ရှင်သန်နေဆဲသီချင်းများ
























ခုတစ်လောငမူး ဘာမှမလုပ်နိုင်ပါဘူး ။ တောင်းပန်ပါတယ် မောင်နှမအားလုံးကို တစ်ကယ်ပါပဲ ။ စိတ်ပူပြီးလာမေးဖေါ်ရတဲ့ အကို ၊ အမ ၊ ညီ နဲ့ ညီမလေးတွေ အားလုံး ကို သတိရပါတယ် ။ အလုပ်မအားတာကတစ်ကြောင်း ၊ ပြီးတော့ အတူနေတဲ့သူငယ်ချင်းတွေ က တစ်ယောက်ပြီးတစ်ယောက်ပြန်ကုန်တော့ သူ့ တို့ ကို လိုက်ကူလုပ်ပေးနေတာနဲ့ ပဲ အချိန်မပေးနိုင်ဖြစ်သွားပါတယ် ။ နေကောင်းပါတယ် ၊ ကျန်းမာပါတယ် ဒါပေမယ့် အတူနေပြီးရုတ်တရက်ခွဲခွာရတော့ စိတ်ထဲမှာ တစ်မျိုးဖြစ်နေလို့ ပါ ။ အကြောင်းအမျိုးမျိုးကြောင့် ဆုံတွေ့ ကြပြီး ခင်မင်ကျရပြီးမှ ခွဲခွာရတော့ စိတ်ထဲဘယ်လို မှမကောင်းတာတော့ အမှန်ပါပဲ ဗျာ ။ သံယောဇဉ် ဆိုတာ တွယ်မိရင် ဖြတ်ဖို့ တော့ခက်တယ် ဗျာ ။ ငမူး ကသံယောဇဉ်ကြီးတယ် ဗျာ ။ ခုလည်း သီချင်းနားထောင်ရင်းနဲ့  မနားထောင် ရသေးတဲ့ လူတွေ အတွက် ပြန်တင်ပေးလိုက်ပါတယ် ဗျာ ။ တောင်ကြီးသားတွေ ရဲ့ အချစ်ဆုံး ကိုဒိုးလုံး တစ်ယောက် ၊ သူ့ ရဲ့ အဟောင်းတွေ ထဲကမှ ကောင်းတာတွေ ကို တင်ပေးလိုက်တာပါ ။ ဘာရယ်တော့မဟုတ်ပါဘူး ကိုဒိုးလုံးသီချင်းတွေ အကုန်လုံးကိုကြိုက်တာပါပဲ ။ ခုက နားထောင်ရင်းနဲ့  သူ့ ကိုချစ်တဲ့ လူတွေ အတွက် မျှပေးလိုက်တာပါ ။ တောင်ကြီးမှာနေတုန်း က ည တိုင်း စာမကျက်ပဲနဲ့ လမ်းတစ်ကာလိုက်ပြီး ဂီတာတီးပြီး အော်ဆိုခဲ့တာကို ပြန်အမှတ်ရနေမိ လို့ ပါ ။ ခုလည်း သူငယ်ချင်းတွေနဲ့ ခွဲခွာရတော့ အရင်လို အရက်သောက်ပြီး သီချင်းဆိုတိုင်း ကိုဒိုးလုံးသီချင်းတွေ ချည်း ဆိုခဲ့တာကိုအမှတ်ရတာနဲ့  ပြန်သွားတဲ့လူတွေကို သတိရတာနဲ့  ခုလို ပြန်လည်ခံစားကြည့်မိတာပါ ။


အိုက်ခီလောက်


အမြည်းလေးတွေ 11 ရစ်တယ်ပေါ့ |

ငမူးရဲ့ တမ်းခြင်း

သွားလိုက်ပါတော့ငါနဲ့ အဝေးဆုံးကို မင်းသွားလိုက်ပါ

ဒီထက်ကြာလာရင် ငါ့အတွက်နဲ့ မင်းစိတ်ညစ်နေရလိမ့်မယ် မိန်းကလေးရယ်

ဒီငမူးကိုမင်းစွန့် ပစ်လိုက်ပါ :D

အဝေးဆုံးကိုသာထွက်သွားပါတော့လားကွယ်

ငါ မင်းကိုလွတ်လပ်ခွင့်ပေးထားမယ်

တစ်ခါပြန်ပြီးတွေ့ ခွင့်ရချိန်ထိ ငါလေ

မင်းကို တစ်ကြိမ်သာပြန်လည်ပြီးနမ်းရှိုက်ခွင့်လေးရချင်တယ်

ငါ့ရင်ခွင်မှာဆူးများဆူးနေပေမယ့်လည်း

ဒီငမူးကချစ်နေတုန်းပဲလေ

အလှဆုံး အကောင်းဆုံးဆိုတဲ့ စကားလုံးတွေကို

ငါ့မရွေးတတ်ခဲ့ဘူးလေ မိန်းကလေး

ငါ့တို့ နှစ်ယောက်က ချစ်နေတာကြာနေပြီပဲ

အတော်ကိုကြာနေခဲ့ပြီပဲလေ

မင်း ဆီမှာ ရှိတဲ့ရင်ခွင်က သိနေပါတော့လား

ခိုင်မာသေချာချင်တဲ့ မမြင်နိုင်တဲ့မနက်ဖြန်တွေ

အချစ်တစ်ခု ပဲသေချာ ကိုးကွယ်ချင်တယ်

မင်းမရှိတဲ့ အခန်းငယ်လေးထဲမှာ

ငါ့လွမ်းဆွေးနေတယ်လေ

တိမ်ကင်းမဲ့တဲ့ညအလယ် ပြာရီမိုးကောင်းကင် ဝယ်

လေညှင်းတိုးဝှေ့ ချိန် ရင်ခွင် လည်း

အလွမ်းတို့ နဲ့ ပြည့်လာ ဘယ်မှာလည်းကြင်သူရေ

ရင်ခွင်ပျောက်ဆုံးသူ ငါကိုယ်တိုင်ပဲ

ငါ့ ငိုနေဆဲ ငါ့ဘဝတွေကို

အိမ်မက်နဲ့ လက်တွေ့ က တစ်ခြားဆီပါပဲကွာ.........



ဘာမှတော့မဟုတ်ပါဖူးဗျာ ။ စိတ်မှာဖြစ်နေတာလေးတွေရေးကြည့်တာ ။ ဟိုလိုလို ဒီလိုလို နေတာထက်စာရင် ရေးလိုက်ရတော့ ရင်ထဲပေါ့ပါးသွားတာ အမှန်ပါပဲ ။ တစ်စုံတစ်ဦးကိုရည်ရွယ်ခြင်းမရှိပါ ( ကြိုပြောထားရတယ် ဗျ မဟုတ်ရင်နောင်ဂျိန် ထပ်ချနေရမယ် ) မူးမူးရူးရူး တွေးပြီး လက်ဆော့ထားခြင်းဖြစ်ပါကြောင်း :D



အိုက်ခီလောက်
အမြည်းလေးတွေ 18 ရစ်တယ်ပေါ့ |

ရင်ထဲကပေါက်ဖွါးလာတဲ့ အချစ်ကို ရင်ထဲမှာပဲပြန်လည်သိမ်းဆည်းထားတာဟာ အကောင်းဆုံးပါပဲ

နာရီ၊ မိနစ်၊ စက္ကန့် ဆိုတဲ့ အချိန်တွေရယ်၊
လူတစ်ယောက်ဆီကလျစ်လျူရှုခြင်း ဆိုတဲ့ ဥပေက္ခာတရားတွေရယ်ဟာ အဲဒီလူကို မေ့နိုင်ဖို့ အကောင်းဆုံး ဆေးတစ်ခွက်ပါပဲ။
မေ့ဖို့ကြိုးစားရင် ပိုသတိရတတ်ကြသလို၊
တမင်သက်သက်မေ့ဖို့ မကြိုးစားဘဲ ဒီအတိုင်းလေး ထားလိုက်တော့လည်း
ကြာညောင်းလာတဲ့ အချိန်တွေရယ်၊ ဥပေက္ခာရယ်က သူ့အလိုလို မမေ့ချင်လည်း မေ့သလောက်နီးပါး ဖြစ်သွားတတ်တယ်။
ဘ၀ဆိုတာ ဒါပါပဲလေ။
တဖက်သားဆီက ရယူလိုစိတ်တွေအရမ်းများနေရင် သူ့ဆီက ငါရတာဘာမှ မရှိဘူးလို့ ထင်ပြီး စိတ်တွေပူလောင်လာတတ်တယ်။
ဘာမှ မရလည်း နေပါတော့လို့ ထားလိုက်တော့လည်း ဘာမှ မရသည့်တိုင်အောင် စိတ်ဟာအေးချမ်းနေတတ်တယ်။
ဒီလိုပဲ ကိုယ်ဟာ ဟိုး…အဝေးကြီးကိုပဲ မျှော်ကြည့်နေတော့ ကိုယ့်အနီးအနားကဟာတွေကို မမြင်မိဘူး။
ကိုယ်နဲ့ အရမ်းအလှမ်းဝေးတာတွေကို မကြည့်မိအောင်နေလိုက်တော့လည်း ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လောက်တန်ဖိုးကြီးတာတွေ ရှိနေပါလားဆိုတာကို သိရှိလာတယ်။
တော်ပြီလေ၊ ဒီလောက်အကြာကြီး လှမ်းမျှော်ကြည့်ရတာ ပင်ပန်းရောပေါ့။
တော်ပြီ၊ တော်လောက်ပြီ၊ တော်သင့်ပြီပေါ့။
အားလုံးကို စွန့်လွှတ်ရရင်တောင်မှ သတိရခြင်းကို မင်းပိုင်သေးတာပဲ။
ဒါဟာစွန့်လွှတ်တယ်မှ မမည်ပဲ။

အိုက်ခီလောက် ရဲ့ သူငယ်ချင်းလေး လင်းလင်းရေးထားတာပါ ။ ခုတစ်လော စိတ်ညစ်နေတာဘာမှမလုပ်နိုင်ဘူးဗျာ ။ သူစာလေးဖတ်ရတာတော့ကြာနေပါပြီ ။ ခုမှပြန်သွားဖတ်ပြီး ကြိုက်လို့ သယ်လာတယ်ဗျာ ။

အိုက်ခီလောက်