မှတ်မိနေတဲ့ တပေါင်းပွဲ



ခီလောက်တို့ ငယ်တုန်းက ရွာတပေါင်းပွဲ ပါ ။ ရွာမှာဆိုတဲ့အတိုင်း ခီလောက် တို့ ရွာက ရှမ်းပြည်ရှေ့ဖက်မိုင်းပျဉ်းမြို့ ဖက်ကပါ ။ မိုင်းပုအွန် ကျေးရွာပါ ။မိုင်းပျဉ်းနဲ့  ၁၄ မိုင်ကွာဝေးပါတယ် ။ ကျောင်းပြီးတဲ့အချိန်နဲ့ ရွာပြန်တာနဲ့ ပွဲက သိပ်မကြာဘူးလေ ။ ရွာဘုရားပွဲ ရှိတာကလည်း တန်ခိုးကြီးဘုရားပါ ။ နှစ်ဆူရှိပါတယ် ။ တစ်ဆူက ထပ်ကြောင်ကျိန် နဲ့ ထပ်ကြောင်ပင်း (ရှမ်းအခေါ် ) ။ ဘုရားနှစ်ဆူလုံးက တန်ခိုးကြီးပါ ။ မိုင်းဖုန်းဆရာတော် အားထုတ်သွားတဲ့နေရာပါပဲ ။ ဘုရားရင်ပြင်တော်မှာပဲ မိန်းကလေး ဖူးခွင့်ရှိပါတယ် ။ ဘုရား မီးထွန်းတဲ့ ဝင်းထဲတော့ ဝင်မရပါဘူး ။ တစ်ခါက ကျိုင်းတုံက ဘုရားဖူးလာတဲ့မိန်းကလေး မသိပဲ တက်သွားလို့ မိုးအကြီးရွာ မိုးကြိုးပစ်ပါတယ် ။လေပြင်းမုန်တိုင်းတိုက်သွားတယ်လေ။ ပွဲမှာရှိတဲ့ဆိုင်အားလုံးပျက်ကုန်တယ် ။ ( မယုံမရှိနဲ့ ခီလောက်ကိုယ့်တွေ့ ပါ ။ ကိုယ့်တိုင်လည်းကြုံဖူးတယ်ဗျ ။ စကားပြောမှားသွားလို့ လေ ။ ) ဘုရားနှစ်ဆူလုံး တောင်ထိပ်မှာတည်ထားပြီးပူဇော်ထားပါတယ် ။ ထပ်ကြောင်ပင်း ကတော့ ထူးထူးဆန်းဆန်း စေတီအလယ်လောက်မှာ လေ ထွက်နေပါတယ် ။ အပေါက်လေး ကနေလေထွက်နေတာပါ ။ ခီလောက်တို့ ရွာမှာဆို ပွဲရှိရင် တောင်ပေါ်မှာနေတဲ့ ပလောင် ၊ လားဟူ တို့ ဆင်းလာတတ်ပါတယ် ။ သူ့ တို့ က တောင်ပေါ်မှာနေပါတယ် ။တောင်ယာလုပ်ကိုင်စားသောက်ကြတာပေါ့ ။ ခီလောက်တို့ ရှမ်းတွေပဲ မြေပြန့် လို နေရာမှနေတာပါ ။ လယ်တွေလုပ်ကိုင်ကျတာပေါ့ ။ အဲ့ တပေါင်းပွဲ ရောက်ပြီဆိုတာနဲ့ ရွာပတ်ဝန်းကျင်ကလူတွေ ဘုရားဖူးလာတော့တာပေါ့ ။ အဲ့ချိန်ဆို ခီလောက်တို့ အကဲဆုံးပေါ့ ။ ကျောင်းပိတ်ရက် ရွာပြန်ဆိုတော့ အားလုံးက ခီလောက်တို့ ကိုလွတ်ပေးထားတာပေါ့ ။ ပွဲကိုကန်ထရိုက်ဆွဲတဲ့တပ်ကြပ်ကလည်း ကိုယ့် လူရင်းဖြစ်ပြန် ။ ရွာမှာနေတဲ့ ဗိုလ်မူးကလည်းအိမ်မှာဘောလုံးပွဲလာကြည့်နေကျဆိုတော့ ခီလောက်တို့ ကဲလည်းအေးဆေးလေ ။ မူးရင်မရစ်ပါဘူးခီလောက်တို့ က ။ တစ်ရွာနဲ့ တစ်ရွာ ကောင်မလေးတွေကို လိုက်ငမ်းပေါ့ ။ ပျော်စရာတော့ကောင်းသား ။ ပြီးတော့ ဘုရားပွဲက နှစ်နေရာလေ ။ ထပ်ကြောင်ကျိန်နဲ့ ထပ်ကြောင်ပင်း ။ တစ်ဆူနဲ့ တစ်ဆူ ၁၄ မိုင်ကွာတယ် ။ ကားတွေလည်းပေါမှပေါ ( ဝပ်သောက်ကားတွေရှိစဉ်တုန်းကလေ) ။ ခီလောက်လည်းကားမောင်းတာပေါ့ ။ ဘုရားဖူးတွေကို လိုက်ပို့ လိုက် ၊ ဘုရားပွဲထဲသောက်လိုက်နဲ့ ပျော်နေတာ။ ပွဲစောင့်ပြည်သူ့ စစ်ကလည်းကိုယ့်လူ သူငယ်ချင်းတွေ ညီအစ်ကိုဝမ်းကွဲတွေ ။ မူးလာရင် ပြည်သူ့ စစ်တဲ့မှာအိပ်လိုက် ။ ကောင်မလေးတဲမှာအိပ်လိုက်နဲ့ ဟုတ်နေတာ။ ခီလောက်တို့ ရွာကပွဲတွေမှာ ဈေးတန်းပေါ့ ။ လောင်းကစားဝိုင်းရှိတယ် ။လေးကောင်ဂျင် ၊ဖဲ ၊ ကုန်းကင်း ( အံစာတုံးလို ပဲ သူ ကအရုပ်ပါတာ ) အရက်ဆိုင် ၊အထည်ဆိုင် ၊ စားသောက်ဆိုင် ၊ ခေါက်ဆွဲဆိုင် ။ အရက်ဆိုင် ။ အဲ့ထဲမှာ ခီလောက်တို့ နေရာယူတာက အရက်ဆိုင်နဲ့ လောင်းကစားဝိုင်း ။ ရွာမှာဆို ခီလောက်တို့ ကအနူတောမှာလူချောလေ။ ကားမောင်းသမားလည်းဖြစ်ပြန်တော့ လက်ဖျားငွေသီးတော့လုပ်ချင်တာလုပ်လို့ ပေါ့ ။ ရွာပတ်ဝန်းကျင်က အပျိုလေးတွေက အရက်ဆိုင်ဖွင့်တာများတယ် ။ ဒီတော့ လူပျိုလှည့်တာပေါ့ ခီလောက်တို့ ။ ပြီးတော့ လမ်းဝုန်း ဆိုတာလည်းပါသေး ။။ ဘိုဖြူဆိုထားတဲ့ လမ်းဝုန်း ဆိုတာပေါ့ ။ အပျိုလေးတွေ နဲ့ တွဲကတာပါ ။ တုံထပ်ထပ် တုံထပ်ထပ် နဲ့ ဘင်ခရာကိုတီးပြီး ကတာလေ ။ ပျော်စရာကောင်းပါ့ ။ ခီလောက်တို့ မူးရင် ကနေတာလေ ။ သူငယ်ချင်းတွေကလည်း ကားသမားတွေဆိုတော့ ခီလောက်တို့ လာရင်ပဲ ဆိုင်ရှင်ကောင်မလေးတွေက ပျော်နေတာ ။ ပိုက်ဆံရတော့မှာကိုးနော့် မပျော်ဘယ်သူ့ ရှိမလည်း ။ ခီလောက် တို့ ဘယ်လောက်ပိုင်သလည်းဆိုရင် လေ ကောင်မလေးတွေသွားချင်တာသွား ကားနဲ့ လိုက်ပို့ တယ် ။ ကားခယူဘူးနော် ညရောက်ရင်အရက်တစ်လုံးပဲ ။ အားလုံးကလည်း ပြောမနာဆိုမနာတွေ ဆိုတော့ မူးလာရင် သူ့ တို့ တဲမှာအိပ်လိုက်တာပဲ ။ အမေကလည်း ပွဲဈေးထွက်တော့ အမေကို နေ့ ဖက်လုပ်ကူ ။ ဘုရားဖူးလာရင်ကားနဲ့ လိုက်ပို့ ပေါ့ ။ ညဆိုရင်အရက်ဆိုင်ကကောင်မလေးတွေကို ဖွန်ကြောင်ပေါ့ ။ ရွာကာလသားတွေအားလုံးကပွဲကိုပဲချောင်းနေတာဗျ ။ လေးကောင်ဂျင်လည်းထိုးပါ့ ။ ပိုက်ဆံကုန်ရင်မသွားနိုင်သေးဘူး ။ဘေးကနေ ရပ်ကြည့်နေသေးတယ် ။ အစ်ကိုပြောတာတော့ လောင်းကစားနတ် ဆွဲထားတာတဲ့ ။ ပိုက်ဆံကုန်တာတောင် ဟိုလူနားချေး ဒီလူနားချေးနဲ့ ။ မရတော့ ဘေးမှာကြည့်ပြီးလောင်းနေသေးတယ် ။ လောင်းကစားမျိုးကလည်းနော် လေထိုးရင် မှန်တာများတယ် ။ တစ်ကယ်ထိုးတော့လွဲတာချည်းပဲ :D ။ ဖဲဝိုင်းလည်း ထိုင်လိုက်သေး ။ ဘေးမှာက အရက်ပုလင်းလေးနဲ့ ဟန်ကိုကျလို့  ။ ညနက်ပြီဆိုရင် ကောင်မလေးရှိတဲ့အရက်ဆိုင်ကို သွားတာပဲ အကြွေးသောက်လို့ ရတယ်လေ ။အေးကလည်းအေး ဆောင်းအကုန်နွေအကူးဆိုတော့ ရာသီဥတုကလည်း ကောင်းသောက်လို့ ကလည်းကောင်း ။ မိုးလင်းရင် ပြည်သူ့ စစ်တဲမှာ ထမင်းသွားစား ။ ဘု၇ားပေါ်မှာက ထမင်းအလကားစားလို့ ၇တယ် ဘုရားဖူးတွေ လာရင်ဧည့်ခံဖို့ ပါ ။ ရွာလုံးကျွှတ် က စုပြီးအလှူလုပ်တာပါ ။ ဘုရားပွဲက ခုနှစ်ရက်ဆိုတော့ နေ့ တိုင်းပွဲမှာချည်းပဲ ခီလောက်တို့ ကတော့ ။ ခုတော့လည်း တွေးပြီးပျော်နေယုံကလွဲပြီးမတတ်နိုင်တော့ဘူးလေ နော့်။ ပြန်ရင်ကဲဖို့ စဉ်းစားထားပါတယ် ။ ရွာက ကောင်မလေးတွေလည်း မျှော်နေလောက်ပြီ အကြွေးတောင်းဖို့ လေ :D ။



အိုက်ခီလောက် ( မောဝ်ရှမ်းမြေ အဖွဲ့ သား)

ဖိတ်ခေါ်ပါတယ် မော(၀်)ရှမ်းမြေ

တောင်တန်းတွေ ၀န်းရံလို့ရင်ထဲမှာ တကယ်မမေ့တာကြောင့်

အဝေးရောက် သားသမီးများမှာ

မွေးရပ်မြေလေး သတိရစေဖို့

ရည်မှန်းကာ စုစည်းလို့ ဖွဲ့တည်ခဲ့ပေါ့

မော(၀်)ရှမ်းမြေ

အရပ်တပါး သူတပါးတိုင်းပြည်

အဆင့်မသင့်လို့ခွဲခွာခဲ့ပေမဲ့

ဒီရှမ်းမြေ အငွေ့အသက်တွေကဒီရင်မှာ

ထာဝစဉ်မမေ့တယ်

တောင်ပေါ်ရိုးရာ မီးပုံပျံနဲ့အင်းလေးဖောင်တော်

ပင်းတယတို့မွေတော်ကက္ကူ ပုထိုးစေတီ

နာမည်ကျော်ကြား ပအိုဝ့်မီးရှူးစည်ကားလှတယ်

မြို့လုံးကျွတ် ဘုံကထိန်နဲ့လေနုလေအေး

အမြဲတိုက်လို့ရှမ်းစကားသံ ခပ်ဝဲ၀ဲရယ်

ဒီရင်မှာထာဝစဉ် စွဲငြိတယ်လေ

ပျော်ရွှင်ဖွယ်အငွေ့အသက်တွေနဲ့မော(၀်)တို့ဌာနေ

ဒီရှမ်းမြေမှာရောက်လာသူအပေါင်းစိတ်ကြည်နူးစေဖို့

သာယာဖွယ် ရနံ့သစ်တွေနဲ့အစုံကွယ်ဖျော်ဖြေကြမယ်

အစွမ်းကုန်တာ ကြိုးစားကြပေလို့ စတည်ခဲ့ပေါ့

မော(၀်)ရှမ်းမြေ



ကျနော်တို့ ရှမ်းပြည်နယ်တောင်ပိုင်းအတွက် အဝေးရောက် ညီအကို မောင်နှမများက စုစည်းပြီး မော(၀်)ရှမ်းမြေ ဆိုတဲ့ ဆိုဒ်လေး တခုကို စိတ်တူကိုယ်တူ ဖန်တီးခဲ့ကြပါတယ်။ ဒီ မော(၀်)ရှမ်းမြေ ဆိုဒ်လေးမှာ ကျနော်တို့ ညီအကို မောင်နှမများရဲ့ အမိမြေကို ချစ်တဲ့စိတ်၊ လွမ်းတဲ့စိတ်လေးတွေကို တွေ့ကြရမှာပါ။ လူလောကကြီးမှာ တခါတလေ ပျော်ရာမှာမနေ တော်ရာမှာနေဆိုတဲ့ စကားပုံအတိုင်း အဝေးရောက်နေကြပေမဲ့ ကိုယ့်မွေးဖွား ကြီးပြင်းခဲ့တဲ့ နေရာလေးကိုတော့ ဘယ်လိုမှ မေ့မရခဲ့ပါဘူး။ ဒီအတွက် အားလုံးရဲ့ နှလုံးသားဆီက ထွက်ကျလာတဲ့ ခံစားချက်လေးတွေကို ဒီ မော(၀်)ရှမ်းမြေ ဆိုဒ်လေးမှာတွေ့ကြရမှာပါ။ ကျနော်တို့ မိတ်ဆွေများအားလုံးလဲ အလည်လာရောက်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

အိုက်ခီလောက်
အမြည်းလေးတွေ 1 ရစ်တယ်ပေါ့ |

ဂျီးထူလွန်းသောကောင်မလေးအတွက်







ကောင်မလေးရယ်


မင်းကြောင့်
ငါအရက်သောက်တာပါဆိုရင်လေ ငါလေမင်းကိုပစ်ထားခဲ့လိုက်ပြီ
မင်းကြောင့်
ငါကြေကွဲနေတာပါဆိုရင်လေ ငါလေမင်းကို ထုနှက်ပစ်လိုက်မိပြီ
မင်းကြောင့်
ငါအသည်းကွဲနေတာပါ ဆိုရင် ငါလေ အသည်းကိုထုတ်ပြီးအမြည်းလုပ်လိုက်မယ်
မင်းကြောင့်
ငါခံစားနေရတယ်ဆိုရင်လေ ငါလေမင်းကိုအစကတည်းကမောင်းထုတ်လိုက်မှာ
မင်းကြောင့်
ငါလွမ်းနေရပါတယ်ဆိုရင်လေ ငါ လေအော့နှလုံးနာမိမယ် သိလား
မင်းကြောင့်
ငါနာကြည်းနေမယ်ဆိုရင်လေ ဆယ်ခါပြန်သတ်သေမိမယ်
မင်းကြောင့်
ငါစိတ်မှာတင်းနေရင်တောင်မှ လေလည်ပြီးတော့ လျော့လိုက်မယ်


မင်းမရှိရင်မဖြစ်ဖူးဆိုတာ ငါ့ဘဝမှမရှိဘူး .....
နင်မရှိလည်းအရက်ရှိတယ် .......
ငါကြောင့်မင်းခံစားနေရပါတယ်ဆိုရင်လေ
တစ်ခဏလေးပဲဖြစ်မှာပါကွာ......
ဒီတော့ကောင်မလေးရာ ငါဘေးကမြန်မြန်ထွက်သွားပါတော့..............



( အိုက်ခီလောက် )
အမြည်းလေးတွေ 2 ရစ်တယ်ပေါ့ |