ဒုက္ခရောက်သူများ( ၁)

သတင်းတွေဖတ်ရတာစိတ်ဝင်စားလို့ လိုက်ဖတ်ဖြစ်တယ် ။ ဒီထဲကမှ စိတ်ဝင်စားတာက နိုင်ငံရေးသတင်းတွေပါ ။ ဘာကြောင့်ဆို ကိုယ့်နိုင်ငံမှာဖြစ်နေတာ ကိုလည်းစိတ်ဝင်စားတယ် ၊ နိုင်ငံခြားက သတင်းတွေလည်း ဖတ်ပါတယ် ။ ကိုယ်နိုင်ငံသတင်းကိုတော့ အဖတ်များပါတယ် ။ ဘာကြောင့်ဆိုတော့ ကိုယ့်နိုင်ငံအကြောင်းစိတ်ဝင်စားတဲ့လူလာမေးရင် အဆင့်သင့်ဖြေနိုင်အောင် ပြင်ဆင်ထားတာပါ ။ သိသလောက်မှတ်သလောက်နဲ့ ပဲ ဖောက်သည်ချရတာပေါ့ ။ ကိုယ့်နိုင်ငံအကြောင်းမှမသိရင် ၊ နားမလည်ရင် နိုင်ငံခြားသားတွေရဲ့ ကဲရဲ့ လှောင်ပြောင်တာခံရမယ်ဆိုတာ မှတ်ထားမိပါတယ် ။ သူ့ တို့ ကိုယ်တိုင်ကတောင် ကိုယ့်နိုင်ငံအကြောင်း စိတ်ဝင်စားနေရင် မြန်မာလူမျိုးဖြစ်တဲ့  အနော့တို့ ကိုယ်နှိုက်က ပို ပြီးစိတ်ဝင်စားဖို့ မကောင်းဘူးလား ဗျာ ။

ဘလောက်တွေ လိုက်ဖတ်တော့လည်း များသောအားဖြင့်စစ်နဲ့ ပက်သက်တာကိုရေးတာနည်းပါတယ် ။ တောင်ပေါ်သား အိမ်မှာတော့ ဖတ်လိုက်ရပါတယ် စစ်ကြောင့်ပြည်သူတွေ ဒုက္ခရောက်တာကို ကိုယ်ချင်းစာစွာနဲ့ ရေးထားတာကိုဖတ်ရပါတယ် ။ ပြောရရင် အနော့ကိုယ်တိုင်က ငယ်ကတည်းက မတည်ငြိမ်တဲ့နေရာဒေသမှာကြီးလာတဲ့လူပါ ။ ဒုက္ခတွေ ဘယ်လောက်ရောက်တယ်ဆိုတာ ကိုယ်ချင်းစာမိပါတယ် ။ သောင်းကျန်းသူ လာရင်တစ်မျိုး ၊ စစ်တပ်က ရွာထဲဝင်ရင် တစ်မျိုး နဲ့ မျက်နှာကိုနှစ်ဖက် ချိုသွေးရတယ် ။

နယ်မြေမအေးချမ်းတော့ ပြည်သူ့ တွေ ဒုက္ခရောက်တာအလွန်ပါပဲဗျာ ။ ပြီးတော့သောင်းကျန်းသူရွာထဲဝင်ရင် အရွယ်ရောက်ကလေးတွေ ခေါ်ပြီး စစ်ထဲထည့်တယ် ။ စစ်တပ်လာတော့လည်း ပေါ်တာ ဆွဲတယ် ။ ဒါကြောင့် ငယ်တုန်းကမှတ်မိနေသေးတယ် ။ သောင်းကျန်းသူလာရင် ရွာကအရွယ်ရောက်လူကြီးရော လူကြီးပေါက်စရော တောထဲ ဝင်ပြေးပြီးပုန်းနေကြရတယ်လေ ။ မိန်းမသားတွေနဲ့ သက်ကြီးရွယ်အိုတွေပဲ အိမ်မှာကျန်နေခဲ့တတ်ကြတယ် ။ ပြေးမလွတ်တဲ့လူဆို ခေါ်တဲ့အထဲပါသွားပြီ ။ ဒီလိုပဲ စစ်တပ်လာရင်လည်း ပြေးတာပြေးတော့ ။ မပြေးလို့ ကတော့ ပေါ်တာထမ်းတဲ့အထဲပါပြီပဲ ။ အဲ့လိုပြေးနေရချိန်ဆို လူတွေ အိပ်စရာမရှိတော့ တောင်ပေါ်မှာရှိတဲ့ယာတဲဆီ သွားနေရတယ် ။သုံးလေးရက်လောက် ဖြစ်သလိုအိပ် ၊ ဖြစ်သလိုရှာကြံစားကြနဲ့  အခြေအနေကောင်းပြီဆိုမှ ရွာထဲကို ပြန်ဝင်ရဲတာ ။ စစ်တိုက်တာက သူ့ တို့ ဟာသူ့ တို့ တိုက်ကြတာဗျာ ။ ကြားထဲက မြေဇာပင်ဖြစ်ရတာက ရွာသူ ၊ရွာသားတွေ ။ စစ်ကိုကြောက်လို့ ထွက်ပြေးတဲ့လူတွေ ၊ ဒုက္ခကို မခံစားနိုင်တော့ အများဆုံးလုပ်တဲ့အလုပ် ကတော့ ထိုင်းကို ဝင်ပြေးကြတော့ မိတစ်ကွဲ ၊ ဖတစ်ကွဲနဲ့ ရင့်နင့်စရာကောင်းလှပါတယ် ဗျာ ။ ထိုင်းမှာလည်းအေးအေးချမ်းချမ်းနေရတယ်မထင်ပါဘူးဗျာ ။

စစ်တိုက်တာက သူ့ တို့ ဟာသူ့ တို့ လွတ်လွတ်လပ်လပ်တိုက်ကြတာမဟုတ်ဘူး ။ ကြားထဲက ပြည်သူ့ တွေ ပဲဒုက္ခရောက်တာ ။ ရွာကို မီးရှို့ တာတွေ ဖတ်လိုက်ရပြန်တော့  ဘယ်သူ့ လက်ချက်မှန်းမသိပေမယ့်  ကြားထဲက ပြည်သူ့ တွေဒုက္ခရောက်ပြီဆိုတာ သေချာသလောက်ဖြစ်နေပြီ ။ တောထဲကနေတဲ့ရှမ်းတွေ ဆိုပိုဆိုးတယ်ဗျာ ။မြန်မာစကားမတတ်တော့ ဘာပြောပြောနားမလည် ။ သူ့ တို့ နေ၇ာကို ဖယ်ခိုင်းပြီးတစ်ခြားနေရာသွားနေတော့ ပိုဆိုးပြီပေါ့ဗျာ ။ နေစရာအိမ်မရှိ ၊ ဆွေမရှိ ၊ မျိုးမရှိနဲ့  စကာားလည်းမတတ် ။ စာမသင်ရတော့ စာကိုလည်းနားမလည် ။ ရေးတတ် ၊ ဖတ်တတ်လည်းမရှိနဲ့  တော်တော်ဒုက္ခရောက်တယ်ဗျာ ။ ရွာကနေမောင်းထုတ်ပြီး ရွာမီးရှို့ တော့နေစရာလည်းမရှိတော့ဘူး ။ မြို့ ကို မောင်းထုတ်တော့ မြို့ မှာဘယ်မှာသွားနေကျမလည်းဗျာ ။ လုပ်ကိုင်စားသောက်ဖို့ ကလည်း အရင်းအနှီးမရှိ ။ အရင်းအနှီးရှိစေအုန်း စာမတတ်တော့ ၊ စာမသင်ရတော့ လူလိမ်ပဲခံရမှာသေချာတယ် ။ ပြီးတော့သူ့ တို့ ခမျာ မိရိုးဖလာ အနီးအနားပတ်ဝန်းကျင်ပဲသွားလာဖူးတာ ငယ်စဉ်ကတည်းကဆိုတော့ တော တွေ ၊ တောင်တွေထဲမှာပဲကြီးလာတော့ မြို့ မှာဘယ်လိုအစဉ်ပြေမလည်းဗျာ ။ ထွန်စရာလယ်လည်းမရှိ ၊ ယာလည်းမရှိ ဘယ်လိုအစဉ်ပြေနိုင်မလည်း စဉ်းစားသာကြည့်ကြပါတော့ ၊ ပိုက်ဆံအစဉ်ပြေတဲ့လူနည်းစု တစ်ချို့ တော့ ဆွေမျိုးတွေရှိတဲ့နေရာဆီပြောင်းနေကြတာပေါ့ဗျာ ။

ဆွေမရှိ ၊ မျိုးမရှိ သက်ကြီးရွယ်အိုနဲ့  ကလေးငယ်တွေတော့ လက်ဝါးလေးတစ်ဖြန့် ဖြန့် နဲ့ တောင်းရမ်းစားနေတာကို ကြည့်ပြီး ရင်နာမဆုံးပါဘူး ။ အရင်က မတွေ့ မမြင်ဖူးတာတွေ ၊ မြင်နေရတော့ သူ့ တို့ ကိုသနားမိတယ် ။ ထမင်းဆိုင် ဘေးနားမှာ ရစ်သီရစ်သီလုပ်ပြီး ဆိုင်ရှင်လစ်ရင် လစ်သလို ဝင်တောင်းတတ်တာကိုတွေ့ တော့ သနားစိတ်ကပိုများနေတတ်တယ် ။ ရင်ထဲမှာလည်းမကောင်းတော့ စားချင်စိတ်လည်းမရှိတော့ဘူး ။ တတ်နိုင်သလောက်တော့ အလှူပြုပေးလိုက်ပါတယ် ။ ကိုယ့်ကလည်းသေဌေးမဟုတ်ဘူးလေ ။ လက်နက်အားကိုးနဲ့ နိုင်ထက်စီးနင်းပြုတဲ့လူတွေကိုပဲ အပြစ်တင်မိတာအခါခါပါပဲ ။ သူ့ တို့ ကြောင့်မို့ ဒီလိုတွေဖြစ်နေရတာလေ ။ ဘယ်သူ့ ကို အားကိုးလို့ အားကိုးရမှန်းမသိဘူး ။ ကျားကြောက်လို့ ရှင်ကြီးကိုး ၊ ရှင်ကြီးက ကျားထက်ဆိုး ဆိုသလို ပဲ နေထိုင်နေရတဲ့တိုင်းရင်းသားတွေ ၊ တောသူ ၊ တောင်သားတွေ ဘဝများ ဆိုးလိုက်တာ ။

သူ့ တို့ ဘဝလေးတွေ ဘယ်တော့များအေးချမ်းမလည်း လို့ တွေးမိတာလည်း အခါခါပဲ ။ မိစုံဖစုံဘယ်တော့များစုံနိုင်ကြမလည်းလို့ ။ ပြီးတော့ သတင်းတစ်ခုဖတ်မိပါတယ် ။ ထိုင်းမှာ ရွေ့ ပြောင်းနေထိုင်တဲ့ ရှမ်းတိုင်းရင်းသားမိဘများကနေမွေးလာတဲ့ ကလေးငယ်လေးတစ်ယောက်အကြောင်းပါ ။ ကလေးငယ်လေးက စက္ကူလေယာဉ်ပစ်ရာမှထူးချွန်လို့ ဂျပန်က ပြိုင်ပွဲဝင်ဖို့ ခေါ်ထားခံရတဲ့ကလေးပါ ။ မိဘများကတော့ ဘာမှမသိပါဘူး ။ အလုပ်လုပ်ဖို့ ပဲသိနေပြီး သူ့ တို့ သားအကြောင်းဖုန်းဆက်မေးတာကိုတောင်မှ ဘာကြောင့်သူ့ တို့ ဆီဖုန်းဆက်ပြီး သူ့ တို့ သားအကြောင်းကိုမေးလည်းဆိုတာမသိပါဘူး ။ တရားမဝင်နေထိုင်တာဆိုတော့ အဖမ်းခံရမှာပဲတွေးကြောက်နေမိတာနဲ့ တူပါတယ်ဗျာ ။ ကျန်တာဘာဆိုဘာမှမသိတဲ့အရိုးခံတိုင်းရင်းသားတွေပါ ။ ဒီလိုမိဘကနေမွေးလာတဲ့ ကလေးငယ်လေး ၊ ပြောရမယ်ဆိုရင် မြန်မာလူမျိုး တစ်ယောက်ကို ဂျပန်ကတောင် ပြိုင်ပွဲဝင်ဖို့ ဖတ်ခေါ်ခံရတာ ဂုဏ်ယူဖို့ ကောင်းတယ်ဗျာ ။ ဒီလိုလူမျိုးမြန်မာပြည်မှာ ရှိနေရင် နိုင်ငံဂုဏ်ဆောင်မယ်လူ ။ စစ်ကြောင့်ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ ခုတော့ ထိုင်းနိုင်ငံကိုယ်စားပြုဖြစ်သွားရရှာပြီ ။
သူ့ အကြောင်းဖတ်၇တာကလည်း ဒေါက်တာလွဏ်းဆွေဆိုဒ့်မှာ ဖတ်ဖြစ်တာပါ ။

ကိုယ့်နေရာဒေသမှာဆို ဒီကလေးက သောင်းကျန်းသူ ပဲဖြစ်မလား ၊ စစ်တပ်ပေါ်တာထမ်းတဲ့အထဲပါမလား ။ လမ်းဘေးမှာတောင်းရမ်းစားသောက်နေမလား ။ မိတစ်ကွဲ နဲ့ ဖတစ်ကွဲနဲ့ ဖြစ်နေမလား ဆိုတာတွေးမိပြန်တော့ ၊ စိတ်မချမ်းသာရပါဘူး ။ သူ့ လို ထူးချွန်တဲ့ကလေးတွေ အများကြီးကို ပြုစုပျိုးထောင်ပေးပြီး နိုင်ငံကိုတည်ဆောက်မယ်ဆိုရင် မဖွံဖြိုးမတိုးတက်စရာမရှိဘူး ။ ပတ်ဝန်းကျင် ကလည်းစကားပြော ပါတယ် ။ ပတ်ဝန်းကျင်မကောင်းရင် ဘာအကျိုးထူးမှမရှိပါဘူး ။ တစ်ကယ်တမ်းပြောရရင်တော့ စစ်ကြောင့် မလိုလားအပ်တဲ့ ပြည်သူ့ တွေ ဒုက္ခအတိရောက်ရတယ်ဆိုတာပဲ ။ သူ့ တို့ ဖာသာ ၊သူ့ တို့ နေရာလု စစ်ခင်းနေကျတာ မဆိုင်တဲ့ တောသူ ၊ တောင်သားတွေ စတေးရတဲ့ အရင်းအနှီးက ပိုများနေတယ် ။ စစ်ဆိုတာကြီးကို ရွံမုန်းနေတယ် ။



အိုက်ခီလောက်

အမြည်းလေးတွေ
20 Responses
  1. chitpalone Says:

    ပထမ မလိုချင်ပေမယ့် ပထမရတယ် တော့။အဟိ
    ညီမလေး ပါးလုံး
    ခြွင်းချက် လုံးဝမမူးပါ။


  2. chitpalone Says:

    အယ် ဒုတိယယူမယ့်သူလည်း မရှိပြန်ဘူးတော့။ ဘယ်လိုလုပ်ရပနော်။
    ညီမလေး ပါးလုံး
    ခြွင်းချက် လုံးဝမမူးပါ။


  3. chitpalone Says:

    ဟော်တော် အားနာစရာကြီး တတိယလည်း ပါးလုံးပဲတော့။
    ညီမလေး ပါးလုံး
    ခြွင်းချက် လုံးဝမမူးပါ။


  4.့ ပလုံးတော့နာတော့မယ်သောင်းကျန်းမယ်မကြံနဲ့ သိလား
    အိမ်ထိပါးလိုက်လိမ်ဆွဲမှာ
    ခေါင်းလည်းခေါက်မှာ
    ဟွန်းဟွန်း


  5. အမ် အဲလောက်တောင် မြန်ကြတယ်
    ငါအစောဆုံးထင်နေတာ


  6. chitpalone Says:

    ဆွဲပေါ့ ကြောက်ဘူး။ အိမ်မှာ သရဲလေးကောင်ရှိတယ်။ မကြောက်ရင်လာခဲ့။
    ညီမလေး ပါးလုံး
    ခြွင်းချက် လုံးဝမမူးပါ


  7. chitpalone Says:

    တော်ပြီ သေချာဖတ်လိုက်ဥိးမယ်နော်။ ပီးမှ မန့်တော့မယ်။ အဟိ
    ညီမလေး ပါးလုံး
    ခြွင်းချက် လုံးဝမမူးပါ


  8. ပလုံးတော့နော်ပြောထားသားနဲ့ 
    သောင်းကျန်းနေတယ်
    ဒေါက် ခေါက်တယ်ကွာ
    ပါးပါလိမ်ဆွဲတယ်ကွာ
    ဂျယ်လီလည်းကျွေးတော့ဘူး
    အဆာပြေ ငှက်ပျော်သီးလည်း ပေးတော့ဘူး
    ရေလည်းတိုက်တော့ဘူး
    ကိုကျိုးကနှေးတာကိုးဗျ
    ညီမလေးက လက်သွက်နေတယ်
    ကြည့်ပါလား ကိုကျိုးကအကြီးဆိုတော့အငယ်ကိုညှာတာထင့်ပါ့ 


  9. kiki Says:

    အဟက် ..
    ခီလောက်တို့ ကတော့ စစ်ကို မုန်းမှာပေါ့ ။
    အချစ်တပွဲ စစ်ပွဲ တရာ ဆိုတာ ကို သူ့ လက်ထက်မှာ
    စစ်ပွဲ မနွှဲ ချစ်ပွဲ အသဲအမဲ လို့ပြောင်းပေးရမလို ပေါ့ကွယ် ။။

    မူးနေပေမဲ့ သိတယ်နော် ။။ စစ်ပွဲ တွေကို မုန်းတယ်တဲ့ ..
    ကောင်းပါ့ .. ငါ့မောင်လို့ မပြောရဘူး ။။ ဟုတ်တာချည်းပဲ ပြော နေပါလား ကွဲ့ 

    ဆက်ရေးနော် ။။ ဆက်ရေး ။။ နောက်ဆို နင့် လက်ရည် ကျ တော့ မှာ ငါသိနေတယ် ... ဟေးဟေး ဟေးးးး


  10. စစ်ကြောင့် မိသားစုတွေ တကွဲတပြား ဖြစ်ကြရတာ မရေနိင်အောင် ပါပဲ။
    နယ်စပ်တွေ ငြိမ်ချမ်းပြီး တနိင်ငံလုံး လူတန်းစေ့နေရဘို့ အဖြစ်ချင်ဆုံးပါပဲ။
    လူငယ်ဆိုတာ ကိုယ့်နိင်ငံအရေးတော့ သိနေသင့်သလို မတရားတာကို လက်မခံတဲ့စိတ်ရှိတာမျိုး သဘောကျတယ်။


  11. ဒုက္ခရောက်သူများ (၁) ဆိုတော့ (၂)တွေ (၃)တွေလည်း ဆက်မျှော်နေအုံးမယ်


  12. chitpalone Says:

    အင်း အတည်မန့်တော့မယ် အဟန့်။
    ဟုတ်တယ်ဗျ အဲ့ဒါ တိုင်းရင်းသားတွေက သနားဖို့ကောင်းတယ်။ ပါးလုံးသူငယ်ချင်းတွေ ပြန်ပြောပြတာဆို ပါးလုံးသိနေတော့ ကိုယ်ချင်းစာတယ်။ သူငယ်ချင်းတယောက်ရဲ့ အဖွားဆို နေကမကောင်းပါဘူးဆို သူကအသက်ကလည်းကြီးတော့ သိပ်မပြေးနိုင်ဘူးလေ။ စစ်တပ်လည်းလာရော ပုံးကျင်းထဲပြေးဝင်တာ မပြေးနိုင်တော့ အနောက်ကနေ သေနတ်နဲ့ အပစ်ခံလိုက်ရတယ်။ ဆုံးသွားရှာတယ်။ အဲ့ဒါက ပီးခဲ့တဲ့ နှစ်ကမှနော်။
    မြန်မာပြည်သူ ပြည်သားများ ငြိမ်းချမ်းပါစေလို့ ဘုရားသခင်ထံမှာ ဆုတောင်းလိုက်ပါတယ်။
    ခင်မင်လျှက်
    ညီမလေး ပါလုံး


  13. ဟုတ်တယ် ကျမလည်းဖတ်လိုက်ရတယ် အဲ့ဒီမောင်သောင်ဒီရဲ့သတင်းကို... တော်တော်လေး ကြည်နူးရပါတယ်...


  14. လာတူတူသွားမယ် ငြိမ်းချမ်းတဲ့ တိုင်းပြည်ကြီးဆီကို ဟိုးးးးးးးးးးးးးးးးးးးးးးး ရှေ့မှာ မြင်နေရတယ် မှုန်ဝါးဝါးနဲ့ တွေ့လား အဲ့မှာ အရမ်းအေးချမ်းတယ် လူမရှိဘူးဗျး) စစ်၏ ဒုက္ခတွေကို ပြည်သူတွေ မခံစားရပါစေနဲ့လို့ အမြဲ ဆုတောင်းပေးလျက်ပါ


    လေးစားလျက်
    တောင်ပေါ်သား


  15. Ree Noe Mann Says:

    ညီလေး အိုက်ရေ

    ဒုက္ခတွေမှ ကင်းဝေးကျပါစေလို့ပဲ
    ဆုတောင်းပေးပါတယ်ကွာ။

    ချစ်တဲ့ ကိုရီနို


  16. Anonymous Says:

    စစ်ဆိုတာကြီးမကောင်းတာမှန်ပါတယ်ဗျာ..... ကျွန်တော်ရှေ့တန်းထွက်တုန်းကတော့ ရွာသားတွေကို ပေါ်တာမဆွဲပါဘူး, ကရင်လူမျိုးတွေကို သနားပါတယ် သူတို့ဘ၀လူညွှန့်တုံးလွန်းပါတယ်။ တောထဲမှာနေပြီး ကြောက်လန့်နေကြရတာ။ နိုင်ငံရေးကြောင်းပြောတော့ဘူးနော် လာဖတ်သွားတယ်...... ဘ၀မှာ နေသလိုမဖြစ်ရင် ဖြစ်သလိုနေနိုင်အောင်လဲ ကြိုးစားကြည့်ရသေးတယ်ဗျို့ ဒါမှ နေသလိုဖြစ်ဖို့ လမ်းစရမှာလေ ခင်မင်လျက်


  17. ဒါတွေဖတ်ရတော. စိတ်မကောင်းဘူး မှန်ပါတယ်
    အမှန်တရားတွေဘဲ ... အဓိကကတော. အမုန်းတွေပေါ.
    အမုန်းကြောင်.ဖြစ်သောစစ်ပွဲများ ... လူတွေအားလုံး
    နားလည်ခွင်.လွှတ်နိုင်ကြတဲ.စိတ်များထားနိုင်ပါစေလို.
    ဆုတောင်းတယ်ဗျာ ... အားလုံးက မြန်မာလူမျိုးတွေဘဲဗျာ
    ရှမ်းလည်း မြန်မာ ကချင်လည်းမြန်မာ ဗမာလည်း မြန်မာပါဘဲ
    you tube မှာကြည်.ရတိုင်း ကျွန်တော်လည်း ထမင်းဆက်
    မစားနိုင်ဘူးဗျာ ...


  18. Ako Myo Aung Says:

    ရစ်ချင်လို့ဝင်လာတာ ရစ်မယ် ဒိလိုရေးထားတဲ့အကြောင်းကို ရင်ဘတ်ကြီးနဲ့ထဲ့ခံစားလိုက်ရတယ်။ ရေးထားတဲ့အကြောင်းရာတွေမှာတင်စစ်ဖြစ်နေတာမဟုတ်ပဲ ကွန်မန့်(ရစ်တဲ့အထဲမှာ)ပါ စစ်ဖြစ်နေတော့ စဉ်းစားသာကြည့်တော့


  19. ကိုယ်ချင်းစာတယ်

    လာဖတ်တယ်ညီ

    ချစ်တဲ့

    ကိုကြီးယောက်ဖ


  20. ဒါ အမှန်ပဲ အိုက်ခိလောက်ရေ မအယ်တို့ ငယ်ငယ်က ဆို အဖေတွေ ဦးလေးတွေ အကိုတွေ မောင်တွေ သူငယ်ချင်းတွေ အဲ့လိုပဲ ကြုံခဲ့ရတာ။

    သူပုန်ဝင်မယ်ဆို ကြံခင်းထဲ အောင်းနေရတာ။ လုံးဝ မထွက်ရဲဘူး။ မိန်းကလေးဆိုလည်း အပျိုတွေ ဆို ပုန်းရတာပဲ။ ထမင်းချက်ဖို့လိုက်ခဲ့တို့ နင့်ငါကြိုက်တယ် ငါ့မိန်းမ လုပ်တို့ စက်ချုပ်ပေးတို့ တကယ်ရှိခဲ့တယ်။

    စစ်တပ်ကလည်း ပေါ်တာဆွဲတယ် စစ်သားစုတာပဲ။ ဆက်ကြေးဆိုပြီး မပြောတာ တပ်ရိက္ခာတဲ့ ရှိတာ ယူသွားတာပဲ။ အနွေးထည် ကောင်းကောင်း တွေ့ရင် တောနဲ့အတော်ပဲ ချွတ်ဆိုပြီး တောင်းတာ။

    တခါတလေ သူပုန်လား စစ်တပ်လား မသိ ကြားထဲက ၀င်ဖန်တာက ရှိသေးတယ်လေ။ ရွာတွေကို မီးရှို့ ကျောင်းတွေ မီးရှို့အပြင် ကျောင်းဆရာကို သတ်တာက ရှိသေးတာ။

    မအယ် ခုရေးရင်းတောင် သတိရပြီး ကြောက်ပါတယ်။ နယ်စပ် တောင်ပေါ် တိုင်းရင်းသားတွေ အဖြစ်က တကယ်ဆိုးပါတယ်။ မြေပြန့် က ဘယ်လောက် ခံရတယ်ပြောပြော ရွာလုံးကျွတ် မီးရှို့တာမျိုး မခံရဘူးလေ။

    စိတ်ညစ်တယ် အိုက်ခိလောက်ရေ။ ဒါ့ကြောင့် ခုနေ ကိုယ်က လွတ်လပ်သလိုရှိလည်း အမျိုးတွေက ကျောင်းမရှိ ဆရာ မရှိ ဟိုပြေးရ ဒီပြေးရမို့ ကိုယ့်ကို ကိုယ်လည်း လွတ်လပ်နေတယ် မထင်ဘူး။ ကြားရရင် ဘာမှ စိတ်ချမ်းသာ စရာမရှိဘူး။ တကယ်ပါပဲ။ ကိုယ်ချင်းစာပါတယ်။


    မအယ်


Post a Comment