မိန်းမဆိုးလေး

လူရယ်လို့ ဖြစ်လာသော်လည်းပဲ ရှေးက ပါလာတဲ့ကုသိုလ်ကံခြင်းက မတူတာရယ်ကြောင့် ၊ လူ လူ ခြင်းပေမယ် ဖြစ်လာရတဲ့ ၊ ခံစားရတဲ့ ဘဝပေးအခြေအနေက မတူကြဘူး ။ လူကံဆိုတာကလည်း ပြောရခက်တယ် ။ ဆုတောင်းကြတာခြင်းလည်းမတူတာရယ်ကြောင့် ဖြစ်နေရတဲ့ဘဝတွေ လည်း ခြားနားလို့ ပါ ။ တစ်ချို့ လည်း လိုလေသေးမရှိ မတောင့်မတ ၊ မကြောင့်မကျ နေနိုင်ကျတယ် ။ တစ်ချို့ လည်း တစ်နေ့ လုပ်တစ်နေ့ စားတွေ လေ ။ သေဌေးတစ်ချို့ တွေက ငွေမျက်နှာ တစ်ခုတည်းနဲ့ နိုင်ထက်စီးနှင်းကျတယ် ။ သူတစ်ပါးသားပျို ၊ သမီးပျိုတွေကို ငွေနဲ့ ပေါက်ပြီး အတင်း သား၊ မယားလုပ်နေကြတယ် လေ ။ ငွေနဲ့ အရာရာကို ထိန်းချုပ်ထားကျတယ် ။ ဒီလိုလူတွေကို ဘယ်သူ့ မှ မပြောရဲ ကျဘူး ။ ဘာကြောင့်လည်းဆိုတော့ ငမူးတို့ နယ်စပ်ဖက်မှာ အဖွဲ့ အစည်းဆိုတဲ့ လူတွေပေါ့ ။ အထူးအခွင့်အရေးတွေ ရနေတော့လုပ်ချင်တာလုပ်နေကျတယ် ။ ပြီးတော့ဗျောက်လည်းခါးကြားချိတ်ထားတော့ ဘယ်သူ့ ကသွားပြောရဲမလည်းနော့ ။ အာချောင်မှ ပြောင်းဝက ကိုယ့်ဖက်လှည့်လာမှာတော့ကြောက်သား ။ လူပဲလေ ကိုယ့်အသက်ထက် ဘာကိုနှမြောနေရမှာလည်း ။ ပြီးတော့ ဒီလိုလူတွေက ဒေသ ဖွံဖြိုးတိုးတက်ရေးဆိုတာထက်သူ့ တို့ စည်းစိမ် တွေ တိုးပွားရေးပဲ လုပ်နေကျတာပေါ့ ။ မိန်းမလည်းယူချင်တိုင်းယူနေကျတာလေ ၊။ မဟုတ်တာလုပ်နေလည်း ဘယ်သူ့ ကသွားပြောရဲမှာလည်း နော် ။ ဒီလိုလူတွေ ကလည်း ငွေ နဲ့ လုပ်ချင်တိုင်းလုပ်နေကျတယ် ။ တစ်ချို့ လူတွေလည်းကောင်းပါတယ် ။ ခုပြောတာက တစ်ချို့ သောသူတွေ ဆိုပါတော့ ။ သူ့ တို့ လို လူမဆန်တဲ့ ရင်ခွင်ကြားမှာ အညွှန့် တုံးရတဲ့ သမီးပျိုတွေ ဘယ်လောက်တောင်များနေပြီလည်းမသိဘူး ။ မရှိလို့ လုပ်စားပါတယ် ဆိုမှ သူ့ တို့ ရဲ့ မက်လုံးတွေ ၊ ငွေနဲ့ အရာရာကို ထိန်းချုပ်ပြီး လုပ်ချင်တိုင်းလုပ်နေကျတာ ။ ဒီလိုလူတွေ ကိုတော့ ဘယ်သူ့ မှ မပြောရဲ ပေမယ့် ဘဝ တစ်ခုလုံးရင်းလိုက်ရတဲ့ မိန်းကလေးတွေ ကို တော့ ရစရာမရှိအောင်ကို ကဲ့ရဲ့ ကျတယ် ။ အားပေးစကားပြောဖို့ ဆိုတာဝေးလို့ ၊ အရင် ဆုံးပုတ်ခတ်ပြောဆိုကြတယ် လေ ။ သူ မတန်အောင် အမျိုးမျိုးကဲ့ရဲ့ ပြောဆိုကြတယ် ။ လူမဆန်တဲ့ လူတွေကြောင့် မိန်းမပျိုလေးတွေ ခမျာ အပျိုလေးဖြစ်ချိန် ဆယ့်ခြောက် ဆယ့်၈ှစ် ဆိုတဲ့အသက်အရွယ်မှာပဲ ဘဝ တစ်ခုလုံး ရင်းလိုက်၇တယ်။ ဆင်းရဲတော့လည်း ငွေ မရှိတော့ မတတ်သာတဲ့အဆုံး လူမဆန်တဲ့ ရင်ခွင်ကြားမှာပဲ ငွေကိုရှာနေကြတယ်လေ ။ ဒါပေမယ့် သူ့ တို့ ရဲ့ ဒုက္ခတွေ ၊ ပေးဆပ်လိုက်ရတဲ့ ဘဝ တစ်ခုလုံး ၊ ချစ်သူ ၊ ပတ်ဝန်းကျင် တစ်ခုလုံးကို သူ့ မသိသလို နေခဲ့ ရတယ် ။ သူ့ တို့ ရဲ့ မျက်ရည်ကို ဘယ်သူ့ မှမတွေ့ ကြဘူး ။ ပြီးတော့ ဝိုင်းကဲ့ရဲ့ ကြတာက မိန်းမဆိုးလေး ပိုင်းလုံးမ ၊ မယားငယ် ။ သူ့ တို့ ရဲ့ ဘဝ တစ်ခုလုံးအရှုံးခံပြီး ရင်းထားရတာတော့ မသိကြဘူး ။ အားလုံးပဲစဉ်းစားကြည့်ပါ လူဆိုတာ ကောင်းတာပဲ နေချင်ကြတယ် ၊ အရာရာကို ပြီးပြည့်စုံချင်ကျတာချည်းပဲလေ ။ ဆုတောင်းကြတာလည်း ကောင်းတာတွေချည်းပဲ ။ ဖြစ်လေရာဘဝ ဆက်တိုင်း ကောင်းရာမွန်ရာလေးနဲ့ နေချင်ကြတယ် ။ ဒါပေမယ့် ဖြစ်လာရတဲ့ အကျိုးပေးခြင်းမတူတော့ ၊ ဆင်းရဲနွမ်းပါးတာတောင်မှ ဒုက္ခကရောက်နေသေးတယ် ။ မလုပ်ချင်တာလည်းလုပ်နေရတယ်လေ။ အားလုံးပဲ စဉ်းစားကျပါ ဘယ်သူ့ က ပိုင်းလုံးမ ဖြစ်ချင်မလည်း ၊ သူ များအကဲ့ရဲ့ ခံ ချင်မလည်း ။ အပြောအဆိုခံချင်မလည်း လို့ လေ ။ ပြီးတော့ မိဘ ၊ မောင်နှမတွေ နဲ့ ခွဲခွာချင်မလည်း ။ ဘယ်သူ့ မဆိုကိုယ့်ချစ်သူနဲ့ အတူနေချင်တာပေါ့ ။ လူမဆန်တဲ့ ရင်ခွင်ကြားမှာ ဘယ်သူ့ ကပျော်နေနိုင်မလည်း ။ အသက် ၊ သွေး ၊ချွေး နဲ့ ရင်းပြီး ဒုက္ခ ခံနေ၇တာ ဘယ်သူ့ သိနိုင်မလည်း ။ သူများ အမုန်းတွေကြားမှာ သူ့ တို့ ဘယ်လောက်တောင် အရှက်ကွဲ နေပြီလည်း ။ အနေရခက်နေပြီလည်း တွေးမိကြရဲ့ လားဗျာ ။ ဒါပေမယ့်လည်း ကံကြမ္မာဆိုးကဝင်မွှေသွားတော့ သူ့ တို့ ကို မျက်နှာသာမပေးတော့ သူ့ တို့ ရဲ့ မိသားစု ၊ ရည်ရွယ်ချက် ၊ ချစ်သူ ၊ အရာရာအားလုံးကို စွန့် လွတ် ခဲ့ရတယ်လေ ။ တစ်ခါတစ်လေမှာသူ့ တို့ ဘဝလေးတွေကိုစာနာ သနားစွာနဲ့ စဉ်းစားပေးကြပါလား ။ သူ့ တို့ ဟာ မိဘကို လုပ်ကျွေးနေတဲ့ မိန်းမဆိုးလေး ဆိုတာ မသိကြဘူးလား ။ ကိုယ်တိုင် အနှစ်နာခံပြီး မိဘ တွေကို လုပ်ကျွေးနေတဲ့ သူတွေဆိုတာ မမြင်မိကြဘူးလား ။ တစ်သက်လုံးနာမည်ပျက်နဲ့  နေထိုင်သွားရတော့မယ် ။ ကိုယ့်အဖေ လောက်အသက်အရွယ်ကို ယူထားရတာလေ ။ ဒါပေမယ့် သူ့ တို့ ရဲ့ စိတ်မှာ ဖြူစင်နေတယ် ဆိုတာ သိပေးကြပါ ။ စာနာပေးကြပါ ။ သည်းခံပြီးတော့ မိန်းမဆိုးလေးလို့ မပြောပါနဲ့ လား ။ နားလည်သဘောပေါက်ပေး မယ်ဆိုရင် ကောင်းမှာပဲ ။ သူ့ တို့ မကောင်းကြောင်းကိုမပြောပါနဲ့ လား ဗျာ ။ အားလုံးပဲတွေးကြည့်ပါ လူရယ်လို့ ဖြစ်လာရင် ဘယ်သူ့ မဆို ကောင်းတာလေးတွေ ဖြစ်ချင်ကြတာပါပဲ ။ နေရာကောင်းကို ရောက်ချင်ကျတာပါပဲ ဗျာ ။ ဘယ်သူ့ ကမိန်းမဆိုးလေးဖြစ်ချင်ကျမှာလည်း ၊ မိန်းမဆိုးလေးဖြစ်ချင်တာမဟုတ် ရပါဘူး ။ မိန်းမဆိုးလေးပိုင်းလုံးမ ဖြစ်ချင်တာ မဟုတ်ရပါဘူး ၊ မကောင်းတဲ့ မိန်းမလည်းမဖြစ်ချင်ကျပါဘူးး ။ နားလည်ပေးကြပါ သူ့ တို့ ဘဝလေးတွေကို ။ အဆိုးဖက်ကမမြင်ဘဲနဲ့  အကောင်းဖက်ကလည်းတွေး ပြီးနားလည်ပေးကြပါလား ။


အိုက်ခီလောက်


အမြည်းလေးတွေ
21 Responses
  1. မြင်ပါတယ်
    စိတ်ထဲကကိုနစ်နစ်နဲနဲစာနာနားလည်ပေးတယ်လေ
    ကိုယ်တိုင်လဲညီမဆိုတာရှိတော့ ကိုယ်ချင်းစာတယ်
    ပြီးတော့ ကိုယ်တိုင်လဲဒီလိုမိန်းကလေးမျိုးတွေရဲ့ခံစားချက်တချို့ကိုသိခွင်ရခဲ့တာမျိုးရှိတယ်
    ပြည့်စုံနေတဲ့ဘဝရနေတဲ့သူတစ်ယောက်ကဒီလိုဘဝမျိုးရောက်တာရှားပါတယ်လေ
    အဆင်မပြေတဲ့ဘဝ အရင်ဘဝဝတ်ကျွေးတွေကြောင့်သာဒီဘဝမှာဒီလိုဖြစ်ရတယ်ပေါ့
    နောက်ဘဝကောင်းဖို့အတွက်ဒီဘဝကိုရင်းထားလိုက်တယ်လို့ပဲဖြေသိမ့်လိုက်ပါ
    တကယ်ကိုကိုယ်ချင်းစာပေးနိုင်ပါတယ်

    ဒါနဲ့ ညီလေးယောက်ဖက
    ဘယ်ကနေဘယ်လိုစိတ်ကူးရလို့ဒီအကြောင်းရေးမိတာတုန်း
    ဆောင်းပါးပုံစံပညာပေး အသိတရားပေးတဲ့ပိုစ့်ကောင်းလေးတစ်ပုစ်ပါလား
    စာရေးကောင်းတယ်
    ခံစားချက်ပေါ်လွင်အောင်ရေးနိုင်တယ်
    ဆက်ရေးပါ
    များများရေးပါ
    ကလောင်စွမ်းပိုထက်လာမယ်
    ယောက်ဖအချင်းချင်းကူညီဖေးမကြမယ်လေ
    အဟီးး
    ချစ်ခင်စွာဖြင့်
    ဖိုးစိန်


  2. yehtutnaung Says:

    တန်ဖိုးရှိတဲ့ post ပါဗျာ။ အရင်းကို စစ်ကြည့်ပါလို့ တော့ မပြောချင်တော့ပါဘူး။ သိတဲ့အတိုင်းလေ။ ပြောချင်တာကတော့ အကြောင်းကြောင့် (၀ါသနာအရ မဟုတ်ပါ) ဘ၀၀မ်းစာကို အခုလိုပုံမျိုးနဲ့  ရှာဖွေနေရတဲ့ အမျိုးသမီးတွေကို လူအများစုက နှာခေါင်းရှုံ့ ၊ ၀ိုင်းကဲ့ရဲ့ ၊ စည်းအပြင်ထုတ်တဲ့ အတွေးဆိုးကြီးကို ရှုံ့ ချချင်တာပါပဲ။ တကယ်တော့ အဲဒီလို ပြစ်တင်ဝေဖန်နေမယ့်အစား ဘယ်လိုပုံစံမျိုးနဲ့  ကယ်တင်စောင့်ရှောက်ရမလဲဆိုတာ လုပ်သင့်တာပါ။ အဲလိုမှ မလုပ်ဘူးဆိုရင် သူတို့ ဘ၀တွေက ဒီထက်မက စိတ်ဆင်းရဲ၊ စိတ်ဒဏ်ရာတွေရအောင် ပြုလုပ်နေတာနဲ့  အတူတူပါပဲဗျာ။ ဒီလိုနဲ့  မြန်မာတွေ ဒါဝဋ်ဆိုပဲ ကံကိုပဲ ပုံချ။ ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာ ဆိုပြီး လုပ်နေကြတာ။ တကယ်တော့ လူဟာ လူပဲ။ အသိညဏ်၊ ဆင်ခြင်ညဏ် ရှိတဲ့သူက သူ့ ထက် မပြည့်စုံတဲ့သူကို ဖေးမ စောင့်ရှောက်ရမယ့် ဆိုတာ လူ့ ကျင့်ဝတ်ပါ။ အဲဒီလိုမှ မဟုတ်ရင် ဘယ်လောက်ပဲ စည်းစိမ်ပြည့်စုံ ပညာတတ်နေပါစေ လူမပီသတဲ့ လူ့ ကျင့်ဝတ်မသိတဲ့လူလို့ ပဲ သတ်မှတ်ပါတယ်။


  3. ခလောက်က ဒီတခါတော့ ဟုတ်သွားပြန်ပြီဟေ့ ဂွတ်တယ်ဟ


  4. အင်းးးး လို့ပဲ သက်ပြင်းချရမယ် ခီလောက်ရေ.. ဘယ်သူအပြစ်မှ မဟုတ်ပါဘူး ပြောရင်လဲ ပြောတာပဲ အဖတ်တင်မှာပါပဲဗျာ.... ဒီလိုမျိုးတွေနဲ့ လူဘ၀ကို ကုန်ဆုံးသွားရတဲ့လူတွေလဲ မနဲတော့ပါဘူးဗျာ.. တကယ့်ကို စိတ်မကောင်းဖြစ်မိပါတယ်...


    လေးစားလျက်
    တောင်ပေါ်သား


  5. တကယ်ကိုတန်ဖိုးရှိလှတဲ့စာလေးတွေပါ
    အမြင်မတူကြတဲ့ဝါဒတွေကြားထဲကနေ
    အကောင်းမြင်ဝါဒီသမားတစ်ဦးလိုမျိုး
    ကိုယ့်အတွေးလေးတွေနဲ့တိုက်တွန်းထား
    တဲ့ဟန်ပန်ကလေးတွေက သဘောကျ
    စရာအရမ်းကောင့်း


  6. ဇော် Says:

    ဂျစ်ကိုက သိလှချည်လားဗျ။ ဂျစ်ကိုက အတွေ့အကြုံရှိတယ်ထင်ပါ့။ ပြောမရဘူး။ ကိုယ်တိုင်ကြုံတွေ့ခံစားဖူးလို့ဖြစ်မယ်။ ဟိဟိ။ ဟုတ်တယ်မို့လား ဂျစ်ကို။ ဟီးဟီး ။


  7. သယ်ရင်း အိုက်ခီရေ
    ဘဝမှာ လမ်းကြောင်းမျိုးစုံ နှင့် ကိုယ့်ဘဝတိုးတက်ရာ ရှာရာမှာ ဒီလို နုငယ်တဲ့ မိန်းကလေးတွေ လမ်းတစ်ဝက်မှာ နင်းခြေခံရတာ အရမ်းနှမြောစရာပါပဲ။့  အိုင်တွေ့ တိုင်း ခြေဆေးချင်တဲ့
    မျက်နှာဖုံးနဲ့ တစ်ချို့ လူတွေရယ် ငွေကြောင့်ရယ် စနစ်ဆိုးတစ်ခုရယ်ကြောင့် ထင်တရ်။
    ကောင်းတဲ့ ပိုစ့် တစ်ခုပါပဲ သယ်ရင်းရေ

    ခင်မင်ခြင်းနှင့်
    တလနွန်


  8. thawzin Says:

    အင်း
    လူတွေကလဲတွေ့ရင် သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်းပဲ ပြောကြတာလေ, သူတို့စကားကြောင်းထဲပါသွားတဲ့လူကတော့ အကောင်းထက် အဆိုးကိုပဲရွေးပြောကြတာပါပဲ, လောကမှာ အကဲရဲ့မခံရတဲပုဂ္ဂိုလ်မရှိဘူးလေ, ပြောစရာမရှိရှာကြံပြောနေကြတဲ့လူအကျင့်ဆိုးတွေထဲမှာ မဟုတ်တာလေးလုပ်ထားရင်တော့ အပြောခံရမှာပဲလေ, ဘယ်လိုပဲဖြစ်ပါစေ အတတ်နိုင်ဆုံးဆင်ခြင်ရမယ် , မိမိကို ပြောရင်ရောဆိုတဲ့ “ကိုယ်ချင်းစာစိတ်” စိတ်လေးရှိနိုင်အောင် ထားနိုင်ရင်တော့ ကောင်းဆုံးပေါ့ဗျာ.... ကျွန်တော်လဲမပြောဘူးမဟုတ်ဘူး ပြောဖူးတယ် , သိလာတော့လဲဆင်ခြင်နေရပါတယ်, စိတ်မနောပဲ လွန်ပါစေ ၀စီနှုတ်တွေမပါလာအောင်တော့ ထိန်းကြရမှာပဲ အကိုရေ... အကိုလဲရှောသောက်ဗျ အရက်သမားတွေစုမိရင် ၀ိုင်းမိရင်လဲ ဘာတွေပြောသလဲဆိုတာ သိမှာပေါ့။ အကို... စိတ်ဆိုးရဘူးနော် ဆရာလုပ်တာပါ :)


  9. mysterysnow Says:

    ခီလောက်ရေ

    လူတွေရဲ့ ဘဝထဲကို ဝင်ကြည့်မှ သိရတာမျိုးဆိုတော့...
    စာနာတတ်သူတွေ ကိုယ်ချင်းစာတတ်သူတွေ အကောင်းမြင်တတ်သူတွေ
    များလာပါစေလို့ပဲ ဆုတောင်းမိပါတယ်။
    မိန်းကလေးတိုင်းကတော့ မွေးကတည်းက ဒီလိုဘဝမျိုးတွေကို ရောက်ဖို့
    ယောင်လို့တောင် မစဉ်းစားမိကြပါဘူး...
    ဘဝကပေးလာတဲ့ အသိလေးတွေ ရှိကြပေမယ့်
    မိန်းကလေးတိုင်း ကံမကောင်းတတ်ကြပါဘူး။


  10. မငုံ Says:

    အိုက်..နင်ပိုပိုတော်လာတယ်။။ မူးတာလေးလျော့ဖို့ပဲလိုတယ်။ ကိုမြစ်ကျိုးအင်းအိမ်မှာ ဖတ်ကြည့်တယ်မလား.
    ရှေးဘ၀ကုသိုလ်ကံဝဋ္ဋ်ကြွေးကြောင့် ဒီလိုဘ၀မျိုးကို ရောက်နေရပေမဲ့ ဘယ်သူမှ ဒီလိုဘ၀မျိုး မလိုချင်ကြပါဘူး။ ဘ၀ဆက်တိုင်း ဒီလိုအဖြစ်မျိုးကနေ လွတ်မြောက်ပါစေလို့ ဆုတောင်းသံလေးတွေကို ဝေမျှဆုတောင်းပေးကြတာပေါ့။
    ငါလဲ မအားတာနဲ့ ခုမှ လာမန့်ရတော့တယ်။ ထားဝယ်ကြိမ်ပြန်သိမ်းသွားတယ်။ မူးရင်ပြန်လာမယ်:D


  11. Anonymous Says:

    ခီလောက်ရေ ........ မကြီးမောင်လေးက စနောက်နေပေမယ့် ဘ၀နဲ့ စတေးပြီး ကျေးဇူးစပ်နေကြတဲ့ မိန်းခလေးတွေရဲ့ ဘ၀မှန်ကို နားလည်ခံစားတတ်သားပဲနော်။ ဟုတ်ပါတယ်မောင်လေး လူတွေကနားလည်မှုတွေလွဲပြီး စာနာမှုတွေကင်းနေသမျှ ဒီမိန်းခလေးတွေရဲ့ ဘ၀က အပြောအဆိုခံနေရ စမြဲလေ။ စာနာ နားလည်စွာနဲ့ ပညာပေးတဲ့ ဒီပိုစ့်လေး ရေးပေးတဲ့ မကြီးမောင်လေးရဲ့ စိတ်ဓါတ်လေးကိုတော့ တကယ်လေးစားသွားပါတယ်။

    ခင်မင်လျှက်
    မကြီး


  12. ဟုတ်ပါတယ်ဗျာ.. ပီခီလောက်ရဲ့ ပိုစ့်ကြောင့် ကျွန်တော်ခံစားမိပါတယ်... သူတို့ဘ၀တွေကို ကျွန်တော်တို့ စက္ကန့်ပိုင်းလောက် ခံစားကြည့်ရင်တောင် ဘယ်လိုနေမလဲဆိုတာ..ကိုယ့်ကိုပြန်တွေးကြည့်နိုင်ပါတယ်...

    သူတို့ဘ၀လေးတွေ သာယာပါစေလို့ပဲ ဆုတောင်းပေးနေမိပါတယ်...

    ကျေးဇူးတင်ပါတယ်
    ကြယ်စင်မင်း


  13. Unknown Says:

    ကိုအိုက်ခီရေ......မိန်းမဆိုးလေးတွေရဲ့ ဘဝကိုစာနာသွားပါတယ်..။ပိုစ့်ကောင်းလေးတပုဒ်ဖတ်ရတဲ့အတွက်ကျေးဇူးပါ..။


  14. သူငယ်ချင်းရဲ့ ပို့စ်ကို သဘောကျမိတာ တခုရှိတယ်..အဲဒါက အများသူငှာ ရေးလေ့မရှိတဲ့
    ရှုထောင့်ကနေ ရေးပေးထားလို့ပဲ။ပြီးတော့ ထက်သန်တဲ့စေတနာ..အဲဒါတွေမြင်ရတယ်။
    နယ်စပ်မှ မဟုတ်ပါဘူး မြို့ပေါ်မှာလည်း ဒီလိုအဖြစ်တွေက မကြားချင်မှ အဆုံးပါပဲ..
    သူများနိင်ငံတွေမှာလည်း ရှိတာပဲ..ဒါပေမယ့် ငါတို့ နိင်ငံက ပိုပြီး အဖြစ်များတယ် ပိုပြီးဆိုးရွား
    တယ်ဆိုရင်တော့ ဒါတော်တော်လေးလွဲနေပြီ..တခုခုပြင်ဆင်သင့်ပြီ...
    အဲဒါမျိုးလုပ်ပြီး မိသားစုကို ရှာကျွေးနေတယ်ဆို အဲဒါ မိန်းမဆိုး လို့ မသတ်မှတ်သင့်ဘူး..
    အာဏာ အရှိန်အ၀ါ အားကိုးနဲ့ ပစ္စည်းယူပြီး ငွေမရှင်းတဲ့ စိန်စီထားတဲ့သူတွေက မှ မိန်းမဆိုးပါပဲ။
    သူငယ်ချင်းရဲ့ တိုက်တွန်းချက်လေးကိုလည်း သဘောကျပါတယ် ..သူငယ်ချင်းပြောတဲ့ မိန်းမဆိုးလေးတွေကိုလည်း စာနာပါတယ်ကွာ
    .....ခင်မင်သောအားဖြင့်...

    (အပိုဒ်လေးတွေ ခွဲပြီးရေးရင် ဖတ်တဲ့သူတွေ ပိုပြီးရှင်းရှင်းလင်းလင်း ဖတ်လို့ကောင်းမယ်လို့ ထင်ပါတယ် ဒါက သူငယ်ချင်းကို စေတနာနဲ့ အကြံပေးတာပါ)


  15. ဟုတ်ကဲ့ အကိုမြစ်ကျိုးအင်း နောက်ဆို အပိုဒ့်လေးတွေ ခွဲပြီးရေးပါ့မယ်
    ဝေဖန် အကြံပြုတာကိုလည်း ကျေးဇူးတင်ပါတယ် အားလုံးလာပြီးအကြံပေးတာကို ကျေနပ်ပါတယ်
    အနော့ဒီထက်ကောင်းအောင် ရေးချင်ပါသေးတယ်


  16. ပီဟွမ် Says:

    လက်ရည်တွေတက်လာပြီ...ခံစားချက်ရှိတဲ့၊ စဉ်းစားစရာများတဲ့၊ တန်ဖိုးရှိတဲ့ ပိုစ့်တွေရေးတတ်နေပြီပဲ..။Cheer........................


  17. ပြောတဲ့လူတွေကလည်း နှမသားချင်းမစာမနာပြောတတ်ကြတယ်
    ဒီထဲမျာ ခီလောက်မပါဘူးပေါ့
    တော်ချက် :D


  18. Ko Boyz Says:

    အကြွေပန်းရဲ့ သဘော...။ အနမ်းမခံဝံ့တော့ပြီလား..။
    ပျိုတယ် အိုတယ် ဆိုတာ ကျဉ်းမြောင်းတဲ့ အယူအဆပါပဲ...။
    ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်း ဖြစ်ချင်တယ်။
    အကြွေပန်းပေမယ့် ရွှေနန်းတော့ ထိုက်ချင်တယ်...။


  19. Ko Boyz Says:

    ဖြစ်ကြတယ်..။ လာကြတယ်.. သွားကြတယ်.. <---- ဒါတွေကို ယရစ်ြ- နဲ့ ရေးရတယ်။
    အပေါ်ကနေ အောက်ကို ပြုတ်ကျတယ်။ လိမ့်ကျတယ်။ သဘောကျတယ်။ <--- ဒါတွေကို ယပင့် -ျ နဲ့ ရေးရတယ် ဆို လာပြောပြတာ...။


  20. နေညိုရင့်ပြောတာလည်း ဟုတ်တယ်။
    ပို့ စ်လေးကောင်းတယ်။
    ကိုဘကတော့ ပျိုပျိုအိုအို လူမရွေးဘူးတဲ့။ ပေါက်စီဘဲရွေးစားတာ။


  21. လာ မန့်ရတာ ခုမှ ဆိုတော့ နာ နောက်ဆုံးဘဲ
    အဲ ဟုတ်တယ် ငါလည်း အဲသည့်ဘက်တွေ ကာလတော်တော်များများ အလုပ်လုပ်ဖူးတယ်။ ရွာတွေမှာ ဆို ပိုလိုတောင် ဆိုးတယ် ထမင်းလေး တစ်နပ်အတွက် ဘဝ တစ်ခုလုံး စတေးလိုက်ရတဲ့ အပျိုလေးတွေ အများကြီးဘဲ။
    ဒါမျိုးတွေ ခဏခဏ ကြုံရတော့ သိတယ်မဟုတ်လား ခံယူချက် ကြီးကြီးနဲ့ အလုပ်လုပ်နေတဲ့ကောင်ဘဲ ဘာရမလဲ ဖြေရှင်းပေးလိုက်တာပေါ့ ရော့ မလိုချင်ရင် ဟော့သည်လို ဆေးစားရတယ် ဆိုပြီး ဟားဟ အဲ ဟုတ်တယ် ကိုယ်က သေနပ်ပြောင်းဝ နှစ်ခုကြား သွားလုပ်နေရတာလေ။ သားဆက်ခြားရေး ပညာပေး ခဲ့ရုံမှ အပ .......ဒင်းတို့ကို ...


Post a Comment