မွေးရပ်မြေအမှတ်တရပုံရိပ်များ


တောင်ထိပ်ပေါ်ကနေ မြင်နေရတဲ့တောင်ကြီးမြို့ ရဲ သင်္ကေတ ခေါင်မိုးနီနီများ တွေ့ တိုင်းလွမ်းမိပါရဲ့ 













မြို့ လည်တစ်နေရာမိုးရွာထားလို့ ထင်ပါရဲ့ လမ်းပေါ်မှာရှင်းနေတာပဲ



မြို့ လည် က ဓမ္မာရုံ



စူဠာမူနိဘုရား

မြို့ အထွက်က ကြိုးတံတားလေးပေါ့ မလျှောက်ရတာကြာနေပြီ





မြို့ အဝင်အထွက် က ကြိုဆိုပါ၏ ဆိုတာလေးပေါ့


မြစိမ်းတောင်ပေါ်က ဘုရားတွေ လေ





အရင်က တောင်ကြီးမြို့ ပေါ့ ခုများတော့ချယ်ရီဆိုတာ အသံသာကြားရပြီး ပန်းတွေရှာရခက်လိုက်တာ
မြို့ ထဲမှာမပွင့်တော့ပဲ တောင်ပေါ်မှာပဲ ပွင့်တော့တယ်လေ


ပတ္တမြားဂူကျောင်း တောင်ထိပ်ပေါ်ကလေ မြို့ ရဲ့ အလှကိုအပေါ်စီးကနေ မြင်နိုင်တယ်လေ

တောင်ပေါ်က ထင်ရူးပင်နဲ့ နံနက်ခင်းအလှ


တောင်ချွန်းရဲ့ ဆောင်းတွင်းမြူတွေနဲ့ လွမ်းချင်စရာကောင်းပါရဲ့ 








ငမူးလေးရဲ့ ကျောင်းတော်ကြီးပေါ့ :P



ကြက်ခြံကျောင်းလို့ ငမူးတို့ ခေါ်တဲ့ အထက ၆ ကျောင်းလေ:D



ဖောင်တော်ဦးဘုရား အလယ်ကတစ်ဆူက ကျောင်းစောင့်
ဘုရားပင့်ရင် လေးဆူပဲပင့်လို့ ရတယ် အားလုံးပင့်ရင် ပြောင်းဆန်ကုန်ရော :P
တစ်ခါက ဘုရားအားလုံးပင့်လိုက်တာလေကြီးမိုးကြီးရွာပြီးဖောင်တော်မြုပ်သွားတာ
ဘုရားလေးဆူပဲ ပြန်ဆယ်လို့ ရပြီး ကျန်တဲ့တစ်ဆူက ဘယ်လို မှရှာမရဘူးလေ
ဒါနဲ့ ကျောင်းတော်ကိုပြန်ပင့်လာမှ ကျောင်းတော်ပေါ်မှာ ရှာမရတဲ့တစ်ဆူက သူ့ နေရာအတိုင်းပဲ
ရှိနေတာလေ ဒါကြောင့် ကျောင်းစောင့်တစ်ဆူဖြစ်သွားတာနေမှာ သိတဲ့အတိုင်းပြောပြတာ :D



အင်းလေး ရူခင်းတွေလေ


နေဝင်ရီသရော လှေကလေး လှော်ပြီး အရက်လေးတစ်မြမြနဲ့ နေလို့ အတော်ကောင်းဆိုပဲ :D

အင်းထဲက ရှေးဟောင်းဘုရားတွေပေါ့





အင်းလယ်က ဟင်္သာတိုင်လေ ဟင်္သာရေသောက်တယ်ဆိုရင် အင်းထဲပြောင်းဆန်ကုန်ပြီ
ဆိုလိုတာက ရေတွေ ဟင်္သာနားရောက်ရင် ရေကြီး လေကြီးဖြစ်တတ်တယ်လေ
အဲ့ချိန်ဆို အင်းအော်တယ် လို့  မှတ်သားဖူးတာပါ
အင်းအော်ရင် လှေမှောက်တာတို့ ဘာဖြစ်တယ် ညာဖြစ်တယ်တို့ ကြားရတတ်တယ်လေ






ဒီလိုအိမ်လေးမှာပေါ့ သူငယ်ချင်းအိမ်မှာ သွားလည်တုန်းက အားရပါးရ ခုန်ချပြီးရေကူးဖူးတယ်
နမ့်ပန်ရွာ လေးမှာပေါ့




ရွာတွေဖက်က မြင်ကွင်းလေးတွေလေ ကြည့်မိတိုင်းစိတ်ချမ်းသာလိုက်တာ
အပေါင်းအသင်းစုံရင် အရက်ဝိုင်းလေးထောင်ပြီးသောက်မလားလို့ 

တောင်ကြီးက ရထားလမ်းတောင်နှစ်လုံးကို ဖြတ်တဲ့ ဘဝသံသရာ တံတားဆိုတာလေ





ပင်းတယ သွားတဲ့လမ်းပေါ်က ရူခင်းလေးတွေပါ
စိုက်ခင်းတွေအပေါများဆုံးနေရာလေ




ဟော့ ပင်းတယ ဂူကိုကားလမ်းပေါ်ကနေ မြင်တွေ့ နေရပြီ



ဒီလိုညောင်ပင်အောက်မှာ ထမင်းဝိုင်းဖွဲ့ စားသောက်တာကိုအမှတ်ရနေသေးတယ်
အရက်မသောက်ပါ အဲ့ချိန်ဆို :D

ဘုရားအောက်ခြေက သက်တမ်းရှည်ညောင်ပင်တွေ သွားတိုင်းအေးချမ်းရတယ်

ဘုရားဂူပေါ်ကနေမြင်ရတဲ့ ပင်းတယမြို့ နဲ့ ရေကန် ကြီး






ပင်းတယဂူတက်တဲ့လှေကား အဝင် ဝ ပေါ့


ဂူထဲက ဘုရားဆင်းတုတော်များ တစ်ဂူလုံးအပြည့်ပဲ



အဟတ် တောင်ကြီးနဲ့ မွေးရပ်မြေကို လွမ်းပြီး မနေတတ်မထိုင်တတ်တော့ ဟိုစပ်စပ် ၊ ဒီစပ်စပ်နဲ့ လျှောက်ရှာလိုက်တာ ပုံတွေ အများကြီး စုထားမိလို့ ပြန်ပြီးဆားချက်လိုက်ပါတယ် :P ။ တပ်စ့်ထားတဲ့ ကိုရီနိုရေ ဒါနဲ့ ပဲ ဖြေသိမ့်ပေးလိုက်ပါနော် ။ အားရင်အားသလို ပြန်လာပါ့မယ် ဗျာ မောင်နှမအားလုံးကို သတိရနေပါတယ် ။



အိုက်ခီလောက်

အမြည်းလေးတွေ
13 Responses
  1. သူငယ်ချင်းရေ လာတယ်ဗျို့ ။ ပျောက်နေတာကြာပါပေကော။
    တောင်ကြီးမြို့ ကလှတယ်နော်။ တစ်ခါမှ မရောက်ဖူးသေးဘူး။
    မြန်မာပြည်ပြန်ရောက်ရင်လာလည်မယ်။ ဝိုင်းကြတာပေါ့ :)

    ခင်မင်ခြင်းနှင့်
    တလနွန်


  2. ကျနော်ပါ လွမ်းမိသွားတယ် ခီလောက်ရေ လွမ်းအောင် လုပ်တယ်ပေါ့း((


    လေးစားလျက်
    တောင်ပေါ်သား


  3. တောင်ကြီးကို လွမ်းသွားတယ် ဗျာ...ခဏတာ ရောက်
    ဘူးပေမဲ. တကယ်ကိုပျော်ဖို.ကောင်းတယ်ဗျာ...ဘ၀သံသရာ
    တံတား ဘက်ကတော.ခဏခဏ ရောက်ဘူးတယ်ဗျာ...
    နောက်ကျမှ တောင်ကြီးမှာ လာလန်းတော.မယ်ဗျာ...
    ကိုအိုက်ကတော. စပွန်ဆာပေါ.ဗျာ...


  4. Ree Noe Mann Says:

    ကျေနပ်ပါတယ် ညီ။

    ပုံလေးတွေနဲ့ ဝေဝေဆာဆာ ဖေါ်ပြပေးတဲ့ အတွက်လဲ
    ကျေးဇူးတင်ပါတယ်ညီ။

    အရမ်းကို အေးချမ်းတဲ့ မြို့လေးဆိုတာ ထောက်ခံပါတယ်။

    ဆိုင်ကော အဆင်ပြေလား ညီ။

    ဘယ်တော့ ပြန်မှာလဲ။ နောက်လထဲမှာ မဟုတ်လား။

    ကိုရီနို


  5. မငုံ Says:

    အိုက်ရေ ကျောင်းတော်ကြီးကို ပြန်မြင်ရတော့ တအားလွမ်းသွားတယ်။ ရှိသေးရင် ထပ်တင်ဦး။


  6. ဇော် Says:

    အယ်
    ဂျစ်ကိုလုပ်မှ ကျနော်လဲ လွမ်းသွားပြီဗျ။ ရောက်ရင်တော့ ရှမ်းခေါက်ဆွဲနဲ့ တို့ဟူးနွေး လိုက်ကျွေးရမှာရယ်ဗျ။ ဟဲဟဲ။

    ပျောက်ချက်သား အရမ်းကောင်းနော ဂျစ်ကို။ ဘာလို့လဲဗျာ။


  7. ပီဟွမ် Says:

    ကြည့်ရင်းကြည့်ရင်းနဲ့ ပိုပိုလွမ်းလာတယ်။ ငိုတောင်ငိုချင်လာပြီ။ သူများပြန်လည်း မပြန်နိုင်သေးတဲ့ ဘ၀။


  8. သဲရေ...နင်ကဆားချက်တယ်ဆိုပေမယ့်ငါ့အတွက်တော့ ကောင်းသားဟ ငါတောင်ကြီးကို တခါမှမရောက်ဖူးဘူးလေ နင်ဆားချက်တော့ ငါတောင်ကြီးရောက်သလို ခံစားလိုက်ရယ် ကျေးဇူးပဲဟာ ငါတောင်ဘာမဆိုင် ညာမဆိုင် လွမ်းသလိုလိုပဲ တကယ်ပါ မရောက်ဖူးပဲလိုက်လွမ်းပေးတာ နောက် တခေါက်မြန်မာပြည့်ပြန်ရင် တောင်ကြီးကိုဂိုးလိုက်ဦးမယ် လွမ်းတယ်မြန်မာပြည်ရေ....................


  9. kiki Says:

    ငမူးရေ..
    နင်လုပ်တာနဲ့  ပုံတွေ ပြန်ကြည့် ရင်း ငိုချင်စိတ်ပေါက်လာပြီ ။
    ဘယ်တော့မှ ပြန်ရောက်မလဲ မသိဘူး ဟယ် ။
    ၁၀ နှစ်လောက်ရှိပြီ ပြန်မရောက်တာ ။
    မြို့ က အတော်လေးကျယ်သွားတယ်နော် ။
    အင်းထဲက ရှေးဟောင်းဘုရားပျက်တွေကြားထဲ ကစားခဲ့ကြတာ သတိရလိုက်တာဟာ ။ တနေ့ နေ့ တော့ ပြန်ရောက်မယ်ထင်ရတာဘဲ။
    မိုင်းသောက်ဘုန်းကြီးကျောင်းက ပုံတွေရော ရှိလား ..


  10. ဂျစ် Says:

    ဘော်ဒါကြီး အိုက်ခီ
    သွားလည်ချင်ပါသေးတယ်ဗျာ....ဂျစ် အင်းလေးကိုတော့
    ရောက်ဘူးတယ် ။ တောင်ကြီးက အရမ်းလှတယ်လို့တော့
    ကြားဘူးနေပါတယ် ၊တကယ်လှမလှ သိရအောင် ဘော်ဒါအိုက်ခီ
    ရှိမှ တောင်ကြီးလာလည်ရင် ကောင်းမလား ။

    ဓါတ်ပုံလေးတွေကို တစ်စုတဝေး ဖော်ပြပေးလို့ မရောက်ဘူးတဲ့
    နေရာလေးတွေ သိခွင့်ရလိုက်တယ်....ကျေးဇူးပါ ။

    ခင်မင်စွာဖြင့်
    ဂျစ်တူးလေး


  11. ချစ်ညီလေးယောက်ဖရေ

    အကိုတို့ တူတူသွား ပြီး


    တူတူမူးကြမယ်


    ချစ်တဲ့

    အကိုကြီးယောက်ဖ


  12. Dream Says:

    ပင်လယ်ရေတွေ ခန်းကုန်ပြီလားမသိဘူး..... ဆားတွေချက်နေတာ ... ဟင်းးးးး

    ဒီတခါပြန်ရင် တောင်ကြီးကို သွားလိုက်ဦးမယ်....

    အူးအူးခွီတို့ အိမ်မှာ ထမင်းစားမယ်...တည်းမယ်.။ ဒန်တန်းးတန်


  13. Thinzar Says:

    ပုံတွေကြည့်ပြီး လွမ်းသွားတယ်။ သြော်..ထ ၅ ကျောင်းထွက်ကိုး :)


Post a Comment