မှတ်မိနေတဲ့ တပေါင်းပွဲ



ခီလောက်တို့ ငယ်တုန်းက ရွာတပေါင်းပွဲ ပါ ။ ရွာမှာဆိုတဲ့အတိုင်း ခီလောက် တို့ ရွာက ရှမ်းပြည်ရှေ့ဖက်မိုင်းပျဉ်းမြို့ ဖက်ကပါ ။ မိုင်းပုအွန် ကျေးရွာပါ ။မိုင်းပျဉ်းနဲ့  ၁၄ မိုင်ကွာဝေးပါတယ် ။ ကျောင်းပြီးတဲ့အချိန်နဲ့ ရွာပြန်တာနဲ့ ပွဲက သိပ်မကြာဘူးလေ ။ ရွာဘုရားပွဲ ရှိတာကလည်း တန်ခိုးကြီးဘုရားပါ ။ နှစ်ဆူရှိပါတယ် ။ တစ်ဆူက ထပ်ကြောင်ကျိန် နဲ့ ထပ်ကြောင်ပင်း (ရှမ်းအခေါ် ) ။ ဘုရားနှစ်ဆူလုံးက တန်ခိုးကြီးပါ ။ မိုင်းဖုန်းဆရာတော် အားထုတ်သွားတဲ့နေရာပါပဲ ။ ဘုရားရင်ပြင်တော်မှာပဲ မိန်းကလေး ဖူးခွင့်ရှိပါတယ် ။ ဘုရား မီးထွန်းတဲ့ ဝင်းထဲတော့ ဝင်မရပါဘူး ။ တစ်ခါက ကျိုင်းတုံက ဘုရားဖူးလာတဲ့မိန်းကလေး မသိပဲ တက်သွားလို့ မိုးအကြီးရွာ မိုးကြိုးပစ်ပါတယ် ။လေပြင်းမုန်တိုင်းတိုက်သွားတယ်လေ။ ပွဲမှာရှိတဲ့ဆိုင်အားလုံးပျက်ကုန်တယ် ။ ( မယုံမရှိနဲ့ ခီလောက်ကိုယ့်တွေ့ ပါ ။ ကိုယ့်တိုင်လည်းကြုံဖူးတယ်ဗျ ။ စကားပြောမှားသွားလို့ လေ ။ ) ဘုရားနှစ်ဆူလုံး တောင်ထိပ်မှာတည်ထားပြီးပူဇော်ထားပါတယ် ။ ထပ်ကြောင်ပင်း ကတော့ ထူးထူးဆန်းဆန်း စေတီအလယ်လောက်မှာ လေ ထွက်နေပါတယ် ။ အပေါက်လေး ကနေလေထွက်နေတာပါ ။ ခီလောက်တို့ ရွာမှာဆို ပွဲရှိရင် တောင်ပေါ်မှာနေတဲ့ ပလောင် ၊ လားဟူ တို့ ဆင်းလာတတ်ပါတယ် ။ သူ့ တို့ က တောင်ပေါ်မှာနေပါတယ် ။တောင်ယာလုပ်ကိုင်စားသောက်ကြတာပေါ့ ။ ခီလောက်တို့ ရှမ်းတွေပဲ မြေပြန့် လို နေရာမှနေတာပါ ။ လယ်တွေလုပ်ကိုင်ကျတာပေါ့ ။ အဲ့ တပေါင်းပွဲ ရောက်ပြီဆိုတာနဲ့ ရွာပတ်ဝန်းကျင်ကလူတွေ ဘုရားဖူးလာတော့တာပေါ့ ။ အဲ့ချိန်ဆို ခီလောက်တို့ အကဲဆုံးပေါ့ ။ ကျောင်းပိတ်ရက် ရွာပြန်ဆိုတော့ အားလုံးက ခီလောက်တို့ ကိုလွတ်ပေးထားတာပေါ့ ။ ပွဲကိုကန်ထရိုက်ဆွဲတဲ့တပ်ကြပ်ကလည်း ကိုယ့် လူရင်းဖြစ်ပြန် ။ ရွာမှာနေတဲ့ ဗိုလ်မူးကလည်းအိမ်မှာဘောလုံးပွဲလာကြည့်နေကျဆိုတော့ ခီလောက်တို့ ကဲလည်းအေးဆေးလေ ။ မူးရင်မရစ်ပါဘူးခီလောက်တို့ က ။ တစ်ရွာနဲ့ တစ်ရွာ ကောင်မလေးတွေကို လိုက်ငမ်းပေါ့ ။ ပျော်စရာတော့ကောင်းသား ။ ပြီးတော့ ဘုရားပွဲက နှစ်နေရာလေ ။ ထပ်ကြောင်ကျိန်နဲ့ ထပ်ကြောင်ပင်း ။ တစ်ဆူနဲ့ တစ်ဆူ ၁၄ မိုင်ကွာတယ် ။ ကားတွေလည်းပေါမှပေါ ( ဝပ်သောက်ကားတွေရှိစဉ်တုန်းကလေ) ။ ခီလောက်လည်းကားမောင်းတာပေါ့ ။ ဘုရားဖူးတွေကို လိုက်ပို့ လိုက် ၊ ဘုရားပွဲထဲသောက်လိုက်နဲ့ ပျော်နေတာ။ ပွဲစောင့်ပြည်သူ့ စစ်ကလည်းကိုယ့်လူ သူငယ်ချင်းတွေ ညီအစ်ကိုဝမ်းကွဲတွေ ။ မူးလာရင် ပြည်သူ့ စစ်တဲ့မှာအိပ်လိုက် ။ ကောင်မလေးတဲမှာအိပ်လိုက်နဲ့ ဟုတ်နေတာ။ ခီလောက်တို့ ရွာကပွဲတွေမှာ ဈေးတန်းပေါ့ ။ လောင်းကစားဝိုင်းရှိတယ် ။လေးကောင်ဂျင် ၊ဖဲ ၊ ကုန်းကင်း ( အံစာတုံးလို ပဲ သူ ကအရုပ်ပါတာ ) အရက်ဆိုင် ၊အထည်ဆိုင် ၊ စားသောက်ဆိုင် ၊ ခေါက်ဆွဲဆိုင် ။ အရက်ဆိုင် ။ အဲ့ထဲမှာ ခီလောက်တို့ နေရာယူတာက အရက်ဆိုင်နဲ့ လောင်းကစားဝိုင်း ။ ရွာမှာဆို ခီလောက်တို့ ကအနူတောမှာလူချောလေ။ ကားမောင်းသမားလည်းဖြစ်ပြန်တော့ လက်ဖျားငွေသီးတော့လုပ်ချင်တာလုပ်လို့ ပေါ့ ။ ရွာပတ်ဝန်းကျင်က အပျိုလေးတွေက အရက်ဆိုင်ဖွင့်တာများတယ် ။ ဒီတော့ လူပျိုလှည့်တာပေါ့ ခီလောက်တို့ ။ ပြီးတော့ လမ်းဝုန်း ဆိုတာလည်းပါသေး ။။ ဘိုဖြူဆိုထားတဲ့ လမ်းဝုန်း ဆိုတာပေါ့ ။ အပျိုလေးတွေ နဲ့ တွဲကတာပါ ။ တုံထပ်ထပ် တုံထပ်ထပ် နဲ့ ဘင်ခရာကိုတီးပြီး ကတာလေ ။ ပျော်စရာကောင်းပါ့ ။ ခီလောက်တို့ မူးရင် ကနေတာလေ ။ သူငယ်ချင်းတွေကလည်း ကားသမားတွေဆိုတော့ ခီလောက်တို့ လာရင်ပဲ ဆိုင်ရှင်ကောင်မလေးတွေက ပျော်နေတာ ။ ပိုက်ဆံရတော့မှာကိုးနော့် မပျော်ဘယ်သူ့ ရှိမလည်း ။ ခီလောက် တို့ ဘယ်လောက်ပိုင်သလည်းဆိုရင် လေ ကောင်မလေးတွေသွားချင်တာသွား ကားနဲ့ လိုက်ပို့ တယ် ။ ကားခယူဘူးနော် ညရောက်ရင်အရက်တစ်လုံးပဲ ။ အားလုံးကလည်း ပြောမနာဆိုမနာတွေ ဆိုတော့ မူးလာရင် သူ့ တို့ တဲမှာအိပ်လိုက်တာပဲ ။ အမေကလည်း ပွဲဈေးထွက်တော့ အမေကို နေ့ ဖက်လုပ်ကူ ။ ဘုရားဖူးလာရင်ကားနဲ့ လိုက်ပို့ ပေါ့ ။ ညဆိုရင်အရက်ဆိုင်ကကောင်မလေးတွေကို ဖွန်ကြောင်ပေါ့ ။ ရွာကာလသားတွေအားလုံးကပွဲကိုပဲချောင်းနေတာဗျ ။ လေးကောင်ဂျင်လည်းထိုးပါ့ ။ ပိုက်ဆံကုန်ရင်မသွားနိုင်သေးဘူး ။ဘေးကနေ ရပ်ကြည့်နေသေးတယ် ။ အစ်ကိုပြောတာတော့ လောင်းကစားနတ် ဆွဲထားတာတဲ့ ။ ပိုက်ဆံကုန်တာတောင် ဟိုလူနားချေး ဒီလူနားချေးနဲ့ ။ မရတော့ ဘေးမှာကြည့်ပြီးလောင်းနေသေးတယ် ။ လောင်းကစားမျိုးကလည်းနော် လေထိုးရင် မှန်တာများတယ် ။ တစ်ကယ်ထိုးတော့လွဲတာချည်းပဲ :D ။ ဖဲဝိုင်းလည်း ထိုင်လိုက်သေး ။ ဘေးမှာက အရက်ပုလင်းလေးနဲ့ ဟန်ကိုကျလို့  ။ ညနက်ပြီဆိုရင် ကောင်မလေးရှိတဲ့အရက်ဆိုင်ကို သွားတာပဲ အကြွေးသောက်လို့ ရတယ်လေ ။အေးကလည်းအေး ဆောင်းအကုန်နွေအကူးဆိုတော့ ရာသီဥတုကလည်း ကောင်းသောက်လို့ ကလည်းကောင်း ။ မိုးလင်းရင် ပြည်သူ့ စစ်တဲမှာ ထမင်းသွားစား ။ ဘု၇ားပေါ်မှာက ထမင်းအလကားစားလို့ ၇တယ် ဘုရားဖူးတွေ လာရင်ဧည့်ခံဖို့ ပါ ။ ရွာလုံးကျွှတ် က စုပြီးအလှူလုပ်တာပါ ။ ဘုရားပွဲက ခုနှစ်ရက်ဆိုတော့ နေ့ တိုင်းပွဲမှာချည်းပဲ ခီလောက်တို့ ကတော့ ။ ခုတော့လည်း တွေးပြီးပျော်နေယုံကလွဲပြီးမတတ်နိုင်တော့ဘူးလေ နော့်။ ပြန်ရင်ကဲဖို့ စဉ်းစားထားပါတယ် ။ ရွာက ကောင်မလေးတွေလည်း မျှော်နေလောက်ပြီ အကြွေးတောင်းဖို့ လေ :D ။



အိုက်ခီလောက် ( မောဝ်ရှမ်းမြေ အဖွဲ့ သား)
အမြည်းလေးတွေ
4 Responses
  1. ဘယ်တော့မှ မမေ့အောင် လွမ်းစရာတွေနဲ့ အတူ အကြွေးပါထားတဲ့
    ငါ့ညီငမူးနဲ့ ရှမ်းပြည်လိုက်လည်ရမှာခပ်ကြောက်ကြောက်
    တော်ကြာ နှစ်ရှည်လများက အကြွေးတွေဆပ်နေရလို့ 
ှရှမ်းမလေးချောချောနဲ့ ညားနေမှဖြင့်...
    အဟေ..ဟေးး.


  2. Unknown Says:

    မပြောချင်ဘူး။။ပြောကိုမပြောချင်ဘူး။မပြောတော့ဘူး။


  3. ဖတ်သွားပါတယ်--
    တောင်ပေါ်က ရှမ်းလေး---


  4. ပျော်ဂျာကြီး.... ဖဲရိုက်ချင်တယ်.. :P :P :P


Post a Comment