သွားအုန်းမယ်ဗျ





















ပျှော်ရာမှာမနေရ ၊ တော်ရာမှာနေရသလိုမျိုးပဲ လူဘဝကြီးက ။ ခုတော့လည်း မလာချင်သော်လည်းပဲ လာခဲ့ရတယ် ၊ ခုတော့လည်းမပြန်ချင်ပဲနဲ့ လည်းပြန်ရတော့မယ် ။ တွေ့ ဆုံ ကြုံ ကွဲ ဆိုတဲ့အတိုင်း မျှော်လင့်ထားသလိုဖြစ်မလာပဲ ၊ မထင်မှတ်တာတွေလည်း ကြုံခဲ့ရတယ် ။ မျှော်လင့်ချက်အပြည့်နဲ့ လာသူတွေ လည်းရှိသလို ၊ ပေါ့ပေါ့နေပေါ့ပေါ့စားတွေ လည်း လာကြတာများပါတယ် ။ ကိုယ်တိုင်က ဘယ်လိုအမျိုးအစားထဲပါမယ် မှန်းမသိ :D ။

ပြန်ရအုန်းမှာပါလားဆိုတဲ့စိတ်လေးက အရာရာတိုင်းကို လွမ်းနေရပြန်ရော ။ ကဲ မပြန်ဘူးလားဆိုတော့လည်း ပြန်ချင်တာပေါ့ ၊ ရင်ထဲမှ ခုလု ခုလု ဖြစ်နေတယ် ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်းမသိသေးဘူး ။ ခုထက်ထိလည်း အဝတ်အစားတွေ ဘာမှမသိမ်းဆည်းရသေးဘူး ။ ယောက်ကျားပဲလေ အဝတ်တစ်ထည်ကိုယ်တစ်ခု ၊ ရေတစ်ဗူးနဲ့ လည်း ဖြစ်တာပဲ ။ ကျန်တာသိပ်မစဉ်းစားပါဘူး ခေါင်းခြောက်ယုံပဲရှိတာကိုး ။

ကဲပြန်မယ်ဆိုတော့ အားလုံးနဲ့ လည်းမခွဲချင်ပြန်ဘူး ။ စတွေ့ တုန်းကတော့ အမြင်ကတ်နေတဲ့လူတွေ ၊ ကဂျီကကြောင်နိုင်တဲ့လူတွေ ၊ ဂျီးများတဲ့လူတွေ အားလုံးပေါ့ မတဲ့ဘူးလို့ ထင်ရပေမယ့် တစ်ကယ်တမ်းနေလာတော့ သူ့ အကြောင်းကိုယ်သိ ၊ ကိုယ့်အကြောင်းသူ သိလာတော့ တစ်ဦးကို တစ်ဦးနားလည်မူတွေနဲ့ ကူညီဖေးမလို့ ၊ နောက်ပြောင်ကျီစယ်ရင်းနဲ့ သံယောဇဉ်လေးတွေ ဖြစ်လာမိခဲ့ပါပေါ့ ။ ခွဲခွာရမယ်ဆိုတော့ အားလုံးက စိတ်မကောင်းခြင်းများစွာနဲ့ စကားသံလေးတွေမှာ ဝမ်းနည်းမူတွေ ပါလို့  ။

ပြန်လာပါ့မယ်ဆိုတာတောင် စိတ်မချလို့ "တစ်ကယ်တော့ပြန်လာပါကွာ မင်းမရှိတော့ အားလျော့တာပေါ့ " ဆိုလာလေတဲ့ သူငယ်ချင်းတွေ " စိတ်ချစမ်းပါကွာ ငါ့တစ်ကယ်ပြန်လာမှာပါကွ မင်းတို့ ကလည်း အားမငယ်ပါနဲ့ " ဆိုပြီး အားပေးခဲ့ရသေးတယ်လေ ။ ခဏတာလေးခွဲခွာဖို့  သူငယ်ချင်းတွေ အားလုံးနဲ့ ခဏတာဝေးနေရမှာပါလား ဆိုတဲ့အသိလေး ဝင်လာတော့ အားတင်းထားရပါတယ်လေ ။
ဘလောက်က သူငယ်ချင်းတွေ ရော အားလုံးကို ခင်မိပါတယ် ။ တစ်ကယ့်ကို ညီအစ်ကိုရင်း ၊ မောင်နှမစိတ်လေးတွေနဲ့ ဖေးမကူညီကြတာ အပြင်မှာကြုံရင်ဆုံချင်ပါသေးတယ် ။

ဒီတစ်ရက်လေးနေပြီးရင်တော့ အားလုံးနဲ့ ခဏလေး အဆက်အသွယ်ပြတ်ခဲ့ရတော့မယ် ။ ရင်ထဲတော့မကောင်းဘူးပေါ့ဗျာ ။ တစ်နေ့ တော့ပြန်လာရင် အားလုံးနဲ့ ဆုံကြမယ်လေ ။ အမှတ်မထင်ပဲနဲ့ ခင်ခွင့်ရတဲ့သူငယ်ချင်းတွေ ၊ ညီအစ်ကို မောင်နှမလို ပေါင်းသင်းခဲ့တဲ့ အစ်ကို ၊ အမ ၊ မောင်လေး နဲ့ ညီမလေးတွေကိုလည်း ရင်ထဲက လာတဲ့ စိတ်နဲ့  ပဲပေါင်းသင်းခဲ့မိပါတယ် ။ ခုတော့ အားလုံးကို ခဏလေးခွဲခွာဖို့ အကြောင်းလေးပေါ်လာလို့ အားလုံးကို ကြိုတင်အကြောင်းကြားထားတာပါ ။


အိုက်ခီလောက်
အမြည်းလေးတွေ
17 Responses
  1. ငါပဲ တစ် ကွ :D
    အားလုံးကို ခဏလေးခွဲခွာသွားရမယ်
    နောက်ထက်တစ်ရက်လေးနေပြီး ရင်တော့
    ချစ်သူငယ်ချင်းတွေ ညီအစ်ကိုမောင်နှမတွေအားလုံးညက်စိနောက်သက်သာသွားပါပြီ :D


  2. mysterysnow Says:

    ဝေး ၂ ကွ
    ခဏပဲနော်...
    ပြန်လာခဲ့။။
    ခေါပုတ်နော် ခေါပုတ် မေ့နဲ့ ချောပိုနော်....


  3. ချစ်ညီယောက်ဖ ကိုမျှော်နေပါမယ့်

    ဒီဇင်ဘာမှာ ပြန်တွေ့ဖို့နော်

    အစစအရာရာ ထာဝရ အဆင်ပြေ ပျော်ရွှင်ပါစေ

    ချစ်ခင်ခြင်းများစွာဖြင့်

    ချစ်ကိုကြီးယောက်ဖ


  4. kiki Says:

    အစစ အရာရာ သတိထားဟေ့
    ဟိုရောက်တော့ မူးမနေနဲ့ ...
    အမေ့ ကို စိတ်ချမ်းသာအောင်ထား။ ရစ်မနေနဲ့  ။
    ဖိတ်စာပို့ဖို့  မမေ့နဲ့အုံး ( ဟိဟိ .. ဖွလိုက်တယ် )

    လောကကြီးမှာ အဆင်ပြေ သလို နေကြရတာ ဘဲဟ
    နင့် အကြောင်းမသိတာ မှတ်လို့  ။ရောက်တဲ့အရပ်မှာ ပျော်တတ်တယ် မဟုတ်လား ။

    အဆင်ပြေပါစေ ....
    ဟိုရောက်တော့လည်း ဘလောဂင်းလေး ဆက်လုပ်ပေါ့ ..

    ခင်တဲ့ အမား ..( အမလေး ရာထူးတက်ပြီ နေရင်းထိုင်ရင်း နဲ့ ၊ နင့်ခေါ်သလို လိုက်ရေးကြည့်တာ)


  5. ဟား မြန်မာပြည်ကို ပြန်ကဲရတော့မယ်ဆိုတော့ မနာလိုဘူးဗျာ။ ကျနောတို့ ကို လည်း အဖော်မစပ်ဘူးပြန်ဖို့  ။ ဟိုရောက်ရင် ပုဆိုးကွင်းသိုင်း လျှောက်မနင်းနဲ့ နော် ။ (စတာပါ ကိုအိုက်ခီရာ)
    ပျော်ရွင်သော ခရီးလမ်းဖြစ်ပါစေဗျ

    ခင်မင်ခြင်းနှင့်
    တလနွန်


  6. ဖိတ်စာပို့လိုက်ဆိုပါလား... အင်း တစ်ခုခုတော့ တစ်ခုခုပဲ....
    အဟိ ... သွားပါ သွားပါ... ပြီးရင်တော့ လက်ဆောင်လေးပါအောင် ၀ယ်ခဲ့... :P


  7. ဖိတ်စာ ဆိုပါလား
    ဒါကျ လျှိုသွားပါလား .. :P


  8. Anonymous Says:

    ဘယ်ပြန်မှာတုန်း မြန်မာပြည်ကိုလား? မြန်မာပြည်မှာလဲ မူးလို့ အဆင်ပြေမှာပါ တောင်ကြီးမှာ စင်တင်တွေ ကောင်းမယ်ထင်ပါတယ်။ မြန်မာပြည်မယ်ဆိုရင်တော့ ပြန်တဲ့အခိုက်လေး မိဘကို နွေးထွေးစွာ ပြုစုခဲ့ပါလို့ အကြံပြုပါရစေဗျာ... မိဘနဲ့ဝေးနေတော့ မပြုစုလိုက်ရတဲ့ ကာလတွေအတွက် ကြိုးစားကာ ပြုစုနိုင်ပါစေ အကိုရေ...... ဘယ်ပြန်မှန်းလဲသေချာမသိပေမယ့် လျှာရှည်လိုက်ပြီးဗျို့..... ၀ိုင်းစုကိုခေါက်ထားလိုက်ပြီးဗျ......... နောင်ကြီးလိုချင်ရင် အပ်ပလုပ်တင်ပေးပါ့မယ်ဗျာ ..... ဘာသာရေး ရေးပြီး မိန်းကလေးပုံတင်ထားတာ မလိုက်လို့ပါ ကျေးဇူးတင်ပါတယ် အကိုရေ အားလုံး အဆင်ပြေချောမွေ့နိုင်ပါစေဗျာ


  9. ပြန်လာချိန်လေး မျှော်နေမယ်ဗျာ ... တောင်ကြီးမှာ ကစ်ဖို.
    ကိစ္စလည်းမေ.မသွားနဲ.အုံးနော် ကိုအိုက်ကြီး ဘာဘဲဖြစ်ဖြစ်
    ဗျာ တွေ.ဆုံ ခင်မင်ခွင်.ရတဲ. သူငယ်ချင်းကို ထာဝရသတိ
    ရနေမှာပါဗျာ...အဆင်ပြေ ပျော်ရွှင်ပါစေဗျာ ...


  10. အမလေးနော် ထွေးငယ်တစ်ယောက်ပြန်တော့မှာပါလား ဟိုကိစ္စလေ ဖိတ်စာ ကိစ္စ အခြေအနေဘယ်လိုလဲ အိုကေသွားပြီလား တိုးတိုးတိတ်တိတ် ပြောပါ ဦးဟ ငါ့စိတ်ထဲအဲဒီကိစ္စက မတင်မကျ ဖြစ်နေတယ် အိုကေရင် အကြောင်း ပြန်လိုက်နော် သိလား ဆုတောင်းပေးနေမယ် ဟိုတစ်ယောက်နဲ့တွေ့ရင် လည်း ဒဏ်ရာဟောင်းတွေ ပြန်ပေါ်မနေနဲ့ဦးကြားလား ကိုယ့်စိတ်ကို နိုင် အောင်ထိန်းနော် ဟိုကလေးနဲ့တွေ့ရင်လည်း ကောက်ချီမနေနဲ့ဦးသိလား အပြောခံနေရမယ် ငါပြောတာတွေမမေ့နဲ့နော် ထွေးငယ် နင့်ကို သတိရနေ မယ်နော် ခံစားရတိုင်းသောက်မနေနဲ့နော် အမေကိုပဲပြုစု ဟုတ်ပြီလား

    အာဘွားထွေးငယ်ရေ
    မျှော်နေမယ်နော်

    ချစ်တဲ့ သမီးပျို


  11. khin oo may Says:

    လွမ်းနေမယ်။


  12. ဇော် Says:

    ဝေးးး
    ကျနော်လဲ လာပြီဗျ။ ဂျစ်ကိုနဲ့ တွေ့ရတော့မယ်ကွ။ ဒန်တန်တန်။ =P


  13. Ree Noe Mann Says:

    မျှော်နေမယ်ညီ

    ပြန်လာရင် အကြောင်းကြားလိုက်ပါ။

    ချစ်တဲ့
    ကိုရီနို


  14. yangonthar Says:

    ပြန်လာရင် လာခေါ်လှဲ့ ဗျာ သွားသောက်ကြရအောင် .... အိမ်ကို လွမ်းတယ်ဗျာ ..... ခင်ဗျားလည်း အဆင်ပြေပါစေ ဗျာ ....
    ခင်တဲ့
    ရန်ကုန်သား


  15. မ်္ပ,သုင်,
    ယူ,လီ ရှါ;


  16. ကောင်းလိုက်တာပျော်စရာကြီးနော်ကြည့်ရတာ
    လာလည်သွားပါတယ်နော်.....


  17. ကောင်းလိုက်တာပျော်စရာကြီးနော်ကြည့်ရတာ
    လာလည်သွားပါတယ်နော်.....


Post a Comment