ယမကာလုလင် နဲ့ အိုက်ခီလောက်

ကျွန်တော် နာမည်ဆန်းတယ်ဆိုပြီးတပ်စ့်ထားတဲ့ ကိုတလနွန် ၊ တပ်စ့်ထားတဲ့အထဲကလွတ်ပြီဆိုပြီး ပျော်နေတုန်း သူ့ ကိုတပ်စ့်ထားတာပါပြီးကျွန်တော်မပါလို့  ပြန်တပ်စ့်တဲ့ မမိုးခါး နဲ့ နောက် သူ့ လည်းတပ်စ့်ခံထိထားတော့သူ့ ညီကိုလည်းပြန်တပ်စ့်တဲ့ ကိုနေရင့် ဒီသုံးယောက်တပ်စ့်ထားတာက အကြောင်းအရာတူနေတော့ နည်းနည်းခံသာသွားတယ် ဗျ ။ မဟုတ်ရင် မတူရင် သုံးယောက်ဆို သုံးပုဒ်ဗျ ။ ဒါတောင် တောင်ပေါ်သားတပ်စ့်ထားတာက ရှိသေးတယ် ချစ်နေလိုက်ကျတာအဲ့လို ။ အကြွေးတွေဆပ်ဖို့ ကော်နက်ရှင်က ခုတစ်လောသိပ်မကောင်းဘူးဗျ ။ ကိုယ့်ပဲဖြစ်နေတာထင်လို့ သူငယ်ချင်းတွေအိမ်သွားတယ် ၊ အစ်ကိုတွေ အစ်မတွေအိမ်မှာလည်းသွားကြည့်တော့ အားလုံးကအတူတူပဲဖြစ်နေတယ် လေ ။ အကြွေးဆပ်ချင်သော်လည်း ဆပ်ခွင့်မကြုံလို့ လားမသိဘူးလားမသိပါဘူး လေ ။ ခုတော့လိုင်းလေးကောင်းနေတုန်းလေး အပြေးဆပ်ပေးလိုက်ပါတယ် ။ တောင်ပေါ်သားတော့ခဏလေးစောင့်နေပေးပါနော် ကြိုပြောထားရတယ် ။

ကျွန်တော်ဘလောက့်ဆိုတာကို မလုပ်ခင် အရင်ဆုံး နိုင်ဆိုဒ့်ကို လုပ်ဖြစ်တယ် ဗျ ။ လုပ်ဖြစ်အောင် အားပေးအားမြှောက်တာက အရူးလေး ပေါ့ ။ သူ့ နဲ့ ကတန်ဆောင်တိုင်ကတည်းကအတွဲညီလာတာ ညီးအစ်ကိုရင်းလိုပဲ ပြောမနာဆိုမနာတွေလေ ။ သူ့ ပြောသလိုပဲ ညီအစ်ကိုနှစ်ယောက်စကားလက်ဆုံကျရင်မိုးလင်းတယ် ။ သူ့ က ကျွန်တော်ကို ကိုပေါ်လို့ ခေါ်တယ် ။ ဘာကြောင့်ဆို တန်ဆောင်တိုင်တုန်းက တောင်ကြီးချယ်ရီမြေစီပုံးမှာ ကျွန်တော့်နာမည်က တောင်ပေါ်ကရှမ်းကလေး ဖြစ်နေတယ်လေ ။ ကိုယ့်မွေးမြေ ကိုလည်းလွမ်းတာလည်းပါတယ်လေ ၊ ပြီးတော့ လူတိုင်းသိနေတဲ့ သီချင်းစာသားဖြစ်နေလို့ လေ ။ တောင်ပေါ်ကရှမ်းကလေးလျှော်ထမ်းလို့ ပြေး ဆိုတာလေ အားလုံးက သိကျမှာပါ ဒီစာသားလေးကို ။ ဒါနဲ့ လူတွေသတိထားမိအောင် ပိုအမှတ်ရလွယ်အောင်ဆိုပြီး တောင်ပေါ်ကရှမ်းကလေးကို ယူခဲ့ပါတယ် ။

ဒါနဲ့ တန်ဆောင်တိုင်ပြီးတော့ နတ်သဘင်က မေးလ်လေးရောက်လာတယ် ။ ပုသိမ်က သူငယ်ချင်းတစ်ယောက်ကြောင့်လို့ တော့ထင်တယ်လေ ။ ဒါနဲ့ လက်ဆော့ပြီးအဖွဲ့ ဝင်လိုက်တယ် ။ အဖွဲ့ ဝင် ဖြစ်စက နှစ်ဆယ်ကျော်ပဲလူရှိသေးတယ် ဗျ ။ ဒါနဲ့ နာမည်ပေးမယ်ဆိုတော့ သူ့ ကနတ်သဘင်ဆိုတော့ ကြည့်လိုက်တော့အားလုံးကနတ်နာမည်တွေချည်းပဲလေ ။ ဒါနဲ့ ငါလည်းနတ်နာမည် ယူမှဖြစ်မယ်ဆိုပြီး စဉ်းစားတယ်လေ ။ သိပ်မစဉ်းစားရပါဘူး ယမကာလုလင် လို့ ပေးဖြစ်ခဲ့တယ် ။ ပေးဖြစ်တာကလည်း ကျွန်တော်ကိုယ်တိုင် က ဒီနာမည်ကို ကြိုက်လို့ လေ ။ လူနားထဲ ကြားရရင် မရိုင်းဘူးလေ ။ အရက်သမားဆိုရင် လူတွေ ကနှာခေါင်းရှုံကျတယ်လေ ။ ယမကာလုလင် ဆိုတော့ နာဝင်ချိုတယ်လို့ တော့ထင်တာပါပဲ ။ ဒါနဲ့  ယမကာလုလင် ဆိုတဲ့နိုင်ဆိုဒ့်လေး လုပ်ဖြစ်ပါတယ် ။ အားပေးအားမြှောက်ကတော့ အရူးလေးပါ ။ ဒါနဲ့ သူ့ က တစ်မိုးအောက်နဲ့ ဆုံစည်းရာကို လုပ်ဖြစ်တယ် ။ ကျွန်တော်က ယမကာလုလင်ပေါ့ အရူးလေးက အားရင်လည်းလာလုပ်ကူတယ်လေ ။ ဒါပေမယ့် လုပ်တာလုပ်တာ သဘောမတွေ့ ဘူးဗျ ။ လူများရင်ချီးများတယ်ဆိုတာလေ ။ ဒါနဲ့ ယမကာလုလင်ဆိုတဲ့နိုင်ဆိုဒ့်လေး ဖျက်လိုက်တယ် ။

ပြီးတော့ ဘလောက်ကို လုပ်မယ်ဆိုပြီးအရူးလေးကိုတိုင်ပင်တော့ လုပ်တဲ့  သူ့ လည်းလုပ်ထားတယ်တဲ့လေ ။ ဒါနဲ့ စလုပ်ဖြစ်သွားတယ် ။နာမည်ကတော့ ယမကာလုလင် ပဲကြိုက်နေတော့ ဒါလေးပဲဆက်ယူဖြစ်သွားတာလေ ။ ပြီးတော့ ယမကာလုလင် ဆိုတဲ့ အိုက်ခီလောက်ရဲ့ ဆိုးခဲ့ ၊ ပေတေခဲ့တာကို နည်းနည်းဆီပြန်ပြီးရေးချင်တာလည်းပါတယ်လေ ။ လုပ်နေရင်းတန်းလန်းနဲ့ ဆုံစည်းရာကနေခင်လာတဲ့ တောင်ကြီးက ဘလောက်ဂါ တွေနဲ့ ရင်းနှီးပြီး အားတက်လာတယ်လေ ။ သူ့ တို့ ကလည်း ကူညီကျပါတယ် ။ ဘာကြောင့်တောင်ကြီးကဘလောက်ဂါလို့ ပြောရလည်းဆိုတာ မထင်ရဘူးဗျ တောင်ကြီးသားဘလောက်ဂါတွေ ကိုတော်တော်များများတွေ့ ရလို့ ပါပဲ ။ ဒါကြောင့်နာမည်ထည့်ရေးနေရင် ရှည်သွားမှာစိုးလို့ လေ :D ။ သူ့ တို့ ကလည်းကူညီကျပါတယ် လုပ်ချင်တာကိုလုပ်ဖို့ လေ။ ဒါကြောင့်ယမကာလုလင်လေးကို လုပ်ဖြစ်သွားပါတယ် ။ ဘာရယ်မဟုတ်ပါဘူး ကိုယ့်ရေးချင်တာလေးကို ရေးဖို့ ပါပဲ ။ တစ်နေ့ မှာအမှတ်တရလေးတွေဖြစ်နိုင်ကောင်းပါတယ်လေဆိုပြီး နည်းနည်းဆီရေးဖြစ်သွားတာပါပဲ ။

တစ်ခါတစ်လေ သိမ်ငယ်စိတ် ဝင်နေတဲ့အချိန် ၊ အားငယ်နေတဲ့အချိန် ၊ အိမ်ကိုလွမ်းနေတတ်တဲ့အချိန် ၊ မိသားစုကိုသတိရနေတတ်တာတွေ အားလုံးပေါ့လေ သူများကိုမပြောနိုင်ရင်တောင် ခံစားနေရတာလေးတွေကို ရေးချချင်တယ် ။ ပြီးတော့ ကိုယ့်ရေးထားသမျှကို ပြန်ပြီးကြည့်ချင်တာလည်းပါတယ်လေ ။ သူများတွေလိုတော့ ဦးတည်ချက်မရှိပါဘူး ။ ရေးချင်တာကိုရေးမယ် ။ ဖတ်ကောင်းအောင်တော့စာရေးဆရာလို ဖွဲ့ နွဲ့ ပြီးလည်းမေ၇းတတ်ဘူး ၊ ဘယ်ရေးတတ်မလည်းနော့။ ဒါနဲ့ ခေါင်းစဉ်ကို ယမကာလုလင်ပဲပေးဖြစ်သွားတယ်ပေါ့ဗျာ။

အိုက်ခီလောက်ဖြစ်လာတာက ကျွန်တော်က အရက်ကိုတစ်အားသောက်တယ် ။ သောက်ဖြစ်တာကလည်း စွဲစွဲမြဲမြဲသောက်ဖြစ်တတ်တာက ဆယ်တန်းပြီးတော့ ရွာပြန်တယ်လေ ။ အဲ့မှာ အစ်ကိုအကြီးဆုံးက ကျွန်တော်ဆယ်တန်းမဖြေပဲ ရွာပြန်လာလို့  အိမ်အလုပ်တွေခိုင်းတယ်လေ။ ကားနောက်လိုက် ချောင်းဘေးမှာ သဲပေါက် နဲ့ သဲသယ် ၊ သဲချပေါ့ အလုပ်ကြမ်းခိုင်းတော့တာပဲ ။ အငယ်ဆုံးဆိုတော့လည်း မပြောရဲဘူးလေ ၊ ပြီးတော့ကိုယ်လုပ်ထားတာကလည်း ကျောင်းကထွက်လာလတယ်ဆိုတော့ ငြိမ်ခံနေတာပေါ့ ။ အစ်ကိုက ကျောင်းမနေရင် ဒီလိုအလုပ်ကြမ်းတွေလုပ်ရမယ်ဆိုတာ ကိုသူ့ ကသိစေချင်လို့ ခိုင်းတာပါ ။ ပြီးတော့ ကားနောက်လိုက်ခိုင်းတော့ ဘိလပ်မြေအိတ် ၊ ဆန်အိတ် ၊ ကြံသကာခြင်းတွေ ထမ်းရတာပေါ့ ။ ကျွန်တော်တို့ ရွာက မြို့ နဲ့ လှမ်းတော့ တောလမ်းဖြစ်နေတော့ နွေရာသီဆို ဖုန်လမ်း ၊ မိုးတွင်းဆို ဗွက်ထ နေတာပေါ့ ။ ဒါနဲ့ ကျွန်တော့ ဘွဲ့ တော့မသိဘူး ဗွက်တော့ အသကုန်ပေါက်ရတယ် ကားဘီးကျွံတော့လေ ။ မိုးကလည်းရွာ ဗွက်ကလည်း တူးနေရတော့ ခံနိုင်ရည်ရှိအောင်ဆိုပြီး အရက်သောက်တာ ပေါ့ ။ ရွာမှာက စပါးအရက်မီးတောက်လေ ။ စသောက်တော့ မီးစနဲ့ ထိုးခံရသလိုပဲ ပူပြီးဆင်းသွားတာ ရေကို အငမ်းမရသောက်ရတယ် ။ နောက်တော့လည်း သောက်တတ်သွားတယ် ။

နောက်တော့ပင်ပန်းတာကိုအကြောင်းပြီပြီး အရက်ကို ပိုသောက်လာတယ် ။ ဘယ်လောက်သောက်လည်းဆိုတော့ သွားးလေရာဆောင်ထားတယ် ။ ကားထဲမှာလည်းထည့်ထားတယ် ။ ဂါလံပုံးနဲ့ လေ ။အရက်ကောင်းတယ်ဆိုရင် ဝယ်ထားပြီးထည့်ထားတယ်။ ကားမှာထည့်ထားတယ်ဆိုတာက လမ်းပေါ်မှာအခြင်းခြင်း သူငယ်ချင်းတွေ ဆုံရင် ကားဘက်ထရီအိုးဖြုတ်ပြီး ချောင်းထဲဆင်းပြီးငါးရှော့ရိုက်တယ်လေ ။ နောက် ပျော်ပျော်ပါးပါး အရက်သောက်တတ်လာတာ ။ ဒါကြောင့်တစ်ရွာလုံးက ကျွန်တော့်ကို အိုက်ခီလောက် လို့ ခေါ်တယ် ။ တော်သေးတယ်အိုက်ခီယာ့ လိုမခေါ်လို့ ။ အိုက်ခီယာ့ ဆိုတာ ရှမ်းလို့ ဆေးသမားပြောတာ လေ ။ အိုက်ခီလောက် ကတော့ အရက်သမားလို့ ခေါ်တာ ။ ဒါနဲ့ ယမကာလုလင်နဲ့ လိုက်အောင် အိုက်ခီလောက်ကို ရွေးတယ်လေ ။ သဘောကတော့အတူတူပဲလေ နော်။ မြန်မာလို ယမကာလုလင် လည်း ဆိုလိုတာကလည်းအရက်သမားတွေပဲလေ ။ ရှမ်းလို အိုက်ခီလောက်ကလည်း အရက်သမားပဲ ဖြစ်တာကြောင့်လိုက်ရောညီထွေဖြစ်အောင် ယူသုံးလိုက်တာပါပဲ ။

ယမကာလုလင်နဲ့ အိုက်ခီလောက်ဆိုတာ အတူတူပါပဲ ၊ မြန်မာလို ယမကာလုလင် ပေါ့ ။ ရှမ်းလို က အိုက်ခီလောက် ပေါ့ ။ အင်း ပြောရတာ ကိုယ့်ပေါင်ကိုယ့်လှန်ထောင်းသလိုပဲ ။ မကောင်းတာလုပ်တာမှမဟုတ်တာနော့်  ။ ဒါပေမယ့်မရှက်ပါဘူးဗျာ ၊ နောက်မှလူပိုသိသွားမှပိုရှက်ရမှာ အကြောက်ဆုံးပဲ ။ ကျွန်တော် တွေ့ တဲ့ လူတိုင်းကို ဝန်ခံ တယ် ဗျာ ။ ကျွန်တော် အရက်ကို သောက်ခဲ့တယ် ။ ဒါပေမယ့် ခုဒီဘလောက်လေးကို လုပ်ပြီးတဲ့နောက်ပိုင်းကျွန်တော်အများကြီးပြောင်းလဲသွားတယ် ။ အရက်လည်းသိပ်မသောက်ဖြစ်တော့ပါဘူး ။ အပြင်လည်းမထွက်ဖြစ်ဘူးဗျာ ။ သူငယ်ချင်းတွေ အားလုံးက အံသြနေတယ်လေ ။ အရင်က သောက်မယ်စားမယ်ဆိုတဲ့လူက ငြိမ်နေတယ် ၊ ပြီးတော့ အပြင်မှာတစ်ချိန်လုံးတွေ့ နေရတဲ့လူက အိမ်ကပ်နေတယ်ဆိုတော့ သူ့ တို့ ပြောလည်းပြောစရာပါပဲ ။

ဒါပေမယ့် ကျွန်တော် ဘလောက်လေးလုပ်ရတာအင်မတင်ပျော်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ချစ်တဲ့ အကိုတွေ အမ တွေ အများကြီးရလိုက်လို့ ပါပဲ ။ ညီ တွေ ညီမ လည်းရပါတယ် ။ တစ်ကယ်ပဲ မောင်နှမအတိုင်းပဲ တစ်ဦးကိုတစ်ဦးကဖေးကူလို့ ၊ တစ်ယောက်လို တာကို တစ်ယောက်က ဖြည့်ဆည်းပေးလို့ စိတ်ချမ်းသာရတယ် ။ ကျွန်တော်အထီးမကျန်တော့ဘူး ။ အပြင်ကထက် ပိုပြီး ဒီမှာ ဟန်ဆောင်မူမရှိတဲ့ အဖြူရောင်မေတ္တာတွေ မြင်နေရတယ် ။ ကဲ မဆိုင်တာတွေ ရောက်ကုန်ပြီ ။ ယမကာလုလင်နဲ့ အိုက်ခီလောက် ဖြစ်လာတာကိုေ၇းတတ်သလိုေ၇းလိုက်တာပါ ။ ရှင်းအောင်မရေးနိုင်ဘူးဆိုရင် ကျွန်တော်လိုအပ်ချက်ပဲဖြစ်ပါတယ် :P

အိုက်ခီလောက်
အမြည်းလေးတွေ
16 Responses
  1. mysterysnow Says:

    ဝေး ခီလောက်ရေ
    နက်ကောင်းနေပီပေါ့လေ...
    လူကမမူးပဲ ကောနက်ရှင်က မူးနေတာလားလို့
    လာချောင်းရတာ တန်သွားပြီ။။
    ခုသောက်တာလျှော့ထားတယ်ဆိုတာ ဂယ်ပြောတာလား...
    လုံးဝမသောက်တော့ဘူးဆိုရင် မုန့်ကျွေးမယ်...


  2. အိုက်ခီလောက် နဲ့  ယာမကာလုလင် ဆိုတာ တူတူပဲကိုး။။ရှမ်းစကားတစ်ခွန်းတော့ တတ်သွားပြီး (ဟဲဟဲ)
    သယ်ရင်းအိုက်ခီ အရင်လို မသောက်တော့ဘူးဆိုတော့ ဝမ်းသာတယ်ဗျာ။ တန်ဆေး လွန်ဘေး စကားအတိုင်းပဲလေ နော်။။။။
    အခုလို တဂ်ထားတာ ရေးပေးတဲ့အတွက် ကျေးဇူးတင်တယ် တကယ်။။။
    သယ်ရင်းအိုင်ခီရေ ပျော်ရွှင်ပါစေဂျာ။။။

    ခင်မင်ခြင်းနှင့်
    တလနွန်


  3. ခီလောက် ကောင်းတယ် မသောက်နဲ့တော့ ပိုက်ဆံလဲ အကုန် သက်သာတယ် ကျန်းမာရေးလဲ ကောင်းတယ် မိသားစုလဲ ပျော်တယ် ကောင်းတာတွေချည်းပဲ မကောင်းတာမရှိဘူး မလုပ်တော့နဲ့ စကားမစပ် ကျနော့်ကို နဲနဲလေးတော့ တိုက်ပါနော့် အဟဲ


    လေးစားလျက်
    တောင်ပေါ်သား


  4. Anonymous Says:

    မောင်လေးက အရမ်းလိမ္မာလာတယ်နော်။ မကြီးကို ဖုန်းဆက်တုန်းကလည်း ကတိပေးခဲ့တယ်နော်။ ကျန်းမာရေ ကောင်းကောင်းနဲ့ မိသားစု ဘ၀ကို ပျော်ရွှင်အောင် ကြိုးစားပါမောင်လေးရယ်နော်။

    ခင်တဲ့
    မကြီး


  5. ညီ ခီလောက် အရမ်းလိမ္မာတယ် အစ်ကို ပြောဖူးလား မင်းက ကိုယ့်ထက် ပိုတော်ပါတယ်ဆို


  6. kiki Says:

    အိမ်းးးးးးး ကောင်းသဟေ့ ။ မောင်ခီလောက် တကောင် ဒီလို တွေးတတ် လုပ်တတ် လာပြီ ဆိုတော့ ဝမ်းသာ ရသပေါ့ ကွာ။
    ( ပြီးတော့မှ သာေxွး မြီးကောက် ကျေတောက် မစွပ် စေနဲ့  ။ နင့် အမ ငါ က ပြင်းထန် စွာ သတိပေးလိုက်ပါ၏ )


  7. ပီဟွမ် Says:

    ဟုတ်ပါတယ်..ခုတလော ခီလောက်တို့ အရက်ကိုမစွဲတော့ပဲ ဘလောဂ့်ကိုပဲစွဲနေတော့တယ်။ ကွန်ပျူတာရှေ့ကကိုမခွာတော့ပါဘူး။ နက်မကောင်းတာကို အရူးတစ်ပိုင်းဖြစ်နေတာ။ ညသန်းခေါင်းကျော် ဆိုင်ကယ်တစ်စီးနဲ့ အိမ်ကိုလာပြီး အကို အမအိမ်က နက်ကောင်းမကောင်းလာကြည့်တာကို ဘယ်သူ့ကိုမှမပြောပြတော့ပါဘူး။ D:။


  8. yehtutnaung Says:

    ကိုအိုက်ခီလောက်.. အခုလိုပြောင်းလဲသွားတာ အရမ်းဝမ်းသာပါတယ်ဗျာ..။ ၀မ်းသာတဲ့ အထိမ်းအမှတ်အနေနဲ့  တပွဲလောက် ချရအောင်။ :D
    ဘာပဲဖြစ်ဖြစ် သူ့ နေရာနဲ့ သူ သောက်တတ်စားတတ်တာဟာ အကောင်းဆုံးပါပဲဗျာ။ ကျန်းမာပျော်ရွှင်ပါစေ..။
    ရှမ်းစကားလုံးတွေတော့ သိသွားပြီ။


  9. မသောက်နဲ့လိုတော့ မပြောဘူး
    သောက်ပါ
    ရေချိန်ကိုက်လောက်တဲ့ထိ
    မြှောက်ပေးတာတော့မဟုတ်ဘူး
    တစ်ခါတစ်လေ ခံစားချက်ကို ရေနဲ့မျှောပြစ်လိုက်တာသက်သာတယ်
    တို့ညီအကိုယောက်ဖတွေ တွေ့ရင်လဲသောက်ကြအုံးမယ်
    ဘာဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ်သိနေတာပဲညီရာ
    ညီ စိမ်ထားခဲ့တဲ့ အရက်တွေ အလကားဖြစ်နေပါအုံးမယ်နော့်

    နက်မကောင်းဘူးပြောတဲ့အတွက် စိတ်တောင်မကောင်းဘူး


    ချစ်ခင်မှုများစွာဖြင့်
    ချစ်ယောက်ဖအကိုကြီး
    ဖိုးစိန်


  10. ဇော် Says:

    အလဲ့
    ဂျစ်ကို တယ်ဟုတ်ပါလား။ ကညစ် စွမ်းတွေ အတော်ထက်နေပြီ။
    အဟိ။ ဂျစ်ကို ကို များများ ၀ိုင်းတက်ဂ်ကြပါစေဗျာ။ ဒါမှ ဒီလူကြီး များများရေးမှာ။ နို့မို့ကတော့ အပျင်းထူနေတယ်လေ။ အဟက်။


  11. အမ Says:

    အားလုံးမှန်နေတယ်။ ရေချိန်ကိုက်ပြီးရေးထားလို့ထင်တယ်။:D


  12. ကောင်းလေး ကအရင်လို ဟုတ်ဘူး လိမာနေပြီပေါ.လေ
    ကောင်းတယ်ဗျာ ကောင်းတယ် မေမေ ချစ်တဲ. သား
    လိမာလေးဖြစ်ပါစေဗျာ


  13. chitpalone Says:

    ကိုအိုက်ရေ အလိမ္မာစာမှာရှိတဲ့ ကိုအိုက်အတွက်တော့ အလိမ္မာ ဘလော့မှာရှိဖြစ်သွားပြီပေါ့နော်။ ၀မ်းသာပါတယ်။ ပျော်ရွှင်ပါစေ။
    ညီမလေး ပါးလုံး


  14. mgnge Says:

    လျော့သောက်တယ်ဆိုတာ ပုဆိုး သို့ မဟုတ် ခါးပတ်လျော့သောက်တာ ကို ပြောတာ လား ...
    ဟားဟားးး
    နောက်တာနော်... ပြင်လေကောင်းလေပေါ့....


  15. ကောင်းတယ်။ အိုက်ခိလောက်ရေ။
    အရက်တော့ မသောက်နဲ့ မပြောပါဘူး။ ကျွဲသောက် နွားသောက်တော့ မသောက်တော့ဘူးဆိုတော့။

    ရှမ်းစကား လေးတော့ သင်ချင်တယ်။
    ရှမ်းတယောက်ဖြစ်က အဖြစ်က မလွယ်ပါလားတို့ ။
    သီချင်းကို မဆိုဘူးလား


  16. Mekong Says:

    အရက် ကမကောင်းလို့မဟုတ်ပါဘူး၊ ကောင်းလွန်းလို့ ရှေးလူကြီးတွေတားတာပါ။ ကောင်းမကောင်းသောက်ကြည့်နိုင်ပါတယ်။


Post a Comment