ရင်ထဲကပေါက်ဖွါးလာတဲ့ အချစ်ကို ရင်ထဲမှာပဲပြန်လည်သိမ်းဆည်းထားတာဟာ အကောင်းဆုံးပါပဲ

နာရီ၊ မိနစ်၊ စက္ကန့် ဆိုတဲ့ အချိန်တွေရယ်၊
လူတစ်ယောက်ဆီကလျစ်လျူရှုခြင်း ဆိုတဲ့ ဥပေက္ခာတရားတွေရယ်ဟာ အဲဒီလူကို မေ့နိုင်ဖို့ အကောင်းဆုံး ဆေးတစ်ခွက်ပါပဲ။
မေ့ဖို့ကြိုးစားရင် ပိုသတိရတတ်ကြသလို၊
တမင်သက်သက်မေ့ဖို့ မကြိုးစားဘဲ ဒီအတိုင်းလေး ထားလိုက်တော့လည်း
ကြာညောင်းလာတဲ့ အချိန်တွေရယ်၊ ဥပေက္ခာရယ်က သူ့အလိုလို မမေ့ချင်လည်း မေ့သလောက်နီးပါး ဖြစ်သွားတတ်တယ်။
ဘ၀ဆိုတာ ဒါပါပဲလေ။
တဖက်သားဆီက ရယူလိုစိတ်တွေအရမ်းများနေရင် သူ့ဆီက ငါရတာဘာမှ မရှိဘူးလို့ ထင်ပြီး စိတ်တွေပူလောင်လာတတ်တယ်။
ဘာမှ မရလည်း နေပါတော့လို့ ထားလိုက်တော့လည်း ဘာမှ မရသည့်တိုင်အောင် စိတ်ဟာအေးချမ်းနေတတ်တယ်။
ဒီလိုပဲ ကိုယ်ဟာ ဟိုး…အဝေးကြီးကိုပဲ မျှော်ကြည့်နေတော့ ကိုယ့်အနီးအနားကဟာတွေကို မမြင်မိဘူး။
ကိုယ်နဲ့ အရမ်းအလှမ်းဝေးတာတွေကို မကြည့်မိအောင်နေလိုက်တော့လည်း ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လောက်တန်ဖိုးကြီးတာတွေ ရှိနေပါလားဆိုတာကို သိရှိလာတယ်။
တော်ပြီလေ၊ ဒီလောက်အကြာကြီး လှမ်းမျှော်ကြည့်ရတာ ပင်ပန်းရောပေါ့။
တော်ပြီ၊ တော်လောက်ပြီ၊ တော်သင့်ပြီပေါ့။
အားလုံးကို စွန့်လွှတ်ရရင်တောင်မှ သတိရခြင်းကို မင်းပိုင်သေးတာပဲ။
ဒါဟာစွန့်လွှတ်တယ်မှ မမည်ပဲ။

အိုက်ခီလောက် ရဲ့ သူငယ်ချင်းလေး လင်းလင်းရေးထားတာပါ ။ ခုတစ်လော စိတ်ညစ်နေတာဘာမှမလုပ်နိုင်ဘူးဗျာ ။ သူစာလေးဖတ်ရတာတော့ကြာနေပါပြီ ။ ခုမှပြန်သွားဖတ်ပြီး ကြိုက်လို့ သယ်လာတယ်ဗျာ ။

အိုက်ခီလောက်
အမြည်းလေးတွေ
16 Responses
  1. ကောင်းတယ်ဗျ....ကီဗျာလေးက

    ခင်မင်လျှက်
    အဆိပ်ခွက်


  2. Anonymous Says:

    နာကတော့ တတ်နိုင်ရင် သတိတောင်ရခြင်ဖူး
    သံယောဇဉ်တွေ မပြတ်သေးလို့နော...
    ဟင်း


  3. မှန်တယ် စကားလုံးတိုင်းကို သဘောကျတယ်
    ညီလေးရော ခံစားနေရလို့လား
    ခံစားရတိုင်း အကိုကြီးကိုလာပြော
    နားထောင်ပေးမယ်
    ညီချစ်တဲ့ ကိုကြီးယောက်ဖ
    ဖိုးစိန်


  4. ဇော် Says:

    ဂျစ်ကို
    ဘာတွေများ စိတ်ညစ်နေလဲဗျာ။ ကျနော့်ကို ပြော။ ကျနော် နားထောင်ပေးမယ်။ အဟဲ။
    ဘာမှ မလုပ်ပေးနိုင်ဘူးဆိုရင်တောင်မှ ဂျစ်ကို ဖွင့်ပြောလိုက်တော့
    ရင်ထဲနဲနဲ ပေါ့သွားမယ်မို့လား။ ဟုတ်တယ်ဟုတ်။
    ဂျစ်ညီမ


  5. Anonymous Says:

    မောင်လေးရေ ဘာတွေဖြစ်နေလဲ။ ရင်ထဲမှ ခံစားနေရတာတွေ မောင်နှမတွေဆီလာပြီး ရင်ဖွင့်လေ။ ခံစားရသက်သာသွားတာပေါ့။

    ခင်မင်လျှက်
    မကြီး


  6. ကြယ်ပြာ Says:

    ထောက်ခံတယ် ... ရင်ထဲကလာတဲ့အချစ် ရင်ထဲမှာထားတာ အကောင်းဆုံးပဲ .. အပြင်ထုတ်ရင် ပုပ်သိုးလွယ်သတဲ့လေ.. ... ဟ ဟ ...
    ပို့စ်လေးသဘောကျတယ် ...


  7. mysterysnow Says:

    ခီလောက်ရေ
    ပျောက်နေပါလား...
    ရင်ထဲကလာတဲ့ အချစ်က ရင်ထဲက မထုတ်ပဲ သိမ်းထားတာပိုကောင်းပါတယ်။
    ပျော်ရွှင်ပါစေ ခီလောက်ရေ။


  8. အမ Says:

    ဘာတွေ စိတ်ညစ်နေတာလဲ။ လင်းရဲ့ပိုစ့်လေးတင်ထားတာ တွေ့လို့ အပြေးလာတာ ဒီရောက်တော့ ဘယ်လိုဖြစ်တာလဲလို့ ..?????


  9. ကောင်းလိုက်တဲ့စာ။

    ဟုတ်တယ် အဝေးကြီးကို လှမ်းကြည့်တော့ အနီးမှုန်တယ်လေ။
    အမှန်ပဲ။


  10. ကောင်းလိုက်တဲ့စာ။

    ဟုတ်တယ် အဝေးကြီးကို လှမ်းကြည့်တော့ အနီးမှုန်တယ်လေ။
    အမှန်ပဲ။


  11. စာသားလေးတွေ မိုက်တရ် သယ်ရင်းအိုက်ခီရေ။။။
    “တဖက်သားဆီက ရယူလိုစိတ်တွေအရမ်းများနေရင် သူ့ဆီက ငါရတာဘာမှ မရှိဘူးလို့ ထင်ပြီး စိတ်တွေပူလောင်လာတတ်တယ်။”
    ဒီစာသားလေး က မှန်နေပြီး။

    ခင်မင်ခြင်းနှင့်
    တလနွန်


  12. ကိုအိုက်ရေဘာတွေညစ်နေလို.လဲဗျ...ခံစားချက်လေးတွေ
    ရေးပါအုံးဗျ...ခံစားလို.ရတာပေါ.ဗျာ


  13. Lin Says:

    ရင်ထဲက ဖြစ်ရပ်မှန်တွေကို အံထုတ်ထားတာလေးမို့ပါ


  14. သုဒြေ္န Says:

    မင်းပြောသလိုရင်ထဲက ဖြစ်ပေါင်္်လာတဲ့  အချစ်ကိုရင်ထဲမှာဘဲပြန်သိမ်းထားလို့ ၇ရင်သိပ်ကောင်းတာပေါ့ ညီလေးရာ ခုတော့ အဲဒီအချစ်ကသိမ်းထားလို့ မရဘဲသံယောဇဉ်နှောင်ကြိုးအဖြစ်နဲ့ အသွင်ပြောင်းသွားတော့  အလွမ်းသံသရာမှာလည်ပြီးရင်းလည်နေကြတာချစ်ဘူးသူတိုင်းခံစားဖူးကြပါလိမ့် မယ် ခင်မင်မှုများစွာဖြင့်  မတွေ့ တာတော်တော်ကြာပြီဖြစ်တဲ့ အကို သဒြေ္န


  15. Dream Says:

    ဘာတွေ စိတ်ညစ်လဲ ။ အရက်ဖိုး မရှိလို့ စိတ်ညစ်နေတာလား..

    အဟီးး..

    အဆင်ပြေ ပျော်ရွှင်ပါစေ


  16. “တဖက်သားဆီက ရယူလိုစိတ်တွေအရမ်းများနေရင် သူ့ဆီက ငါရတာဘာမှ မရှိဘူးလို့ ထင်ပြီး စိတ်တွေပူလောင်လာတတ်တယ်။

    ဘာမှ မရလည်း နေပါတော့လို့ ထားလိုက်တော့လည်း ဘာမှ မရသည့်တိုင်အောင် စိတ်ဟာအေးချမ်းနေတတ်တယ်။”
    အကို ရေ
    ဒီစာသားလေးကို အရမ်းကြိုက်တာဘဲ...မှန်လိုက်တာရှင်....ရ.ယူလိုစိတ်က တကယ်ကို ပူလောင်စေပါတယ်......
    အားပေးနေမယ်နော်
    ခင်တဲ့
    မေလေး


Post a Comment