ငမူးရဲ့ တမ်းခြင်း

သွားလိုက်ပါတော့ငါနဲ့ အဝေးဆုံးကို မင်းသွားလိုက်ပါ

ဒီထက်ကြာလာရင် ငါ့အတွက်နဲ့ မင်းစိတ်ညစ်နေရလိမ့်မယ် မိန်းကလေးရယ်

ဒီငမူးကိုမင်းစွန့် ပစ်လိုက်ပါ :D

အဝေးဆုံးကိုသာထွက်သွားပါတော့လားကွယ်

ငါ မင်းကိုလွတ်လပ်ခွင့်ပေးထားမယ်

တစ်ခါပြန်ပြီးတွေ့ ခွင့်ရချိန်ထိ ငါလေ

မင်းကို တစ်ကြိမ်သာပြန်လည်ပြီးနမ်းရှိုက်ခွင့်လေးရချင်တယ်

ငါ့ရင်ခွင်မှာဆူးများဆူးနေပေမယ့်လည်း

ဒီငမူးကချစ်နေတုန်းပဲလေ

အလှဆုံး အကောင်းဆုံးဆိုတဲ့ စကားလုံးတွေကို

ငါ့မရွေးတတ်ခဲ့ဘူးလေ မိန်းကလေး

ငါ့တို့ နှစ်ယောက်က ချစ်နေတာကြာနေပြီပဲ

အတော်ကိုကြာနေခဲ့ပြီပဲလေ

မင်း ဆီမှာ ရှိတဲ့ရင်ခွင်က သိနေပါတော့လား

ခိုင်မာသေချာချင်တဲ့ မမြင်နိုင်တဲ့မနက်ဖြန်တွေ

အချစ်တစ်ခု ပဲသေချာ ကိုးကွယ်ချင်တယ်

မင်းမရှိတဲ့ အခန်းငယ်လေးထဲမှာ

ငါ့လွမ်းဆွေးနေတယ်လေ

တိမ်ကင်းမဲ့တဲ့ညအလယ် ပြာရီမိုးကောင်းကင် ဝယ်

လေညှင်းတိုးဝှေ့ ချိန် ရင်ခွင် လည်း

အလွမ်းတို့ နဲ့ ပြည့်လာ ဘယ်မှာလည်းကြင်သူရေ

ရင်ခွင်ပျောက်ဆုံးသူ ငါကိုယ်တိုင်ပဲ

ငါ့ ငိုနေဆဲ ငါ့ဘဝတွေကို

အိမ်မက်နဲ့ လက်တွေ့ က တစ်ခြားဆီပါပဲကွာ.........



ဘာမှတော့မဟုတ်ပါဖူးဗျာ ။ စိတ်မှာဖြစ်နေတာလေးတွေရေးကြည့်တာ ။ ဟိုလိုလို ဒီလိုလို နေတာထက်စာရင် ရေးလိုက်ရတော့ ရင်ထဲပေါ့ပါးသွားတာ အမှန်ပါပဲ ။ တစ်စုံတစ်ဦးကိုရည်ရွယ်ခြင်းမရှိပါ ( ကြိုပြောထားရတယ် ဗျ မဟုတ်ရင်နောင်ဂျိန် ထပ်ချနေရမယ် ) မူးမူးရူးရူး တွေးပြီး လက်ဆော့ထားခြင်းဖြစ်ပါကြောင်း :D



အိုက်ခီလောက်
အမြည်းလေးတွေ
18 Responses
  1. Dream Says:

    no 1 . i m 1st . u r ၀က်
    :P


  2. Dream Says:

    အိပ်မက်နဲ့ လက်တွေ့တစ်ထပ်တည်း ကျပါစေ အူးအူးခွီရေ
    မယ်မယ်ခွီနဲ့လဲ အ ဆင်ပြေပါစေ... မယ်ခွီကို သိပ်မရစ်နဲ့နော်...အဟီးးး
    :P


  3. ဒင်းက ဖက်စ် ငါ့က ဝက်တဲ့
    လုပ်ပါအုန်း ကူပါအုန်း ကယ်ပါအုန်း မပြောချင်ဘူး
    ပြောသွားလိုက်တာစုံနေတာပဲ နာမည်ဖျက်နေပါတယ်
    အသေရေဖျက်မူနဲ့  ဘယ်မှာတိုင်ရမှန်းကိုမသိဖူး
    လာဘ်ပေးမှ အမူကနိုင်ဖွယ်ရှိမှာ
    ထူးပါဘူး အရက်ပဲဝယ်သောက်တော့မယ် :D


  4. အမ Says:

    အိုက်..ကောင်းတယ်။။ရေးလိုက်တော့ ပေါ့သွားတာပေါ့။ ငါ့မောင်ခံစားနေတာ ကိုယ့်အပူနဲ့ကိုယ်ဆိုတော့ မသိလိုက်ဘူးဟ


  5. အောင်မလေး...
    အကိုတစ်ယောက်နက်မကောင်းပါဘူးဆိုမှ
    သူက ပုလင်းကိုင် လုံချည်ဂွင်းသိုင်းပြီး
    လမ်းတကာလှည့် အော်နေတယ်ပေါ့
    ယောက်ဖချစ်ညီရာ
    အကိုကိုစောင့်ပါလားးးးးးး
    တို့ယောက်ဖိယောက်ဖနှစ်ယောက် ပခုံးဖက် လမ်းတကာလှည့်ပြီး
    မူးကြမယ်လေးးး
    လွမ်းကြမယ်
    အကိုလဲ လုံချည်ချွတ်လာပီးး
    အဲ
    ဘောင်းဘီဝတ်လာတယ်
    ရှေးရေးကိုကြိုတွေးလို့
    အမူးဖီလင် အလွမ်းလေးကိုခံစားသွားပါတယ်..
    ချစ်ကိုကြီးယောက်ဖ
    ဖိုးစိန်


  6. နာတော့ ယုံချင်ဘူးနော် သိနေသလိုလိုပဲ မူးပြီး ဂျီတော့မှာတော့ ဓါတ်ပုံတွေ မတင်ဘူးထင်တယ်။ အဟား ကြွေကွဲမူလေးတွေ ခံစားသွားတယ်ဗျာ..


    လေးစားလျက်
    တောင်ပေါ်သား


  7. yehtutnaung Says:

    နာ့ညီရေ...နာလဲ အဲလို တမ်းခြင်းတယ်ကွာ....အေ့


  8. Anonymous Says:

    မူးရင် မချစ်နဲ့ဗျ ပိုမူးသွားတယ်
    အချစ်ကလဲ မူးယစ်ဆေးဝါးတစ်မျိုးပဲလေ


  9. မူးလည်းမူးတယ်၊ ရူးလည်းရူးတယ်၊ ထူးလည်းထူးတယ်။ မဆိုးဘူး ကဗျာတွေ စပ်ထားတာ။ ထပ်မူးနိုင်ပါစေး :P


  10. Ree Noe Mann Says:

    လာခံစားသွားတယ် ညီလေးအိုက်ရေ

    ကိုရီနို


  11. ပြောချင်တာပြော ကိုအိုက်ရေ...စားလုံးတွေက
    တကယ် ကြွေစင်တွေ အရှိန်လေးတက်တုန်း
    ပေါက်ကွဲထားတာနဲ.တူတယ် ... ရင်ဘတ်
    ထဲကဟာတွေလျှံကျလာတယ်...:P


  12. Lin Says:

    အဲဒါ အချစ်မူးနေတာပေါ့လေ :D


  13. Anonymous Says:

    မောင်လေးကလည်း အဆွေးလေးနဲ့ပေါ့။ ချစ်တတ်ရင် အရှုံးပဲ မောင်လေး။ အလွမ်းတွေက မလွတ်မြောက်နိုင်တော့ဘူးလေ။


  14. တယောက်ယောက်ကို ရည်ရွယ်တာ မဟုတ်လားညီရာ..
    သိနေတယ်နော်...ရင်ထဲမှာတခုခုခံစားနေရရင် ဒီလိုချရေးလိုက်တာ ကောင်းတယ်ကွ..။ရေးသာရေး အားပေးနေတယ်


  15. ခံစားချက်တွေ သွန်းချသွားတာ ဒလဟောစီးဆင်းနေတာတွေ့ သွားတယ်ဗျို့ 
    တစ်စုံတစ်ယောက်သောသူသာ ဒီကဗျာလေးဖတ်ရင် သယ်ရင်းကို နားလည်
    လာမှာပါ. အဆင်ပြေပါစေ

    ခင်မင်ခြင်းနှင့်
    တလနွန်


  16. ဇော် Says:

    အားပါးပါး
    ဂျစ်ကိုက ရှယ်လှချေလားဗျ။ ရင်ထဲကို ထိသွားတာပဲ။
    မရေးတော့လဲ မရေးလို့။ ရေးတော့လဲ ရှယ်ပဲကိုးဗျ။ ဇွန်းတပ်ထင်တယ်။ ရှယ်တာလေ။ အဟိ။
    ဂျစ်ကိုရေ...
    ဂျစ်ညီမဆီတောင် မလာဘူးနော်။ ဘာတွေ စိမ်းကားနေလဲဗျ။ နေမကောင်းတာတောင် အိမ်မလာဘူး။ ဟွန်း။


  17. ကဗျာလေးလာဖတ်....လွမ်း...


  18. အဟား တို့အကိုတော်တော်ခံစားနေရတယ်ထင်တယ်။ မသိလိုက်ဘူး ပါးလုံးတော့ တခေတ်နောက်ကျသွားပြန်ပေါ့။ ခံစားသွားပါတယ်ဗျာ။ ပျော်ရွှင်အစဉ်ပြေပါစေ။ ညီမလေး ပါးလုံး


Post a Comment