လွမ်းဆွတ်ခြင်း

အချိန် ၊ နေ့ ရက် ၊ ရာသီနဲ့ ဥတု

အမျိုးမျိုး ပြောင်းလဲသွားပေမယ့်

ငါ့ရင်ထဲမှာ မနေ့ တစ်နေ့ လိုပဲ ထင်ကျန်နေဆဲ

နင့်ငါဘဝ ကနေထွက်ခွာသွားတာ

ဒီအချိန် ဒီနေ့ ရက် အထိပဲလေ

ဘယ်လိုမှပြန်မဆုံနိုင်မှန်းသိပေမယ့်လည်း

နင်များရောက်လာမလားဆိုတဲ့

ငါ့ရဲ့ စိတ်က တမ်းတမူကိုရူးမိုက်စေတယ်

ဘယ်တော့မှပြန်မလာနိုင်မှန်းသိနေပေမယ့်

တစ်နေ့ များနင့်ရောက်လာခဲ့ရင်ဆိုတဲ့

ငါ့ရဲ့ စိတ်ကို ငါ့ထိန်းလို့ မရခဲ့ဘူး

မရေရာ မသေချာ ပေမယ့်လည်း

နင်များရောက်လာခဲ့ရင်ဆိုတဲ့

မဖြစ်နိုင်တဲ့စိတ်က တောင်းတနေတယ်

ငါမေ့ချင်ပေမယ့်လည်း

ငါလေနင့်ကို ခုထိမမေ့နိုင်ခဲ့ဘူး

ငါတစ်ယောက် နင့်ကို စောင့်မျှော်နေတယ်ဆိုတာ

ဟိုး.....အဝေး ကကောင်းကင်ပြာပြာပေါ်ကနေ

နင့်တစ်ယောက်သိပါစေတော့လို့ .............



အဝေးတစ်နေရာကိုထွက်သွားတာကြာပြီဖြစ်တဲ့တစ်ယောက်သောသူကိုလွမ်းဆွတ်ရင်းနဲ့ ပေါ့






အိုက်ခီလောက်
အမြည်းလေးတွေ
13 Responses
  1. Welcome Says:

    ကဗျာလေး ဖတ်သွားတယ် ..
    လွမ်းဆွတ်ရင်း သောက်
    သောက်ရင်း လွမ်းဆွတ်
    သံသရာလည်နေတယ် ..

    ပျော်ရွှင်ပါစေ


  2. ပီဟွမ် Says:

    အဲဒါဘူလေးလဲ....?


  3. Anonymous Says:

    လွမ်းပြန်ပြီနော်။ ဒီအလွမ်းထဲကကို မထွက်တော့ဘူး။ လွမ်းလို့သောက်၊ သောက်ရင်လွမ်း။
    သောက်သောက် ခီလောက်ရေ .....

    ခင်တဲ့
    မကြီး


  4. ဇော် Says:

    ဟင့် အနော်လဲ လွမ်းတယ်။ အိ။ တူ့ကို ပြန်ခေါ်ပေးးးးးး။


  5. အမ Says:

    လွမ်းနေတယ်။ အင်း.လွမ်းတာလဲ လွမ်းပေါ့။ သောက်တာလဲ လျော့ဦးပေါ့။ဒီတခါ ကဗျာလေးပါရေးပြီး လွမ်းနေတယ်ဆိုတော့
    အမဖြစ်တဲ့ ငါကလဲ ကူလွမ်းပေးသင့်တယ်။ နင်ရေးတဲ့ ကဗျာလေး ကောင်းတယ်.သိလား..


  6. Welcome Says:

    တင်းပလိပ် သူထေးပဲ၊ နာ့ကိုလဲ ပြင်ပေးအုန်း ......


  7. လွမ်းနေတာကိုး ကဗျာလေးက ကောင်းတရ်
    စကားမစပ် အိမ်လေးက လှတရ်နော်


  8. သူကနတ်သမီးလား (ကောင်းကင်မှာဆိုတော့ ဒါမှမဟုတ် အကင် ကောင်းတဲ့ ဘီယာဆိုင်နာက အကင်ကောင်းကောင်းဆိုင်ကထင်တယ် ) နောက်တာနော် ယမကာဆိုတဲ့ ခေါင်းစဉ်နဲများသက်ဆိုင်မလားလို့ အကင်ဆိုင်ကို သတိရနေတာလားလို့ပါ
    ကျွန်တော်ကိုအသက်မေးထားတယ်နော် နောင်ကြီးက ကျွန်တော်က ပိုကြီးနေမလား (အသက်) ၊
    ၂၃ ကျော်ပြီးဗျ လူလောကမှပျမ်းမျှတွက်ရင် အနှစ်အစိပ်လောက်ပဲကျန်တော့တဲ့ လူသားတစ်ယောက်ပေါ့


  9. အားပါးပါး... လန်ထွက်ပြီး လျှံတက်နေတဲ့ ခံစားချက်တွေ.... ရင်ဘတ်ထဲကို ထိသွားတာဘဲ...
    သူ လေး သိနိုင်မှာပါ...


  10. ပြန်အလာကို မျှော်နေမယ့်အတူတူ 1 go 2 come ပေါ့
    :D


  11. thawzin Says:

    ကဗျာဆရာကြီးရေ လာလောက်နည်းနာသွားပါတယ်ဗျာ
    ကျွန်တော်အတွက်နောက်ကျရင်ယူမလာနဲဗျ ကျွန်တော်မသောက်ဘူးဗျ


  12. အရက်ခွက်ထဲမှာ သူ့ကိုမြင်ရလားဟင် တစ်ချို့တွေပြောတတ်ကြလို့ပါ မြင်ရင်ပြောနော် မြင်ဖူဒချင်လို့ အဟီး


  13. Dream Says:

    နာ့ဂိုရဲ တွေ့ချင်ဒဲ့ အထဲမှာ မထဲ့ဖူးပေါ့ရေ။.. တော်ပီ.. မတွေ့ချင်ဒဲ့ ချရင်းထဲမှာရဲ ထည့်ဒေါ့ဖူး...
    ဗြဲ..၀ဲ..အဲ..အဲ့.... ဟတ်ဟတ်...

    အူးအူးဖွတ်ချိန် ယိုမျိုး ဘုန်းကြီးပေး ၀တ်လိုက်မှာနော်.. ဟွန်း..
    အရက်ဖိုး လာတောင်းနေတယ်.. လူမိုက်အားပေးဖူး နော်... ဟဲဟဲ...

    အမြည်းရှယ်လုပ်ထားရင် လက်တို့လိုက်.. :P


Post a Comment