ထားခဲ့ဖူးသောချစ်သူရည်းစား

ကိုရီနိုတပ်စ့်ထားတာပါ ရေးမယ်ရေးမယ်ဆိုပြီးမရေးဖြစ်သေးတာ ၊ ပျင်းနေလို့ မဟုတ်ပါဘူး ။ လူမှုရေးတွေများနေလို့ မအားတာကတစ်ကြောင်း ၊ ပြီးတော့ ကော်နက်ရှင်ဆိုတဲ့လိုင်းကလည်း တက်လိုက်ကျလိုက်နဲ့ ကျီစယ်နေလေတော့ ကျန့် ကြာနေရခြင်းဖြစ်ပါတယ် ။ ခုလည်းလိုင်းမကောင်းတဲ့ကြားကနေ အတင်းကိုတွယ်ကပ် ပြီး မရ ၊ အရ ကို ရေးမှဖြစ်မယ်ဆိုပြီး စိတ်ရှည်ရှည်ထားပြီး သကာလ ကျွန်တော်တစ်ယောက် ချွေူးတစ်ပြန်ပြန်နဲ့ ဖြစ်ချင်တာဖြစ်ရောဆိုပြီး နောင်ခါလာနောင်ဈေး သဘောနဲ့ ရေးချလိုက်ပြီဗျာ ။ ဖြစ်လာမယ့်အကျိုးအကြောင်း ကောင်းဆိုးကိုတော့ ကျွန်တော်ခံပါမယ့် တပ်စ့်ထားတဲ့လူနဲ့ မဆိုင်ပါဘူး လေ ။

ကျွန်တော် ငါးတန်းလောက်ေ၇ာက်တော့ ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စားမိတယ် ။ သူ့ ကမုန့် ခိုးစားနေတာ ရှေ့ဆုံးခုံမှာထိုင်ပြီးအစား ပုတ်ချက်ကတော့ လက်လန်တယ် ။ သုံးယောက်ထဲကမှသူ့ ကို ကျွန်တော်သတိထားမိတာ ပါ ။ အဲ့ကစ တာနေမှာ သံယောဇဉ်ဆိုတာ ။ ဒီလိုနဲ့ အတန်းတွေ တစ်ဖြည်းဖြည်း ကြီးလာတော့ သူ့ ကိုစလိုက် နောက်လိုက်နဲ့ ပဲ သူငယ်ချင်းကောင်းတွေဖြစ်သွားကြတယ်ပေါ့ ။ သူ့ ကိုကျွန်တော်ချစ်ရေးဆိုတော့ ကိုးတန်းမှာ အပြိုင်အဆိုင်တွေ ကြားထဲမှာလေ ။ သူ့ ကိုစာလိုက်ပေးတဲ့လူတွေကများသားလား နော် ။ သူ့  ကအချောကြီးလည်းမဟုတ်ဘူးလေ ။ ဒါပေမယ့်သူ့ ပုံစံက ချစ်စရာလေးကောင်းနေတယ် ။ ရိုးရိုးအေးအေးလေးနဲ့ ပြီးတော့သူ့ ကအတန်းထဲမှာလည်း စာအတော်ဆုံး ဖော်ရွေတယ် ၊ သဘောကောင်းတယ် ။ ကျွန်တော်ကတော့ ကျောင်းမှာဆို အမြဲနောက်ဆုံးခုံမှာထိုင်တာများတယ် ။ မဟုတ်တာအမြဲလုပ်နေတာလေ ပြီးတော့ အစ အနောက်ကလည်း သန်တယ် ။ စာမှာဆိုလည်း နောက်ဆုံးမဟုတ်တောင် နီးတော့နီးနေတယ်လေ ဒါပေမယ့် အောက်က အမာခံတွေ ရှိနေသေးလို့ နောက်ဆုံးမရောက်တာ ။ ဒါနဲ့ သူ့ ကို စာပေးတော့ ကိုးတန်းဆိုတော့ သူ့ ကအချစ်ရေးစိတ်မဝင်စားဘူးဆိုပြီး လူကို ဆန့် ငင် ဆန့် ငင် လုပ်ထားလိုက်တာ ။ ဒါနဲ့ ဆယ်တန်းဖြေပြီးနောက်တစ်နေ့ ပေါ့ သူ့ ကတစ်ကယ်ပဲ အဖြေပေးခဲ့ပါတယ် ။ ဒါနဲ့ ချစ်သူဖြစ်သွားရော ဒါပေမယ့်သူငယ်ချင်းကနေချစ်သူဘဝသာရောက်သွားတာ မနေတတ်ဘူး ဘယ်လိုဖြစ်နေလည်းကိုမသိတာ ။ စကားတွေလည်းပြောစရာမရှိဘူးလေ ချိန်းတွေ့ တာတောင် ပြောစရာစကားမရှိပဲ ထိုင်နေတာနှစ်ယောက်လုံး သုံးလေးနာရီ လောက်ပေါ့ အဲ့လိုဖြစ်နေတာ ။ သူ့ နဲ့ ကတော့ ခုထိချစ်နေဆဲပါပဲ ။

ဆယ်တန်းဖြေပြီးလို့ ကျွန်တော်ရွာပြန်သွားခဲ့တယ် ။ အဲ့မှာကောင်မလေးတစ်ယောက်ကို တွေ့ လိုက်မိတယ် ။ သူ့ ကလှတယ် ဗျ ။ ပြီးတော့ ကျွန်တော့်ထက် ငယ်တယ် ။ သူ့ ကိုတွေ့ တာကလည်း အကိုကမိန်းမယူတော့ အရက်တိုက်တယ် လေ ။ ကျွန်တော်ကတော့ မီးဖိုဆောင်မှာပဲအေးဆေးသွားသောက်နေတာ သူ့ ကလည်း လူများနေလို့ ရှောင်လာတယ်ထင်တယ် ။ အဲ့မှာ ဆုံကျတာပဲ သူ့ ကကျွန်တော်ကို အမြည်းလေးတွေလုပ်ပေးတယ် ပြီးတော့စကားလက်ဆုံကျသွားတယ် ခင်သွားကြတယ်ပေါ့ ။ ဒီလိုနဲ့ အကြောင်းမရှိအကြောင်းရှာပြီး သူ့ ရှိနေတဲ့နေရာကိုအမြဲသွားဖြစ်တယ် ။ သူ့ ကိုချစ်ရေးဆိုတော့ ချက်ချင်းပဲ အဖြေရခဲ့တယ် ။ သိပ်မကြာပါဘူး သူ့ တို့ မိဘတွေက အရက်သမားနဲ့ ကြိုက်ရမလားဆိုပြီး သူ့ တို့ သမီးကို သူ့ တို့ အမျိုးရှိတဲ့တစ်ခြားမြို့ ကို ပို့ လိုက်တယ် ။ ဒါနဲ့ ပြတ်သွားလေသတည်းပေါ့ ။

ဒါနဲ့ အိမ်ကကျောင်းပြန်တက်ပါလားဆိုပြီး အညာဖက်ကိုပို့ တယ် ။ အညာကအဆောင်တစ်ခုမှာအပြင်ဖြေအနေနဲ့ စာတွေ လုပ်ပါရော ။ အဲ့မှာ တွေ့ တာက နှစ်ယောက်ဗျ ။ တစ်ယောက် က အညာသူလေး ချောတော့မချောဘူး ။ သူ့ ပုံစံက မျိုးကြီးမျက်နှာနဲ့ ဆင်တယ် ။ သူ့ ကို ကျွန်တော်က မျိုးကြီးလို့ ပဲခေါ်တယ်လေ ။ သူ့ ကလည်း ကျွန်တော်ကို ဒိုးလုံးတဲ့ လေ ။ အဆောင်မှာဂီတာတီးပြီးသီချင်းဆိုရင် ဒိုးလုံးသီချင်းပဲ အမြဲဆိုတာလေ ။ သူ့ နဲ့ ကသံယောဇဉ်လေးလောက်ပဲရှိခဲ့တာ ။ သူငယ်ချင်းတစ်ယောက်ကကြိုက်တယ်ဆိုလို့ သူ့ ကိုဦးစားပေးလိုက်တာ ။ ဒါပေမယ့်မျိုးကြီးလေးက မချစ်ဘူးဗျ သူ့ ကို ။ သူငယ်ချင်းတော့ကြိုးစားရှာပါတယ် ရကိုမရသွားတာ ။ ကျွန်တော်နဲ့ ဖြစ်သွားတာကလည်း ရိုးရိုးလေးဗျ ။ သူ့ ကသူ့ အမျိုးအိမ်မှာ စက်ဘီးသွားပြင်ခိုင်းမလို့ လိုက်ကူဆိုတာနဲ့ ကျွန်တော်လည်း စက်ဘီးလေးနဲ့ လိုက်ကူတာ သူ့ တစ်စီး ကျွန်တော်တစ်စီးပေါ့ ။ ပြန်လာတော့ သူ့ စက်ဘီးကထားခဲ့တော့ကျွန်တော်စက်ဘီးနဲ့ လိုက်စီးတာပေါ့ ။ ဒါနဲ့ သူ့ ကို ချစ်တယ်ပြောတော့ သူ့ ကလည်း မူမနေပါဘူး ချက်ချင်းပဲအဖြေရခဲ့ပါတယ် ။ ဒါနဲ့ ကျောင်းပြီးလို့ တောင်ကြီးပြန်ရောက်တော့ဖုန်းဆက်လာပါတယ် ။ ကျွန်တော်ကလည်း ရွာပြန် လိုက် တောင်ကြီးလာလိုက်နဲ့ ဆိုတော့ ဇာတ်လမ်းလေးက ပြီးသွားပါတယ် ။

အဲ့နောက်တစ်ယောက်က အလှမယ်ဘွဲ့ ရထားတာ ။ ကျွန်တော့်ထက်နည်းနည်းကြီးတယ် ။ သူ့ ကတော့သူငယ်ချင်းတစ်ယောက်နဲ့ ပက်သတ်ပြီးခင်မိတာလေ ။ ကျွန်တော်က လည်း အစသန် တော့ စလိုက် နောက်လိုက်နဲ့ ပဲ သူ့ နဲ့ ဖြစ်သွားပါလေရော ။ ဖြစ်ပြီးမကြာပါဘူးသူ့ ကလည်း သူ့ မြို့ ကိုသူ့ ပြန်တယ် ။ ပြီးတော့ သူ့  ကရန်ကုန်မှာ အလှပြင်သင်တန်း ထင်တယ်သွားတက်တာ ။ အဆက်အသွယ်တော့မပြတ်ဘူးပေါ့နော် ။ ဖုန်းတော့အမြဲဆက်လာတယ် ။ နောက်တော့သူ့ ကထိုင်းကို သွားပြီး သင်တန်းဆက်တက်တယ်လေ ။ ဒါနဲ့ အဆက်ပြတ်သွားရော ။


အင်းခုလက်ရှိတစ်ယောက်တည်းကို ချစ်နေတာပါ ။ သူ့ ကတော့ တစ်ကယ်ကိုချစ်တာလေ ။ ကျန်တဲ့လူနဲ့ မတူဘူး ။ ငယ်ကတည်းကချစ်နေရတဲ့ လူလေ ၊သိတယ်မလား မုန့် ခိုးစားတဲ့တစ်ယောက်ပေါ့ ။ သူ့ အပေါ်ထားတဲ့သံယောဇဉ် ကနည်းတာမဟုတ်ဘူး ငယ်ကတည်းကလေ ။ သူ့ ကိုအရင်ဆုံးချစ်ခဲ့တယ် ။ ခုထက်ထိပါပဲ ။ ရည်းစားတွေတာထားဖြစ်တာ သူ့ လောက်တော့ချစ်တာမဟုတ်ဘူး ။ ယောက်ကျားလေးဆိုတော့လည်း နည်းနည်းရှုပ်ချင်တာ ပါပဲ ။ ဒါပေမယ့်သူ့ ကကျွန်တော်ကို အမြဲနားလည်ပေးတယ် ။ ဖြစ်ခဲ့ဖူးတဲ့ကိစ္စတွေကိုလည်း နားလည်ပေးနေပြန်ရော ၊ ပြီးတော့မှားခဲ့တာတွေကိုလည်း သူ့ ကနားလည်ပေးရှာတယ် ။ ကျွန်တော်ဆိုးသမျှကိုလည်း တော်တော်ခံတယ် ။ သူ့ ကတော့ ကျွန်တော်တစ်ယောက်ကလွဲပြီး တစ်ခြားဘယ်သူ့ မှ မရှိပါဘူး ။ ကျွန်တော်လည်း သူ့ အကြောင်းသိပြီးကတည်းက အေးဆေးနေတာကြာပါပြီ ။ သူ့ လေးနဲ့ ချစ်ကြိုက်နေတာကလည်း ကြာနေပြီ ဗျ ။ သူ့ လေးကိုပဲ အိမ်သူသက်ထား ချစ်ဇနီးအဖြစ်နဲ့ ရွေးချယ်ထားပြီးပါပြီ ။ သိပ်မကြာခင်အချိန်မှာ အကိုတို့ အမတို့ ကို အကြောင်းကြားပါ့မယ် ။

ကဲ ကျေနပ်မယ်ထင်ပါတယ် ကိုရီနိုရေ ။ ကျေးဇူးပါဗျာ ကျွန်တော်ကို တပ်စ့်ထားလို့ လေ ။ ပြောရအုန်းမယ် တပ်စ့်ထားတဲ့လူတွေ သတိထားနေပါ ။ ကျွန်တော်လူစုနေပါတယ် ဗျာ ။ လူများလေကောင်းလေပါ ၊ ပိုများလေ ပိုကောင်းတာပေါ့ နော် ။ ဒီတော့ ကျွန်တော်နဲ့ အကြံတူတဲ့လူများရှိရင် လာရောက်ပူးပေါင်းကြပါလို့ ဖိတ်ခေါ်ပါတယ် ။ အကြံအစည်ကတော့ ခုတပ်စ့်ထားတဲ့လူတွေကို လေ ပြန်ပြီး တစ်ယောက်တစ်မျိုးပြန်ပြီးတပ်စ့်ကြမယ်လို့  စိတ်ကူးထားပါတယ် ။အယောက် နှစ်ဆယ်ဆိုရင် တစ်ယောက်တစ်မျိုး နဲ့ ဆိုရင် သူ့ တို့ ခေါင်းစဉ် အခု နှစ်ဆယ်ရေးရမှာ ။ အာ ခုမှကြောက်မနေနဲ့ ကိုယ့်အလှည့်တော့ကြောက်တယ်ဟုတ်လား ဟွန့်း့ ။ မရဘူးလူတွေစုနေပြီ မကြာခင်အချိန်တွင်းမှာအကောင်အထည်ဖော်မယ် ။ သူများတွေကိုတော့ တပ်စ့် ပြီးတော့ သူ့ အလှည့်ကျတော့ ဒီလိုပြေးလို့ မရဘူးလေ ။ ဒီတော့သတိထားပါ တပ်စ့်ထားတဲ့လူတွေ ။ တပ်စ့်ချင်ဦး သိလား ။ ခုတော့လူစုနေလို့ သက်သာနေတယ်လို့ မှတ်ပါ ။ ပြေးလို့ တော့မလွတ်ဘူး နော် သိတယ်ဟုတ် ။ အမယ်လေးကျိန်းမောင်းရတာ အရသာရှိလိုက်တာ ။ အကြံအစည်က ဘယ်ဆီနေလည်းမသိ ။ စိတ်ဝင်စားသူများဆက်သွယ်ပါ နော် ၊ ဒီအကြံကိုလေ စောင့်မျှော်နေပါတယ် :D




အမြည်းလေးတွေ
27 Responses
  1. ကဲ ကိုအိုက်ရေ ငယ်ချစ်ဦး နဲ. နှစ်ပေါင်းများစွာ
    ဆက်လက်ချစ်သွားပြီး ထာဝရ ဘ၀မှာ လက်တွဲ
    နိုင်ပါစေလို. ဆုတောင်းတယ်ဗျာ...


  2. yehtutnaung Says:

    သြော်.. ကိုအိုက်ခီ စွံချက်ဗျာ။ လူပျိုဘ၀ကြီးကို အဆုံးအရှုံးခံဖို့ တောင် ဆုံးဖြတ်ထား ပြီးမှတော့ ဆွယ်တရား မဟောတော့ပါဘူးလေ..ဟဲဟဲ။ ဖိတ်စာလေးတော့ ပို့ လိုက်နော်..။
    အဲ....ဒါနဲ့  ပြန်တက်ခ်မယ့် ပုံကြီးကလဲ လန့် စရာကြီးဗျာ။ သက်သက်ညှာညှာ စဉ်းစားပြီး တက်ခ်နော်..ဟဲ။


  3. mysterysnow Says:

    ပေါ်ပြီပေါ့ ခုတော့လဲ
    ဟဟ ဘာတတ်နိုင်သေးလဲ
    အစဖော်တဲ့သူက ဖော်တော့လဲ ဝန်ခံရပီနော်။
    နောက်ထပ် ဇာတ်လမ်းရှာရင်တော့ မုန့်ခိုးစားတဲ့ ကောင်မလေးနဲ့ တိုင်မယ်။
    ဒီပို့စ်ကိုလဲ တောင်ကြီးရောက်အောင် ပို့မယ်...
    ခီလောက်ရေ ငုံတို့ ဇော်တို့ကို အဖော်ခေါ်လိုက်တော့မယ်...
    မပြေးနဲ့တော့...


  4. ငါလဲပါတယ် ဟေ့ အုပ်စုဝင်ဖြစ်ပြီနော် နင်တက်ခ်ရင်လေ ငါ့အတွက် ကိုဗညားကိုလည်းတက်ခ်လိုက်ပါဟယ်နော် ငါပြန်နေရင်မတက်ခ်ရမှာစိုးလို့ အဟီး


  5. ဒီညီယောက်ဖလေး တော့လေ အကိုယောက်ဖမျက်နှာကို မှအားမနာ
    ဘာဖြစ်ဖြစ် ညီယောက်ဖကို ခွင့်လွှတ်ပီးသားနော့်
    ညီယောက်ဖ ကိုယ်တိုင်ဖောက်ထားတဲ့ အရက်ကို ညီယောက်ဖ မင်္ဂလာပွဲညမှာ
    တူတူသောက်မယ် ညီအကိုမောင်နှမစုံလင်စွာနဲ့ပေါ့
    အဲဒီနေ့ကို ကြိုပြီးလွမ်းနေမယ် ညီရေ
    ညီချစ်တဲ့
    ကိုကြီးယောက်ဖ
    ဖိုးစိန်


  6. Anonymous Says:

    လာပြီးလေ့လာသွားပါတယ် တော်တော်စွံတာဘဲ ..
    အဆင်ပြေပျော်ရွှင်ပါစေဗျာ


  7. အော် ငါကျ ရှုပ်တယ်တဲ့ ဟင်
    တော်ပြီ တိုက်တော့ဘူး
    မုန့်ညီမလေးကို သေသေချာချာ လိုက်တိုင်မှာ
    လာတွေ့ပစေဦး


  8. ဟီး ကောင်းနေတုန်းဆိုတော့ မန့်တာ နာမည်မှားတွားတယ် အပေါ်က ဟာ နာ မန့်တာနော်
    တွေ့မယ် ညီတော့ လာတွေ့ပါစေဦး


  9. အမ Says:

    အင်း..မကြာခင်ငါ့ကို အမွေတောင်းတော့မှာပါလားနော်။။ ဒါပေမဲ့ တည်တည်တန့်တန့်ဖြစ်တော့မယ်ဆိုတော့လဲ အင်းးးပေါ့လေ..ပေး၇ပေမပေါ့။


  10. အဟမ်းဟမ်း..........စွံချက်ကတော့ဗျာ အားကျတယ်အဟုတ်။။။။
    ဘာပဲဖြစ်ဖြစ် အဦးဆုံးအချစ် နှင့်ပဲ လက်တွဲမယ်ဆိုတော့ ပျော်ရွှင်
    ရမှာအမှန်ပဲ.....ဖိတ်စာလေးတော့ မျှော်နေမယ် သယ်ရင်းအိုက်ခီရေ
    မင်္ဂလာဆောင်ရင် အရက်တိုက်ဖို့ မမေ့နဲ့ ......:) :)

    ခင်မင်ခြင်းနှင့်
    တလနွန်


  11. kiki Says:

    ဪ .. မျိုးကြီးနဲ့ ဒိုးလုံး ဆိုတာ ဟိုးတုံး က သမီးရည်းစားတွေ ဖြစ်ဖူးခဲ့ ကြသကိုး ။
    ခီလောက်ရေ ။ စွံမယ်ဆို လည်း အမြန် စွံတော့ဟာ ။ဒါမှ မျက်စိနောက် သက်သာ မှာ ။
    အစားရှိနေရင် အသောက်လေးတော့ လျှော့အေ ။ တယောက်က အစား ။တယောက်က အသောက် ဆို မင်းတော့ အိုဗာတိုင်တွေ ၃ ဆ တိုး ဆင်းပေရော့  ဘဲ။
    ဖိတ်စာ ပို့ လိုက် ။ ရောက်ရာအရပ်က နေ လာမယ်ဟေ့။


  12. အဟား ငယ်ချစ်ဦးလေးနဲ့ ပေါင်းသင်းရပါစေ.. စကားမစပ် အစားကြီးတယ်နော့် သတိထား အဟား ဟား


    လေးစားလျက်
    တောင်ပေါ်သား


  13. အင်ဟုတ်တယ်...ငယ်ချစ်ဦးလေးက အစားကြီးတော့ ဝဝ ကစ်ကစ်လေးနေမှာနော်... အဟီ..... တိုကြီးအိုက်ဘယ်တော့လဲ... အကြောင်းကြားနော်.. ဒန်ပေါက်နဲ့ကြက်သားလားစားကူမယ်..ဟီ

    ခင်မင်လျှက်
    အဆိပ်ခွက်


  14. ဇော် Says:

    ဟီးး
    မနေ့က ညထဲက ဂျစ်ကိုဇာတ်လမ်းကို ဖတ်ပြီးသား။ ဒါပေမယ့် မန့်ဖို့ မေ့သွားလို့ အူယားဖားယား နံနက်စောစောကို ပြန်ဝင်လာတာ။ အဟဲ။

    အိမ်းး။ ကောင်းလေသတည်း .. ကောင်းလေသတည်း။ ဒီတစ်ယောက်ကို ကြင်ကြင်နာနာ သစ္စာရှိပါ မောင်မင်း။ အဲ့လိုမှ မဟုတ်ရင် အီဖေကိုယ်နဲ့ တွေ့မယ်မှတ်။
    ပုံ/
    အင်တာနက်တိုင်း
    ကျွန်တော့်တို့အိမ် ရွာ
    ဂျစ်ကို ညီမ
    ဂျစ်ဇော်။
    အဟက်။


  15. Welcome Says:

    ဆြာတင်ပါတယ်
    ရည်းစားထားချင်လို့
    ကူညီပေးနိုင်ပါရန် ... အဟစ် ..


  16. Dream Says:

    အင်းးးးးးးးး ဖတ်ရင်းဖတ်ရင်းကနေ အောက်နားရောက်တော့ သွားပါ ကျိန်းသွားတယ်.... ဟတ်ဟတ်..... (ကျိန်းဝါးထားလိုက်တာလေ)

    အူးအူးခွီနော် အူးအူးခွီ... ချိတ်ချော့ချိတ်ချော့ အယွယ်က မနယ်ဒေါ့ဖူး... ဒေါတဒွေ ဒေါးတဒွေ ... မကျိန်းနဲ့...

    လူစုပီး ဓားမြတိုက်မလို့လားလို့...အဟား....လက်စသတ်တော့ သူကဂလဲ့စား ချေမလို့ကိုး... :P


  17. Ree Noe Mann Says:

    ကျေးဇူး ညီလေး အိုက်ခီ ရေ

    ကိုရီနို


  18. mgnge Says:

    ညီအိုက်ခီ က ငရှုပ်ပဲ... ငါနဲ့ သိပ်မကွာဘူး :P


  19. အင်း .. ရှုပ်ချင်လို့မဟုတ်ပါဘူး .. အခြေအနေအရဖြစ်သွားတာ .. ဟုတ်တယ်မှတ်လား .. :P
    သတင်းကောင်းလေးစောင့်မျှော်နေတယ်နော် ..း)
    ပျော်ရွှင်ပါစေ


  20. တော်တော်စွံတယ်နော်။ အဟဲ။ အိမ်သူသက်ထား ဇနီးမယားအဖြစ် ရည်ရွယ်ထားသူနဲ့ ရာသက်ပန် ရိုးမြေကျ ပေါင်းရပါစေ။


  21. Anonymous Says:

    မောင်လေးရေ.. အချစ်ဦးနဲ့ လက်တွဲမယ့်ပွဲကို တက်ဖို့စောင့်နေတယ်နော်။ ပျော်ရွှင်ပါစေ မောင်လေးရေ.......

    ခင်တဲ့
    မကြီး


  22. Anonymous Says:

    အင်း.... ငါ့မောင်လေးလည်း ပေါ်ပြီဟေ့။ မကြီးကို ဖွထားတာ မှတ်မိလား။ လုပ်တော့ပါဘူး တနားလို့....

    ခင်တဲ့
    မကြီး


  23. ပီဟွမ် Says:

    အင်း ဒီနှစ်တန်ဆောင်တိုင် ဆိုတာလည်းဘယ်သူ့ကိုမှ မပြောပြတော့ပါဘူးလေ။ (လူပေါင်းမှားပြီလားမသိ)။ အင်း လေးဖြူက သူ့ရဲ့ ရှိုးမှာ သူ့ညီ အငဲ ကိုပြောသွားတာ သတိရမိတယ်..ဘာတဲ့ ..အမျိုးအရင်းတွေကသစ္စာဖေါက်တယ်ဆိုလား....ဆိုလား........။


  24. ဒီလောက်နားလည်ပေးတဲ့သူရှိတာ ကိုအိုက်ခီလောက် တော်တော်ကံကောင်းတာပဲ....



  25. Anonymous Says:

    အေးအေးမာတဲ့  ပခုက္ကူ ထန်းကြီးရွာက
    လုံးဝသစ္စာမရှိဘူး နင်နဲ့ ငါနဲ့ တည်းခိုခန်းကvideo ဖိုင်မကြာခင် Internet ပေါရောက်ပြီ


  26. ထက်ထက် Says:

    တော်တော်ရှုပ်တယ်နော်
    အချစ်ဦးကိုလက်ထပ်နော်y


Post a Comment