မွေးရပ်မြေအမှတ်တရပုံရိပ်များ


တောင်ထိပ်ပေါ်ကနေ မြင်နေရတဲ့တောင်ကြီးမြို့ ရဲ သင်္ကေတ ခေါင်မိုးနီနီများ တွေ့ တိုင်းလွမ်းမိပါရဲ့ 













မြို့ လည်တစ်နေရာမိုးရွာထားလို့ ထင်ပါရဲ့ လမ်းပေါ်မှာရှင်းနေတာပဲ



မြို့ လည် က ဓမ္မာရုံ



စူဠာမူနိဘုရား

မြို့ အထွက်က ကြိုးတံတားလေးပေါ့ မလျှောက်ရတာကြာနေပြီ





မြို့ အဝင်အထွက် က ကြိုဆိုပါ၏ ဆိုတာလေးပေါ့


မြစိမ်းတောင်ပေါ်က ဘုရားတွေ လေ





အရင်က တောင်ကြီးမြို့ ပေါ့ ခုများတော့ချယ်ရီဆိုတာ အသံသာကြားရပြီး ပန်းတွေရှာရခက်လိုက်တာ
မြို့ ထဲမှာမပွင့်တော့ပဲ တောင်ပေါ်မှာပဲ ပွင့်တော့တယ်လေ


ပတ္တမြားဂူကျောင်း တောင်ထိပ်ပေါ်ကလေ မြို့ ရဲ့ အလှကိုအပေါ်စီးကနေ မြင်နိုင်တယ်လေ

တောင်ပေါ်က ထင်ရူးပင်နဲ့ နံနက်ခင်းအလှ


တောင်ချွန်းရဲ့ ဆောင်းတွင်းမြူတွေနဲ့ လွမ်းချင်စရာကောင်းပါရဲ့ 








ငမူးလေးရဲ့ ကျောင်းတော်ကြီးပေါ့ :P



ကြက်ခြံကျောင်းလို့ ငမူးတို့ ခေါ်တဲ့ အထက ၆ ကျောင်းလေ:D



ဖောင်တော်ဦးဘုရား အလယ်ကတစ်ဆူက ကျောင်းစောင့်
ဘုရားပင့်ရင် လေးဆူပဲပင့်လို့ ရတယ် အားလုံးပင့်ရင် ပြောင်းဆန်ကုန်ရော :P
တစ်ခါက ဘုရားအားလုံးပင့်လိုက်တာလေကြီးမိုးကြီးရွာပြီးဖောင်တော်မြုပ်သွားတာ
ဘုရားလေးဆူပဲ ပြန်ဆယ်လို့ ရပြီး ကျန်တဲ့တစ်ဆူက ဘယ်လို မှရှာမရဘူးလေ
ဒါနဲ့ ကျောင်းတော်ကိုပြန်ပင့်လာမှ ကျောင်းတော်ပေါ်မှာ ရှာမရတဲ့တစ်ဆူက သူ့ နေရာအတိုင်းပဲ
ရှိနေတာလေ ဒါကြောင့် ကျောင်းစောင့်တစ်ဆူဖြစ်သွားတာနေမှာ သိတဲ့အတိုင်းပြောပြတာ :D



အင်းလေး ရူခင်းတွေလေ


နေဝင်ရီသရော လှေကလေး လှော်ပြီး အရက်လေးတစ်မြမြနဲ့ နေလို့ အတော်ကောင်းဆိုပဲ :D

အင်းထဲက ရှေးဟောင်းဘုရားတွေပေါ့





အင်းလယ်က ဟင်္သာတိုင်လေ ဟင်္သာရေသောက်တယ်ဆိုရင် အင်းထဲပြောင်းဆန်ကုန်ပြီ
ဆိုလိုတာက ရေတွေ ဟင်္သာနားရောက်ရင် ရေကြီး လေကြီးဖြစ်တတ်တယ်လေ
အဲ့ချိန်ဆို အင်းအော်တယ် လို့  မှတ်သားဖူးတာပါ
အင်းအော်ရင် လှေမှောက်တာတို့ ဘာဖြစ်တယ် ညာဖြစ်တယ်တို့ ကြားရတတ်တယ်လေ






ဒီလိုအိမ်လေးမှာပေါ့ သူငယ်ချင်းအိမ်မှာ သွားလည်တုန်းက အားရပါးရ ခုန်ချပြီးရေကူးဖူးတယ်
နမ့်ပန်ရွာ လေးမှာပေါ့




ရွာတွေဖက်က မြင်ကွင်းလေးတွေလေ ကြည့်မိတိုင်းစိတ်ချမ်းသာလိုက်တာ
အပေါင်းအသင်းစုံရင် အရက်ဝိုင်းလေးထောင်ပြီးသောက်မလားလို့ 

တောင်ကြီးက ရထားလမ်းတောင်နှစ်လုံးကို ဖြတ်တဲ့ ဘဝသံသရာ တံတားဆိုတာလေ





ပင်းတယ သွားတဲ့လမ်းပေါ်က ရူခင်းလေးတွေပါ
စိုက်ခင်းတွေအပေါများဆုံးနေရာလေ




ဟော့ ပင်းတယ ဂူကိုကားလမ်းပေါ်ကနေ မြင်တွေ့ နေရပြီ



ဒီလိုညောင်ပင်အောက်မှာ ထမင်းဝိုင်းဖွဲ့ စားသောက်တာကိုအမှတ်ရနေသေးတယ်
အရက်မသောက်ပါ အဲ့ချိန်ဆို :D

ဘုရားအောက်ခြေက သက်တမ်းရှည်ညောင်ပင်တွေ သွားတိုင်းအေးချမ်းရတယ်

ဘုရားဂူပေါ်ကနေမြင်ရတဲ့ ပင်းတယမြို့ နဲ့ ရေကန် ကြီး






ပင်းတယဂူတက်တဲ့လှေကား အဝင် ဝ ပေါ့


ဂူထဲက ဘုရားဆင်းတုတော်များ တစ်ဂူလုံးအပြည့်ပဲ



အဟတ် တောင်ကြီးနဲ့ မွေးရပ်မြေကို လွမ်းပြီး မနေတတ်မထိုင်တတ်တော့ ဟိုစပ်စပ် ၊ ဒီစပ်စပ်နဲ့ လျှောက်ရှာလိုက်တာ ပုံတွေ အများကြီး စုထားမိလို့ ပြန်ပြီးဆားချက်လိုက်ပါတယ် :P ။ တပ်စ့်ထားတဲ့ ကိုရီနိုရေ ဒါနဲ့ ပဲ ဖြေသိမ့်ပေးလိုက်ပါနော် ။ အားရင်အားသလို ပြန်လာပါ့မယ် ဗျာ မောင်နှမအားလုံးကို သတိရနေပါတယ် ။



အိုက်ခီလောက်