သွားအုန်းမယ်ဗျ





















ပျှော်ရာမှာမနေရ ၊ တော်ရာမှာနေရသလိုမျိုးပဲ လူဘဝကြီးက ။ ခုတော့လည်း မလာချင်သော်လည်းပဲ လာခဲ့ရတယ် ၊ ခုတော့လည်းမပြန်ချင်ပဲနဲ့ လည်းပြန်ရတော့မယ် ။ တွေ့ ဆုံ ကြုံ ကွဲ ဆိုတဲ့အတိုင်း မျှော်လင့်ထားသလိုဖြစ်မလာပဲ ၊ မထင်မှတ်တာတွေလည်း ကြုံခဲ့ရတယ် ။ မျှော်လင့်ချက်အပြည့်နဲ့ လာသူတွေ လည်းရှိသလို ၊ ပေါ့ပေါ့နေပေါ့ပေါ့စားတွေ လည်း လာကြတာများပါတယ် ။ ကိုယ်တိုင်က ဘယ်လိုအမျိုးအစားထဲပါမယ် မှန်းမသိ :D ။

ပြန်ရအုန်းမှာပါလားဆိုတဲ့စိတ်လေးက အရာရာတိုင်းကို လွမ်းနေရပြန်ရော ။ ကဲ မပြန်ဘူးလားဆိုတော့လည်း ပြန်ချင်တာပေါ့ ၊ ရင်ထဲမှ ခုလု ခုလု ဖြစ်နေတယ် ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်းမသိသေးဘူး ။ ခုထက်ထိလည်း အဝတ်အစားတွေ ဘာမှမသိမ်းဆည်းရသေးဘူး ။ ယောက်ကျားပဲလေ အဝတ်တစ်ထည်ကိုယ်တစ်ခု ၊ ရေတစ်ဗူးနဲ့ လည်း ဖြစ်တာပဲ ။ ကျန်တာသိပ်မစဉ်းစားပါဘူး ခေါင်းခြောက်ယုံပဲရှိတာကိုး ။

ကဲပြန်မယ်ဆိုတော့ အားလုံးနဲ့ လည်းမခွဲချင်ပြန်ဘူး ။ စတွေ့ တုန်းကတော့ အမြင်ကတ်နေတဲ့လူတွေ ၊ ကဂျီကကြောင်နိုင်တဲ့လူတွေ ၊ ဂျီးများတဲ့လူတွေ အားလုံးပေါ့ မတဲ့ဘူးလို့ ထင်ရပေမယ့် တစ်ကယ်တမ်းနေလာတော့ သူ့ အကြောင်းကိုယ်သိ ၊ ကိုယ့်အကြောင်းသူ သိလာတော့ တစ်ဦးကို တစ်ဦးနားလည်မူတွေနဲ့ ကူညီဖေးမလို့ ၊ နောက်ပြောင်ကျီစယ်ရင်းနဲ့ သံယောဇဉ်လေးတွေ ဖြစ်လာမိခဲ့ပါပေါ့ ။ ခွဲခွာရမယ်ဆိုတော့ အားလုံးက စိတ်မကောင်းခြင်းများစွာနဲ့ စကားသံလေးတွေမှာ ဝမ်းနည်းမူတွေ ပါလို့  ။

ပြန်လာပါ့မယ်ဆိုတာတောင် စိတ်မချလို့ "တစ်ကယ်တော့ပြန်လာပါကွာ မင်းမရှိတော့ အားလျော့တာပေါ့ " ဆိုလာလေတဲ့ သူငယ်ချင်းတွေ " စိတ်ချစမ်းပါကွာ ငါ့တစ်ကယ်ပြန်လာမှာပါကွ မင်းတို့ ကလည်း အားမငယ်ပါနဲ့ " ဆိုပြီး အားပေးခဲ့ရသေးတယ်လေ ။ ခဏတာလေးခွဲခွာဖို့  သူငယ်ချင်းတွေ အားလုံးနဲ့ ခဏတာဝေးနေရမှာပါလား ဆိုတဲ့အသိလေး ဝင်လာတော့ အားတင်းထားရပါတယ်လေ ။
ဘလောက်က သူငယ်ချင်းတွေ ရော အားလုံးကို ခင်မိပါတယ် ။ တစ်ကယ့်ကို ညီအစ်ကိုရင်း ၊ မောင်နှမစိတ်လေးတွေနဲ့ ဖေးမကူညီကြတာ အပြင်မှာကြုံရင်ဆုံချင်ပါသေးတယ် ။

ဒီတစ်ရက်လေးနေပြီးရင်တော့ အားလုံးနဲ့ ခဏလေး အဆက်အသွယ်ပြတ်ခဲ့ရတော့မယ် ။ ရင်ထဲတော့မကောင်းဘူးပေါ့ဗျာ ။ တစ်နေ့ တော့ပြန်လာရင် အားလုံးနဲ့ ဆုံကြမယ်လေ ။ အမှတ်မထင်ပဲနဲ့ ခင်ခွင့်ရတဲ့သူငယ်ချင်းတွေ ၊ ညီအစ်ကို မောင်နှမလို ပေါင်းသင်းခဲ့တဲ့ အစ်ကို ၊ အမ ၊ မောင်လေး နဲ့ ညီမလေးတွေကိုလည်း ရင်ထဲက လာတဲ့ စိတ်နဲ့  ပဲပေါင်းသင်းခဲ့မိပါတယ် ။ ခုတော့ အားလုံးကို ခဏလေးခွဲခွာဖို့ အကြောင်းလေးပေါ်လာလို့ အားလုံးကို ကြိုတင်အကြောင်းကြားထားတာပါ ။


အိုက်ခီလောက်

ကောင်းပါပေ့

ကောင်းတယ်လို့ တော့မပြောချင်တော့ဘူး ။ ကြိုက်လွန်းလို့ ဆိုတာရော ၊ ကနေတာရော ဘာမှကို ပြောစရာမလို ။ ဆွဲဆောင်မူလား ၊ အပြည့်အဝပဲ ။ မကြိုက်ဘူးလား မကြိုက်ရင်လည်းနားမထောင်နဲ့ ပေါ့ :D ။








အိုက်ခီလောက်
အမြည်းလေးတွေ 7 ရစ်တယ်ပေါ့ |

ရင်မောခြင်း

နေ့ စွဲတစ်နေ့ ကျော်ဖြတ်လို့ သွားလိုက်တိုင်း
ငါ့စိတ်မှာသတိရနေမိတယ်
ငါမက်တဲ့အိမ်မက်နင်ပြုစားလိုက်
ဘဝတွေများစွာကြားထဲ
မွတ်သိပ်ကျွမ်းလောင်ခြင်းတွေပူလောင်ခြင်းတွေ
ကောင်းကင်အောက်မှာနှစ်မြုပ်လိုက်

မဆုံနိုင်တော့တဲ့ဒီနှုတ်ခမ်းသားတွေ
ပြန်ပြီးပြုံးပြလိုက်ဖို့ ငါခက် ခဲ
ငါ့စိတ်တွေတိမ်စိုင်လိုလွင့်မျောဆဲပဲ
နေဝင်ချိန်တွေစောများနေသလား
ဟိုးအဝေးက အပြာရောင်လွင်ပြင်ဟာ
တွယ်ယာမဲ့နေတယ်

ရင်ထဲ ကွက်လပ်တွေချည်းပဲ နင်ထားခဲ့တာ
လေလွင့်သွားတဲ့ငါ့အိမ်မက်တွေ
ဝိုးတစ်ဝါးနဲ့ နင်ဖမ်းစားနေတာလား
စိတ်ဓာတ်တွေသာ နာကျင်ကုန်ဆုံးလို့ 
ငါတစ်ယောက်တည်းနာကျင်စွာခံစား
လွမ်းမောနေတဲ့အချိန်တွေလေ

မင်းသိမလား ငါ့လွမ်းဆွတ်တဲ့ညတွေ
အိမ်မက်များစွာ ငါဖန်တီးလို့ အိမ်မက်ထဲ
မင်းတစ်ယောက်တည်း ပဲလေ
နင်ယုံမလား ငါနှလုံသားဟာမှားယွင်းခဲ့လို့ 
မှားယွင်းခြင်းတွေသာငါရရှိလို့ 
နင်ကို ငါဆုံနိုင်ခွင့်မရှိတော့ဘူး
တမ်းတမိသူ ငါ အရူးလမ်းခွဲသွားသလိုပဲ ...........


အိုက်ခီလောက်
အမြည်းလေးတွေ 11 ရစ်တယ်ပေါ့ |

ဒုက္ခရောက်သူများ( ၁)

သတင်းတွေဖတ်ရတာစိတ်ဝင်စားလို့ လိုက်ဖတ်ဖြစ်တယ် ။ ဒီထဲကမှ စိတ်ဝင်စားတာက နိုင်ငံရေးသတင်းတွေပါ ။ ဘာကြောင့်ဆို ကိုယ့်နိုင်ငံမှာဖြစ်နေတာ ကိုလည်းစိတ်ဝင်စားတယ် ၊ နိုင်ငံခြားက သတင်းတွေလည်း ဖတ်ပါတယ် ။ ကိုယ်နိုင်ငံသတင်းကိုတော့ အဖတ်များပါတယ် ။ ဘာကြောင့်ဆိုတော့ ကိုယ့်နိုင်ငံအကြောင်းစိတ်ဝင်စားတဲ့လူလာမေးရင် အဆင့်သင့်ဖြေနိုင်အောင် ပြင်ဆင်ထားတာပါ ။ သိသလောက်မှတ်သလောက်နဲ့ ပဲ ဖောက်သည်ချရတာပေါ့ ။ ကိုယ့်နိုင်ငံအကြောင်းမှမသိရင် ၊ နားမလည်ရင် နိုင်ငံခြားသားတွေရဲ့ ကဲရဲ့ လှောင်ပြောင်တာခံရမယ်ဆိုတာ မှတ်ထားမိပါတယ် ။ သူ့ တို့ ကိုယ်တိုင်ကတောင် ကိုယ့်နိုင်ငံအကြောင်း စိတ်ဝင်စားနေရင် မြန်မာလူမျိုးဖြစ်တဲ့  အနော့တို့ ကိုယ်နှိုက်က ပို ပြီးစိတ်ဝင်စားဖို့ မကောင်းဘူးလား ဗျာ ။

ဘလောက်တွေ လိုက်ဖတ်တော့လည်း များသောအားဖြင့်စစ်နဲ့ ပက်သက်တာကိုရေးတာနည်းပါတယ် ။ တောင်ပေါ်သား အိမ်မှာတော့ ဖတ်လိုက်ရပါတယ် စစ်ကြောင့်ပြည်သူတွေ ဒုက္ခရောက်တာကို ကိုယ်ချင်းစာစွာနဲ့ ရေးထားတာကိုဖတ်ရပါတယ် ။ ပြောရရင် အနော့ကိုယ်တိုင်က ငယ်ကတည်းက မတည်ငြိမ်တဲ့နေရာဒေသမှာကြီးလာတဲ့လူပါ ။ ဒုက္ခတွေ ဘယ်လောက်ရောက်တယ်ဆိုတာ ကိုယ်ချင်းစာမိပါတယ် ။ သောင်းကျန်းသူ လာရင်တစ်မျိုး ၊ စစ်တပ်က ရွာထဲဝင်ရင် တစ်မျိုး နဲ့ မျက်နှာကိုနှစ်ဖက် ချိုသွေးရတယ် ။

နယ်မြေမအေးချမ်းတော့ ပြည်သူ့ တွေ ဒုက္ခရောက်တာအလွန်ပါပဲဗျာ ။ ပြီးတော့သောင်းကျန်းသူရွာထဲဝင်ရင် အရွယ်ရောက်ကလေးတွေ ခေါ်ပြီး စစ်ထဲထည့်တယ် ။ စစ်တပ်လာတော့လည်း ပေါ်တာ ဆွဲတယ် ။ ဒါကြောင့် ငယ်တုန်းကမှတ်မိနေသေးတယ် ။ သောင်းကျန်းသူလာရင် ရွာကအရွယ်ရောက်လူကြီးရော လူကြီးပေါက်စရော တောထဲ ဝင်ပြေးပြီးပုန်းနေကြရတယ်လေ ။ မိန်းမသားတွေနဲ့ သက်ကြီးရွယ်အိုတွေပဲ အိမ်မှာကျန်နေခဲ့တတ်ကြတယ် ။ ပြေးမလွတ်တဲ့လူဆို ခေါ်တဲ့အထဲပါသွားပြီ ။ ဒီလိုပဲ စစ်တပ်လာရင်လည်း ပြေးတာပြေးတော့ ။ မပြေးလို့ ကတော့ ပေါ်တာထမ်းတဲ့အထဲပါပြီပဲ ။ အဲ့လိုပြေးနေရချိန်ဆို လူတွေ အိပ်စရာမရှိတော့ တောင်ပေါ်မှာရှိတဲ့ယာတဲဆီ သွားနေရတယ် ။သုံးလေးရက်လောက် ဖြစ်သလိုအိပ် ၊ ဖြစ်သလိုရှာကြံစားကြနဲ့  အခြေအနေကောင်းပြီဆိုမှ ရွာထဲကို ပြန်ဝင်ရဲတာ ။ စစ်တိုက်တာက သူ့ တို့ ဟာသူ့ တို့ တိုက်ကြတာဗျာ ။ ကြားထဲက မြေဇာပင်ဖြစ်ရတာက ရွာသူ ၊ရွာသားတွေ ။ စစ်ကိုကြောက်လို့ ထွက်ပြေးတဲ့လူတွေ ၊ ဒုက္ခကို မခံစားနိုင်တော့ အများဆုံးလုပ်တဲ့အလုပ် ကတော့ ထိုင်းကို ဝင်ပြေးကြတော့ မိတစ်ကွဲ ၊ ဖတစ်ကွဲနဲ့ ရင့်နင့်စရာကောင်းလှပါတယ် ဗျာ ။ ထိုင်းမှာလည်းအေးအေးချမ်းချမ်းနေရတယ်မထင်ပါဘူးဗျာ ။

စစ်တိုက်တာက သူ့ တို့ ဟာသူ့ တို့ လွတ်လွတ်လပ်လပ်တိုက်ကြတာမဟုတ်ဘူး ။ ကြားထဲက ပြည်သူ့ တွေ ပဲဒုက္ခရောက်တာ ။ ရွာကို မီးရှို့ တာတွေ ဖတ်လိုက်ရပြန်တော့  ဘယ်သူ့ လက်ချက်မှန်းမသိပေမယ့်  ကြားထဲက ပြည်သူ့ တွေဒုက္ခရောက်ပြီဆိုတာ သေချာသလောက်ဖြစ်နေပြီ ။ တောထဲကနေတဲ့ရှမ်းတွေ ဆိုပိုဆိုးတယ်ဗျာ ။မြန်မာစကားမတတ်တော့ ဘာပြောပြောနားမလည် ။ သူ့ တို့ နေ၇ာကို ဖယ်ခိုင်းပြီးတစ်ခြားနေရာသွားနေတော့ ပိုဆိုးပြီပေါ့ဗျာ ။ နေစရာအိမ်မရှိ ၊ ဆွေမရှိ ၊ မျိုးမရှိနဲ့  စကာားလည်းမတတ် ။ စာမသင်ရတော့ စာကိုလည်းနားမလည် ။ ရေးတတ် ၊ ဖတ်တတ်လည်းမရှိနဲ့  တော်တော်ဒုက္ခရောက်တယ်ဗျာ ။ ရွာကနေမောင်းထုတ်ပြီး ရွာမီးရှို့ တော့နေစရာလည်းမရှိတော့ဘူး ။ မြို့ ကို မောင်းထုတ်တော့ မြို့ မှာဘယ်မှာသွားနေကျမလည်းဗျာ ။ လုပ်ကိုင်စားသောက်ဖို့ ကလည်း အရင်းအနှီးမရှိ ။ အရင်းအနှီးရှိစေအုန်း စာမတတ်တော့ ၊ စာမသင်ရတော့ လူလိမ်ပဲခံရမှာသေချာတယ် ။ ပြီးတော့သူ့ တို့ ခမျာ မိရိုးဖလာ အနီးအနားပတ်ဝန်းကျင်ပဲသွားလာဖူးတာ ငယ်စဉ်ကတည်းကဆိုတော့ တော တွေ ၊ တောင်တွေထဲမှာပဲကြီးလာတော့ မြို့ မှာဘယ်လိုအစဉ်ပြေမလည်းဗျာ ။ ထွန်စရာလယ်လည်းမရှိ ၊ ယာလည်းမရှိ ဘယ်လိုအစဉ်ပြေနိုင်မလည်း စဉ်းစားသာကြည့်ကြပါတော့ ၊ ပိုက်ဆံအစဉ်ပြေတဲ့လူနည်းစု တစ်ချို့ တော့ ဆွေမျိုးတွေရှိတဲ့နေရာဆီပြောင်းနေကြတာပေါ့ဗျာ ။

ဆွေမရှိ ၊ မျိုးမရှိ သက်ကြီးရွယ်အိုနဲ့  ကလေးငယ်တွေတော့ လက်ဝါးလေးတစ်ဖြန့် ဖြန့် နဲ့ တောင်းရမ်းစားနေတာကို ကြည့်ပြီး ရင်နာမဆုံးပါဘူး ။ အရင်က မတွေ့ မမြင်ဖူးတာတွေ ၊ မြင်နေရတော့ သူ့ တို့ ကိုသနားမိတယ် ။ ထမင်းဆိုင် ဘေးနားမှာ ရစ်သီရစ်သီလုပ်ပြီး ဆိုင်ရှင်လစ်ရင် လစ်သလို ဝင်တောင်းတတ်တာကိုတွေ့ တော့ သနားစိတ်ကပိုများနေတတ်တယ် ။ ရင်ထဲမှာလည်းမကောင်းတော့ စားချင်စိတ်လည်းမရှိတော့ဘူး ။ တတ်နိုင်သလောက်တော့ အလှူပြုပေးလိုက်ပါတယ် ။ ကိုယ့်ကလည်းသေဌေးမဟုတ်ဘူးလေ ။ လက်နက်အားကိုးနဲ့ နိုင်ထက်စီးနင်းပြုတဲ့လူတွေကိုပဲ အပြစ်တင်မိတာအခါခါပါပဲ ။ သူ့ တို့ ကြောင့်မို့ ဒီလိုတွေဖြစ်နေရတာလေ ။ ဘယ်သူ့ ကို အားကိုးလို့ အားကိုးရမှန်းမသိဘူး ။ ကျားကြောက်လို့ ရှင်ကြီးကိုး ၊ ရှင်ကြီးက ကျားထက်ဆိုး ဆိုသလို ပဲ နေထိုင်နေရတဲ့တိုင်းရင်းသားတွေ ၊ တောသူ ၊ တောင်သားတွေ ဘဝများ ဆိုးလိုက်တာ ။

သူ့ တို့ ဘဝလေးတွေ ဘယ်တော့များအေးချမ်းမလည်း လို့ တွေးမိတာလည်း အခါခါပဲ ။ မိစုံဖစုံဘယ်တော့များစုံနိုင်ကြမလည်းလို့ ။ ပြီးတော့ သတင်းတစ်ခုဖတ်မိပါတယ် ။ ထိုင်းမှာ ရွေ့ ပြောင်းနေထိုင်တဲ့ ရှမ်းတိုင်းရင်းသားမိဘများကနေမွေးလာတဲ့ ကလေးငယ်လေးတစ်ယောက်အကြောင်းပါ ။ ကလေးငယ်လေးက စက္ကူလေယာဉ်ပစ်ရာမှထူးချွန်လို့ ဂျပန်က ပြိုင်ပွဲဝင်ဖို့ ခေါ်ထားခံရတဲ့ကလေးပါ ။ မိဘများကတော့ ဘာမှမသိပါဘူး ။ အလုပ်လုပ်ဖို့ ပဲသိနေပြီး သူ့ တို့ သားအကြောင်းဖုန်းဆက်မေးတာကိုတောင်မှ ဘာကြောင့်သူ့ တို့ ဆီဖုန်းဆက်ပြီး သူ့ တို့ သားအကြောင်းကိုမေးလည်းဆိုတာမသိပါဘူး ။ တရားမဝင်နေထိုင်တာဆိုတော့ အဖမ်းခံရမှာပဲတွေးကြောက်နေမိတာနဲ့ တူပါတယ်ဗျာ ။ ကျန်တာဘာဆိုဘာမှမသိတဲ့အရိုးခံတိုင်းရင်းသားတွေပါ ။ ဒီလိုမိဘကနေမွေးလာတဲ့ ကလေးငယ်လေး ၊ ပြောရမယ်ဆိုရင် မြန်မာလူမျိုး တစ်ယောက်ကို ဂျပန်ကတောင် ပြိုင်ပွဲဝင်ဖို့ ဖတ်ခေါ်ခံရတာ ဂုဏ်ယူဖို့ ကောင်းတယ်ဗျာ ။ ဒီလိုလူမျိုးမြန်မာပြည်မှာ ရှိနေရင် နိုင်ငံဂုဏ်ဆောင်မယ်လူ ။ စစ်ကြောင့်ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ ခုတော့ ထိုင်းနိုင်ငံကိုယ်စားပြုဖြစ်သွားရရှာပြီ ။
သူ့ အကြောင်းဖတ်၇တာကလည်း ဒေါက်တာလွဏ်းဆွေဆိုဒ့်မှာ ဖတ်ဖြစ်တာပါ ။

ကိုယ့်နေရာဒေသမှာဆို ဒီကလေးက သောင်းကျန်းသူ ပဲဖြစ်မလား ၊ စစ်တပ်ပေါ်တာထမ်းတဲ့အထဲပါမလား ။ လမ်းဘေးမှာတောင်းရမ်းစားသောက်နေမလား ။ မိတစ်ကွဲ နဲ့ ဖတစ်ကွဲနဲ့ ဖြစ်နေမလား ဆိုတာတွေးမိပြန်တော့ ၊ စိတ်မချမ်းသာရပါဘူး ။ သူ့ လို ထူးချွန်တဲ့ကလေးတွေ အများကြီးကို ပြုစုပျိုးထောင်ပေးပြီး နိုင်ငံကိုတည်ဆောက်မယ်ဆိုရင် မဖွံဖြိုးမတိုးတက်စရာမရှိဘူး ။ ပတ်ဝန်းကျင် ကလည်းစကားပြော ပါတယ် ။ ပတ်ဝန်းကျင်မကောင်းရင် ဘာအကျိုးထူးမှမရှိပါဘူး ။ တစ်ကယ်တမ်းပြောရရင်တော့ စစ်ကြောင့် မလိုလားအပ်တဲ့ ပြည်သူ့ တွေ ဒုက္ခအတိရောက်ရတယ်ဆိုတာပဲ ။ သူ့ တို့ ဖာသာ ၊သူ့ တို့ နေရာလု စစ်ခင်းနေကျတာ မဆိုင်တဲ့ တောသူ ၊ တောင်သားတွေ စတေးရတဲ့ အရင်းအနှီးက ပိုများနေတယ် ။ စစ်ဆိုတာကြီးကို ရွံမုန်းနေတယ် ။



အိုက်ခီလောက်

စားမယ် ၊ မြှောက်မယ် ၊ ပေါင်းမယ်

ပျင်းပျင်းနဲ့ ဘာမှမလုပ်တာကြာသွားပြီဗျာ ၊ ဒီနေ့ လည်း မေးလ်တွေလိုက်စစ်ရင်းနဲ့  ဆားချက်စရာလေးရှိလို့ ချက်လိုက်ပါတယ် :D ။ ဒီဆားကတော်တော်လေးချက်၇တယ် ဗျ ၊ မချက်တတ်လို့  ချက်နည်းတွေ လိုက်တောင်းတာ ကိုကျိုး မကီဂျီးထော်မတ် သုံးယောက်ဆီတောင်းတာလေ ။ ဒေါင်းတာပုံစံမကျလို့ လားမသိဘူး ဖိုင်ကို တင်လိုက်ရင် ဘာမှမထွက်လာဘူးဗျ ။ တစ်ခုခုလိုနေတယ်ထင်နေတာ ။ နောက်ဆုံးမရအရတင်မယ်ဆိုပြီးတင်လိုက်တာ ဒီအတိုင်းလေးထွက်လာပါတယ် ဗျာ :P
ကဲဖော့ဝပ်မေးလ်က ရတဲ့ဆားချက်တဲ့ဟာလေးကို မြည်းကြည့်ပါအုန်းဗျာ စိတ်ဝင်စားရင် သူ့ တို့ နဲ့ တွက်ချက် ကြည့်ပါ ။ ကိုယ်တိုင် ဘယ်လောက် အတွက်အချက်တွေ တော်တယ်ဆိုတာသိလာလိမ့်မယ် :D









အိုက်ခီလောက်
အမြည်းလေးတွေ 10 ရစ်တယ်ပေါ့ |