့အတိုင်း မျှော်လင့်ထားသလိုဖြစ်မလာပဲ ၊ မထင်မှတ်တာတွေလည်း ကြုံခဲ့ရတယ် ။ မျှော်လင့်ချက်အပြည့်နဲ့ လာသူတွေ လည်းရှိသလို ၊ ပေါ့ပေါ့နေပေါ့ပေါ့စားတွေ လည်း လာကြတာများပါတယ် ။ ကိုယ်တိုင်က ဘယ်လိုအမျိုးအစားထဲပါမယ် မှန်းမသိ :D ။

ပြန်ရအုန်းမှာပါလားဆိုတဲ့စိတ်လေးက အရာရာတိုင်းကို လွမ်းနေရပြန်ရော ။ ကဲ မပြန်ဘူးလားဆိုတော့လည်း ပြန်ချင်တာပေါ့ ၊ ရင်ထဲမှ ခုလု ခုလု ဖြစ်နေတယ် ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်းမသိသေးဘူး ။ ခုထက်ထိလည်း အဝတ်အစားတွေ ဘာမှမသိမ်းဆည်းရသေးဘူး ။ ယောက်ကျားပဲလေ အဝတ်တစ်ထည်ကိုယ်တစ်ခု ၊ ရေတစ်ဗူးနဲ့ လည်း ဖြစ်တာပဲ ။ ကျန်တာသိပ်မစဉ်းစားပါဘူး ခေါင်းခြောက်ယုံပဲရှိတာကိုး ။

ကဲပြန်မယ်ဆိုတော့ အားလုံးနဲ့ လည်းမခွဲချင်ပြန်ဘူး ။ စတွေ့ တုန်းကတော့ အမြင်ကတ်နေတဲ့လူတွေ ၊ ကဂျီကကြောင်နိုင်တဲ့လူတွေ ၊ ဂျီးများတဲ့လူတွေ အားလုံးပေါ့ မတဲ့ဘူးလို့ ထင်ရပေမယ့် တစ်ကယ်တမ်းနေလာတော့ သူ့ အကြောင်းကိုယ်သိ ၊ ကိုယ့်အကြောင်းသူ သိလာတော့ တစ်ဦးကို တစ်ဦးနားလည်မူတွေနဲ့ ကူညီဖေးမလို့ ၊ နောက်ပြောင်ကျီစယ်ရင်းနဲ့ သံယောဇဉ်လေးတွေ ဖြစ်လာမိခဲ့ပါပေါ့ ။ ခွဲခွာရမယ်ဆိုတော့ အားလုံးက စိတ်မကောင်းခြင်းများစွာနဲ့ စကားသံလေးတွေမှာ ဝမ်းနည်းမူတွေ ပါလို့  ။

ပြန်လာပါ့မယ်ဆိုတာတောင် စိတ်မချလို့ "တစ်ကယ်တော့ပြန်လာပါကွာ မင်းမရှိတော့ အားလျော့တာပေါ့ " ဆိုလာလေတဲ့ သူငယ်ချင်းတွေ " စိတ်ချစမ်းပါကွာ ငါ့တစ်ကယ်ပြန်လာမှာပါကွ မင်းတို့ ကလည်း အားမငယ်ပါနဲ့ " ဆိုပြီး အားပေးခဲ့ရသေးတယ်လေ ။ ခဏတာလေးခွဲခွာဖို့  သူငယ်ချင်းတွေ အားလုံးနဲ့ ခဏတာဝေးနေရမှာပါလား ဆိုတဲ့အသိလေး ဝင်လာတော့ အားတင်းထားရပါတယ်လေ ။
ဘလောက်က သူငယ်ချင်းတွေ ရော အားလုံးကို ခင်မိပါတယ် ။ တစ်ကယ့်ကို ညီအစ်ကိုရင်း ၊ မောင်နှမစိတ်လေးတွေနဲ့ ဖေးမကူညီကြတာ အပြင်မှာကြုံရင်ဆုံချင်ပါသေးတယ် ။

ဒီတစ်ရက်လေးနေပြီးရင်တော့ အားလုံးနဲ့ ခဏလေး အဆက်အသွယ်ပြတ်ခဲ့ရတော့မယ် ။ ရင်ထဲတော့မကောင်းဘူးပေါ့ဗျာ ။ တစ်နေ့ တော့ပြန်လာရင် အားလုံးနဲ့ ဆုံကြမယ်လေ ။ အမှတ်မထင်ပဲနဲ့ ခင်ခွင့်ရတဲ့သူငယ်ချင်းတွေ ၊ ညီအစ်ကို မောင်နှမလို ပေါင်းသင်းခဲ့တဲ့ အစ်ကို ၊ အမ ၊ မောင်လေး နဲ့ ညီမလေးတွေကိုလည်း ရင်ထဲက လာတဲ့ စိတ်နဲ့  ပဲပေါင်းသင်းခဲ့မိပါတယ် ။ ခုတော့ အားလုံးကို ခဏလေးခွဲခွာဖို့ အကြောင်းလေးပေါ်လာလို့ အားလုံးကို ကြိုတင်အကြောင်းကြားထားတာပါ ။


အိုက်ခီလောက်