ဒုတိယအကြိမ် မြောက် “ပုဆိုးအောက်ကကောင်းကင်မျော့ကြီး“

ကဲ တပ့်စ်ပြန်ပြီ ကံကောင်းနေတယ် အဟတ် အားအားယားယားနေတာကို မနာလိုဘူးသိလား တွေ့ မယ် ။ ဘယ်သူရှိမလည်း တောင်ပေါ်သား ပေါ့ ခုတော့ ကြိမ်းဝါးယုံကလွဲပြီး တတ်နိုင်တော့ဘူး :D ကဲ ဆားချက်ထားတဲ့ဟာပဲ ပြန်ဖေါက်သည်ချလိုက်ပီ ။ ဒူဟာမှန်းမသိဘူး ခုထိ ရှာနေတာပဲ မူပိုင်ပျောက်နေတယ် ။ မထူးပါဘူး ယူသုံးလည်းကိစ္စမရှိဘူးဟုတ် ။ သိတဲ့လူရှိရင်ပြောပေးပါ ခုထိခွင့်မတောင်းရသေးလို့ ပါ ။ ကဲ ဒုတိယ ပေါ့ ဖတ်ပြီးတဲ့လူလည်း အားနာပါရဲ့ သိပြီးတဲ့လူလည်းအားနာပါရဲ့ ဒါလေးပဲရှိတာကို နော် ။


မြန်မာလူမျိုးတွေမှာလူမျိုးပေါင်း ၁၃၅မျိုးရှိတယ် အဲဒီထဲကမှအဓိကဆိုပြီး၈မျိုးခွဲထားတယ်နော်....
ကချင် ကယား ကရင် ချင်း မွန် မြန်မာ ရခိုင် ရှမ်းဆိုပြီးတော့လေ .........
အဲဒီလူမျိုးတွေရဲ့ ချစ်စရာအလေ့အထလေးတွေကို ပြောပြမယ်ဗျာ
အင်းလူမျိုးတွေအကြောင်းပေါ့ လူကိုခင်တတ်တယ် ဖေါ်ရွှေတယ် လာလည်တဲ့လူတွေကိုလည်း ထမင်းစားဖိတ်ပြီးကျွေးလိုက်ရမှကျေနပ်တဲ့လူမျိုးပါ ...........
ခုလည်းအဖြစ်အပျက်တစ်ခုနဲ့ သွားကြုံပြီး မအူမလည်နဲ့ ခံလိုက်ရတာကိုပြောပြမလို့ ပါ
အင်းထဲကို ပေါ့ ကျောင်းအတူနေ တစ်ခုံတည်းထိုင် တဲ့ သူငယ်ချင်းကကျောင်းပိတ်ရက်
အင်းထဲကိုလိုက်လည်ဖို့ ခေါ်တယ်လေ ကျောင်းပိတ်၇က်ဆိုတော့လည်း လိုက်လည်မယ်ပေါ့
ဒါနဲ့ အတူအင်းထဲကိုသယ်ရင်းတစ်အုပ်လုံးဆင်းပါလေရောသူ့ တို့ အိမ်ရောက်တော့
အင်းသူအင်းသားတွေရဲ့ ဖော်ရွေတဲ့ အပြုံးကိုမြင်တော့စိတ်မှာအေးချမ်းသွားတယ်ဗျာ
သူတို့ အိမ်လည်းရောက်ေ၇ာအားလုံးက ဗိုက်ကဆာနေပြီသူတို့ အဖေကလည်း ဆာနေမှန်းသိတော့
' ဟေ့ ပပက်လက်တွေ နှုတ်ခမ်းလှန်တွေချမယ် ' လို့ သူ့ အဖေ ကအော်လိုက်တော့
ကျွန်တော်တို့ တွေးလိုက်တာ ဟာ ငါတို့ တော့ ဘာဟင်းတွေစားရအုန်းမလဲလို့ တွေးလိုက်တယ်
အဲဒါနဲ့ ဟင်းတွေလာချတော့ နှုတ်ခမ်းလှန် နဲ့ ပပက်လက်ဆိုတာဘယ်ဟင်းကိုပြောတာလဲဗျ
လို့ မေးတော့ဒီမှာလေ မတွေ့ ဘူးလား နှုတ်ခမ်းလှန် နဲ့ ပပက်လက် ဆိုပြီး
ဒန်ဇလုံ နဲ့ ပန်းကန်ပြားကိုချပြတော့မှ သူတို့ ပြောတာနားလည်သွားတယ်
အင်းအသုံးအနှုန်းက ပန်းကန်က ပက်လက်လေးလန်နေလို့ ပပက်လက်တဲ့
ဒန်ဇလုံကနှုတ်ခမ်းလေးလန်နေလို့ နှုတ်ခမ်းလန်တဲ့ ဗျာ ..
' တူကြီးတို့ အားမနာနဲ့ ဝက်သားဟင်းစား နော် အားရပါးရစားနော် အားမနာနဲ့ 
'ကျွန်တော်လဲ ဘယ်မှာ ၀က်သားဟင်းရှိလို့ လဲဗျ ဆိုပြီးမေးရောဒီမှာလေကွာ ဆိုပြီး ငါးပြေမဟင်းကိုလာထိုးပြတော့မှ သြော် သူတို့ ဆီမှာက ငါးပြေမကိုရေ၀က်သားဟင်းလို့ 
ခေါ်တာကိုးလို့ သိလိုက်တယ်ဗျာအဲပြောတာပြောနေတာဇာတ်လမ်းကမစသေးဘူး
ကျွန်တော်ကောင်းကောင်းကြီးခံလိုက်ရတဲ့ပုဆိုးအောက်ကမျှော့ကြီးအကြောင်းကိုပြောပြမယ်
ကျွန်တော် စားသာစားနေတာ တို့ စရာမပါတော့ သိပ်မစားတတ်ဘူးဗျာ
အဲဒါနဲ့ ဦးလေးရေ တို့ စရာလေးရှိရင်ပေးပါအုန်းဗျ လို့ တောင်းလိုက်တော့“ဟဲ့ ပုဆိုးကိုလှန်လိုက်ကောင်းကင်မျှော်ကြီးရှိတယ် “ လို့ ပြောတော့စားလက်စတန်းလန်း
ကျွန်တော်ခင်ဗျာ နင်မတတ်ဖြစ်သွားတယ် ' ပုဆိုးလှန်လိုက်ရင် ကောင်းကင်မျှော့ကြီး ၊
ကောင်းကင်မျှော့် ဆိုတော့မိုးပေါ်ကိုထောင်နေမှာပေါ့နော် ' ဆိုပြီးတောင်တွေးမြောက်တွေးပြီး' ဦးကြီးရယ်မနောက်ပါနဲ့ ဗျာ လို့ ပြောတော့ ''မနောက်ဘူး တကယ်ပြောတာ ပုဆိုးလှန်လိုက် တောင့်တောင့်တင်းတင်းကောင်းကင်မျှော့် ကြီးရှိတယ် 'ဆိုပြီးစိတ်မရှည်တဲ့ ပုံစံနဲ့ ပုဆိုးကိုကောက်လဲလှန်လိုက်ရော ပုဆိုးအောက်ကရုံးပသေသီးတွေထွက်လာပါလေရောဗျာ
အမှန်က သူတို့ ဆီမှာ စောင်ကို ပုဆိုး ရုံးပသေသီး ကို ကောင်းကင်မျှော်ကြီးလို့ ခေါ်တယ်ဗျ ကျွန်တော်ကမသိတော့တောင်တွေးမြောက်တွေးတွေး ပြီး အဟီးပုဆိုးအောက် က .....
ကောင်းကင်မျှော့် ကြီးဆိုပြီး ဘာမဆိုင်ညာမဆိုင်ဘာညာသွားတွေးလိုက်သေးတယ်
သူ့ တို့ ကစောင်နဲ့ အုပ်ထားတာကိုးနော့ ဘယ်သိမလည်းအဲဒီအချိန်မှာ ပဲ ဦးလေးကြီးက သူအိမ်သားတွေကိုအော်ပြောလိုက်တာ' အမိတို့ ရေ လာကြည့် စမ်း မြို့ ကလာတဲ့ လူတွေ စောက်ရမ်းဆောင့်ရမ်းစားနေတယ်ကွ
ဝမ်းသာစရာပဲ 'ဆိုတဲ့အသံအပြီး ကျွန်တော်တို့  ရဲ့  တစ်ပေါက်ထဲသောအပေါက်ကထွက်လာတဲ့ အသံကတော့ဗျာ

" အွန်''


မှတ်ချက် ။ ။ အကိုတစ်ယောက်ပို့ ပေးလိုက်တာပါ ဘယ်သူ့ ဆီကယူလာမှန်းမသိပါဘူးဖတ်ပြီးတစ်အားရီရလို့ အနော့ပုံစံပြောင်းလိုက်တာ မူပိုင်တော့မသိပါဘူးဗျာခွင့်လွတ်ပေးပါ သိရင်ပြောပါ့မယ် ပို့ ပေးတဲ့အကို လည်းမမေးရသေးလို့ ပါစာရေးတာပျင်းတော့ ဒီလိုပဲ ရှာကြံလုပ်ရတယ်ဂျ ။
အမြည်းလေးတွေ
6 Responses
  1. မျှော့ကြီး....မျှော့ကြီး..
    ပုဆိုးအောက်ကမျှော့ကြီး..
    စားချင်လားမစားချင်တော့ဘူးလားဆိုတာမသိတော့ဘူးး...
    အရက်နဲ့တော့မြည်းလိုက်ရင်ကောင်းမလားပဲ
    အဟားး
    ခင်တဲ့
    အကိုဖိုးစိန်


  2. အိုက်..နင်တော့ ဘယ်လိုနေလဲမသိဘူး။ ငါဒီမျှော့ကြီးကို ဖတ်တော့ ပထမတခေါက်နဲ့တောင်မတူဘူး။ ငါတို့ ကိုကြီးနေလင်းကို နင်သတိမရဘူးလား။
    နင့်ရဲ့ မျှော့ကြီးနဲပ တို့တတွေ ကိုကြီးကို သတိရတဲ့ အထိမ်းအမှတ်အဖြစ်.
    ရော့..တခွက် ကမ်းပိုင့်


  3. အွန့် ..တော်တော်ဆိုးတဲ့လူ.... အဟတ်


  4. ဘယ်ဘုန်းကြီးကျောင်းလဲဗျ..


  5. ရယ်ရတယ် သူ့ ဒေသကလူတွေ တော့ ဟုတ်နေတာပဲ
    လာလည်တဲ့ သူတွေ တော့ .............


  6. အဟား လာဖတ်သွားတယ် တတိယအကြိမ် လာရီသွားတယ်ဗျာ.. (ဒုတိယ က ပထမအကြိမ်ကတည်းက ၂ခါ ဖတ်သွားလို့ ) ဟီးးးးးးး


    လေးစားလျက်
    တောင်ပေါ်သား


Post a Comment