ရင်မောခြင်း

နေ့ စွဲတစ်နေ့ ကျော်ဖြတ်လို့ သွားလိုက်တိုင်း
ငါ့စိတ်မှာသတိရနေမိတယ်
ငါမက်တဲ့အိမ်မက်နင်ပြုစားလိုက်
ဘဝတွေများစွာကြားထဲ
မွတ်သိပ်ကျွမ်းလောင်ခြင်းတွေပူလောင်ခြင်းတွေ
ကောင်းကင်အောက်မှာနှစ်မြုပ်လိုက်

မဆုံနိုင်တော့တဲ့ဒီနှုတ်ခမ်းသားတွေ
ပြန်ပြီးပြုံးပြလိုက်ဖို့ ငါခက် ခဲ
ငါ့စိတ်တွေတိမ်စိုင်လိုလွင့်မျောဆဲပဲ
နေဝင်ချိန်တွေစောများနေသလား
ဟိုးအဝေးက အပြာရောင်လွင်ပြင်ဟာ
တွယ်ယာမဲ့နေတယ်

ရင်ထဲ ကွက်လပ်တွေချည်းပဲ နင်ထားခဲ့တာ
လေလွင့်သွားတဲ့ငါ့အိမ်မက်တွေ
ဝိုးတစ်ဝါးနဲ့ နင်ဖမ်းစားနေတာလား
စိတ်ဓာတ်တွေသာ နာကျင်ကုန်ဆုံးလို့ 
ငါတစ်ယောက်တည်းနာကျင်စွာခံစား
လွမ်းမောနေတဲ့အချိန်တွေလေ

မင်းသိမလား ငါ့လွမ်းဆွတ်တဲ့ညတွေ
အိမ်မက်များစွာ ငါဖန်တီးလို့ အိမ်မက်ထဲ
မင်းတစ်ယောက်တည်း ပဲလေ
နင်ယုံမလား ငါနှလုံသားဟာမှားယွင်းခဲ့လို့ 
မှားယွင်းခြင်းတွေသာငါရရှိလို့ 
နင်ကို ငါဆုံနိုင်ခွင့်မရှိတော့ဘူး
တမ်းတမိသူ ငါ အရူးလမ်းခွဲသွားသလိုပဲ ...........


အိုက်ခီလောက်
အမြည်းလေးတွေ
11 Responses
  1. kiki Says:

    အဟက် ..
    ပြန်ရခါနီး လက်ဆောင်တွေ ဝယ်နေရလို့ ရင်မောနေတာ မို့ လားးး
    နာတိဒယ်နော် ..

    ဟွန်းးး ၁ ကွ


  2. kiki Says:

    ဘာရမလဲ ကြုံတုန်း ပြန်သောင်းကျန်း ပလိုက်မယ်ဟေးးးးး

    ၂ ဟ


  3. kiki Says:

    ဗြဲ ဟဲ ဟဲ..
    ၃ လဲ နာပဲ ကွ


  4. kiki Says:

    တနားဒယ်..
    ရင်မောတဲ့  နာ့မောင် ငမူးလေး ပျင်းနေမစိုးလို့ 
    အဖေါ်လုပ်ပေးလိုက်အုံးမယ်
    ၄ ဟဲ့


  5. kiki Says:

    တော်ဘီ ဟယ်..
    အိပ်ချင်ဘီ .. မနက်ဖန် အလုပ်တက်ရအုံးမယ်..
    တော်ကြာ ဘောစိ အဆူခံရဦးမယ်
    ဒါတော့ ကြောက်စ်စ်
    ၅ ဟာ.. ဂွတ်ည အေ....


  6. အင်းထင်တယ် ဒါကြောင့်မအိပ်ပဲ ထိုင်နေတာ
    အမှန်က ဆားချက်ထားတာ အဟိ
    တောင်ကြီးသားတွေပဲ သိတယ်
    နင့်တော့ ငမူး က တစ်မူးသာသွားတာကိုခံလိုက်ရပြီ အဟီး


  7. သံစဉ်လေးရှာထည့်ကြည့်ပါလား... ကိုယ်ပိုင်သံစဉ်သီချင်းကောင်းတစ်ပုဒ်ရပြီ.... အဟုတ်ပြောတာ...


  8. yangonthar Says:

    ဆရာ ဆွေးလှချီလားဗျ
    အလွမ်းတွေ နာကျင်မှုတွေ တမ်းတမှုတွေ
    ရင်ထဲက ကွက်လပ်ကို အချစ်တွေဖြည့်ပြီး
    ဆက်လွမ်းလိုက်ဦးဗျာ လွမ်းရေးခက်ပေမယ့်
    မက်မောနေမိတဲ့ ဒီအလွမ်း လွမ်းလွမ်းလွမ်းနေရဦးတာပဲ
    ရန်ကုန်သား
    အေးမြသာယာပါစေ


  9. thawzin Says:

    ပွင့်ထွက်ကုန်ပြီးပဲ............ ခံစားချက်တွေ ။ အမူးပြေညည်းချင်းလားလို့ဗျာ


  10. အာ ကိုအိုက်ရေ ကဗျာက ကြွေကွဲသံစဉ်တွေလားဗျ
    ဘာဘဲဖြစ်ဖြစ် ချစ်တဲ.သူနဲ. ပေါင်းဖက်ဆုံဆည်းနိုင်ပါစေဗျာ :)


  11. zawmaung Says:

    ကြိတ်လိုက်စမ်းကွဲ့.. ကောင်ရေ့..


Post a Comment