အီမေ့

အမေ သားဒီနေ့ တစ်အားခံစားရတယ်
ညီအစ်ကို အမတွေ ရေးထားတဲ့အမေ့လွမ်းခြင်းတွေ
ဖတ်ပြီးသားငိုနေမိတယ်
သူ့ တို့ ကိုအားကျမိတယ်
သားဘဝမှာအမေ့နဲ့ လက်ဆုံထမင်းစားရတာရေတွက်လို့ ရတယ်နော်
သားပြောချင်တာတွေ ညီအစ်ကို အမတွေ အားလုံးရေးသွားတယ်
သူ့ တို့ ရေးတာကြည့်ပြီး သားအရမ်းခံစားရတယ်အမေ
သားဘာမှရေးလို့ မရတော့ဘူး အမေရယ်
အမေ့ကိုသတိရနေတာတော့အမှန်ပဲ
အမေ့လည်းအိုနေပြီနော် အရင်လို မဟုတ်တော့ဘူး
ကျန်းမာရေးကောင်းတယ်ဆိုတော့
စိတ်မပူပေမယ့်လည်း စိုးရိမ်တယ်အမေရယ်
ဒုက္ခခံပြီး ရှာကျွေးခဲ့တဲ့အမေ
ခုထိ သားလူဆိုးကို ပူပန်နေတဲ့အမေ
သားဆိုင်ကယ်မှောက်တာတောင် အမေ့ကိုမပြောတာတောင်
အမေကသိနေတယ် နော်
အိမ်ရှေ့မှာ သားခေါ်သံကြားလို့ 
အိမ်အောက်ကို တံခါးလာဖွင့်ပေးတဲ့အမေ
သားကိုမတွေ့ တော့တစ်ခုခုများဖြစ်နေပြီလားဆိုပြီး
စိတ်ပူပြီးဖုန်းဆက်ပြီးမေးတဲ့အမေ
သားထွေးမို့ လို့ အလိုလိုက် ပေးတဲ့အမေ
သားပြောသမျှကိုနားထောင်ပေးတဲ့အမေ
အရက်မသောက်ဖို့ အမြဲပြောနေပေမယ့်
ဆူပူတာမရှိဘူးနော် အမေရယ်
ခုထက်ထိ ပူပင်ပေးနေတဲ့အမေ
သားလေ အမေ့ပေါင်ပေါ် မှာ ဟိုးအရင် ကလေးလိုပဲ
အိပ်နေချင်တယ် အမေရယ်
ငြိမ်းချမ်းစွာနဲ့ လှဲလှောင်းနေချင်တယ်
အမေ့အရိပ်ကအေးမြတယ်တဲ့


အိုက်ခီလောက်


အမြည်းလေးတွေ
18 Responses
  1. အမေချစ်တဲ့သားချင်းတူတဲ့
    ညီလေးယောက်ဖကိုဂါရဝလာပြုပါတယ်
    ညီလေးငိုချင်တယ်ပြောတော့
    အကိုလဲဝမ်းနည်းမိပါတယ်
    ချစ်တဲ့ညီလေး
    အစစအရာရာအဆင်ပြေပြီး
    အမေ့ကိုလုပ်ကျွေးနိုင်တဲ့သားကောင်းတစ်ယောက်ဖြစ်ပါစေလို့
    အကိုဆုမွန်ကောင်းတောင်းပေးပါတယ်
    ချစ်ခင်စွာဖြင့်
    ဖိုးစိန်


  2. ညီလေးစာကိုနှစ်ခေါက်မကဖတ်မိတယ်
    မျက်ရည်လဲကျနေပါတယ်


  3. အမေအကြောင်းရေးထားတာလေး လာဖတ်ပါတယ်....
    ဒီတခါတော့ ခီလောက် တော်သွားပြီ...
    လေးစားပါတယ်...


  4. လာလည်သွားတယ်... အမေ အတွက်ကျေးဇူးဆပ်နိုင်ပါစေဗျာ....

    အဆိပ်ခွက်


  5. yehtutnaung Says:

    လာဖတ်သွားပါတယ်ဗျာ.. ခံစားရပါတယ်


  6. အမေ ပိုစ့်လေးဖတ်ပြီး ထပ်တူ ခံစားရပါတရ် သူငယ်ချင်း
    တို့ တစ်တွေ အဝေးကနေ တတ်သမျှ ကိုယ့်လုပ်အားနှင့် အမေ့ကျေးဇူးနေသလို
    ကိုယ့်ကြောင့် အမေစိတ်မဆင်းရဲရအောင် ကြိုးစားကြစို့ ကွာ။
    နှိုင်းမရတဲ့ အမေ့ရဲ့ ကျေးဇူးတွေ ဒီလောက်နဲ့ ဆပ်လို့ မကုန်မှန်းသိပေမယ့် လောလောဆယ်
    တတ်နိုင်သမျှ ကြိုးစားရင်း အမေ့အတွက် “အား” ဖြစ်ကြစို့ နော်။

    ခင်မင်ခြင်းနှင့်
    တလနွန်


  7. လွမ်းတယ်ဗျာ ဘာရေးရမှန်းတောင် မသိပါဘူးဗျာ..


  8. အမေ့ကိုလွမ်းတယ်ဆိုပြီး ဒီနေ့ပိုသောက်တော့မယ်မဟုတ်လား ခလောက် တိနေတယ်နော်
    လွမ်းတာလဲလွမ်း သိပ်သောက်နဲ့ဟ ကောင်းဘူး ငါလဲအမေ အကြောင်းရေးမလို့ပါဘဲ အမေ့အကြောင်းတွေးလိုက်ရင် ရင်ထဲမှာနင့်နေလို့ ရေးထွက်ပါ့မလားတောင် မသေချာသေးပါဘူးဟယ်


  9. အလွမ်းတွေထဲမှာအမေ့ကိုလွမ်းတဲ့အလွမ်း
    ကအပူလောင်ဆုံးနဲ့အအေးမြဆုံးပါပဲ့


  10. Anonymous Says:

    အိ။ အိမ်ပြန်ချင်နေပါတယ်ဆိုမှ တူလုပ်လို့ပိုဆိုးဘီ။
    ဟင့်။

    ဂျစ်ညီမ
    ဇော်


  11. အမ Says:

    ငါ့မောင် တော်တယ်ဗျာ။ နင်အီမေ့ကိုလွမ်းရင် လိမ္မာလေ။ အရက်လျော့သောက်၊ ရန်သိပ်မဖြစ်နဲ့တော့လေ။ငါပြောနေကျ စကားအတိုင်းထပ်ပြောလိုက်မယ်။ တခုခုလုပ်တော့မယ်ဆိုရင် အိမေ့မျက်နှာ မြင်ယောင်ပြီး ဆင်ခြင်ပါလို့။။
    အိမေ့ ကျန်းမာပါစေ..


  12. Dream Says:

    အမေ့ကို ချစ်တယ်ဆိုရင် အမေ့ပြောစကား နားထောင်ပေါ့ သားလေးခွီရဲ့...
    အမေက အရက်မသောက်တာ ကြိုက်ရင် မသောက်နဲ့လေ... တနေ့တနေ့ မူးနေတာပဲ တွေ့တယ်နော်... ဟွင်းးး... အိမ်တကာလှည့် အရက်ဖိုးလိုက် တောင်းနေတယ်... ဒီတခါ အမေ့ကိုချစ်ရင် အမေ့စကားကို တကြိမ်လောက်တော့ နားထောင်လိုက်ပါနော် သားလေး ခွီ....

    ဟိဟိ.... ဆရာကြီးလေသံနဲ့ ဆုံးမသွားတယ်... :P
    ခင်တဲ့
    တီတီဒွင်း
    *****************************
    အူးအူးခွီကို မိဘကို ရုတ်ကျွေးနိုင်ဒဲ့ တားလိန်မာရေး တယောက် ဖစ်ပါချေယို့ ဆန္ဒပြုပါတယ်..
    ခင်တဲ့
    မက်မက်


  13. အမေ့ကိုချစ်ရင် အမေကိုစိတ်ချမ်းသာအောင်ထား ..
    ကိုယ့်ကြောင့် အမေ မျက်ရည်ကျရရင် ကိုယ့်ဘ၀လည်း မအေးချမ်းဘူးတဲ့ ..
    ငါတို့တွေကလည်း အဝေးရောက်မှ အမေ့တန်ဖိုးသိကြတယ် ..
    နီးနေတုန်းကတော့ ..............

    ပျော်ရွှင်ပါစေ
    မိုးခါး


  14. Anonymous Says:

    မောင်လေး ခီလောက်ရယ်။ ငိုနဲ့နော်။ မကြီးလည်း သတိရတာပဲ။ အမေကို ချစ်တယ် လုပ်ကျွေးချင်တယ်ဆိုရင် အရမ်းမသောက်နဲ့နော်။ မောင်လေးက လိမ္မာပါတယ်နော်။

    ချစ်မကြီး


  15. အပေါ်ကပြောသွားတဲ့ မောင်နှမတွေအတိုင်းပါပဲကွာ....
    လိမ္မာပါ..ဆရာလုပ်တာမဟုတ်ပါဘူး..လူတယောက်ရဲ့ လွတ်လပ်ခွင့်ကို နားလည်ပေမယ့်
    ညီအကိုစိတ်နဲ့ ပြောတာကိုတော့ နားလည်စေချင်ပါတယ်..


  16. Ree Noe Mann Says:

    ဟုတ်တယ် ကိုမြစ် ပြောတာ ထောက်ခံတယ်။
    ညီ ရေ သိပ်မသောက်ပါနဲ့ကွာ။


  17. ကိုအိုက်တစ်ယောက်အမေ ချစ်သော အားကိုးရသော
    သားလိမာလေး ဖြစ်ပါစေဗျာ..


  18. ဒီကဗျာလေးကို ခံစားလို့ရပါတရ် ။ ငါ့အစ်ကို ဘယ်လောက်ဆိုးတရ်ပြောပြော ဘယ်လောက်သောက်သောက် အမေ့ကိုချစ်တဲ့စိတ်လေးနဲ့ လွမ်းနေတဲ့စိတ်လေးကို မြင်ယောင်သွားပါတရ် ။

    (ငရဲ)


Post a Comment