အတွေ့ ချင်ဆုံးဆယ်ယောက် တဲ့

အင်းမကြီးရောင်ပြန် tag လိုက်တာ ခုတော့မရှိမဲ့ရှိမဲ့ကနေထုတ်ပြီးပြောရတော့မှာပေါ့ဗျာ ။ ဖြစ်နိုင်ရင် အားလုံးကိုတွေ့ ချင်တယ် ။ သူ့ ပြောထားတာကလည်း ဆယ်ယောက်တဲ့ ။ ဒီတော့ ခေါင်းကိုအလုပ်ပေးပြီ မကြီးရေ ။ ဦးစွာ မကြီးရောင်ပြန်ကိုတွေ့ ချင်ပါတယ် ။ ဒါပေမယ့် သူ့ ကိုတွေ့ ချင်တဲ့လူက များနေတော့ ငမူး ကအရင်ဒိတ်ရမယ်ထင်တယ် ။ ဒီတော့မကြီး အားအောင်စောင့်ရင်းနဲ့  ဆုံဖြစ်မဲ့နေ့ လေးကို စောင့်မျှော်နေပါမယ် ။ ပြီးတော့မကြီးက ငမူးကို မောင်တစ်ယောက်လို မနက်ရုံးသွားတိုင်းဝင်ပြီး စားစရာလေးလာပေးတတ်တယ် ။ ညစာလည်းချက်ကျွေးတယ် ။ အမတစ်ယောက်လို ခင်ယုံမက တစ်ကယ့်အမလိုပဲ ငမူးမှတ်ယူထားပါတယ် ။ တွေ့ ချင်ပေမယ့် မကြီးက တွေ့ ဖို့ လူကများနေတော့ အားမယ်မထင် :P ။ မကြီးအားရင် ဖုန်းလေးဆက်လိုက်အရောက်လာခဲ့မယ် ။ ခုတော့မကြီးက ဝိုင်းဝိုင်းလည်နေတယ် ။ တွေ့ ချင်သူ့ ကအများသား ၊ ဒီတော့ မကြီးတွေ့ ချင်တဲ့လူကုန်မှ ငမူးကအေးဆေးမကြီးကိုတွေ့ တော့မယ် ။ မကြီးရေ ထမင်းဟင်းနဲ့ ချက်ပြီးဧည့်ခံဖို့ သာပြင်ထား ။ မကြီးနဲ့ တွေ့ ရင် မမူးပါဘူး စိတ်ချ ။ ခုတော့ မကြီးကို ထိပ်ဆုံးတွေ့ ချင်တာ ။ အောက်ကဆယ်ယောက်က မကြီးပြောသလို အတွေ့ ချင်ဆုံးပေါ့ ။ မကြီးနဲ့ ပေါင်းရင် ဆယ်ယောက်မကဘူးလေ ၊ ဒီတော့က မကြီးကို ထိပ်ဆုံးထားပြီး နောက်က ဆယ်ယောက်ထည့်လိုက်တယ် ။ ပိုင်ဘူးလား မကြီး ။ မကြီးကဗီအိုင်ပီပေါ့ ။ ကျန်တာက အထူးတွေ :D ။ ကဲစပြီ



ဒီတော့ ကအတွေ့ ချင်ဆုံး လူတွေကိုပြောပြပါ့မယ် ။ ဦးစွာ အနေနဲ့ ကတော့ အဟမ်း ၊
ငမူးနဲ့ အတူလက်တွဲလာတဲ့ ခုထိအချိန်ထိပေါ့ဗျာ ၊ ပြောမနာဆိုမနာလေး ပေါ့ ။ သူ့ ကိုငမူးဘယ်လိုပြောပြောမနာပါဘူး ။ သဘောလည်းအင်မတန်ကောင်းတယ် ။ ဘာလိုလို သူ့ ကိုပြောရင် သူ့ မအားတာတောင် ဖြစ်စေချင်တာကို လုပ်ပေးတယ် ။ ပြီးတော့ငမူးချောက်ချတာအလွန်ခံရတဲ့သူ့ ပါ ။ တန်ဆောင်တိုင်ကတည်းက အတွဲမိလာတယ်လေ ။ ငမူးကကောင်မလေးအကောင့်တွေပေး ပြီးသူ့ ကိုပြောတာပေါ့ ။ ဘယ်တစ်ယောက်ကဖြင့်ချောတယ် ၊ ဘယ်တစ်ယောက်ကတော့ဖြင့် မိုက်တယ် ဆိုပြီး ။ ဒါကိုသူ့ ကလည်း ငမူးပြောတဲ့အတိုင်းသွားပြောတော့ဟို ကအော်လွတ်တာခံရပေါင်းမနဲ ပါဘူး :D ။ ဒါလည်းမှတ်လားဆိုမမှတ်ပါဘူး ခုထိခံနေတုန်းပဲ ။ ငမူးဘယ်တော့လိုလို သူ့ ဖက်ကကူညီဖို့ ဝန်မလေးတဲ့ သူ ပါ ။ သူ့ ကတော့ ငမူးကချစ်စနိုးနဲ့ ခေါ်တဲ့ အရူးလေး ( ခ ) လေလွင့်အရူးပါ ။ သိချင်တယ်ဆိုရင် ဝင်သွားကြည့်လိုက်ပါ ဘယ်သူ့ လည်းဆိုတာ ။

နောက်တစ်ယောက်က အမတစ်ယောက်ပါ ။ သူ့ ကတော့အမြဲတမ်းငမူး ရစ်တာတော်တော်ခံတဲ့အမပါ ။ ခင်ဖို့ ကောင်းသလို စိတ်လည်းအင်မတန်ကောင်းပါတယ် ။ ဘယ်တော့စစ သူ့ စိတ်ဆိုးတယ်ဆိုတာမရှိပါဘူး ။ ငမူးကလည်း နိုင်ကွက် ရထားတာကိုးနော့ အမ ဟုတ်တယ်ဟုတ် ။ ခုထိကလေးလိုပဲ သူ့ စိတ်က ။ တစ်ခုခုဆိုရင် ငိုဖို့ အရင်လာပါတယ် ။ ခွန်ဖ နင့်နော် နင် ဆိုပြီး ငိုဖို့  တာဆူနေတဲ့အမပါ ။ သူ့ ကိုအတည်ပေါက်နဲ့ ပြောရင် အယုံလွယ်ပါတယ် ၊ ခံရပေါင်းလည်းမနဲပါဘူး :D ။ တစ်ကယ်တော့အပျိုကြီးဖြစ်နေပြီ ။ သူ့ ပြောတာတော့နောက်နှစ်ဆိုကျွတ်ပြီလို့ ပြောပါတယ် ။ ဘာကျွတ်မယ်ဆိုတာကို သူ့ ကိုမေးကြည့်ပါ :P ။ သူ့ ကတော့ငမူးကချစ်လို့ ခေါ်တဲ့  မပူး ၊ မဖူး ၊ နန့် ချာချီးပင်း ပါ ။ ဘယ်သူ လဲဆိုတာသိချင်တယ်ထင်ရင် ဝင်သွားကြည့်ပါ ။

နောက်တစ်ယောက်က တော့ ငမူးက သိပ်မရစ်ရပါဘူး ။ သူ့ ကတော့ အမြဲပုန်းနေတယ် ချက်ပုန်းသမား ။ အကြောင်းသိလို့ ထင်တယ် ။ ငမူးတို့ ရှမ်းပြည်အတွက် ဆိုဒ့်လေးတစ်ခုပေါ့လေ လုပ်ကျတယ် ။ အားလုံးစုပေါင်းပြီးတော့ပေါ့ ။ သူ့ ကဆိုရင်ဖြင့် တတ်သည့်ပညာမနေသာဆိုသလို ဆိုဒ့်မှာဝေနေတဲ့ သူ ပါ ။ အရင်ကဆိုရင် သူ့ ကအွန်လိုင်းမှာရည်းစားအများကြီးထားဖူးပါတယ် ။ သူ့ ကိုယ်တိုင်ပြောတာ :P ။ သူ့ ဆိုဒ့်မှာတောင် မှတ်ချက်ပေးခိုင်းပါတယ် ။ အွန်လိုင်းအချစ်ကိုယုံပါသလားဆိုတာလေ ။ ငမူးတော့မသိတော့ ၅၀% ပဲ ပေးခဲ့တယ် ။ သူ့ ကတော့အင်းတော်ပါပြီ နာမည်ပြောင်မပေးတော့ပါဘူး ။ ငမူးကတန်ဆောင်တိုင်ကတည်းက ခေါ်လာတဲ့နာမည်ပါ ကိုစတား ပါ ။ ဘယ်သူ လည်းသိချင်တယ်ထင်တယ် ဝင်ကြည့်ပါ :D ။

နောက်တစ်ယောက်ကတော့ ဘလောက်ဂါ ကင်းလို့ အမြဲစနေတဲ့သူ့ ပါ ။ အရူးနဲ့ အတူ စနေကျဖြစ်ပါတယ် ။ သူ့ ကတော့ စကားပြောရင် ရီစရာနဲ့ ပြောတတ်ပါတယ် ။ ပြီးတော့ မဟုတ်မခံတဲ့စိတ်ရှိသူပါ ။ ငမူးလည်းသူ့ ကိုထိရင်မခံပါဘူး ။ သူ့ ဟာသူ့ ခံပါမယ် :P ။ သူ့ ဆိုရင်ဖြင့် ငမူးတို့ ကိုအားပေးတဲ့စိတ် ၊ ဖြစ်အောင်လုပ်စေချင်တဲ့စိတ် တွေ ကို အမြဲပြောပေးနေတဲ့သူ ပါ ။ အကူအညီလိုရင်လည်း အမြဲပေးနေတဲ့သူ့ ပေါ့ ။ ဆုံစည်းရာမှာခင်လာကျတဲ့သူ ပါ ။ တစ်ကယ်ခင်ဖို့ ကောင်းပါတယ် ။ အကြော်ကောင်းစားချင်ရင် သူ့ ဆီသွားပါ ။ တောင်ကြီးကနာမည်ကြီးအကြော်ဆိုင်က သူ့ ဆိုင်ပါပဲ ။ သူ့ ကတော့ငမူးခေါ်နေကျ သောင်ပေါ့ကား ပါ ။ သိမယ်ထင်ပါတယ် အဟတ် ဝင်ကြည့်လိုက်ပေါ့နော် ။

နောက်တစ်ယောက်က တော့ အပျိုကြီးအိမ်မှာ ခင်လာတဲ့ ကောင်မလေးပါ ။ အစတော့ ရန်ဖြစ်နေကျပါ ။ ခုတော့လည်းပြောမနာဆိုမနာတွေဖြစ်သွားတဲ့ တစ်ယောက်ပါ ။ တစ်ယောက်နဲ့ တစ်ယောက်မတွေ့ တာကြာရင် ဟဲ့ နင့်သေနေပြီလားပျောက်နေတာကြာပါ့ ဆိုပြီး နှတ်ဆက်တတ်တဲ့သူ့ ပါ ။ တစ်ကယ်ခင်ဖို့ ကောင်းပါတယ် ။ သူ့ ကတော့အမိမြန်မာပြည်ကပေါ့ ။ သူ့ ကိုတော့နာမည်ပြောင်မပေးရသေးပါဘူး ။ သူ့ လည်းငမူးရစ်တာမကြာခဏခံရပါတယ် ။ လင်းလင်းလို့ ခေါ်ပါတယ် ။

ဒီခါတော့ အပျိုကြီးအကြီးကြီးပါ ။ ဘာကြီးလည်းဆိုတာ သူ့ မေးကြည့်နော် :D ။ ငမူးရစ်တာကို သိနေတဲ့အမတစ်ယောက်ပါ ။ ငမူးမသိတဲ့တန်းပလိပ်ကိုချိန်းခိုင်းလို့ ငမူးတစ်ညလုံးဒုက္ခ ရောက်သွားပါတယ် ။ သိမှမသိတာကို သူ့ ကိုသိတယ်လုပ်ပေးမယ်ဆိုပြီးချောက်ချ မှ ကိုယ်တိုင် ထိသွားတဲ့ညလေးပါ ။ ဒါပေမယ့် သူ့ ကို လုပ်ပေးလို့ ငမူးလည်းပညာရသွားတဲ့နေ့ လေးပေါ့ ။ ကျေးဇူးတင်ပါတယ် အမား ။ တစ်ကယ်တော့ငမူးကမသိပဲ သိချင်ယောင်ဆောင်ပြီး အာမခံလိုက်တာ :P ။ ခုမှပေါ်တယ် အမရေ ။ ပြီးတော့ သူ့ က မဟုတ်မခံစိတ်နဲ့ အမြင်မတော်တာကို ရေးနေတဲ့ တော်လှန်ရေးရဲဘော် လေးပါ ။ တော်လှန်ရင် လှန် ၊ တော်မလှန်ရင် ကျုပ်လှန်မယ် ဆိုတာမျိုး :D ။ ဘုရားပုံတော်တင်ထားပြီး သူများစီပုံးက အရုပ်လေးကိုလိုက်ခိုးတာတစ်ညလုံးပေါ့ :P ။ သူ့ ကတော့ မကီ ပါ ။

နောက်တစ်ယောက်ကတော့ ငမူးကိုချစ်လွန်းလို့  ဆွေမျိုးတော်ထားတဲ့ သူ ပါ ။ အချင်းချင်းစကျနောက်ကျနဲ့ ပျှော်ဖို့ အင်မတန်ကောင်းပါတယ် ။ စိတ်ရင်းလည်းကောင်းပါတယ် ။ သဘောထားးကတော့ပြောမနေနဲ့ ငမူးကိုတောင် ညီမပေးထားတယ် ။ ယောက်ဖလောင်းလေးခွန်ဖ ဆိုပြီး သူ့ အိမ်မှာ ကြေငြာထားတယ် ။ သူ့ လည်းအကိုတစ်ယောက်လိုခင်ပါတယ် ။ ငမူးမသိ တာရှိရင် အမြဲကူညီနေကျ အကိုပေါ့ ။ ငမူးပျင်းလို့ စာမရေးရင် အတင်းပဲ ရေးခိုင်းတဲ့သူ ပေါ့ ။ သူ့ ကချက်ကြီးလေ သိတယ်လို့ ထင်ပါတယ် ။ စာဖိုမှုး ကိုချက်ကြီးလို့ ခေါ်ပါတယ် :D ။ သူ့ နဲ့ အရက်အတူသောက်ဖို့ ချိန်းထားပါတယ် ။ကိုဖိုးရှုပ် လို့ ငမူးခေါ်တဲ့ ချစ်ကိုကြီးပါ ။


ဒီတစ်ယောက်ကတော့ အပျင်းထူတယ် ။ စတွေ့ တုန်းက ယောက်ကျားလေးမှတ်ပြီး ပြောနေတာ ။ သူ့ ကလည်း ယောက်ကျားလေးနာမည်နဲ့ ဆိုတော့ မသိဘူး ဗျ ။ နည်းနည်းကြာမှ သူ့ နားက ပုံကောင်းကောင်းလေးတောင်းရင်းနဲ့ ရင်းနှီးသွားတယ် ။ အဲ့သူငယ်ချင်းတစ်ယောက်ပြောမှ သူ့ ကို ကောင်မလေးမှန်းသိသွားတာ ။ သူ့ ကိုမေးတော့ လည်းဟုတ်တယ်တဲ့လေ ။ ငမူးပဲ အ တာလားမသိဘူး ။ တစ်ခါမှစကားမပြောဖူးတာကိုနော့ ။ သူ့ လည်း ငမူးဆီကို အရက်ကောင်းကောင်းနဲ့ လာမယ်လို့ ဆိုထားပါတယ် ။ ငမူးကတော့ သူ့ ကို သောက်ပျင်းလို့ ခေါ်ပါတယ် ။ သူ လည်းချက်ပုန်း ပဲ ။ အမြဲတမ်းပုန်းနေတာ ။ ပုန်းနေပေမယ့် ငမူးကိုတွေ့ ရင် အမြဲခေါ်ပါတယ်။ စကားပြောရင် ဘုကျကျပြောတတ်တဲ့သူ ပါ ။

ဒီတစ်ယောက်ကတော့ အစအနောက် တော်တော်သန်တဲ့ သူ ပါ ။ အတည်ပေါက်နဲ့ ပြောတတ်တဲ့သူပေါ့ ။ သူများကိုလည်းချောက်ချမယ့်လူစားမျိုး ။ သားဦးစနေ မီးလို မွှေ ဆိုတာ သူ့ ပါပဲ ။ ငမူးကတော့ သူ့ ကို အမှတ်တရ အနေနဲ့ နာမည်လေးပေးခဲ့ပါတယ် ။ သူ့ ကလည်းစိတ်မဆိုးပါဘူးလို့ တော့ပြောပါတယ် ။ မချစ်သော်လည်းအောင့်ခါနမ်းဆိုသလို ပေါ့ :P ။ နမ်းမှာတော့မဟုတ်ပါဘူး အောင့်မှာတော့သေချာတယ် ။ အကွက်ကြုံရင် ဆော်ဖို့ ပြင်ထားသလားလို့ အမြဲတမ်း သတိထားရပါတယ် ။ သူ့ ကတော့ဂြိုလ်မွှေသား ပေါ့ ။

နောက်ဆုံးပိတ်အိတ်နဲ့ လွယ်မှာကတော့ ငမူးကိုရစ်တတ်တဲ့သူ ပါ ။ ရစ်စရာမရှိကြံဖန်ရစ်တတ်လွန်းလို့ ပါ ။ လူတစ်ဖက်သားကို ခင်အောင်ပေါင်းသင်းနိုင်စွမ်းရှိပါတယ် ။ ပွင့်ပွင့်လင်းလင်းရှိလို့ တစ်ကယ်ပဲခင်မိပါတယ် ။ ပြောလိုက်ရင် ရစရာမရှိပါဘူး ။ မယုံရင် ပြောကြည့်ကျပါ ။ ငမူးတော့လက်တွေ့  ကို ခံခဲ့ရဖူးပါပြီ ။ သူ့ ပြောတဲ့စကားလေးမှတ်မိနေပါတယ် ။ ယောက်ကျားဆိုတာ စစ်ပွဲနဲ့ အိပ်ယာပေါ်မှာသတ္တိမရှိရင် ယောက်ကျားမဟုတ်ဘူးတဲ့  ။ အဲ့လိုမျိုးဗျ ခေါင်းခဲတယ်ဆိုတာ ။ သူ့ လည်းယောက်ကျားလေးမှတ်နေတာ ။ နောက်မှ ခင်ဖို့ ကောင်းတဲ့ညီမငယ်လေးဖြစ်နေလေရဲ့  ။ ခင်တာမကြာသေးဘူးဆိုပေမယ့် တစ်ကယ် လူရင်းလိုပဲ ပေါင်းလို့ ကောင်းတဲ့သူပါ သူ့ ကတော့ပေါင်းမယ်မသိဘူး ငမူးတော့အတင်းကိုပေါင်းနေပါပြီ :P ။ သူ့ ကတော့ ဂျစ်ညီမလေးဇော် ဖြစ်ပါတယ် ။

ကဲ အတွေ့ ချင်ဆုံးဆယ်ယောက် တော့ရေးလိုက်ပြီ မကြီးရောင်ပြန်ရေ ကျေနပ်နိုင်မယ်လို့ ထင်ပါတယ် ။ ကျန်တဲ့လူများတော့ နောက်တစ်ခါပေါ့ ။ ရေခပ်မကြုံထင်းခွေတော့ကြုံမှာပါ ။ ဒီမှာမပါလည်း နောက်ဖက်မှာပါလို့ ရပါတယ် အဲ့လေ နောက်တစ်ခါပေါ့ ။ လာရောက်အလည်လာတဲ့မိတ်ဆွေတွေ လည်း တွေ့ ချင်ပါတယ် ။ မကြီးကဆယ်ယောက်တဲ့လေ ။ သူ့ ကတော့ဗီအိုင်ပီ နေရာမှာရှိနေတယ် ။ ဒီတော့ကျန်တဲ့ဆယ်ယောက်ကိုရေးလိုက်ပါတယ် ။ တွေ့ ဖို့ လည်းအခွင့်ကောင်းနေပါတယ် ။ ရှမ်းပြည်ကလူတွေချည်းပဲဆိုတော့လေ ။ တစ်ကယ်ပါ တွေ့ ချင်ပါတယ် ။ တွေ့ မှအရက်ဖိုးတောင်းလိုက်မယ် :D ။




အိုက်ခီလောက်
အမြည်းလေးတွေ 12 ရစ်တယ်ပေါ့ |

လွမ်းဆွတ်ခြင်း

အချိန် ၊ နေ့ ရက် ၊ ရာသီနဲ့ ဥတု

အမျိုးမျိုး ပြောင်းလဲသွားပေမယ့်

ငါ့ရင်ထဲမှာ မနေ့ တစ်နေ့ လိုပဲ ထင်ကျန်နေဆဲ

နင့်ငါဘဝ ကနေထွက်ခွာသွားတာ

ဒီအချိန် ဒီနေ့ ရက် အထိပဲလေ

ဘယ်လိုမှပြန်မဆုံနိုင်မှန်းသိပေမယ့်လည်း

နင်များရောက်လာမလားဆိုတဲ့

ငါ့ရဲ့ စိတ်က တမ်းတမူကိုရူးမိုက်စေတယ်

ဘယ်တော့မှပြန်မလာနိုင်မှန်းသိနေပေမယ့်

တစ်နေ့ များနင့်ရောက်လာခဲ့ရင်ဆိုတဲ့

ငါ့ရဲ့ စိတ်ကို ငါ့ထိန်းလို့ မရခဲ့ဘူး

မရေရာ မသေချာ ပေမယ့်လည်း

နင်များရောက်လာခဲ့ရင်ဆိုတဲ့

မဖြစ်နိုင်တဲ့စိတ်က တောင်းတနေတယ်

ငါမေ့ချင်ပေမယ့်လည်း

ငါလေနင့်ကို ခုထိမမေ့နိုင်ခဲ့ဘူး

ငါတစ်ယောက် နင့်ကို စောင့်မျှော်နေတယ်ဆိုတာ

ဟိုး.....အဝေး ကကောင်းကင်ပြာပြာပေါ်ကနေ

နင့်တစ်ယောက်သိပါစေတော့လို့ .............



အဝေးတစ်နေရာကိုထွက်သွားတာကြာပြီဖြစ်တဲ့တစ်ယောက်သောသူကိုလွမ်းဆွတ်ရင်းနဲ့ ပေါ့






အိုက်ခီလောက်
အမြည်းလေးတွေ 13 ရစ်တယ်ပေါ့ |

မူးရင်မမောင်းနဲ့  မောင်းရင်မမူးနဲ့ 

ပြောရရင်ကိုယ့်ပေါင်လှန်ထောင်းသလိုပဲဗျ ။ မဆင်မခြင် သောက် မူးပြီးအငြိမ်မနေ ။ မူးပြီးရင်ပိုဆိုးတယ်လို့ သူငယ်ချင်းတွေကတော့ပြောကျပါတယ် ။ မူးပြီးရင်ထပ်သောက် လိုက်ရမှလေ ။ ခုလည်း မူးပြီးဖြစ်တဲ့ကိစ္စ ကိုယ့်ဟာကိုခံလိုက်ရတယ် ။ ပိတ်ရက် အားအားယားယား နဲ့ ပျင်းနေတာနဲ့ ဆိုင်ကယ်တစ်စီးနဲ့ ပတ်ဝေ့နေတာ မြို့ ထဲက မြန်မာဆိုင်ကိုရောက်သွားတယ် ။ မြန်မာဆိုင်တွေကလည်း အပြိုင်အဆိုင် ဖွင့်နေကျတာ တော်တော်များတယ်ဗျ ။ မြန်မာပြည်ပြန်ရောက်နေသလိုပဲ လမ်းဘေးမှာကွမ်းတံတွေးနဲ့ စကားဟောင်ဖွာဟောင်ဖွာပြောနေကျတဲ့ ယဉ်ကျေးသောအနော့တို့ ရွှေမြန်မာ တွေ ချည်းပဲ ။ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နဲ့ ဘာလုပ်နေကျမှန်းကိုမသိဘူး ။ ငမူးလည်း ပတ်ဝေ့နေတာ ဆိုင်တွေ ကြားမှာ ။ ဆိုင်တွေ အပြိုင်အဆိုင်ကြားမှာ ဆိုင်အရောင်းမြင့်တင်ဖို့ ဆိုပြီး ကောင်မလေးချောချောလေးတွေလည်း ဆိုင်တိုင်းမှာတွေ့ ရတယ် ဗျ ။ အဲ့ .. အဲ့မှာစတာပဲ ငမူး တို့ ။ တောင်ကြီးသားဖွင့်ထားတဲ့ဖောက်သည်ဆိုင်ကိုသွားတာပေါ့ ။ မောသျှမ်း ဆိုင်ပေါ့ ။ လူချင်းကလည်းရင်းနှီးနေတယ်လေ ။ ပြီးတော့လည်းပြောမနာဆိုမနာတွေ ။ ငမူးတို့ စားသောက်ထားတာကို စာရင်းနဲ့ မှတ်ထားပဲ ။ အကြွေးလည်းယူတယ် ။ လုပ်ချင်တာလုပ် သူ့ ကလွတ်ပေးထားတာ သူ့ စီးပွားရေးကို နော့ ။ ဒါနဲ့ သူ့ နဲ့ စကားပြောရင်း ဘီယာသောက်တာပေါ့ ။ နောက်တော့ သူငယ်ချင်းတွေရောက်လာတယ် ။ ဆက်သောက်ကျတာပေါ့နော့ ။ ဘယ်ပြောကောင်းမလည်း အပေါင်းအသင်းကလည်းစုံလာပြီဆိုတော့ဝိုင်းလေးကစိုပြည်လာတယ် ။ မူးလာပြီဆိုတော့ လူက ထိန်းမရဘူးဗျ ။ ကြိုက်သလောက်သောက် ငမူးဒိုင်ခံရှင်းတယ် ။ မလိမ်မာတာလေ မိုက်တာတော့ဟုတ်ဖူး :D ။ ဒီလိုနဲ့ သောက်လာတာနေ့ လည်ကနေ ညရောက်လာတယ် ဒီတော့အတူလာတဲ့  ညီကအလုပ်ပြန်ဝင်ရမှာဆိုတော့ အိမ်ကိုပြန်လိုက်ပို့ လိုက်သေးတယ် ။ ဆိုင်ကယ်လည်းစီးတာကောင်းမှကောင်းပဲ ။ ဘယ်လိုအိမ်ပြန်ရောက်လာတယ်မသိဘူး ။ ညီကတော့ ပြန်မသွားစေချင်ဘူး ။ ငမူးကလည်း ဂတိပေးထားတယ်လေ သေချာပေါက်ပြန်လာမယ် ဆိုပဲ ။ ဒါနဲ့ ပြန်လာပါရော ။ဆိုင်ရောက်တော့ ကိုးနာရီထိုးတော့မယ် ။ဆိုင်တံခါးပိတ်နေပြီ ဘယ် ရမလည်းနော့ ဖောက်သည်ပဲဟာ ။ သူငယ်ချင်းတွေကလည်းတစ်ချို့ ကပြန်ကုန်ပြီ ၊ တစ်ချို့ ကလည်းကျန်နေသေးတယ် ဒါနဲ့ ဝိုင်းပြန်စတယ် ဆက်သောက် ကျတယ် ။ အဲ့ .. ဆိုင်ရှင်ကလည်း အလုပ်သမားတွေကို မှာထားတယ် ။ လိုတာချပေးလိုက် ဒီကောင်ဒီမှာအိပ်ချင်အိပ်ပါစေဆိုပြီးခွင့်ပေးထားတယ် ။ တစ်နယ်တည်းသားတွေကိုးနော့ ။ မပေးလည်းရစ်မှာဆိုတော့ သူ့ ကလစ်ပြီ ။ ဒါနဲ့ ဆယ့်နှစ်နာရီထိုးတော့ သူငယ်ချင်းတစ်ယောက်က ပြန်မှဖြစ်မယ်ဆိုတော့ လိုက်ပို့ မယ်ပေါ့ ။ ဒါနဲ့ လိုက်ပို့ ရော သူ့ အိမ်အထိ ကောင်းကောင်းမွန်မွန်ပဲ သူ့ အိမ်မှာတောင်ထပ်သောက်သေးတယ် ။ သောက်ပြီးလို့ အိမ်ပြန်မယ်ဆိုပြီး သူ့ တို့ အတင်းတားနေတဲ့ကြားကနေ ထပြန်လာတာ ။ မူးတာမူးတာ ကိုယ့်အိပ်ယာနဲ့ ကိုယ်ပဲ အိပ်ချင်တာလေ ။ မူးမူးနဲ့ ဆိုင်ကယ်ကို မောင်းလာတာ လမ်းမှားသွားတယ် ။ လမ်းမှားတော့ လမ်းပြန်လိုက်ရှာရတာပေါ့ ။ လမ်းရှာရင်းနဲ့ ပဲ လူက အိပ်ငိုက်လာတယ် ။ တစ်ချက်တစ်ချက်ငိုက် ငိုက်သွားတာ မနဲ့ သတိထားရတယ် ။ မဖြစ်ဘူးဆိုပြီး ဓါတ်ဆီဆိုင်ဝင် မျက်နှာသစ်တာပေါ့ ။ ပြီးတော့ ဆက်မောင်းလာတော့ လမ်းမှန်တွေ့ သွားပြီ ။ ဝမ်းသာအားရနဲ့ မောင်းလာတယ် အိမ်ရောက်တော့မယ်ဆိုပြီး ။ လူက မနက်ကတည်းက သောက်လာတာဆိုတော့ ပမ်းနေပြီ ။ နှုံးနေပြီလေ ။ တစ်လမ်းလုံးကိုယ့်ဆိုင်ကယ်ချည်းပဲ သတိထားပြီးမောင်းနေတာပေါ့ ။ ဟိုင်းဝေးလမ်းလေ ပြီးတော့ ။ အိပ်ငိုက်နေတော့ သတိထားပြီးအနှေးလမ်းဖက်နေမောင်းနေတာ ။ တစ်ခါငိုက်တယ် ရသေးတယ် ။ နှစ်ခါငိုက်တယ် ရပါသေးတယ် ။ သုံးခါငိုက် ပြီ ဒီခါတော့ အမြန်လမ်းကိုရောက်ယုံမက သူ့ ဘေးကတံတိုင်းကို ဝင်ဆော်ပါတော့တယ် ။ လူ ကပြုတ်ကျပြီး လမ်းပေါ် တရွတ်တိုက်ပါသွားတယ် ပက်လက်လှန်ကြီးနဲ့ ။ စိတ်ထဲမှာတော့သွားပြီပေါ့ လက်များကျိုးမလား ခြေများကျိုးမလားဆိုပြီးတော့လေ ။ နောက်မှခေါင်းထောင်ကြည့်တယ် အိုကေ ရသေးတယ် လက်တွေ ခြေတွေ ကြည့်တယ် မကျိုးဘူး ။ ပွန်းပဲ့သွားတယ် ညာလက်တော့ ထိတာများတယ် ။ ထကြည့်တော့ရနေတယ် ။သူငယ်ချင်းဆီဖုန်းဆက်မယ်ဆိုမှ ဖုန်းကပြုတ်ကျလို့  နောက်ကလိုက်လာတဲ့ကားကရှောင်ရင်းနဲ့ တက်ကြိတ်တာကြေပေါ့ ပြားနေတာပဲ ။ ကံကောင်းချင်တော့နောက်က ကားတွေမပါလာလို့  ။ ကားသာ ပါလာလို့ ကတော့ ဟင်း ဘယ်ပြောကောင်းမလည်း ပွဲချင်းပြီးပဲ ။ ခုချိန်ဆို ကိုကြီးကျော်နဲ့  အတူတူသောက်နေလောက်ပီ :P ။ ဒါနဲ့ ဆိုင်ကယ်ဆီရောက်အောင် လာပြီးဆိုင်ကယ်ကို ထူပေးရတယ် ဆိုင်ကယ်ကိုတက်ခွပြီး စက်နှိးကြည့်တော့အဆင်ပြေတယ် ။ မောင်းတော့မောင်းလို့ ရနေတယ် ။ ဒါနဲ့ အားစိုက်ပြီး အိမ်ကိုမောင်းပြန်လာတယ် ။ အိမ်ရောက်တော့ အပေါက်ဝကနေပဲ သူငယ်ချင်းတွေကို ကူပါ ကယ်ပါနဲ့ အော်နိုင်တော့တယ် ။ သူ့ တို့ ပဲ ဆေးထည့်ပေး အနာဆေးပေးနဲ့  လုပ်ပေးနေတာ ။ ဒီကြားထဲ သူငယ်ချင်းတစ်ယောက်က ပုံရိုက်ထား ဒါမှဒီကောင် နောက် ဆိုင်ကယ်မစီးရဲ မှာ ဆိုပြီး ခု လို ပုံလေးရိုက်ပေးခဲ့ပါတယ် ။ ဘယ်ရမလည်းနော့ ဆိုင်ကယ်ဆိုအားကြီးကြိုက်တာကို ။ ဒါပေမယ် သောက်ပြီးမစီးရဲတာတော့အမှန်ပါပဲ ။ မွေးမိခင် ကျေးဇူးရှင်ကလည်း အိမ်မက် မက်တယ် လို့ ပြောပါတယ် ။ သူ့ အိမ်ပေါက်ဝမှာ လာအော်နေလို့ တံခါးထွက်ဖွင့်တော့ မတွေ့ ရဘူးဆိုလို့ စိတ်ပူပြီး ဖုန်းဆက်လာပါတယ် ။ ဆိုင်ကယ်မှောက်မှန်းသိတော့ နောက်တစ်ခါ မလုပ်ဖို့ မှာတမ်းတွေ ချွေနေတာ တော်တော်ကြာပါတယ် ။ အလုပ်လည်းမလုပ်နိုင် ။ ဆယ်ရက်လောက်တော့ ငြိမ်နေလိုက်ရတယ် ဗျ ။ သေဌေးကသဘောကောင်းလို့ လစာမဖြတ်တာ ကံကောင်းတယ် ။ ပိုကံကောင်းတာက ဆေးရုံတို့  ရဲစခန်းတို့ ကိုမရောက်သွားတာပဲ ။ ခုတော့ မူးရင်မမောင်းတော့ဘူး ၊ မောင်းရင်လည်းမမူးအောင်လုပ်နေတယ် ။ သူများနိုင်ငံမှာ ပိုက်ပိုက်လာရှာတာ ကနေ ထာဝရအိပ်စက်သွားရမယ့်ကိန်းဗျ ။ ကြောက်သွားပြီလားလို့ မေးရင်လည်း ကြောက်ဘူးဗျ ။ ဒါပေမယ့် ကြောက်တော့ကြောက်တာပေါ့ ငမူးလည်း လူပဲလေ ။



ထိသွားတဲ့လက်နဲ့ ခြေထောက်





ဒါကတော့ချစ်သူငယ်ချင်းတွေ ပေါ့


ကဲ နောက်တစ်ခါ ငမူး မူးရင်မမောင်းတော့ပါဘူး ဗျ အဟုတ်ပြောတာ ။




အိုက်ခီလောက်

ရှမ်းမျိုးနွယ် ဆစ်ဆောင်ပနားသင်္ကြန်

ရိုးရာသင်္ကြန်လေးနဲ့ အကိုတို့ အမတို့ ကို တင်ပေးလိုက်တယ်ဗျာ ။ ခုလို တင်ဖို့ လမ်းညွှန်ပြီးကူညီပေးတဲ မကီ ၊ ငမူးကို အမြဲလာလာပြီးပိုစ့်ရေးပါဆိုတဲ့ အကိုဖိုးစိန်ကိုရဲ လည်းစာကောင်းကောင်းမလုပ်ရပဲနဲ့ သိချင်တာကို ကူညီသွားလေရဲ့ ( မကူလို့ ရမလား သူ့ ပဲအစလုပ်ပေးတာကို ) ကြယ်စင်မင်း နဲ့ မငုံ ပိုစ့်မတင်လို့ လာအော်သွားလို့  ၊ အင်းခုတော့ ငမူးလည်း သင်္ကြန်ပေါ့  ။ ဒီရိုးရာသင်္ကြန်က ရှမ်းမျိုးနွယ် တရုတ်ပြည်နယ်စပ်မှာနေထိုင်တဲ့ ဆစ်ဆောင်ပနားလို့ ခေါ်တဲ့ ရှမ်းမျိုးနွယ်ပါ ။ ငမူးတို့ ရှမ်းတွေရဲ့ သင်္ကြန်ပေါ့ ။ သင်္ကြန်မကျခင် ” ဦးဆုံး ခေါက်မွန်းဟော်ဒေါင့်ကွေ့ ” ( ရှမ်းအခေါ် ) မုန့် ဖက်ထုတ်ကို အိမ်တိုင်းလုပ်ကျပါတယ် ။ ကောက်ညှင်းကို အမုန့် လုပ်ပြီးထညှက်ရည် ၊ ကြံသကာ နဲ့ နယ်ပါတယ် ။ အုန်းသီးလည်းထည့်တာပေါ့ ။ နယ်ထားပြီးတဲ့ မုန့် ကို ငှက်ပျောရွက်နဲ့ ထုတ်ပါတယ် ။ ပြီးမှ ပေါင်းအိုးထဲ ထည့်ပြီးပေါင်းတာပါ ။ စားလို့ ကတော့ကောင်းမှကောင်းပဲ ။ တစ်ခြားရွာက ဧည့်သည်လာရင် ဧည့်ခံရအောင်လို့ လေ ။ ရွာမှာက သင်္ကြန်ဆိုမနက်ပိုင်းက ရွာက သက်ကြီးတွေက မနက်ငါးနာရီထပြီး ကန့် တော့ခံဖို့ ပြင်ဆင်နေပြီ ။ ကန့် တော့ဖို့ ပစ္စည်းလေးတွေလည်းကိုယ့်ခြင်းနဲ့ ကိုယ့်ပေါ့ ။ ပြီးတော့ ရှမ်းဘောင်းဘီ ၊ ရှမ်းအင်္ကျီ ဝတ်ပြီး ကန့် တော့ထွက်ဖို့ လူစုတာပေါ့ ။ ရွာကလူငယ်တွေလည်းသူ့ အဖွဲ့ ကိုယ့်အဖွဲ့ ပေါ့ စုပြီး အိမ်စေ့ကန့် တော့ကျတယ်လေ အဲ့လို ကန့် တော့တာ ကမနက်ပိုင်း ကနေစပြီးကန့် တော့တာ နေ့ လည် ၁၁ ကျော်မှပြီးတယ်လေ ။ နေ့ လည်ခဏနားပြီးရင် ဘုရားကို ရေသပ္ပာယ် ဖို့ ရေမွေးနံသာနဲ့ ပက်ဖြန်းပူဇော်ဖို့ တစ်ခါပြင်ရတယ် ။ ဘုန်းကြီးကျောင်းမှာလည်း တန်ခိုးကြီးဘုရားတွေဆိုရင် သင်္ကြန်ရောက်မှဖူးရတယ်လေ ။ ဘုန်းဘုန်းတွေကလည်း သင်္ကြန်ရောက်မှ တန်ခိုးကြီးဘုရားတွေ ပင့်ပြီး ဘုရားကိုပလ္လင်ပေါ်တင်ပြီး ဘုန်းကြီးကျောင်းဝင်းထဲမှာပဲ ရှိသမျှ ဘုရားအားလုံးကို ရေသပ္ပာယ်အပူဇော်ခံ ဖို့ ကွင်းပြင်ကျယ်ကြီးထဲမှာလုပ်ပေးထားတယ် ။ ဒီတော့ရွာက လူငယ်အပျို တွေ အားလုံး ရေမွေးနံသာနဲ့ လုပ်ထားတဲ့ ရေပုံးကိုယ်စီဆွဲပြီးလာပြီးတော့ရေသပ္ပာယ် တာာပေါ့ ။ ပြီးရင် ဘုန်းကြီးကျောင်းအပြင်မှာ ရေပက်ပြီးဆော့ကစားကြတာပေါ့ ။ ညဆိုရင် အိမ်စေ့ မုန့် ဖက်ထုတ်တောင်းထွက်ကျတယ် ။ ” တုတ်ဆူးခေါက်မွန်းဟော်ဒေါင့်ကွေ့  ” ဆိုပြီး တောင်းကျတာပါ ။ ကလေးတွေ တောင်းကျတာပါ ။ ငယ်ငယ်ကတောင်းခဲ့ဖူးပါတယ် ။ ပျော်စရာအလွန်ကောင်းပါတယ် ။ ည ဆယ်နာရီအထိ မနားတမ်းအိမ်စေ့တောင်းကြတာပေါ့ ။ ကလေးဆိုတော့လည်းမမောနိုင်မပန်းနိုင်ပါဘူး ( ခုနဲ့ များကွာပါ့းD ) ဘယ်သူ့ အရများလည်းဆိုတာပြိုင်ကျတာပေါ့ ကလေးဆိုတော့လည်း ။ ရွာကသင်္ကြန်ကတော့ ဘုရားကို အရင်ဆုံး
ရေသပ္ပာယ် ပြီးမှဆော့ကစားကျတဲ့ထုံးစံရှိပါတယ် ။ နှစ်ဆန်းတစ်ရက် ဘုန်းကြီးကျောင်းကို တစ်ရွာလုံးတက်ပေါ့ ။ ရိုးရာသင်္ကြန်ပေါ့ ရှမ်းတွေရဲ့ အစဉ်အလာပါ ။ ခုထိလည်းရှိပါသေးတယ် ရွာတွေဆီမှာ ။



ဒါကတော့ ဆစ်ဆောင်ပနားလို့ ခေါ်တဲ့ ရှမ်းသင်္ကြန်ရိုးရာပါ





ရှမ်းလှပျိုဖြူများလည်းကြည့်ပါအုန်း ရေကစားနေတဲ့ ဟန် ၊ ကလေးလူကြီးမရွေး ကပြီးရေကစားနေကြတဲ့ ရိုးရာ သင်္ကြန်ပါ ရှမ်းရိုးရာ အကများနဲ့ ကြည့်လို့ မဝတဲ့ သင်္ကြန်လေးပါ



ဝန်ခံချက် ။ ။ မောရှမ်းမြေ ဆိုဒ့်မှကူးယူဖော်ပြပါသည် ။


အိုက်ခီလောက်



.

အမြည်းလေးတွေ 6 ရစ်တယ်ပေါ့ |

ဒုတိယအကြိမ် မြောက် “ပုဆိုးအောက်ကကောင်းကင်မျော့ကြီး“

ကဲ တပ့်စ်ပြန်ပြီ ကံကောင်းနေတယ် အဟတ် အားအားယားယားနေတာကို မနာလိုဘူးသိလား တွေ့ မယ် ။ ဘယ်သူရှိမလည်း တောင်ပေါ်သား ပေါ့ ခုတော့ ကြိမ်းဝါးယုံကလွဲပြီး တတ်နိုင်တော့ဘူး :D ကဲ ဆားချက်ထားတဲ့ဟာပဲ ပြန်ဖေါက်သည်ချလိုက်ပီ ။ ဒူဟာမှန်းမသိဘူး ခုထိ ရှာနေတာပဲ မူပိုင်ပျောက်နေတယ် ။ မထူးပါဘူး ယူသုံးလည်းကိစ္စမရှိဘူးဟုတ် ။ သိတဲ့လူရှိရင်ပြောပေးပါ ခုထိခွင့်မတောင်းရသေးလို့ ပါ ။ ကဲ ဒုတိယ ပေါ့ ဖတ်ပြီးတဲ့လူလည်း အားနာပါရဲ့ သိပြီးတဲ့လူလည်းအားနာပါရဲ့ ဒါလေးပဲရှိတာကို နော် ။


မြန်မာလူမျိုးတွေမှာလူမျိုးပေါင်း ၁၃၅မျိုးရှိတယ် အဲဒီထဲကမှအဓိကဆိုပြီး၈မျိုးခွဲထားတယ်နော်....
ကချင် ကယား ကရင် ချင်း မွန် မြန်မာ ရခိုင် ရှမ်းဆိုပြီးတော့လေ .........
အဲဒီလူမျိုးတွေရဲ့ ချစ်စရာအလေ့အထလေးတွေကို ပြောပြမယ်ဗျာ
အင်းလူမျိုးတွေအကြောင်းပေါ့ လူကိုခင်တတ်တယ် ဖေါ်ရွှေတယ် လာလည်တဲ့လူတွေကိုလည်း ထမင်းစားဖိတ်ပြီးကျွေးလိုက်ရမှကျေနပ်တဲ့လူမျိုးပါ ...........
ခုလည်းအဖြစ်အပျက်တစ်ခုနဲ့ သွားကြုံပြီး မအူမလည်နဲ့ ခံလိုက်ရတာကိုပြောပြမလို့ ပါ
အင်းထဲကို ပေါ့ ကျောင်းအတူနေ တစ်ခုံတည်းထိုင် တဲ့ သူငယ်ချင်းကကျောင်းပိတ်ရက်
အင်းထဲကိုလိုက်လည်ဖို့ ခေါ်တယ်လေ ကျောင်းပိတ်၇က်ဆိုတော့လည်း လိုက်လည်မယ်ပေါ့
ဒါနဲ့ အတူအင်းထဲကိုသယ်ရင်းတစ်အုပ်လုံးဆင်းပါလေရောသူ့ တို့ အိမ်ရောက်တော့
အင်းသူအင်းသားတွေရဲ့ ဖော်ရွေတဲ့ အပြုံးကိုမြင်တော့စိတ်မှာအေးချမ်းသွားတယ်ဗျာ
သူတို့ အိမ်လည်းရောက်ေ၇ာအားလုံးက ဗိုက်ကဆာနေပြီသူတို့ အဖေကလည်း ဆာနေမှန်းသိတော့
' ဟေ့ ပပက်လက်တွေ နှုတ်ခမ်းလှန်တွေချမယ် ' လို့ သူ့ အဖေ ကအော်လိုက်တော့
ကျွန်တော်တို့ တွေးလိုက်တာ ဟာ ငါတို့ တော့ ဘာဟင်းတွေစားရအုန်းမလဲလို့ တွေးလိုက်တယ်
အဲဒါနဲ့ ဟင်းတွေလာချတော့ နှုတ်ခမ်းလှန် နဲ့ ပပက်လက်ဆိုတာဘယ်ဟင်းကိုပြောတာလဲဗျ
လို့ မေးတော့ဒီမှာလေ မတွေ့ ဘူးလား နှုတ်ခမ်းလှန် နဲ့ ပပက်လက် ဆိုပြီး
ဒန်ဇလုံ နဲ့ ပန်းကန်ပြားကိုချပြတော့မှ သူတို့ ပြောတာနားလည်သွားတယ်
အင်းအသုံးအနှုန်းက ပန်းကန်က ပက်လက်လေးလန်နေလို့ ပပက်လက်တဲ့
ဒန်ဇလုံကနှုတ်ခမ်းလေးလန်နေလို့ နှုတ်ခမ်းလန်တဲ့ ဗျာ ..
' တူကြီးတို့ အားမနာနဲ့ ဝက်သားဟင်းစား နော် အားရပါးရစားနော် အားမနာနဲ့ 
'ကျွန်တော်လဲ ဘယ်မှာ ၀က်သားဟင်းရှိလို့ လဲဗျ ဆိုပြီးမေးရောဒီမှာလေကွာ ဆိုပြီး ငါးပြေမဟင်းကိုလာထိုးပြတော့မှ သြော် သူတို့ ဆီမှာက ငါးပြေမကိုရေ၀က်သားဟင်းလို့ 
ခေါ်တာကိုးလို့ သိလိုက်တယ်ဗျာအဲပြောတာပြောနေတာဇာတ်လမ်းကမစသေးဘူး
ကျွန်တော်ကောင်းကောင်းကြီးခံလိုက်ရတဲ့ပုဆိုးအောက်ကမျှော့ကြီးအကြောင်းကိုပြောပြမယ်
ကျွန်တော် စားသာစားနေတာ တို့ စရာမပါတော့ သိပ်မစားတတ်ဘူးဗျာ
အဲဒါနဲ့ ဦးလေးရေ တို့ စရာလေးရှိရင်ပေးပါအုန်းဗျ လို့ တောင်းလိုက်တော့“ဟဲ့ ပုဆိုးကိုလှန်လိုက်ကောင်းကင်မျှော်ကြီးရှိတယ် “ လို့ ပြောတော့စားလက်စတန်းလန်း
ကျွန်တော်ခင်ဗျာ နင်မတတ်ဖြစ်သွားတယ် ' ပုဆိုးလှန်လိုက်ရင် ကောင်းကင်မျှော့ကြီး ၊
ကောင်းကင်မျှော့် ဆိုတော့မိုးပေါ်ကိုထောင်နေမှာပေါ့နော် ' ဆိုပြီးတောင်တွေးမြောက်တွေးပြီး' ဦးကြီးရယ်မနောက်ပါနဲ့ ဗျာ လို့ ပြောတော့ ''မနောက်ဘူး တကယ်ပြောတာ ပုဆိုးလှန်လိုက် တောင့်တောင့်တင်းတင်းကောင်းကင်မျှော့် ကြီးရှိတယ် 'ဆိုပြီးစိတ်မရှည်တဲ့ ပုံစံနဲ့ ပုဆိုးကိုကောက်လဲလှန်လိုက်ရော ပုဆိုးအောက်ကရုံးပသေသီးတွေထွက်လာပါလေရောဗျာ
အမှန်က သူတို့ ဆီမှာ စောင်ကို ပုဆိုး ရုံးပသေသီး ကို ကောင်းကင်မျှော်ကြီးလို့ ခေါ်တယ်ဗျ ကျွန်တော်ကမသိတော့တောင်တွေးမြောက်တွေးတွေး ပြီး အဟီးပုဆိုးအောက် က .....
ကောင်းကင်မျှော့် ကြီးဆိုပြီး ဘာမဆိုင်ညာမဆိုင်ဘာညာသွားတွေးလိုက်သေးတယ်
သူ့ တို့ ကစောင်နဲ့ အုပ်ထားတာကိုးနော့ ဘယ်သိမလည်းအဲဒီအချိန်မှာ ပဲ ဦးလေးကြီးက သူအိမ်သားတွေကိုအော်ပြောလိုက်တာ' အမိတို့ ရေ လာကြည့် စမ်း မြို့ ကလာတဲ့ လူတွေ စောက်ရမ်းဆောင့်ရမ်းစားနေတယ်ကွ
ဝမ်းသာစရာပဲ 'ဆိုတဲ့အသံအပြီး ကျွန်တော်တို့  ရဲ့  တစ်ပေါက်ထဲသောအပေါက်ကထွက်လာတဲ့ အသံကတော့ဗျာ

" အွန်''


မှတ်ချက် ။ ။ အကိုတစ်ယောက်ပို့ ပေးလိုက်တာပါ ဘယ်သူ့ ဆီကယူလာမှန်းမသိပါဘူးဖတ်ပြီးတစ်အားရီရလို့ အနော့ပုံစံပြောင်းလိုက်တာ မူပိုင်တော့မသိပါဘူးဗျာခွင့်လွတ်ပေးပါ သိရင်ပြောပါ့မယ် ပို့ ပေးတဲ့အကို လည်းမမေးရသေးလို့ ပါစာရေးတာပျင်းတော့ ဒီလိုပဲ ရှာကြံလုပ်ရတယ်ဂျ ။
အမြည်းလေးတွေ 6 ရစ်တယ်ပေါ့ |

ဝါသနာတဲ့လေ

မွေးရပ်မြေညီအစ်ကိုက တော့လုပ်ချလိုက်ပြန်ပြီ အေးဆေးနေတာကို မနာလိုတာလားမသိဘူး :p ဘယ်သူ့ ရှိမလည်း တောင်ပေါ်သား ပေါ့ တပ့်စ်သွားလေရဲ့ မရေးမနေ၇အမိန့် တဲ့လေ ။ မေ၇းတာလည်းကြာပြီဆိုတော့ ခေါင်းစဉ်လေးတော့ပေါ်လာတာပေါ့လေ အပျင်းထူနေတာ ရေးဖို့ ကို အကို ၊ အမ တွေကလည်း မရေးတာကြာတော့အမြင်မကြည်တော့ဘူး နေ့ တိုင်းလာဆူနေကျတယ် ။ အကိုတွေ အမတွေ ငမူးကိုချစ်တာမြင်တော့လည်း အားရကျေနပ်စရာပါပဲ ကျေးဇူးပါပဲ အကိုတို့ အမတို့ ရယ် ။ ခုတော့ လည်းမနေသာတော့ပါဘူးရေးအုန်းမှပဲ ။



ငယ်စဉ်တုန်းကတော့ မှတ်မိနေသေးတယ် အစားကြီးတဲ့ဝါသနာလေ ။ ဘာဖြစ်ဖြစ် အများကြီးစားလိုက်ရမှ။ဒါပေမယ့်စားပြီးတိုင်းပြန်အန်တတ်တဲ့အကျင့်ကပါလာရော ။ ကောက်ညင်းစားပြီးတိုင်းဗိုက်နာတတ်တယ် ။ ဒါပေမယ့်လည်းအစားကြီးတော့ စားတာပဲ ။ တစ်ခါကလည်း အိမ်က ဧည့်သည်အတွက် ဖရဲသီးကိုပြင်ထားတယ် ။ စားကလည်းစားချင် တစ်ဝဲလည်လည်နဲ့ ရစ်သီရစ်သီလုပ်နေတာ ဖရဲသီးဘေးနားမှာ ။ အိမ်ကလူကလည်းမနေသာတော့ယူစားဆိုတော့ စားလိုက်တာ အငမ်းမရ အတင်းကိုဆွဲတော့တာ အဲ့မှာနင်ပြီးမျက်လုံးတော့ပြူးထွက်လာသလားအောက်မေ့ရတယ် ။ အသက်ရှုလည်းမဝဘူး မြို ချလည်းမရ အတင်းမြိုချတာပဲမရဘူး ။ အသက်ရှုလည်းမဝဘူး လည်ဝမှာတစ်နေတာ ငတ်ကြီးကလည်းကျနေတာကို ဖြည်းဖြည်းခြင်းစားလည်းရတာကို ခုတော့အငမ်းမရသွင်းခါမှ တစ်နေပြီ ။ နောက်ဆုံးမရတော့မှအန်ထုတ်ရတယ် ။ နည်းနည်းကြီးလာတော့ ကြောက်သွားပြီ ။

ကျောင်းတက်ရင် ပျော်တယ် ကျောင်းရောက်တော့သိုင်းကရူးလာရော ။ အခြင်းခြင်းသိုင်းကစားတယ် ။ အားရင် သိုင်းကွက်ထုတ်နေတတ်တယ် ။ အဆင်ပြေချင်တော့ အိမ်ဘေးမှာသိုင်းဆရာတစ်ယောက်ရောက်လာတယ် ။ ညတိုင်းသူ့ ဆီသိုင်းသွားသင်တယ် ။ ကီထိုင်တာလည်းပါတာပေါ့ ။ ညောင်းလိုက်တာမပြောနဲ့ တော့ ။ ကျောင်းရောက်တော့အကွက်တွေထုတ်ပေါ့ ။ သိုင်းပြောင်းပြန်ဆိုတာလည်းပါသေး :p အိမ်မှာလည်းညီအကိုဝမ်းကွဲတွေနဲ့ ချရတာပြောမနေနဲ့ တော့ ။ အဲလိုနဲ့ တစ်ဖြည်းဖြည်းကြီးလာတော့ ဂေါ်လီ ရိုက်တယ် အံစာတုံးဖက်လှည့်လာရော ။ ဖဲလည်းရိုက်တတ်တာ လေးတန်းနှစ်ပေါ့ ။ အထင်မကြီးပါနဲ့ တွမ်တီးဝမ်း ပါ အပျော်ဆော့တာလေ ။ သရေပင်ပစ်တာကနေ လိုင်းပြောင်းလိုက်တာ ။ စုံပါတယ် ရာသီကစားနည်းနဲ့ ပဲ ဝါသနာက တစ်ခုပြီးတစ်ခု ပါနေတာလေ ။ ပြီးတော့စက်ဘီးလည်းပြိုင်စီးတာဝါသနာပါတယ် ။ ကျောင်းသွားကျောင်းပြန်ဆို စက်ဘီးပြိုင်စီးကျတယ်လေ ။ ကံကောင်းလို့ ခြေလက်မကျိုးတာပြောရမယ် ။ စက်ဘီးစီးရင်လည်းအကောင်းမစီးဘူး အဖွဲ့ လိုက် ကျူရှင်သွားတက်တဲ့ ဆရာမ လမ်းထဲက ခွေးဆိုးတစ်ကောင်ကိုစပြီးမှပြေးကျတာ နောက်ကျတဲ့ကောင်သွားပေါ့းD စွန်လွတ်တဲ့အချိန်လည်း စွန်ချိန် ။လေတံခွန်ပေါ့ဗျာ ။ ဂျင်ပေါက်တဲ့အချိန်ဆိုဂျင် ။ သရေပင်ပစ်ချိန်ဆိုလည်းသရေပင် ။ ဂေါ်လီချိန်ဆိုလည်းဂေါ်လီချိန် ။ အရွယ်ကလည်းတစ်ဖြည်းဖြည်းကြီးလာတယ် ငါးတန်းရောက်တော့ မီးပုံးပျံကိုဝါသနာပါနေပြီ ။ မီးပုံးပျံလုပ်တာကိုသဘောကျလာတယ် ။ အားရင် မီးပုံပျံပုံဆွဲနေတယ် ။ ကျောင်းစာအုပ်ထဲမှာ မီးပုံပျံပုံချည်းပဲ ။ မီးရှုးရှိက်တာလည်းဝါသနာပါလာတယ် ။ မီးဆရာ ( ငမူးတို့ ဒေသအခေါ် ) ဖြစ်ချင်လာရော ။ ယမ်းတွေထောင်းကျ မီးပုံးပျံလုပ်ကျပေါ့ ပျော်ဖို့ ကောင်းလာတယ် ။ ဘေးအိမ်ကလည်း လူပဲ့မီး မီးဆရာ ဦးဖိုးထောင်ကလည်း သင်ပေးတယ် ။ ယမ်းထောင်းတာကောင်းလွန်းလို့ ကံကောင်းလို့ လက်မီးမလောင်တာ ။ မီးခြစ်ဆံကိုထောင်းတာလေ အဟတ် တွေးရင်ကြောက်တယ် ။ ရှစ်တန်းရောက်တော့လူက ဟိုလိုလို ဒီလိုလိုနဲ့ ယောင်ခြောက်ဆယ်ကာလပေါ့ ။ ကျောင်းပိတ်တော့ရွာပြန်တော့ ငါးကိုဖမ်းတာဝါသနာပါလာရော ။ ချောင်းထဲမှာသူငယ်ချင်းတွေတစ်အုပ်နဲ့ ငါးဖမ်းကျတယ် ။ ငါးကိုမိုင်းနဲ့ ခွဲပြီးပစ်တာ ။ ကျောက်ခဲမိုင်းခွဲတဲ့ ယမ်းတောင့်ပဲ တရုတ်ကလာတာ ။ မိုင်းကို မီးရှို့  ပြီးရေထဲပစ်ချလိုက်ရင်ခဏလေးပဲ ဝုန်းဆိုပြီး ရေတွေဖွာထွက်လာပြီးရင်ေ၇ပေါ်မှာငါးတွေပေါလောပေါလောပေါ်နေပြီဆိုရေထဲဒိုင်ဗင်ထိုးပြီး ဆယ်တာပဲ ။ အဲ့ရေကူးတာလည်းဝါသနာပါတယ်ဗျ ။ ခုထိပဲ ရေကူးတာတော့ဝါသနာပါတာ ။ အင်းလေးထဲတောင်ဆင်းကူးတာ ။ တောင်ကြီးဆည် ၊ ဟိုပုံးဆည် ၊ လွိုင်လင်ရေကန် ၊ နမ့်ဆန် ကနမ့်တိမ်းချောင်း ၊ ကွန်ဟိန်းက မြစ်တွေ သံလွင်မြစ်တွေ ရေတွေ့ တိုင်းကူးတာပဲ ။ တစ်ခါက အင်းထဲသယ်ရင်းနဲ့ အတူသွားလည်တာပေါ့ ။ သူ့ အိမ်က နမ့်ပန်ရွာမှာ ၊ ဖောင်တော်ဦးဘုရားနည်းနည်းကျော်လောက်ပါ ။ အိမ်ကလည်း ရေထဲမှာဆောက်ထားတာဆိုတော့ ရောက်ရောက်ခြင်းရေကကူးချင်လာတယ် ။ အားလုံးပေါင်းက ရှစ်ယောက်ဆိုတော့ ကူးချင်နေကျပြီ ။ ဒါနဲ့ ရေအရင်ကူးမယ်ဆိုပြီး အားလုံး အိမ်ပေါ်ကနေ ခုန်ပြီး ကူးကျတာပေါ့ ။ ရေငုပ်တဲ့သူ့ ကငုပ်နဲ့ ပျော်စရာတော့ကောင်းသား ။ အဲ့မှာ ဖြစ်ချင်တော့ သူငယ်ချင်းတစ်ယောက်က ကျန်နေတယ် မကူးသေးဘူး ။ အိမ်ပေါ်မှာစောင့်ပြီးကြည့်နေတာ သူ့ မြင်လိုက်တယ် ပေါလောပေါလောနဲ့ ချီးတုံးမျောပါလာတာကိုမပြောဘူး ။ ငမူးတို့ ကလည်း ရေငုပ်ပြီးပြန်အတက် တွေ့ ပါလေရောမျက်နှာခြင်းဆိုင်တည့်တည့်မှာ ဝါဝါလေးနဲ့ အဟီး ။ ဘယ်ပြောကောင်းမလည်း အပေါ်ကိုဘယ်လိုပြန်ရောက်သွားမှန်းမသိဘူး ။ ဒီလိုနဲ့ ကိုးတန်းရောက်တော့ ဆိုင်ကယ်ကိုဝါသနာပါလာရော ။ ဆိုင်ကယ်မြင်ရင်အငမ်းမရတော့ဘူး ။ ဆိုင်ကယ်ပြင်တာလည်းဝါသနာပါလာတယ် ။ ကျောင်းသွားရင် ကျောင်းမတက်သေးရင်ကျောင်းဘေးကဆိုင်ကယ်ဆိုင်မှာ သွားပြီး လေ့လာတာပေါ့ ။ ကျောင်းခေါင်းလောင်းခေါက်မှ ကျောင်းထဲဝင်တာ ။ ဆိုင်ကယ်ဘယ်လောက်စုတ်စုတ် စက်နိုးမရပါဘူးဆိုတဲ့ ဆိုင်ကယ် ငမူးနဲ့ တွေ့ ရင် နိုးတာပဲ ။ အဲလောက်ထိ ဝါသနာက ပါတာ မရအရ ပြင်တာ ။ ခုထိလည်းဝါသနာပါတုန်းပဲ ။ ရေကူးနဲ့ ဆိုင်ကယ်ပေါ့ ။ ရွာမှာလည်း ဆိုင်ကယ်ပြင်ဆိုင်မရှိတော့ ကိုယ့်ဆိုင်ကယ်ကို ပြင်တာပေါ့ ။ အကိုတွေကလည်း ဆိုင်ကယ်တက္ကစီ ဆွဲတာဆိုတော့ မသိတာမေးလည်းသူ့ တို့ ကသင်ပေးတာပေါ့ ။ ဆိုင်ကယ်ဆေးမှုတ်တာကအစ အားလုံးတတ်လာတယ်။ အိမ်ကဆိုရင် ထမင်းမေ့ဟင်းမေ့လို့ အတင်းကို ပြောယူရတယ် ။ ကားထက်ဆိုင်ကယ်ကိုပို ဝါသနာပါလာတယ် ။ ဆယ်တန်းပြီးတော့ ရွာရောက်တာနဲ့ ဆိုင်ကယ်တက္ကစီဆွဲတာပဲ ။ ဝါသနာကလည်းပါ ဆိုတော့ေ၇ထဲငါးကိုလွတ်ပေးသလိုပဲ ပျော်လိုက်တာမှ ပြောမနေနဲ့ တော့ ။ တရုတ်ပြည်နယ်စပ် ပန်ဆန်းလည်းရောက်တယ် ။ အဖွဲ့ လိုက်သွားကျတာလေ ။ တာချီလိတ်လည်းရောက်တယ် ။ မိုင်းလားလည်းရောက်တယ် ။ အစုံရောက်တယ် ။ ဆိုင်ကယ်မောင်းရင်လည်းပြိုင်စီးကျတယ် ။ လောင်းကြေးနဲ့ လေ ။ နောက်ကျတဲ့လူ က စားသောက်ဆိုင်ရောက်ရင် အရက် တိုက်ကြေးပေါ့ ။ လမ်းကလည်း တောလမ်းဆိုတော့ နွေရာသီဆိုရင် ဖုန်တစ်လုံးလုံးနဲ့  မိုးတွင်းဆိုလည်း ဗွက်တွေ ပေါ့ ။ အဲ့လို ပျော်ရာကနေ ပျက်လာတယ် လူ က ။ အပျော်ပြီးတော့အပျက်ဆိုတာမှန်တာပဲ ။ အပေါင်းအသင်းကလည်းစုံတော့ မဟုတ်တာ အကုန်တတ်လာတယ် ။ မိန်းမ ကိစ္စ ကလွဲရင် အားလုံးတတ်လာတယ် ။ အိမ်ကလည်း ရွာမှာဆက်နေရင် ပျက်တော့မယ်ဆိုပြီး ။ နယ်နှင်ဒဏ်ပေးလိုက်တာ ခုထိပါပဲ ။ ရွာပြန်ရင် အများဆုံး သုံးလ ထက်ပိုမနေရ ။ ထိန်းမရတော့တဲ့အဆုံး အမတော်ရှိရာ နိုင်ငံရပ်ခြားဆိုတာကို ရောက်လာတော့တာပဲ ။

ခုတော့လိမ်မာလျက်နဲ့ ဝါသနာပါတဲ့ဆိုင်ကယ်ကိုလေ့လာနေဆဲပေါ့ ။ ကိုယ့်ဆီမှာမရှိတဲ့ ဆိုင်ကယ်တွေကို ကြည့်ပြီးအားကျနေတယ် ။ ဝါသနာ ပါတာက တော့ မီးပုံးပျံရယ် ၊ မီးဆရာရယ် ၊ ရေကူးရယ် ၊ဆိုင်ကယ်နဲ့  ယမကာလေးဖြစ်ပါကြောင်း ။ဝါသနာပါခဲ့တာလေးတွေကို ရေးတတ်သလို ရေးလိုက်ပါကြောင်း ။ ကျေနပ်ကျမှာပါ အကိုတို့ အမတို့းD



အိုက်ခီလောက်
အမြည်းလေးတွေ 4 ရစ်တယ်ပေါ့ |