လိုအပ်ချက်နဲ့ အလိုချင်ဆုံး

ညီလေးအဆိပ်ခွက်လေးက တပ်စ့်ထားတယ်ဗျ အလိုအပ်ဆုံးနဲ့ အလိုချင်ဆုံးတဲ့လေ ။ ရေးပေတော့ပေါ့နော် ဒီတော့လည်း တပ်စ့်ထားတာကြာပြီဗျ ။ ခုတစ်လော စိတ်ဖိစီးမူများနေတော့ ရေးချင်ပေ့မယ့် မရေးနိုင်ဘူးဖြစ်နေတယ် ။ ဘလောက်က အကိုတွေ အမတွေ ကလည်း သိပ်မသောက်ပါနဲ့ ဆိုပြီး တားကြပါတယ် ။ အားလုံးက လည်းသိနေတယ်လေ ခုတစ်လောစိတ်ဖိစီးနေတော့ တစ်အားသောက်မှာစိုးလို့  ဝိုင်းပြောကျတာ ဝမ်းသာလိုက်တာ အဲ့လို မောင်နှမစိတ်လေးတွေ မြင်ရတော့ သူ့ တို့ စကားနားထောင်ပါတယ် ။ မသောက်ဖြစ်အောင်နေလိုက်တယ် ။ ကဲ အားလုံးမသောက်တော့ဘူးနော် ရံဖန်ရံခါတော့ သောက်ဖြစ်မယ်ထင်ပါတယ် ။ လိုအပ်ချက်နဲ့ အလိုချင်ဆုံးက တစ်ယောက်နဲ့ တစ်ယောက်မတူတော့ လိုချင်တာခြင်းလည်းတူမှတူပါလိမ့်မယ် ။

လိုအပ်ချက်တဲ့  ဘာတွေ လိုအပ်နေလည်းဆိုတာ စဉ်းစားမိတော့ ငယ်ကအဖေနဲ့ ရှင်ကွဲခဲ့ရတော့ အဖေလို့ ထင်ခဲ့မိတာတွေ ။ အဖေကိုတွေ့ ချင်လို့ အမေကိုယ်တိုင် အဖေဆီအရောက်ပို့ ပေးတာတွေ ကို မြင်ယောင်မိတော့ အမေ့ကိုပိုသနားလာမိတယ်လေ ။ ပြီးတော့ အမေဆင်းရဲဒုက္ခခံပြီး ခုလိုအခြေအနေအထိ ရောက်အောင် ပို့ ပေးတဲ့အမေ့ကို လိုအပ်မိတယ် ။ ထားခဲ့တဲ့အဖေကိုလည်း စိတ်နာတယ် ဖြေသိမ့်လို့ မရခဲ့ပါဘူး ။ ကျွန်တော့ဘဝမှာ အမေ ကိုလိုအပ်တယ် ။ အမေ့ ကျေးဇူးတွေ သိပြီးတဲ့နောက်ပိုင်း ကိုယ့်တိုင် ပြုပြင်နေခဲ့ပါတယ် ။ အမေ့မကြိုက်တဲ့ အရက် လည်း မသောက်ဖြစ်အောင် နေခဲ့တယ် ။ အပေါင်းအသင်းစုံမှသာ သောက်ဖြစ်ခဲ့ပါတယ် ။ အမေ စကားကို နားထောင်နိုင်အောင်ကြိုးစားနေဆဲပါ ။

ကျွန်တော်ဘဝမှာ လိုအပ်ချက်က အမေ ပါပဲ အမေသည်သာ အားကိုးရာအားထားရာ မှီခိုရာပါ ။ မောပန်းလာတဲ့သားတွေ သမီးတွေကို အပြုံးနဲ့ ဆီးကြိုနေတဲ့အမေ ။ အဝေး ကနေ ပြန်လာတဲ့ သားငယ်သမီးတွေ ကို ပင်ပင်ပန်းပန်းသူ့ ကိုယ့်တိုင် ချက်ပြုတ် ကျွေးမွေးမှအားရတဲ့အမေ ။ ညေ၇ာက်ရင်လည်း ဝမ်းသာပီတိနဲ့ စကားတွေ အများကြီးပြောပြီး ညနက်သည့်အထိ မအိပ်ပဲ သားတွေ သမီးတွေ နဲ့ အတူပျော်နေတဲ့အမေ ။ ဆိုးတဲ့သူ့ သားအငယ်ဆုံးကို အမြဲဆုံးမနေတတ်တဲ့အမေ ၊ အမေ့ဆီရောက်ရင် ပျော်ရတယ် ။ အမေက မြို့ မှာမပျော်ဘူးနော် အမျိုးများတဲ့ရွာမှာပဲအနေပျော်တဲ့အမေ ။ တစ်နှစ်တစ်ခေါက် ရွာပြန်တဲ့အချိန်ဆို အမေ့ခမျာ ဝမ်းသာလွန်းလို့ သူ့ သားတွေ သမီးတွေကို လာတဲ့လူတိုင်းကို ကြွားနေရတာ ။ မောရပန်းရမှန်းမသိအောင်ကို အမေပျော်နေတာကို ပြန်မြင်ချင်သေးတယ် အမေရယ် ။ ကျွန်တော် လိုအပ်ချက် က အမေ ပါပဲ ။ အမေ ရှိနေရင် အမေ့ကိုလုပ်ကျွေး ပြီးနေမယ် ။ အမေသဘောကျတာတွေ ကိုလုပ်ပေးမယ် ။ အမေ့စကားနားထောင်မယ်ဗျာ ။ ခုလို အဝေးကိုရောက်နေတော့ အမေနဲ့ နေစဉ်က စကားနားမထောင်တာတွေ ၊ ဆိုးချင်တိုင်းဆိုးနေတာကို တွေးပြီး ဝမ်းနည်းမဆုံးဘူးဗျာ ။

အမေကတော့ တစ်ပြုံးပြုံးနဲ့ သားလေးပြောသမျှကို နားထောင်ပေးနေတယ်လေ ။ ငယ်ကတည်းက အဖေနဲ့ မနေခဲ့ရဖူးတဲ့သားလေးကို အမေက တစ်အားချစ်တယ် ။ လူလားမြောက်အောင် ကျွေးမွေးပြုစုပျိုးထောင်ပေးခဲ့တဲ့အမေ့ကို ကျေးဇူးဆပ်နိုင်အောင် ကြိုးစားရမယ်ဗျာ ။ ကျွန်တော်လိုအပ်ချက်ကတော့ မွေးမိခင် ကျေးဇူးရှင် အမေ ပါပဲ ။ ကျွန်တော့ဘဝမှာ လိုအပ်ချက် ပါပဲ ဗျာ ။ ခုထိအသက်ရှင်နေထိုင်ပေးတဲ့အမေ့ကိုလုပ်ကျွေးရတာ ကံကောင်းတယ်လို့ ထင်မှတ်ထားပါတယ်ဗျာ ။

အလိုအပ်ဆုံး တဲ့ ကျွန်တော့ဘဝမှာ အလိုအပ်ဆုံးက မောင်နှမတွေ စုံစုံညီညီ အတူတူထမင်းစားချင်တာ ပါ ။ ငယ်တုန်းက အတူတူစားခဲ့ဖူးတာကို သတိရလိုက်တာ ဗျာ ။ အငယ်ဆုံးဆိုပြီး အသားအများဆုံးစားရတာက ကျွတ်တော်ပါ ။ ဘာဖြစ်ဖြစ် သူများထက်ဦးစားပေးခံရ အလိုလိုက်ခံရတာ ကျွန်တော်ပါ ပဲ ။ ဒီလိုမောင်နှမတွေ နဲ့ အတူတူပြန်နေချင်ပေမယ့် မဖြစ်နိုင်တော့ပါဘူးဗျာ ။ အားလုံးက တစ်ယောက်တစ်နေရာဆိုသလိုပဲ အသီးသီးထွက်ခွာသွားကြပါပြီ ။ ပြန်ဆုံဖို့ ဆိုတာ မလွယ်တော့ပါဘူး ။ အိမ်ထောင်အသီးသီးနဲ့ သူ့ တို့ လည်း သူ့ တို့ ဘဝကို ဖြတ်သန်းနေတော့ ပြန်ဆုံပြီးအတူတူထမင်းလက်ဆုံစားရဖို့ ဆိုတာ မဖြစ်နိုင်မှန်းသိပေမယ့်လည်း ဘုရားရှိခိုးလို့ ဆုတောင်းတိုင်း အမြဲဆုတောင်းနေပါတယ် ။ အလိုချင်ဆုံးပါပဲ ဗျာ ခုထက်ထိပဲ မောင်နှမအားလုံးနဲ့ အတူတူ ငယ်တုန်းကလို အမေက ပြုံးပြီး ကြည့်နေတယ် လေ ။

အငယ်ဆုံးဆိုတော့ ရသမျှစားတော့ ညဆိုအစာမကျေတော့ ဗိုက်နာတတ်တော့ အစ်ကိုတွေ အစ်မတွေ က ဗိုက်ကို ရေနွေးထည့်ထားတဲ့ပုလင်းလေးနဲ့ လိမ့်ပေးတယ်လေ ။ ဗိုက်နာပျောက်တယ်လို့ တော့ပြောကျတာပဲလေ ။ တစ်ကယ်လည်းပျောက်ပါတယ် အစ်ကို အစ်မတို့ စေတနာတွေ မေတ္တာတွေ ကြောင့်ထင်ပါတယ် ။ အဲ့လို လုပ်ပေးနေရင် လူက အိပ်ပျော်သွားတတ်ပါတယ် ။ မနက်လင်းလာရင်လည်း အစ်ကိုအကြီးဆုံးက လက်ဖက်ရည်ဆိုင် သွားတော့အမြဲခေါ်သွားပါတယ် ။ အိမ်မှာ ခေါက်ဆွဲလုပ်ရောင်းတော့ နေ့ တိုင်းခေါက်ဆွဲချည်းစားနေတော့ ထမင်းမစားတော့တဲ့ ကျွန်တော်တို့ ကို ညရောက်တော့ ခေါက်ဆွဲတွေ အများကြီးကြော်ပြီး စားခိုင်းတာ လေ အစ်ကိုကြီးက ။ ဗိုက်က မဆန့် လည်းအတင်းစားခိုင်းနေတာလေ သူ့ ကိုကြောက်နေတော့ စားရတာပေါ့ ။ အမေ့က ကုန်သည်ဆိုတော့အိမ်မှာမရှိဘူးလေ အဲ့ချိန်က ။ ဒါနဲ့ စားလိုက်တာ လူကို နောက်မစားချင်ဖြစ်သွားတယ် ။ အဲ့မှဆိုင် ကလည်း အမြတ်ထွက်တယ်ထင်တယ် ။

ဒီလိုပါပဲ မောင်နှမတွေနဲ့ ခုလိုအသက်အရွယ်နဲ့ အတူတူထမင်းလက်ဆုံစားချင်တယ် ။ ဖြစ်နေရတဲ့ အခြေအနေတွေ ၊ လုပ်နေတဲ့အလုပ်အကိုင်တွေ ကို ရေပက်မဝင်အောင်ပြောရင်း ငြင်းခုံနေချင်သေးတယ်ဗျာ ။ အငယ်ဆုံး မောင်လေး ညီလေးဆိုပြီး လုပ်ချင်တာမှန်သမျှကို လုပ်ခွင့်ပေးခဲ့တဲ့ အစ်ကို အစ်မ တွေကို တစ်အားသတိရတယ် ။ အားလုံးထက် အငယ်ဆုံးကိုမှ ဝိုင်းချစ်ကြတဲ့အစ်ကိုတွေ အစ်မတွေ ကို အလိုချင်ဆုံးပါပဲ ။ မဖြစ်နိုင်မှန်းသိပေမယ့်လည်း ကိုယ့်လိုချင်တာကိုတောင်းဆိုကြတာ မလွန်ဘူးထင်ပါတယ် နော် ။ ကျွန်တော်ပြုပြင်နေတယ် အရင်လိုမဟုတ်တော့တဲ့အကြောင်း ဖုန်းဆက်ပြီးပြောရတာ မောတောင်မောတယ်ဗျာ ။ စကားပြောရင် အကောင်းမပြောတဲ့ကျွန်တော့ကို အားလုံးက ခုလို ပြောလာတော့အံသြနေကြတယ်လေ ။ သူ့ တို့ စိတ်ထဲမှာ ကလေးငယ်တစ်ယောက်လိုပဲ ထင်နေလားမသိဘူးနော် ။ ကျွန်တော်တို့ မောင်နှမတွေ စည်းစည်းလုံးလုံးရှိတာကို မြင်တဲ့သူ့ တိုင်းအားကျတတ်ကြတယ် ။ တစ်ယောက်ကို တစ်ယောက်ဖေးမလို့ တစ်ဦးလက်ကိုတစ်ဦးကဆွဲလို့ လက်တွဲခေါ်လာတာ တစ်ရွာလုံးကလူတွေ အံသြနေကြတယ် ။ ဒါပေမယ့်ဗျာ အတူတူ လက်ဆုံထမင်းစားရတာတော့ မဖြစ်နိုင်တော့ဘူးပေါ့ အနေတွေ ဝေးနေကြပြီလေ ။ အလိုချင်ဆုံးကိုပြောပါဆိုရင် မောင်နှမအားလုံးအတူတူဆုံချင်တယ်ဗျာ ။

ကဲ အားလုံးရဲ့ လိုအပ်ချက်နဲ့ အလိုချင်ဆုံးကတော့ ကျွန်တော်နဲ့ ထပ်တူဖြစ်ချင်မှဖြစ်မယ်နော့် ။ ဒါပေမယ့် ကျွန်တော်ဘဝမှာတော့ ဒါတွေ က အရေးပါနေတယ်လေ ။ ငွေတွေ ၊ ဂုဏ်တွေ ၊ ပကာသနတွေ ၊ တစ်ခြားအားလုံးသောအရာတွေ ကို မလိုချင်ပါ ဘူး ။ အမေကို လိုအပ်တယ် ၊ မောင်နှမအားလုံးနဲ့ ပြန်ဆုံချင်တယ် လိုချင်တယ် ဒါလေးပါပဲဗျာ ။ ခေါင်းစဉ်လေးနဲ့ တပ်စ့်ထားတဲ့ ညီလေး အဆိပ်ခွက်လည်း ကျေးဇူးတင်ပါတယ် ။ ကျွန်တော်စိတ်ခံစားချက်များသာဖြစ်ပါတယ် ။ တစ်ကယ်လည်း ဖြစ်လာမယ်လို့ လည်းယုံကြည်နေပါတယ် ။ တစ်နေ့ ဆိုတဲ့ အချိန်များရောက်လာခဲ့ရင် .............................


အိုက်ခီလောက်
အမြည်းလေးတွေ
17 Responses
  1. အမ Says:

    အိုက်ရေ..နင်ရဲ့ အလိုအပ်ဆုံးနဲ့ အလိုချင်ဆုံး အရာတွေ အမြန်ဆုံးရရှိနိုင်ပါစေ။အရက် သိပ်မသောက်တော့ဘူးကြားရတာ ၀မ်းသာစရာပဲ။ ကောင်းတယ်။ ချက်ချင်းလက်ငင်းမဖြတ်နိုင်တာပဲ လျော့လျော့ဖြတ်တာ ဟုတ်နေပြီ။


  2. yehtutnaung Says:

    ကိုအိုက်ခီရေ... မိခင်ကို သိတတ်တဲ့ သားတယောက်ဖြစ်လို့  လိုအင်ဆန္ဒတွေ အမြန်ဆုံး ပြည့်ဝမှာပါလို့  ကျွန်တော် ယုံကြည်ပါတယ်ဗျာ။


  3. ခလောက်ရေ ငါနင့်ကို ကိုယ်ချင်းစာတယ်ဟယ် ငါလည်းမိသားစုနဲ့ အတူမနေခဲ့ရဘူး အကိုတစ်ယောက်ရှိပေမဲ့ အနေမနီးတော့ အမှတ်တရတွေလည်းမရှိပါဘူးဟယ် ငါ့ကိုဒီခေါင်းစဉ်တက်ခ်ခံ ရရင်လည်းနင့်လိုပဲရေးမိမှာပါပဲ ဘာပဲပြောပြောအဖေကိုအပြစ်မှားမိစေနဲ့ဟာ ဘာ့ကြောင့်ပြစ်သွားမှန်းမသိရပေမဲ့ တကယ်တော့အဖေဟာအဖေပါပဲခလောက်ရယ်နော် နင်အမေ့ကိုလုပ်ကြွေးခွင့်ရတာကိုလည်းငါဂုဏ်ယူတယ်သိလားခလောက် နင်ပျော်ရွှင်ပါစေဟာ ဆုတောင်းတွေလဲပြည့်လာမှာပါ ယုံကြည်နေနော်


  4. ဇော် Says:

    ဂျစ်ကို နံနက် ဂျူတီမို့ အလုပ်ကပြန်လာမှပဲ အေးအေးဆေးဆေးဖတ်တော့မယ်။ အဟဲ။


  5. Ree Noe Mann Says:

    ညီ အိုက်ခီ ကောင်းပါ့ အလိုအပ်ဆုံးနဲ့ အလိုချင်ဆုံး ကို ရေးထားတာ။

    ပြုပြင်နေပြီးလို့ ကြားရတော့ ဝမ်းသာမိတယ်ကွာ။

    နောက်ဆို ဒီထက်လိမ္မာအောင်နေပါနော်။

    အများကြီးလဲ သိပ်မသောက်ပါနဲ့ ကွာ

    ခင်တဲ့
    ကိုရီနို


  6. အမေချစ်တဲ့ သားပဲ ပျော်ရွှင်ပါစေဗျာ.. လိုအပ်ချက်တွေ အမြန်ဆုံး ပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ..



    လေးစားလျက်
    တောင်ပေါ်သား


  7. အာာားးးးးးးးးးးး
    ညီလေးးးးးးးးးးးးးးးးးး
    ချစ်ယောက်ဖလေးးးးးးးးးးးးးးးးးးးး
    ညီလေးက အကိုဆီကမျက်ရည်ကိုလာညှစ်နေတာကိုးးးးးး
    ဖတ်ပြီးတော့ စိတ်ထဲမှာခံစားရတယ်
    ငါ့ညီလေးလဲ သားလိမ္မာလေးပါ
    လိုအပ်ချက်တွေ မတောင်းတဘဲ
    စိတ်ထဲရောက်လာတာမှန်သမျှ တမဟုတ်ချင်းပြည့်ပါစေဗျာ
    အကိုကြီး ရင်ထဲကနေဆုတောင်းပေးပါတယ်
    ငါ့ညီအဆင်ပြေပါစေ
    သောက်တာလဲလျှော့သောက်ပေါ့လေ
    လုံချည်ကိုပြောတာ
    ချွတ်တော့မသောက်နဲ့လေနော်
    တော်ကြာ အပျိုကြီးလိုတော့ကြောင်မလိုက်ပဲ ခွေးလိုက်ဆွဲမှာကြောက်လို့
    တို့ ညီအကိုတွေ တခွက်တကျိုက်သောက်ရမယ့်နေ့တွေကို လက်ချိုးစောင့်နေမယ်
    အဲဒီအချိန်ဆို ညီလေးဖောက်ထားတဲ့ အရက်လည်းကောင်းနေရော့ပေါ့
    ကျမ်းမာရေဂရုစိုက်ပါ
    အဆင်ပြေပါစေဗျာ
    ချစ်ခင်စွာဖြင့်
    ဖိုးစိန်


  8. သယ်ရင်း အိုက်ခီ..မသောက်တော့ဘူး ကြားရတာ ဝမ်းသာတယ်..အမေကို ချစ်တဲ့ သိတဲ့ သယ်ရင်းတစ်ယောက် ဒီထက်မက ပျော်ရွှင်အေးချမ်းမှုနှင့်
    လိုအပ်ချက်တွေ အမြန်ဆုံးပြည့်ဝပါစေကွာ...

    ခင်မင်ခြင်းနှင့်
    တလနွန်


  9. ကျနော် လာရောက်ဖက်ရှုသွားပါတယ်... အစ်ကိုကြီးရဲ့ လိုအပ်ချက်တွေ မကြာခင်ပြည့်ဝတော့မှာပါနော်ယယယယ


  10. လိုအင်ဆန္ဒပြည့်ပါစေ အိုက်ခိ။
    မအယ်လည်း ဒီလို ဘ၀ ပြန်ရချင်ပါတယ်။
    တနေ့ နေ့ ပေါ့


  11. kiki Says:

    အိုး မိုင် ဗုဒ္ဓ....
    ခီလောက် တယောက် မသောက်တော့ဘူးကြားရတာ ...
    အင်း ..သိပ်မယုံချင်ပေမဲ့  နဲနဲတော့ ယုံကြည့်လိုက်ပါမယ်
    မကြာခင် အီမေ့ နဲ့ တွေ့ ရတော့မှာဘဲဟာ...
    မင်္ဂလာ ဦးဆွမ်းကျွေးတဲ့ အခါကျတော့သာ နင့်အမ ကို မေ့မနေနဲ့ အုံး ။
    အဟဲ ..နာ အကုန်ဖွလိုက်ပြီနော်..
    လိုရာဆန္ဒတွေ ပြည့် ဝ စေသတည်းးးးး
    နင့် အမ ၊
    ကိကီ..


  12. ဇော် Says:

    အားပါး။ ဂျစ်ကို
    ကျနော် ဘာပြောရမယ်မှန်းမသိတော့ဘူးဗျ။ မျက်ရည်ဝိုင်းသွားလို့။ ဟင့်။


  13. ဖြစ်လာမှာပါ ..
    ကိုယ့်စိတ်ထဲမှာ ဆန္ဒရှိနေရင် တနေ့ပြည့်ရမှာပေါ့ ..
    စိတ်ချမ်းမြေ့ပျော်ရွှင်ပါစေ ..း)


  14. ကိုအိုက်ရဲ. မောင်နှမတွေ တစုတစည်းထဲ ထမင်းလက်ဆုံ
    စားနိုင်ပါစေဗျာ..တုတောင်းပေးနေတယ် ..အလိုချင်ဆုံးဆန
    ပြည်.၀ ပါစေဗျာ....


  15. ဆန္ဒလေး ပြည့်ဝပါစေ ကိုအိုက်ရေ


  16. အေး ကောင်းတယ် အဲဒါ အလိုအပ်ဆုံးပဲ


  17. အစ်ကိုရေ ဒါလေးကို လာရောက်ခံစားသွားပါတရ် ။ ဖတ်ပြီးဆွံ့အသွားတရ် ။ ငါ့အစ်ကိုအကြောင်းကိုသိလိုက်ရလို့ပါ ။ ဘာပြောလို့ပြောရမယ်မှန်းမသိ မပြောတတ်အောင်ကို ဖြစ်သွားတရ်အစ်ကို ။ ဘာပဲပြောပြော ထပ်တူခံစားသွားပါတရ် ။ အမေကိုချစ်တတ်တဲ့သားချင်းတူနေတာ ၀မ်းသာပါတရ် ။

    (ကိုရဲ)


Post a Comment