ရှင်သန်နေဆဲသီချင်းများ
























ခုတစ်လောငမူး ဘာမှမလုပ်နိုင်ပါဘူး ။ တောင်းပန်ပါတယ် မောင်နှမအားလုံးကို တစ်ကယ်ပါပဲ ။ စိတ်ပူပြီးလာမေးဖေါ်ရတဲ့ အကို ၊ အမ ၊ ညီ နဲ့ ညီမလေးတွေ အားလုံး ကို သတိရပါတယ် ။ အလုပ်မအားတာကတစ်ကြောင်း ၊ ပြီးတော့ အတူနေတဲ့သူငယ်ချင်းတွေ က တစ်ယောက်ပြီးတစ်ယောက်ပြန်ကုန်တော့ သူ့ တို့ ကို လိုက်ကူလုပ်ပေးနေတာနဲ့ ပဲ အချိန်မပေးနိုင်ဖြစ်သွားပါတယ် ။ နေကောင်းပါတယ် ၊ ကျန်းမာပါတယ် ဒါပေမယ့် အတူနေပြီးရုတ်တရက်ခွဲခွာရတော့ စိတ်ထဲမှာ တစ်မျိုးဖြစ်နေလို့ ပါ ။ အကြောင်းအမျိုးမျိုးကြောင့် ဆုံတွေ့ ကြပြီး ခင်မင်ကျရပြီးမှ ခွဲခွာရတော့ စိတ်ထဲဘယ်လို မှမကောင်းတာတော့ အမှန်ပါပဲ ဗျာ ။ သံယောဇဉ် ဆိုတာ တွယ်မိရင် ဖြတ်ဖို့ တော့ခက်တယ် ဗျာ ။ ငမူး ကသံယောဇဉ်ကြီးတယ် ဗျာ ။ ခုလည်း သီချင်းနားထောင်ရင်းနဲ့  မနားထောင် ရသေးတဲ့ လူတွေ အတွက် ပြန်တင်ပေးလိုက်ပါတယ် ဗျာ ။ တောင်ကြီးသားတွေ ရဲ့ အချစ်ဆုံး ကိုဒိုးလုံး တစ်ယောက် ၊ သူ့ ရဲ့ အဟောင်းတွေ ထဲကမှ ကောင်းတာတွေ ကို တင်ပေးလိုက်တာပါ ။ ဘာရယ်တော့မဟုတ်ပါဘူး ကိုဒိုးလုံးသီချင်းတွေ အကုန်လုံးကိုကြိုက်တာပါပဲ ။ ခုက နားထောင်ရင်းနဲ့  သူ့ ကိုချစ်တဲ့ လူတွေ အတွက် မျှပေးလိုက်တာပါ ။ တောင်ကြီးမှာနေတုန်း က ည တိုင်း စာမကျက်ပဲနဲ့ လမ်းတစ်ကာလိုက်ပြီး ဂီတာတီးပြီး အော်ဆိုခဲ့တာကို ပြန်အမှတ်ရနေမိ လို့ ပါ ။ ခုလည်း သူငယ်ချင်းတွေနဲ့ ခွဲခွာရတော့ အရင်လို အရက်သောက်ပြီး သီချင်းဆိုတိုင်း ကိုဒိုးလုံးသီချင်းတွေ ချည်း ဆိုခဲ့တာကိုအမှတ်ရတာနဲ့  ပြန်သွားတဲ့လူတွေကို သတိရတာနဲ့  ခုလို ပြန်လည်ခံစားကြည့်မိတာပါ ။


အိုက်ခီလောက်


အမြည်းလေးတွေ
11 Responses
  1. ကိုအိုက်ရေ လုပ်လိုက်တော.ဗျာ...ကိုဒိုးလို ဒီလိုမချစ်
    ဘူးမပြောပါနဲ. ... ဒိုးလုံး သီချင်းတွေကြိုက်တာ
    တူတူဘဲဗျာ...ကိုအိုင်လဲ အဆင်ပြေပျော်ရွှင်ပါစေဗျာ


  2. အိုက်..ငါလာခံစားသွားတယ်။ မကြာခင် အဆင်ပြေမှာပါ။


  3. အကိုလဲကြိုက်တယ်ညီ

    အဆင်ပြေအောင်နေနော်

    ညီ့ကိုမျှော်နေတယ်...


    အမြန်ပြန်လာပါ...း)
    ချစ်တဲ့ကိုကြီးယောက်ဖ ဖိုးစိန်


  4. Anonymous Says:

    တို့အကိုပျောက်လှတယ်မှတ်နေတာ ဘယ်သူ့ကြည့်ကြည့်အခုတလောအစဉ်မပြေကြဘူးဗျာ။ အင်း အဆင်မပြေရာသီထင်ရဲ့ ပါးလုံးလည်းအစစ်ပါသေးတယ်။ ပျော်ရွှင်ပါစေ။ သီချင်းနားထောင်လိုက်ဦးမယ် ဒိုးလုံးကြိုက်တယ်။
    ညီမလေး ပါးလုံး


  5. သယ်ရင်းရေ့  ကိုဒိုးလုံး သီးချင်းတော့ ကြိုက်တယ်ဟေ့။ ဘယ်တော့နားထောင်
    နားထောင် မရိုးဘူးဗျို့ ။ သယ်ရင်းလည်း မြန်မြန်အဆင်ပြေပါစေကွာ။

    ခင်မင်ခြင်းနှင့်
    တလနွန်


  6. ပီဟွမ် Says:

    ဘာမှမလုပ်နိုင်ပေမဲ့ သီချင်းတင်နိုင်လို့ တော်သေးတာပေါ့...သူများပြန်တော့ ပြန်ချင်နေပြီမဟုတ်လား။ စကားမစပ် ပြန်ဖို့ဆိုပြီး လေယာဉ်လက်မှတ်လေး ဘာလေးဝယ်ထားတာများမရှိဘူးလား။


  7. thawzin Says:

    ဒိုးလုံး သီချင်းတွေ ကောင်းပါတယ်, အထူးသဖြင့် ကိုယ်ပိုင်သံဇဉ်တွေ ကိုသာဆိုသော ကိုဒိုးလုံးသီချင်းများ နှစ်သက်မိပါသည်။


  8. ဇော် Says:

    ဂျစ်ကို
    နေကောင်းရဲ့လား။ ဂျစ်ကို သီချင်းတွေ နားထောင်သွားတယ်ဗျ။ ဘာတွေလုပ်နေလဲ။ =)


  9. ဂျစ် Says:

    သီချင်းလေးတွေ လာနားထောင်သွားပါတယ် ...။
    ဒိုးလုံး သီချင်း အားလုံးနားမထောင်ဘူးလို့..ပါ
    ကျေးဇူးပါ...တယ်
    ခင်မင်စွာဖြင့်
    ဂျစ်


  10. black Says:

    မူးပြီးလာရစ်အုံးမယ်နောက်မှ
    ခုတော့တောင်းဆိုစရာမရှိသေးလို့ဒီလောက်ပဲ


  11. စိတ်မဆင်းရဲပါနဲ့ဟယ်
    ဒီလိုပါပဲ
    သီချင်းတွေအိမ်ကျမှနားထောင်မယ်း)


Post a Comment