ကိုဖိုးစိန်နဲ့ စလုံးက အပေါင်းပါတွေ လာလည်မယ်ဆိုလို့ မျှော်လိုက်ရတာ လည်ပင်းတောင် ကုလားအုပ် လိုလည်တံရှည်နေပြီ ။ အော် သူ တို့ တွေများလာရင် အဆင်ပြေအောင် အစစအရာရာလိုက်စုံစမ်းထားသေးတယ် ဗျ ။ ပြီးတော့ သူ့ တို့ လာရင် ကျွေးမွေးဖို့ ချန်ထားတာလေးတွေ ရှိတယ် ဗျ ။ အများကြီးမဟုတ်တောင်မှ နည်းနည်းစီတော့ စားလောက်ပါတယ်ဗျာ ။ ခုတော့ သူ တို့ တွေ မစားရတဲ့ ကံပါလာတာလား မသိဘူးဗျ ။ ရောက်ကိုမလာနိုင်သေးဘူးဗျာ ။ သူ့ တို့ အတွက်ရည်စူးထားတဲ့ အစားတွေကလည်း အထားမခံတော့ဘူး ဗျ ။ ငမူးကတော့ ဒီနေ့ မနက်ကတည်းက ပစ်ထုတ်ရမယ့်တူတူ ၊ စားတာမှ အားရှိတယ် ဗိုက်ပြည့်တယ်လို့ ခံယူပြီး သကာလ အကုန်ကို ချက်ပြုတ်ပြီးဆော်တော့တာပဲ ။ ဒီတော့ မောင်နှမတွေ အားလုံးကိုလည်း ကျွေးလိုက်ပါတယ် ဗျာ :P ။
မနက်ခင်း ထလာကတည်းက ဗိုက်က ဆာတာတာနဲ့ ရေခဲသေတ္တာထဲကြည့်လိုက်တော့ ငှက်ပျော်ရွက်လေးနဲ့ ထုပ်ထားတဲ့ အထုပ်တစ်ခုကို သွားတွေ့ လိုက်တယ် ။ ဘာလေးများလည်းလို့ စူးစမ်းပြီးကြည့်လိုက်တော့ ခေါပုတ်ဖြစ်နေတယ် ဗျာ ၊ သူခမျာလည်း အထဲမှာနေရတာ ကြာနေလို့ လားမသိဘူး မာနေပြီ ဗျ ၊ အက်ကွဲကြောင်းလေးတွေတောင် ထ နေပြီ ။ အင်း ဆက်ထားရင် ပစ်ထုတ်ရတော့မယ့်တူတူ ကြော်စားတာပဲကောင်းပါတယ်လေ လို့ တွေးမိလိုက်တယ် ။ တွေးမိတဲ့ အကြံအစည်အတိုင်း အမြန် အကောင်အထည်ဖော်လိုက်တယ် ကြာသလားလို့  မီးဖွင့် ၊ ဒယ်အိုးတင် ၊ ဆီထည့် ၊ ခေါပုတ်ကိုကြော်လိုက်တယ် ။ ပြီးတော့ မိုင်လိုတစ်ခွက် ဖျော်ပြီး ဖြည့်လို့ မဝတဲ့ ဗိုက်ကို စတင်ပြီးအစာကို သွပ်ထည့်ပါတယ် ဗျာ ။ အားလုံးလည်း ဝိုင်းပြီးအားပေးကြပါအုန်း ။ ကြည့်မနေပါနဲ့  စားစေချင်လို့  တင်ပေးလိုက်တာ :D အိမ်လာလည်တဲ့ လူတွေကို ဒီတစ်ခါပဲ ကျွေးမွေးဖူးတာပါဗျ ။ ပြီးတော့ သူငယ်ချင်းလေး အချစ်ဆုံးယောက်မလေး ဘီဘီး အတွက်လည်းပါတယ် ။ သူ့ လည်း ပဲ စားကံက မပါလာရှာပေဘူးလေ ၊ ယောက်မလေးရေ ကြည့်ပြီး ငါ့ကို ကျိန်ဆဲမနေနဲ့ သိလား နင့်ကုသိုလ်ကံနဲ့ နင်ပဲ :P မောင်နှမအားလုံးလည်း ဝိုင်းပြီးကျိန်ဆဲမနေနဲ့ အုန်းနော် ၊ ကိုဖိုးစိန်နဲ့ တောင်ပေါ်သား ဒင်းတို့ နှစ်ယောက် အဓိက ပဲ ၊ အားလုံးလက်လွန်သွားပြီ ပြန်မရတော့ဘူး ။ စားချင်ရင် တောင်ကြီးမှာပဲကျွေးတော့မှာ သိလား ။

ညနေပိုင်းအလုပ်က ပြန်တော့ စိတ်ထဲမှာ စားချင်တာတွေကို လုပ်စားချင်စိတ်ကပေါ်လာရော ။ ဒါနဲ့ အိမ်မှာမွှေကြည့်လိုက်တာ ၊ အရင်တစ်ခါက မြို့ ထဲသွားတုန်းက ဝယ်ထားတဲ့ ပဲစိမ်းမှုန့် ကို တွေ့ တယ် ။ ဒါနဲ့ ပဲစိမ်းမှုန့် ကို ရေနဲ့ ဖျော် ၊ ပြီးတော့ ဆားလေးနည်းနည်းထည့်ပြီး မီးလေးဖြည်းဖြည်းနဲ့ အပူပေးလိုက်တယ် ။ အရည်တွေ ပြစ်လာတော့ တိုဖူးနွေးဖြစ်လာရော ။ ပိုင်တယ်နော် အာသာပြေလုပ်စားတာ ။ ပြီးတော့ ထိုင်းဝက်သားချဉ်ကို အပိုင်းပိုင်းလှီး ၊ ဝက်သားနည်းနည်းရှိတာနဲ့ ကြော်လိုက်တယ် ။ ပြီးတော့ တိုဖူးနွေးနဲ့ စားလို့ လိုက်မယ့် ဝက်ခေါက်ကြော်ကို ကြော်လိုက်တယ် ။ ထပ်ပြီးရှာကြည့်တော့ ကြက်ခြေထောက်ကို တွေ့ တာနဲ့  ကြက်ခြေထောက်ကို ပြုတ် ၊ ပြီးတော့ သံပရာသီးနဲ့ ငရုတ်သီး နဲ့ စပ်ထားတဲ့ အချဉ်ကို ကြက်ခြေထောက်ပြုတ်ပေါ်ကို စမ်း လိုက်တယ် ။ ဒါနဲ့ အောက်ကပြထားတဲ့ ပုံလေးအတိုင်း ဖြစ်သွားတာပေါ့ဗျာ ။ စားကြပါ အားမနာပါနဲ့  ကျွေးချင်လွန်းလို့ ကို တစ်ကူး တစ်က မဟုတ်တောင် တတ်သလောက် မှတ်သလောက်လေးနဲ့ ကျွေးမွေးရတာပါဗျာ ။




အိုက်ခီလောက်
မနက်ခင်း ထလာကတည်းက ဗိုက်က ဆာတာတာနဲ့ ရေခဲသေတ္တာထဲကြည့်လိုက်တော့ ငှက်ပျော်ရွက်လေးနဲ့ ထုပ်ထားတဲ့ အထုပ်တစ်ခုကို သွားတွေ့ လိုက်တယ် ။ ဘာလေးများလည်းလို့ စူးစမ်းပြီးကြည့်လိုက်တော့ ခေါပုတ်ဖြစ်နေတယ် ဗျာ ၊ သူခမျာလည်း အထဲမှာနေရတာ ကြာနေလို့ လားမသိဘူး မာနေပြီ ဗျ ၊ အက်ကွဲကြောင်းလေးတွေတောင် ထ နေပြီ ။ အင်း ဆက်ထားရင် ပစ်ထုတ်ရတော့မယ့်တူတူ ကြော်စားတာပဲကောင်းပါတယ်လေ လို့ တွေးမိလိုက်တယ် ။ တွေးမိတဲ့ အကြံအစည်အတိုင်း အမြန် အကောင်အထည်ဖော်လိုက်တယ် ကြာသလားလို့  မီးဖွင့် ၊ ဒယ်အိုးတင် ၊ ဆီထည့် ၊ ခေါပုတ်ကိုကြော်လိုက်တယ် ။ ပြီးတော့ မိုင်လိုတစ်ခွက် ဖျော်ပြီး ဖြည့်လို့ မဝတဲ့ ဗိုက်ကို စတင်ပြီးအစာကို သွပ်ထည့်ပါတယ် ဗျာ ။ အားလုံးလည်း ဝိုင်းပြီးအားပေးကြပါအုန်း ။ ကြည့်မနေပါနဲ့  စားစေချင်လို့  တင်ပေးလိုက်တာ :D အိမ်လာလည်တဲ့ လူတွေကို ဒီတစ်ခါပဲ ကျွေးမွေးဖူးတာပါဗျ ။ ပြီးတော့ သူငယ်ချင်းလေး အချစ်ဆုံးယောက်မလေး ဘီဘီး အတွက်လည်းပါတယ် ။ သူ့ လည်း ပဲ စားကံက မပါလာရှာပေဘူးလေ ၊ ယောက်မလေးရေ ကြည့်ပြီး ငါ့ကို ကျိန်ဆဲမနေနဲ့ သိလား နင့်ကုသိုလ်ကံနဲ့ နင်ပဲ :P မောင်နှမအားလုံးလည်း ဝိုင်းပြီးကျိန်ဆဲမနေနဲ့ အုန်းနော် ၊ ကိုဖိုးစိန်နဲ့ တောင်ပေါ်သား ဒင်းတို့ နှစ်ယောက် အဓိက ပဲ ၊ အားလုံးလက်လွန်သွားပြီ ပြန်မရတော့ဘူး ။ စားချင်ရင် တောင်ကြီးမှာပဲကျွေးတော့မှာ သိလား ။
အဲ့ ကြက်ခြေထောက်သုတ်ကို မြင်မှ ဘာလိုနေပါလိမ့်ဆိုပြီး စဉ်းစားနေတာ ခံတွင်းကလည်းချဉ် ၊ ပြီးတော့ လေချဉ်ကလည်းတက်နေပြီ ။ ကိုဖိုးစိန်ဖို့ ချန်ထားတဲ့ ဆေးရည်စိမ်အရက်ကို သတိရသေးတယ်ဗျ ။ ကိုဖိုးစိန်လာရင်တိုက်ဖို့ တောင်ကြီးကနေ ဘူးလေးနဲ့ တစ်ကူးတစ်က သယ်လာတာ ။ ချစ်ယောက်ဖကြီး က စလုံးမှာပျော်နေတာနဲ့ မရောက်လာနိုင်သေးဘူးဗျာ ။ ရောက်လာနိုးနိုး နဲ့ စောင့်နေတာ ကြာတော့လည်း မျက်စိက ဘူးလေးကိုမြင်တိုင်း သရေတွေ ပြန်ပြီးမြို မြို ချနေရတာ အခါခါပါပဲ :D ဒီနေ့ တော့ ကြက်ခြေထောက်စားရင်း ဝါးရင်း မထိန်းနိုင်တော့ဘူးဗျာ ။ ကိုဖိုးစိန်ရေ စိတ်မဆိုးပါနဲ့ နော် တောင်ကြီးရောက်မှပဲ ပြန်တိုက်တော့မယ် ။ ခုတော့ အားလုံးကို တိုက်မလို့  ဘူးထဲက ဆေးရည်စိမ် စပါးအရက်ကို ဖောက်လိုက်မိပြီဗျ ။ကဲ အားလုံး စားပြီး သောက်နိုင်ပါသေးတယ်နော် ။ မစားရ အညှော်ခံတာတော့မဟုတ်ပါဘူးဗျာ ။ မြင်သာမြင် မကြင်ရတဲ့ ဘဝ တွေ ကို တမင်သတ်သတ် တံတွေး နင်အောင် ပုံလေးနဲ့ အညှော်ခံပေးလိုက်တာပါဗျာ :P
အိုက်ခီလောက်