အတွေ့ ချင်ဆုံးဆယ်ယောက် တဲ့

အင်းမကြီးရောင်ပြန် tag လိုက်တာ ခုတော့မရှိမဲ့ရှိမဲ့ကနေထုတ်ပြီးပြောရတော့မှာပေါ့ဗျာ ။ ဖြစ်နိုင်ရင် အားလုံးကိုတွေ့ ချင်တယ် ။ သူ့ ပြောထားတာကလည်း ဆယ်ယောက်တဲ့ ။ ဒီတော့ ခေါင်းကိုအလုပ်ပေးပြီ မကြီးရေ ။ ဦးစွာ မကြီးရောင်ပြန်ကိုတွေ့ ချင်ပါတယ် ။ ဒါပေမယ့် သူ့ ကိုတွေ့ ချင်တဲ့လူက များနေတော့ ငမူး ကအရင်ဒိတ်ရမယ်ထင်တယ် ။ ဒီတော့မကြီး အားအောင်စောင့်ရင်းနဲ့  ဆုံဖြစ်မဲ့နေ့ လေးကို စောင့်မျှော်နေပါမယ် ။ ပြီးတော့မကြီးက ငမူးကို မောင်တစ်ယောက်လို မနက်ရုံးသွားတိုင်းဝင်ပြီး စားစရာလေးလာပေးတတ်တယ် ။ ညစာလည်းချက်ကျွေးတယ် ။ အမတစ်ယောက်လို ခင်ယုံမက တစ်ကယ့်အမလိုပဲ ငမူးမှတ်ယူထားပါတယ် ။ တွေ့ ချင်ပေမယ့် မကြီးက တွေ့ ဖို့ လူကများနေတော့ အားမယ်မထင် :P ။ မကြီးအားရင် ဖုန်းလေးဆက်လိုက်အရောက်လာခဲ့မယ် ။ ခုတော့မကြီးက ဝိုင်းဝိုင်းလည်နေတယ် ။ တွေ့ ချင်သူ့ ကအများသား ၊ ဒီတော့ မကြီးတွေ့ ချင်တဲ့လူကုန်မှ ငမူးကအေးဆေးမကြီးကိုတွေ့ တော့မယ် ။ မကြီးရေ ထမင်းဟင်းနဲ့ ချက်ပြီးဧည့်ခံဖို့ သာပြင်ထား ။ မကြီးနဲ့ တွေ့ ရင် မမူးပါဘူး စိတ်ချ ။ ခုတော့ မကြီးကို ထိပ်ဆုံးတွေ့ ချင်တာ ။ အောက်ကဆယ်ယောက်က မကြီးပြောသလို အတွေ့ ချင်ဆုံးပေါ့ ။ မကြီးနဲ့ ပေါင်းရင် ဆယ်ယောက်မကဘူးလေ ၊ ဒီတော့က မကြီးကို ထိပ်ဆုံးထားပြီး နောက်က ဆယ်ယောက်ထည့်လိုက်တယ် ။ ပိုင်ဘူးလား မကြီး ။ မကြီးကဗီအိုင်ပီပေါ့ ။ ကျန်တာက အထူးတွေ :D ။ ကဲစပြီ



ဒီတော့ ကအတွေ့ ချင်ဆုံး လူတွေကိုပြောပြပါ့မယ် ။ ဦးစွာ အနေနဲ့ ကတော့ အဟမ်း ၊
ငမူးနဲ့ အတူလက်တွဲလာတဲ့ ခုထိအချိန်ထိပေါ့ဗျာ ၊ ပြောမနာဆိုမနာလေး ပေါ့ ။ သူ့ ကိုငမူးဘယ်လိုပြောပြောမနာပါဘူး ။ သဘောလည်းအင်မတန်ကောင်းတယ် ။ ဘာလိုလို သူ့ ကိုပြောရင် သူ့ မအားတာတောင် ဖြစ်စေချင်တာကို လုပ်ပေးတယ် ။ ပြီးတော့ငမူးချောက်ချတာအလွန်ခံရတဲ့သူ့ ပါ ။ တန်ဆောင်တိုင်ကတည်းက အတွဲမိလာတယ်လေ ။ ငမူးကကောင်မလေးအကောင့်တွေပေး ပြီးသူ့ ကိုပြောတာပေါ့ ။ ဘယ်တစ်ယောက်ကဖြင့်ချောတယ် ၊ ဘယ်တစ်ယောက်ကတော့ဖြင့် မိုက်တယ် ဆိုပြီး ။ ဒါကိုသူ့ ကလည်း ငမူးပြောတဲ့အတိုင်းသွားပြောတော့ဟို ကအော်လွတ်တာခံရပေါင်းမနဲ ပါဘူး :D ။ ဒါလည်းမှတ်လားဆိုမမှတ်ပါဘူး ခုထိခံနေတုန်းပဲ ။ ငမူးဘယ်တော့လိုလို သူ့ ဖက်ကကူညီဖို့ ဝန်မလေးတဲ့ သူ ပါ ။ သူ့ ကတော့ ငမူးကချစ်စနိုးနဲ့ ခေါ်တဲ့ အရူးလေး ( ခ ) လေလွင့်အရူးပါ ။ သိချင်တယ်ဆိုရင် ဝင်သွားကြည့်လိုက်ပါ ဘယ်သူ့ လည်းဆိုတာ ။

နောက်တစ်ယောက်က အမတစ်ယောက်ပါ ။ သူ့ ကတော့အမြဲတမ်းငမူး ရစ်တာတော်တော်ခံတဲ့အမပါ ။ ခင်ဖို့ ကောင်းသလို စိတ်လည်းအင်မတန်ကောင်းပါတယ် ။ ဘယ်တော့စစ သူ့ စိတ်ဆိုးတယ်ဆိုတာမရှိပါဘူး ။ ငမူးကလည်း နိုင်ကွက် ရထားတာကိုးနော့ အမ ဟုတ်တယ်ဟုတ် ။ ခုထိကလေးလိုပဲ သူ့ စိတ်က ။ တစ်ခုခုဆိုရင် ငိုဖို့ အရင်လာပါတယ် ။ ခွန်ဖ နင့်နော် နင် ဆိုပြီး ငိုဖို့  တာဆူနေတဲ့အမပါ ။ သူ့ ကိုအတည်ပေါက်နဲ့ ပြောရင် အယုံလွယ်ပါတယ် ၊ ခံရပေါင်းလည်းမနဲပါဘူး :D ။ တစ်ကယ်တော့အပျိုကြီးဖြစ်နေပြီ ။ သူ့ ပြောတာတော့နောက်နှစ်ဆိုကျွတ်ပြီလို့ ပြောပါတယ် ။ ဘာကျွတ်မယ်ဆိုတာကို သူ့ ကိုမေးကြည့်ပါ :P ။ သူ့ ကတော့ငမူးကချစ်လို့ ခေါ်တဲ့  မပူး ၊ မဖူး ၊ နန့် ချာချီးပင်း ပါ ။ ဘယ်သူ လဲဆိုတာသိချင်တယ်ထင်ရင် ဝင်သွားကြည့်ပါ ။

နောက်တစ်ယောက်က တော့ ငမူးက သိပ်မရစ်ရပါဘူး ။ သူ့ ကတော့ အမြဲပုန်းနေတယ် ချက်ပုန်းသမား ။ အကြောင်းသိလို့ ထင်တယ် ။ ငမူးတို့ ရှမ်းပြည်အတွက် ဆိုဒ့်လေးတစ်ခုပေါ့လေ လုပ်ကျတယ် ။ အားလုံးစုပေါင်းပြီးတော့ပေါ့ ။ သူ့ ကဆိုရင်ဖြင့် တတ်သည့်ပညာမနေသာဆိုသလို ဆိုဒ့်မှာဝေနေတဲ့ သူ ပါ ။ အရင်ကဆိုရင် သူ့ ကအွန်လိုင်းမှာရည်းစားအများကြီးထားဖူးပါတယ် ။ သူ့ ကိုယ်တိုင်ပြောတာ :P ။ သူ့ ဆိုဒ့်မှာတောင် မှတ်ချက်ပေးခိုင်းပါတယ် ။ အွန်လိုင်းအချစ်ကိုယုံပါသလားဆိုတာလေ ။ ငမူးတော့မသိတော့ ၅၀% ပဲ ပေးခဲ့တယ် ။ သူ့ ကတော့အင်းတော်ပါပြီ နာမည်ပြောင်မပေးတော့ပါဘူး ။ ငမူးကတန်ဆောင်တိုင်ကတည်းက ခေါ်လာတဲ့နာမည်ပါ ကိုစတား ပါ ။ ဘယ်သူ လည်းသိချင်တယ်ထင်တယ် ဝင်ကြည့်ပါ :D ။

နောက်တစ်ယောက်ကတော့ ဘလောက်ဂါ ကင်းလို့ အမြဲစနေတဲ့သူ့ ပါ ။ အရူးနဲ့ အတူ စနေကျဖြစ်ပါတယ် ။ သူ့ ကတော့ စကားပြောရင် ရီစရာနဲ့ ပြောတတ်ပါတယ် ။ ပြီးတော့ မဟုတ်မခံတဲ့စိတ်ရှိသူပါ ။ ငမူးလည်းသူ့ ကိုထိရင်မခံပါဘူး ။ သူ့ ဟာသူ့ ခံပါမယ် :P ။ သူ့ ဆိုရင်ဖြင့် ငမူးတို့ ကိုအားပေးတဲ့စိတ် ၊ ဖြစ်အောင်လုပ်စေချင်တဲ့စိတ် တွေ ကို အမြဲပြောပေးနေတဲ့သူ ပါ ။ အကူအညီလိုရင်လည်း အမြဲပေးနေတဲ့သူ့ ပေါ့ ။ ဆုံစည်းရာမှာခင်လာကျတဲ့သူ ပါ ။ တစ်ကယ်ခင်ဖို့ ကောင်းပါတယ် ။ အကြော်ကောင်းစားချင်ရင် သူ့ ဆီသွားပါ ။ တောင်ကြီးကနာမည်ကြီးအကြော်ဆိုင်က သူ့ ဆိုင်ပါပဲ ။ သူ့ ကတော့ငမူးခေါ်နေကျ သောင်ပေါ့ကား ပါ ။ သိမယ်ထင်ပါတယ် အဟတ် ဝင်ကြည့်လိုက်ပေါ့နော် ။

နောက်တစ်ယောက်က တော့ အပျိုကြီးအိမ်မှာ ခင်လာတဲ့ ကောင်မလေးပါ ။ အစတော့ ရန်ဖြစ်နေကျပါ ။ ခုတော့လည်းပြောမနာဆိုမနာတွေဖြစ်သွားတဲ့ တစ်ယောက်ပါ ။ တစ်ယောက်နဲ့ တစ်ယောက်မတွေ့ တာကြာရင် ဟဲ့ နင့်သေနေပြီလားပျောက်နေတာကြာပါ့ ဆိုပြီး နှတ်ဆက်တတ်တဲ့သူ့ ပါ ။ တစ်ကယ်ခင်ဖို့ ကောင်းပါတယ် ။ သူ့ ကတော့အမိမြန်မာပြည်ကပေါ့ ။ သူ့ ကိုတော့နာမည်ပြောင်မပေးရသေးပါဘူး ။ သူ့ လည်းငမူးရစ်တာမကြာခဏခံရပါတယ် ။ လင်းလင်းလို့ ခေါ်ပါတယ် ။

ဒီခါတော့ အပျိုကြီးအကြီးကြီးပါ ။ ဘာကြီးလည်းဆိုတာ သူ့ မေးကြည့်နော် :D ။ ငမူးရစ်တာကို သိနေတဲ့အမတစ်ယောက်ပါ ။ ငမူးမသိတဲ့တန်းပလိပ်ကိုချိန်းခိုင်းလို့ ငမူးတစ်ညလုံးဒုက္ခ ရောက်သွားပါတယ် ။ သိမှမသိတာကို သူ့ ကိုသိတယ်လုပ်ပေးမယ်ဆိုပြီးချောက်ချ မှ ကိုယ်တိုင် ထိသွားတဲ့ညလေးပါ ။ ဒါပေမယ့် သူ့ ကို လုပ်ပေးလို့ ငမူးလည်းပညာရသွားတဲ့နေ့ လေးပေါ့ ။ ကျေးဇူးတင်ပါတယ် အမား ။ တစ်ကယ်တော့ငမူးကမသိပဲ သိချင်ယောင်ဆောင်ပြီး အာမခံလိုက်တာ :P ။ ခုမှပေါ်တယ် အမရေ ။ ပြီးတော့ သူ့ က မဟုတ်မခံစိတ်နဲ့ အမြင်မတော်တာကို ရေးနေတဲ့ တော်လှန်ရေးရဲဘော် လေးပါ ။ တော်လှန်ရင် လှန် ၊ တော်မလှန်ရင် ကျုပ်လှန်မယ် ဆိုတာမျိုး :D ။ ဘုရားပုံတော်တင်ထားပြီး သူများစီပုံးက အရုပ်လေးကိုလိုက်ခိုးတာတစ်ညလုံးပေါ့ :P ။ သူ့ ကတော့ မကီ ပါ ။

နောက်တစ်ယောက်ကတော့ ငမူးကိုချစ်လွန်းလို့  ဆွေမျိုးတော်ထားတဲ့ သူ ပါ ။ အချင်းချင်းစကျနောက်ကျနဲ့ ပျှော်ဖို့ အင်မတန်ကောင်းပါတယ် ။ စိတ်ရင်းလည်းကောင်းပါတယ် ။ သဘောထားးကတော့ပြောမနေနဲ့ ငမူးကိုတောင် ညီမပေးထားတယ် ။ ယောက်ဖလောင်းလေးခွန်ဖ ဆိုပြီး သူ့ အိမ်မှာ ကြေငြာထားတယ် ။ သူ့ လည်းအကိုတစ်ယောက်လိုခင်ပါတယ် ။ ငမူးမသိ တာရှိရင် အမြဲကူညီနေကျ အကိုပေါ့ ။ ငမူးပျင်းလို့ စာမရေးရင် အတင်းပဲ ရေးခိုင်းတဲ့သူ ပေါ့ ။ သူ့ ကချက်ကြီးလေ သိတယ်လို့ ထင်ပါတယ် ။ စာဖိုမှုး ကိုချက်ကြီးလို့ ခေါ်ပါတယ် :D ။ သူ့ နဲ့ အရက်အတူသောက်ဖို့ ချိန်းထားပါတယ် ။ကိုဖိုးရှုပ် လို့ ငမူးခေါ်တဲ့ ချစ်ကိုကြီးပါ ။


ဒီတစ်ယောက်ကတော့ အပျင်းထူတယ် ။ စတွေ့ တုန်းက ယောက်ကျားလေးမှတ်ပြီး ပြောနေတာ ။ သူ့ ကလည်း ယောက်ကျားလေးနာမည်နဲ့ ဆိုတော့ မသိဘူး ဗျ ။ နည်းနည်းကြာမှ သူ့ နားက ပုံကောင်းကောင်းလေးတောင်းရင်းနဲ့ ရင်းနှီးသွားတယ် ။ အဲ့သူငယ်ချင်းတစ်ယောက်ပြောမှ သူ့ ကို ကောင်မလေးမှန်းသိသွားတာ ။ သူ့ ကိုမေးတော့ လည်းဟုတ်တယ်တဲ့လေ ။ ငမူးပဲ အ တာလားမသိဘူး ။ တစ်ခါမှစကားမပြောဖူးတာကိုနော့ ။ သူ့ လည်း ငမူးဆီကို အရက်ကောင်းကောင်းနဲ့ လာမယ်လို့ ဆိုထားပါတယ် ။ ငမူးကတော့ သူ့ ကို သောက်ပျင်းလို့ ခေါ်ပါတယ် ။ သူ လည်းချက်ပုန်း ပဲ ။ အမြဲတမ်းပုန်းနေတာ ။ ပုန်းနေပေမယ့် ငမူးကိုတွေ့ ရင် အမြဲခေါ်ပါတယ်။ စကားပြောရင် ဘုကျကျပြောတတ်တဲ့သူ ပါ ။

ဒီတစ်ယောက်ကတော့ အစအနောက် တော်တော်သန်တဲ့ သူ ပါ ။ အတည်ပေါက်နဲ့ ပြောတတ်တဲ့သူပေါ့ ။ သူများကိုလည်းချောက်ချမယ့်လူစားမျိုး ။ သားဦးစနေ မီးလို မွှေ ဆိုတာ သူ့ ပါပဲ ။ ငမူးကတော့ သူ့ ကို အမှတ်တရ အနေနဲ့ နာမည်လေးပေးခဲ့ပါတယ် ။ သူ့ ကလည်းစိတ်မဆိုးပါဘူးလို့ တော့ပြောပါတယ် ။ မချစ်သော်လည်းအောင့်ခါနမ်းဆိုသလို ပေါ့ :P ။ နမ်းမှာတော့မဟုတ်ပါဘူး အောင့်မှာတော့သေချာတယ် ။ အကွက်ကြုံရင် ဆော်ဖို့ ပြင်ထားသလားလို့ အမြဲတမ်း သတိထားရပါတယ် ။ သူ့ ကတော့ဂြိုလ်မွှေသား ပေါ့ ။

နောက်ဆုံးပိတ်အိတ်နဲ့ လွယ်မှာကတော့ ငမူးကိုရစ်တတ်တဲ့သူ ပါ ။ ရစ်စရာမရှိကြံဖန်ရစ်တတ်လွန်းလို့ ပါ ။ လူတစ်ဖက်သားကို ခင်အောင်ပေါင်းသင်းနိုင်စွမ်းရှိပါတယ် ။ ပွင့်ပွင့်လင်းလင်းရှိလို့ တစ်ကယ်ပဲခင်မိပါတယ် ။ ပြောလိုက်ရင် ရစရာမရှိပါဘူး ။ မယုံရင် ပြောကြည့်ကျပါ ။ ငမူးတော့လက်တွေ့  ကို ခံခဲ့ရဖူးပါပြီ ။ သူ့ ပြောတဲ့စကားလေးမှတ်မိနေပါတယ် ။ ယောက်ကျားဆိုတာ စစ်ပွဲနဲ့ အိပ်ယာပေါ်မှာသတ္တိမရှိရင် ယောက်ကျားမဟုတ်ဘူးတဲ့  ။ အဲ့လိုမျိုးဗျ ခေါင်းခဲတယ်ဆိုတာ ။ သူ့ လည်းယောက်ကျားလေးမှတ်နေတာ ။ နောက်မှ ခင်ဖို့ ကောင်းတဲ့ညီမငယ်လေးဖြစ်နေလေရဲ့  ။ ခင်တာမကြာသေးဘူးဆိုပေမယ့် တစ်ကယ် လူရင်းလိုပဲ ပေါင်းလို့ ကောင်းတဲ့သူပါ သူ့ ကတော့ပေါင်းမယ်မသိဘူး ငမူးတော့အတင်းကိုပေါင်းနေပါပြီ :P ။ သူ့ ကတော့ ဂျစ်ညီမလေးဇော် ဖြစ်ပါတယ် ။

ကဲ အတွေ့ ချင်ဆုံးဆယ်ယောက် တော့ရေးလိုက်ပြီ မကြီးရောင်ပြန်ရေ ကျေနပ်နိုင်မယ်လို့ ထင်ပါတယ် ။ ကျန်တဲ့လူများတော့ နောက်တစ်ခါပေါ့ ။ ရေခပ်မကြုံထင်းခွေတော့ကြုံမှာပါ ။ ဒီမှာမပါလည်း နောက်ဖက်မှာပါလို့ ရပါတယ် အဲ့လေ နောက်တစ်ခါပေါ့ ။ လာရောက်အလည်လာတဲ့မိတ်ဆွေတွေ လည်း တွေ့ ချင်ပါတယ် ။ မကြီးကဆယ်ယောက်တဲ့လေ ။ သူ့ ကတော့ဗီအိုင်ပီ နေရာမှာရှိနေတယ် ။ ဒီတော့ကျန်တဲ့ဆယ်ယောက်ကိုရေးလိုက်ပါတယ် ။ တွေ့ ဖို့ လည်းအခွင့်ကောင်းနေပါတယ် ။ ရှမ်းပြည်ကလူတွေချည်းပဲဆိုတော့လေ ။ တစ်ကယ်ပါ တွေ့ ချင်ပါတယ် ။ တွေ့ မှအရက်ဖိုးတောင်းလိုက်မယ် :D ။




အိုက်ခီလောက်
အမြည်းလေးတွေ
12 Responses
  1. အင်း ..ယောက်ဖလေးက စာရေးလဲကောင်းတယ်
    လိမ်မာရေးခြားလဲရှိတယ်
    အကြီးကိုအကြီးမှန်းသိတယ်
    ယဉ်ကျေးတယ်
    အလုပ်ကြိုးစားတယ်
    စကားကိုချစ်အောင်လဲပြောတတ်တယ်
    ဒီလိုယောက်ျားကောင်းတစ်ယောက်ကို ကိုယ်အရမ်းချစ်တဲ့ညီမကိုပေးရတာတန်ပါတယ်
    မူးတာကတော့ အကိုလဲမူးနေကြဆိုတော့ ခွင့်လွှတ်တယ်..ပေါင်းပြီးတော့သောင်းကျန်းလို့ တောင်ရသေးတယ်..
    အကိုဘက်ကနေမားမားမတ်မတ်ရပ်တည်ပေးတဲ့ညီလေးယောက်ဖကိုမှ မချစ်ရင်အကိုလူဖြစ်ရကျိုးနပ်မှာမဟုတ်ဘူးထင်တယ်..
    တွေ့ချင်တဲ့အထဲပါတဲ့အတွက် ယောက်ဖတစ်ယောက်အနေနဲ့ ရော..ညီအကိုလိုရောဂုဏ်ယူပါတယ်..
    ညီလေးကိုအမြဲတမ်းချစ်ခင်တဲ့
    အကို
    ဖိုးစိန်


  2. Anonymous Says:

    ခီလောက်လူလည်လေး။ အဲဒါကြောင့် ချစ်နေရတာ။ စိတ်ချ ပပူနဲ့အခု အလုပ်တွေပိနေလို့ ပြီးသွားရင် ပြန်ချက်ကျွေးမယ်နော်။ အတိုးတောင်းမှာဆိုးလို့ မြန်မြန်ရေးလိုက်တယ်ပေါ့လေ။ ရေးထားလိုက်တာလည်း အကြောင်းပြချက်လေးတွေကို ခိုင်လုံနေတာပဲ။ မကြီးတို့ မောင်နှမတွေ တွေ့ကြတာပေါ့။ မမူးတဲ့နေ့ ချိန်းလိုက်လေ။ ဟဟ
    အပျံစား ချက်ကျွေးမယ် သိလား။ လာခဲ့နော် ...

    မကြီး
    ရောင်ပြန်


  3. kiki Says:

    ဟဲ့ ငမူးလေး ..ဆိုင်ကယ်မှောက်ပြီးနောက်ပိုင်း လူမမှောက်နေတော့ရင် တိုးတက်လာပြီဆိုရမယ်။
    တော်လှန်ရေးမှာ မှောက်နေလို့ မဖြစ်ဖူးလေ ။ သိတယ်ဟုတ် ။ တလွဲတော့ မတွေးနေနဲ့အုံး ။နာလဲ နင်ပြောမှဘဲ တော်လှန်ရေး သမားကြီးကိုဖြစ်လို့ ပါလား ။ နင့်အမ နာ့ကိုတွေ့ ချင်ရင်တော့ မူးမနေတဲ့ အချိန်မှ ဖြစ်မယ် ဟေ့ ။ နို့ မို့ ဆို နာပါမူးချင်စိတ်ပေါက်မှာစိုးလို့ ။ နေကောင်းအောင်နေအုံး ။ နာက အချက်အပြုတ်မကောင်း ။ အရိုက်တော့ကောင်းတယ် ။ မငုံ နဲ့အတူ ထားဝယ်ကြိမ် ဆောင်ထားတယ် ..ဟိဟိ.


  4. Welcome Says:

    တဂ်ပို့စ်လေးအားပေးသွားတယ်။ ပျော်ရွှင်အဆင်ပြေပါစေ။
    နာလည်း တောင်ကြီးသားပဲ မတွေ့ချင်နေပေါ့ .. ချိတ်ချိုးဒယ်။


  5. ဝေ.. ပီခီလောက်က ကိုစတားလို့ခေါ်တော့ တစ်မျိုးကြီးပဲ.. ပုန်းပုန်းချက်နေတာမဟုတ်ပါဘူး... ဆိုဒ်အတွက် တစ်ခုခုလုပ်နေရင် မအားဘူးလေ.. ဒါကြောင့် ပုန်းနေရတာပါ.. လိုအပ်ရင် ထွက်ပါတယ်.. ( အွန်လိုင်း လမ်းပေါ်ကို ).. အခုတောင် ပိုက်ပိုက်ပျက်လို့ ကွန်ကိုရောင်းလိုက်တာ.. အခုထက်ထိ မော(၀်) ဆိုဒ်ကို မပြင်နိုင်သေးဘူး.. ဒါလည်း မရဘူး.. အားလုံးက ပိုစ့်တွေဆက်တင်နေတာပဲ.. :D

    ကယ်လေ.. တွေ့ရင်ဖြင့် ဘုရားဖြူက တစီးထီ ဆိုင်ကို ဆိုင်ကယ် ၃ ယောက်စီးနဲ့ တတ်ကြတာပေါ့..

    ကျေးဇူးတင်ပါတယ်..
    ကြယ်စင်မင်း
    www.kingofstar7.com


  6. ဇော် Says:

    မငုံရေ... ကျနော်တော့ မျက်ခုံးလှုပ်တယ်ဗျ။ ဆရာပေါ်က ကြော်ငြာလိုက်၊ ခု ဂျစ်ကိုက ကြော်ငြာလိုက်နဲ့ ကျနော်မှ ၀ိုင်းဝိုင်းမလည်ရင် ဒီနှစ်ယောက်ကို တရားခံရှာရမယ်။ ဟိဟိ။


  7. ပီဟွမ် Says:

    တွေ့ချင်သူတွေနဲ့ အမြန်ဆုံးတွေ့နိုင်ပါစေ။
    ဘုရားဖြူ တဆီးထီဆိုင်သို့ ဆိုင်ကယ်လေးများနဲ့ အမြန်ဆုံးသွားနိုင်ပါစေ။
    အဲ...တွေ့ချင်တဲ့သူတွေထဲမှာ သူလေး မပါပါလား။


  8. အိုက်ခီလောက် Says:

    ဘူယေးယဲ အဲ့ဒါ ဘူယေးယဲ


  9. မငုံ Says:

    :D အင်း..ရေးလိုက်တဲ့ပုံစံကတော့.ထားဝယ်ကြိမ်လား..အရက်ဖိုးလာတောင်မသိတော့ဘူး။
    အခုပဲ.မြှောက်လိုက်၊အခုပဲ ကိုင်ပေါက်လိုက်နဲ့။
    ရှမ်းပြည်သားတွေမို့.တွေ့တာနဲ့ ခေါင်ရည်နဲ့ လမုန်းပေါ့နော့..


  10. ဒါပေါ့ မငုံရ ဟဟ ။ ရောက်လာတရ် ဖတ်တရ် များများမမန့်နိုင် တာ့တာ ။ အစ်ကိုကြီးကိုချစ်ကြောင်း သတင်းကောင်း ဟောင်းဟောင်း ။

    (ကိုရဲ)


  11. ၁၁ မီးငြိမ်းအောင် ၁၁ယောက်ပေါ့ :D


  12. စာရေးကောင်းတဲ့ယမကာသမားလေးပါလာ့းဂုမှသိရတာနောက်ကျသွားတယ့်
    ဒါပေမဲ့အချိန်မနှောင်းသေးပါဘူးနော့ဟဲဟဲ့အေးဆေးနွေးထွေးပေါ့
    ကြက်ကြော်နဲ့ ဝီသကီ goodသဟ့


Post a Comment