ဒါက ....ဒီလိုရှိပါတယ်

အင်းမငုံကတပ်စ့်ထားတယ် ။ ကိုယ့်ဟာကို ပုလင်းကြီးပါးစပ်ချိတ်နေတာကို မနာလိုဘူးလေ အပျိုကြီးပီပီ လာတပ်စ့်တယ် ။ မနာလိုဘူးထင့်ပါ ချိတ်ယေ ဒယ် ဂယ် :P ။ အင်း မရေးလို့ လည်းမရဘူးလေ ကိုယ့်အမဆိုတော့ ကာ နောင်တစ်ချိန် သူ့ ယောက်ကျားမယူတော့ သူ့ အမွေတွေ လည်းရှိမှာကိုး ။ ရှေ့ရေးကိုတွေးပြီး ရေးလိုက်တော့မယ် ။ အင်းရေးမယ်သာပြောရတာ ကိုယ့်လုပ်ခဲ့တာကများနေတော့ ကောင်းတာလေးတွေကိုပဲ ရှာကြံရေးမှ မဟုတ်ရင် အရက်သမားပါဆိုမှ အတွင်းစိတ်တွေ ပါသိကုန်ရင် သွားပြီ ။ အမ အားကိုးလည်းမရပါဘူး ၊ သူ့ ကိုယ့်တိုင်တောင် မစွံသေးတာ ။ ကိုယ့်အတွက်ဆိုတာတော့ ဝေးလာဝေးပေါ့ ။

အင်း ပြောရမယ်ဆိုရင်တော့ လူက ခပ်ရွဲ့ ရွဲ့ ပဲဗျ ။ တစ်ဖက်သားမခံချင်အောင်အမြဲစနေတတ်တယ် ။ အစ အနောက်ကလည်းသန်မှသန် ။ ကလေး ၊ လူကြီးမရွေးဘူး ။ တစ်ချို့ ဆို တစ်ကယ်တောင်ထင်တယ် အဲ့လောက် အစသန်တာ ။ ပြီးတော့ခပ်တည်တည်နဲ့ ညာဖီးတတ်သေးတယ် ။ မင်သေသေနဲ့  ရုပ်ကိုကြည့်တစ်ချက်မှမပျက်ဘူး ။ အတည်ပေါက်နဲ့ လိမ်တတ်တယ် ။ တစ်ခါ ကပေါ့ ကျောင်းမှာ ကျောင်းလစ်လို့  ဆရာမက သတိပေးတယ် ။ နင့်တို့ နောက်ခါကျောင်းပျက်ကွက်ရင် ကျောင်းအုပ်ကြီးဆီပို့ မယ်ပေါ့ ။ ဒါလည်းကြောက်မယ်ထင်လား ဝေးသေး ။ ကျောင်းလစ်တာပဲ ကျောင်းကျက်သရေဆောင်ပါဆိုမှ ။ ဒါနဲ့ အတန်းပိုင်လည်း ပြောမရမဲ့အတူတူ ဖြစ်ချင်တာဖြစ်ဆိုပြီး ကျောင်းအုပ်ဆီလွတ်တာပေါ့ ။ အဟတ် သူငယ်ချင်းတစ်ယောက်ပါသေးတယ် ။ ဆိုးတူ ၊ ဆိုးဖက် အတွဲညီတယ် ဗျ ။ သူ့ ကအရပ်ပုတယ် ငမူးက အရပ်ရှည်တယ် ။ တွဲလိုက်ရင် ဘယ်လိုမှကြည့်မကောင်းဘူး ။ ဒါပေမယ့် တစ်ခုခုဆို အတွဲညီတယ် ။ အဲ့ ဒါနဲ့ ကျောင်းတက်တော့ အတန်းပိုင်က ကျောင်းအုပ်ဆီလွတ်တယ် ။ ဒါနဲ့ နှစ်ကောင်သားသွားတာပေါ့ ။ ဘာများဆူမလည်း ၊ ငါ့တို့ ဘယ်လိုလုပ်ကျမလည်းပေါ့ ။ ဒါနဲ့ ကျောင်းအုပ်ဆီသွားဖို့ ရုံးခန်းကိုရောက်လာတယ် ။ အဲ့မှာ ရုံးခန်းကိုလာပြီး နာမည်စာရင်းလာယူတဲ့ကျောင်းသားတွေလည်း ငမူးတို့ အတွဲကိုကြည့်ပြီးပြုံးစိစိပေါ့ ။ သဘောကတော့မှတ်ပါ့လားပေါ့ နာမည်ကြီးတွေကိုး ။ သူ့ တို့ ကိုမြင်မှ အကြံရလာတာ ဒါနဲ့ သူငယ်ချင်းကိုမပူနဲ့ ပေါ့ ငါ့ကြည့်လုပ်လိုက်မယ် မင်းအသာလေးနေ ဆိုပြီး သူ့ ကို အပြင်မှာစောင့်ခိုင်းထားပြီး ငမူးတစ်ယောက်ပဲ ကျောင်းအုပ်ဆီသွားတာ ။ ကျောင်းအုပ်ကလည်းဘာကိစ္စလည်းပေါ့ မေးနေတယ် ။ ငမူးလည်း လိမ်ပြီလေ ။ ဆရာကြီးလို့ ကျွန်တော်တို့ အခန်းက နာမည်စာရင်း ( ကျောင်းခေါ်ကြိမ် ) လာရှာတာမတွေ့ လို့ ရုံးခန်းမှာလာရှာတာပေါ့ ။ ဒါနဲ့ ကျောင်းအုပ်ကလည်း အပြင်မှာထင်တယ် သွားရှာကြည့်လိုက်လေ ဆိုပြီးပြောတော့ ဝမ်းသာလိုက်တာပြောမနေနဲ့  ၊ ဒါပေမယ့်လူကခပ်တည်တည်ပဲ ဟန်မပျက်ထွက်လာတာ ။ ပြီးတော့ ဟိုရှာသလို ဒီရှာသလို နည်းနည်းအကြာကြီးနေလိုက်တယ် ။ ပြီးမှ အတန်းထဲပြန်လာတာပေါ့ ။ အတန်းပိုင်ကတော့ မေးတယ်လေ နင့်တို့ ကိုဘာပြောလွတ်လိုက်လည်းပေါ့ ။ ဘယ်ရမလည်းနော့်  ငမူးပဲဟာ ပြန်ပြောလိုက်တာပေါ့ ၊ နောက် တစ်ခါကျောင်းပျက်ရင် အုပ်ထိန်းသူ ခေါ်မယ်ပေါ့ ၊ ဒီခါနောက်ဆုံးဖြစ်ပါစေပေါ့  မင်သေသေနဲ့ အတန်းပိုင်ကို ရှင်းပြလိုက်တော့ ဆရာမလည်း အေးအေး ပြီးတာပဲဆိုပြီး ကျေနပ်သွားတယ် ။ အဲ့လောက် ပိုင်တာ သိလား ။


နောက်တစ်ခုက စိတ်ကြီးပြီး လက်ကအရင်ရောက်သွားတာ ။ အဆောင်နေတုန်းက မှတ်မိသေးတယ် ။ စာကျက်ခိုင်းတာကို စာမကျက်ပဲ သူငယ်ချင်းတွေ လေးငါးယောက်လောက်ပေါ့ တစ်ယောက်ကိုစာအော်ကျက်ခိုင်းထားပြီး ကျန်တဲ့လူတွေနဲ့ အရက်ခိုးသောက်နေတာ ။ တံခါးကိုပိတ်ထားပြီးတော့လေ ။ တစ်ယောက်ပြီးရင် နောက်တစ်ယောက်ကအော်ကျက်ပေါ့ .။ ကြာလာတော့ အသံကပုံမှန်မဟုတ်တော့ဘူး ၊ စကားသံက ပိုကျယ်လာတယ် မူးပြီဆိုတော့ ထိန်းမရတော့ဘူး စာကျက်တဲ့ကောင်ကလည်း စကားဝိုင်းထဲရောက်လာတယ် ။ သတိမထားမိဘူးမူးနေပြီဆိုတော့ ။ ဒါနဲ့ စာမကျက်တော့ပဲအရက်ဝိုင်းလေးဖြစ်နေတယ် ။ အဲ့ချိန်မှာ တံခါးကိုလာပြီး ထုနေတယ် ။ လူကလည်းမူးနေပြီဆိုတော့ မေးတာပေါ့ ဘယ်သူ့ လည်းကွ တံခါးလာထုနေတာလို့  ။ ပြန်မဖြေဘူး ဒါနဲ့ လူကလည်း မူးတော့သွေးကကြွလာပြီး ဟေ့ကောင် မင်းဘယ်သူ လည်း င့ါလာမှအဆိုးမဆိုနဲ့ လို့ အော်ပြောတာ ။ ဘာသံမှထွက်မလာပဲ တံခါးပဲထုနေတာ ။ မင်းတော့နာတော့မယ်ဆိုပြီး အနားမှရှိတဲ့တုတ်ကို ကောက်ကိုင်ပြီး တံခါးဖွင့်ပြီး ရိုက်မလို့ ကြည့်လိုက်မှ အဆောင်မှုးဖြစ်နေလို့  ထွက်ပြေးရသေးတယ် ။ တော်သေးတယ် မရိုက်မိလို့ ပေါ့ ဒါပေမယ့် အဆောင်မူးကဘယ်ကျေနပ်မလည်းနော့် ။ အားလုံးကိုခေါ်ပြီး ဒဏ်တော့ပေးခံရတယ် ပြီးတော့ လူစုခွဲ လိုက်တယ် အဟတ် ။

အဲ့သူများကိုလည်းယုံအောင်ပြောတတ်တယ် ။ ဒါတော့ကောင်းလားမသိဖူး ။ခုတော့ မလုပ်တာကြာပြီ ။ ကျောင်းပိတ်ရက်နွေရာသီဆို ရွာအမြဲပြန်နေကျလေ ။ ရွာပြန်ချိန်ဆိုတပေါင်းပွဲနဲ့ တိုးတာပဲ ။ အဲ့ချိန်ဆို မောင်နှမဝမ်းကွဲတွေနဲ့ ရွာပြောင်းဆန်အောင် လမ်းသလားနေတာ ။ ပွဲသွားလည်တော့ ဆွေမျိုးတွေချည်းပဲ ။ တစ်ရွာလုံးက အမျိုးတွေချည်းပဲဆိုတော့လွတ်ထားတာပေါ့ ။ ဆိုးချင်တိုင်းဆိုး နေတာ ။ အဲ့တပေါင်းပွဲလည်းရောက်ရော ဘုရားအောက်ဖက်မှာပွဲဈေးရှိတာပေါ့ ။ ပွဲဈေးဆိုတော့ ငမူးတို့ နေရာယူတာက သိတယ်ဟုတ် ။ လောင်းကစားနဲ့ အရက်ဆိုင် ။ လောင်းဖို့ ငွေမရှိတော့ရင် အရက်ဆိုင်မှာ အရက်သောက်ကျတယ် ။အဲ့မှာစတွေ့ တာက ကောင်မလေးတစ်ယောက်ဗျ ။ အကိုဝမ်းကွဲကို မေးသေးတယ် မင်းကောင်မလေးလားလို့  .။ သူ့ ပဲဦးဆောင်ခေါ်လာတာကိုး ။ သူ့ ကမဟုတ်ဘူးဆိုပြီးလိမ်တယ် ။ ငမူးလည်း ဒီကောင်တော့နာတော့မယ်ဆိုပြီး စိတ်မှာထားပြီး ဖွန်တော့တာကိုး ။ ကောင်မလေးကလည်း မြို့ ကပြန်လာတဲ့ငမူးကိုအထင်ကြီးလို့  စကားတွေပြောနေလိုက်တာ ဟိုကောင်ကိုမေ့သွားတယ် ။ ကြာတော့ အကိုဝမ်းကွဲလည်း မခံနိုင်ဘူးထင်တယ် ပြန်မယ်ဆိုပြီး အတင်းကို နှင်ထုတ်တာ ။ နောက်နေ့ တော့တစ်ယောက်တည်းပဲ သွားတာ ။ ညနက်ဖက် ရောက်လာတော့ အေးလာတာပေါ့ ။ ဒါနဲ့ မီးဖိုပြီး စကားပြောတော့ မီးကမစွဲတော့ မီးခိုးတွေချည်းပဲ ထွက်လာတာ ။ ဖြစ်ချင်တော့ ငမူးဖက်ကိုပဲလာတာ မီးခိုးက ဘယ် အညိုးမှန်းကိုမသိတာ ။ ဒါနဲ့ အကြံကရသွားတယ် ။ မီးခိုးမိတော့မျက်ရည်က ကျလာတာပေါ့ ။ ဒါကိုမသုတ်ပဲနဲ့ ကောင်မလေးကို ကြည့်နေမိတယ်လေ ။ ကောင်မလေးကလည်းတွေ့ တော့ဘာလို့ ငိုတာလည်းပေါ့ ။ ငမူးလည်း ခပ်တည်တည်ပဲ ဝမ်းနည်းတယ်ပေါ့ ။ အဖြေလည်းမပေးသေးဘူးလို့ ။ ဘာညာဆိုပြီး ပြောလွတ်လိုက်တာ အဖြေကိုရရော ။ ဒါပေမယ့်နောက်နေ့ တော့ သူ့ ကိုပြန်ပြောပါတယ် သူငယ်ချင်းပဲလုပ်ရအောင်လို့  ။ ချစ်မှ မချစ်တာကိုးနော့ အကိုဝမ်းကွဲလည်းသနားတာလေ ။

ရွဲ့ တာလည်းတတ်တယ် ။ တစ်ကယ်ပြောလို့ မှမယုံရင် ဖြစ်အောင်အရွဲ့ တိုက်တာ ။ မလုပ်ပါဖူးဆိုတာကို လုပ်တယ်လို့ လာပြောလို့ ကတော့ ဖြစ်အောင်ကိုလုပ်လိုက်တာ ။ ခုထိအဲ့စိတ်က ပါနေတုန်းပဲ ။ ရွာမှာနေတော့ တစ်ချို့ ကလည်း ဆေးသမားပါတယ် ။ သူ့ တို့ နဲ့ ပေါင်းတော့ ဆေးသမားလို့ အပြောခံ၇တယ် ။ မဟုတ်ဘူးမလုပ်ပါဘူးဆိုမှ ဘယ်လိုပြောပြော မရဘူးဗျာ ။ ဒါနဲ့ လမ်းပေါ်မှာအသံပြဲကြီးနဲ့ ဆေးချချင်တာ ဘယ်အိမ်မှာဆေးရောင်းလည်းဆိုပြီးတစ်ရွာလုံးကိုအော်လိုက်တာ ။ ဆေးရောင်းတဲ့အိမ်ဆို ငမူးကို လန့် နေတာ ခုထက်ထိပဲ ။ အဲ့လိုရွဲ့ လို့ ဆေးတော့ချဖြစ်သွားတယ် အဟတ် ။ မကောင်းမှန်းသိလို့ ဖြတ်လိုက်ပါပြီ လုပ်တော့ဘူး ။

နောက်တစ်ခုက ကိုယ့်ကလည်းမှားတယ် မခံချင်ဘူး ။ဆိုးတယ်ဒါတော့ ပြင်နေတာပဲ မရဘူး ။ ဒီရောက်လည်းဒီလိုပဲ ။ မှားနေပေမယ့် မခံချင်ဘူးဗျ ။ တစ်ခါ အလုပ်နောက်ကျတယ် ။ နောက်ကျတာတော့ အမြဲတမ်းပဲ ။ အဲ့နေ့ ကအိပ်လိုက်တာ မနိုးလို့ အလုပ်ကိုနောက်ကျတာ ။ သေဌေးက ဆူတာပေါ့ ။ မင်းလာတာအမြဲနောက်ကျတယ်ပေါ့ ။ ခုတစ်နာရီနောက်ကျတယ်ပေါ့ ။ ကျန်တဲ့ရက်ဆို ဆယ့်မိနစ် ဆယ့်ငါးမိနစ်နောက်ကျတယ်ပေါ့ ဆူနေတာ .။ လူကမခံချင်ဘူး မှားကလည်းမှားသေး ဒါနဲ့ ပြန်ပြောလိုက်မိတယ် သေဌေးကိုလေ မင်းမကျေနပ်ဘူးလားပေါ့ ငါ့နောက်ကျတယ်ကွာ ငါ့တမင်နောက်ကျတာမဟုတ်ဘူး ပေါ့ ။ ဒီတော့မင်းကငါ့ကိုမခိုင်းချင်လည်းငါ့ခုပဲအလုပ်ထွက်တယ်ကွာ ဆိုပြီးပြောတာ ။ ကိုယ့်ကလည်းမှားသေး ပြီးတော့ သူ့ ကိုပါပြန်ဟောက်နေတယ် ။ ဒါပေမယ့်သေဌေးကသိပါတယ် အလုပ်တစ်အားလုပ်တာကို သိတော့ ပေးမထွက်ပါဘူး ။ ပြန်ချော့တာပေါ့ မင်းကို ဒီသဘောပြောတာမဟုတ်ပါဘူး ကွာ နောက်လူတွေ မင်းကို အတုခိုးလာရင်မကောင်းဘူးပေါ့ ဘာညာဆိုပြီးပြောလိုက်လို့  ကျေနပ်လိုက်တာ အဟား ။

အင်းဒီတစ်ခုတော့အတော်ကိုဆိုးတယ် ပြင်သင့်ပြီလို့ လည်းထင်တယ်လေ ။ အရက်သောက်ပြီးရင် မူးလာရင်လူကအငြိမ်မနေဘူး ။ လုပ်ချင်တာလုပ်တာ စကားလည်းနားမထောင်ဘူး ။ သောက်ပြီးပြီဆိုရင်ထပ်သောက်လိုက်ရမှ ကျေနပ်တာ ။တားလေဆိုးလေပဲ မတားရင် အကောင်း ။ မူးပြီး ဆိုင်ကယ်မှောက်တယ် ။ အဟတ် သိပြီးပြီထင့်ပါ့ ကံကောင်းလို့ မကျိုးမပဲ့တာလေ ။ တစ်ခါလည်း သူငယ်ချင်းနဲ့ သူ့ ကားနဲ့ ပေါ့ တစ်ခြားနေရာမှသွားသောက်တာ ။ သောက်ရင်းနဲ့ ကို တစ်ခြားနေရာထပ်သွားသောက်မယ်ပေါ့ ။ ဒါနဲ့ သူ့ ကမူးနေပြီ ကားမမောင်းနိုင်လို့ ငမူးက မောင်းတာပေါ့ ။ သူ့ ကားကအော်တိုဂီယာဗျ တစ်ခါမှလည်းမမောင်းဖူးတော့ ခပ်တည်တည်ပဲ မောင်းချလာတာပေါ့ ။ အော်တိုဆိုတဲ့အတိုင်း လီဗာနဲ့ ဘရိတ်ပဲရှိတာ ခြေတစ်ချောင်းပဲအသုံးချတာလေ ။ လူက မူးနေတော့မောင်းတာ ရပ်တာလည်းရပ် ကြောင်နေတာ ။ အဲ့မှာကံဆိုးချင်တော့ ရဲကားနဲ့ တိုးပါလေရော။ မူးပြီးကားမောင်းတာ ကတစ်ခု လိုင်စင်မပါပဲနဲ့ မောင်းတာကတစ်ခု အပြစ်က များနေပြီ ။ ဘယ်ရမလည်းနော် ညှိတာပေါ့ ။ ကူညီပါ ဘာညာဆိုပြီး ပိုက်ဆံတော့တစ်ထောင်ထွက်သွားပါတယ် ။ အဲ့ပိုက်ဆံကလည်း ပါမစ်တိုးဖို့  သေဌေးနား ညနေမှ တောင်းထားတဲ့ပိုက်ဆံလေ ။ ပေးလိုက်ရတာပေါ့ ရုံးရောက်ရင် ထောင်တောင်ကျမလားပဲ ။ မူးပြီးအေးဆေးမနေတာလေ ။

အင်း မကောင်းကြောင်းပြောရင် များတယ်ဗျာ ။ အကြောင်းသိပြန်ရင်လည်းမပေါင်းချင်ပဲနေအုန်းမယ် ။ ဒီတော့ ဒီလောက်ပဲပြောတော့မယ် ။ ငမူးလည်း အမှားမကင်းတဲ့ တစ်ယောက်ပါပဲ ။ခုနေချိန်မှာတော့ ပြင်သင့်တာကို ပြင်နေပါပြီ အရင်လိုမနေတော့ဘူးဆိုတဲ့အကြောင်း သူငယ်ချင်း အားလုံးကို အကိုအမ တွေ သိအောင်ပြောလိုက်ခြင်းဖြစ်ပါတယ် ဗျာ ။ ကျေနပ်ကျမှာပါ ။


အိုက်ခီလောက်
အမြည်းလေးတွေ
14 Responses
  1. မငုံ Says:

    ဘုရားရေ..ငါTagလိုက်မှပဲ အမှုမှန်တွေ ပေါ်ကုန်ပြီ:)) .ရေးတာတောင်ရိုးရိုးမရေးဘူး။ ငါ့ဆီက အမွေမရမှာ ပူနေတယ်။ အိုက်..နင်ဒီအကျင့်တွေ အားလုံးပြင်ရင်ပြင်.မပြင်ရင် ထားဝယ်ကြိမ်ကြည့်ထား။
    အဟဲ..ကျေးဇူးတင်တယ်ဟ။။အခုလို ရေးပေးတဲ့အတွက်နော်။


  2. Ree Noe Mann Says:

    အရှုပ်ထုပ်ကို လာဖြေသွားတယ်ဗျာ။
ုဖြစ်ရမယ် အိုက်ခီရေ

    ခင်တဲ့
    Ree Noe


  3. အဲဗျာ...
    ယုံအောင်ပြောတတ်တယ်တဲ့
    ဒါဆိုယောက်ဖတော်မယ် အကိုကြီးလိုချစ်တယ်ဆိုတာ အယုံသွင်းထားတာပေါ့လေ
    ဒေါသနောက်ကလက်ပါတယ်ဆိုတော့ အကိုနဲ့တွဲလို့ကတော့ မမြင်မတော်တဲ့သူမှန်သမျှ
    ညီအကိုယောက်ဖနှစ်ယောက် လက်စာမိပြီးသာမှတ်ပဲ အဟဲ
    ရွဲ့တာချင်တူတယ်ဗျို့ လေ
    ဒါပေမယ့်ပေါ့
    ဒီပိုစ့်ဖတ်ပြီးတော့
    ယောက်ဖလေးကအကိုကြီးကိုချစ်တယ်ဆိုတာ အယုံသွင်းထားတာလို့ထင်ပြီး
    မျက်ရည်ဝဲသွားတယ်
    အိမ်ပြန်ပြီးတစ်ယောက်တည်းသောက်တော့မယ်
    ချစ်ခင်သော
    အကိုကြီးယောက်ဖ
    ဖိုးစိန်


  4. ဇော် Says:

    အဟိ။ ဂျစ်ကိုနော် ကျနော့်ကိုတော့ မေငုဝါအကြောင်း ယုံအောင် ဖောသွားတာ မဟုတ်ဘူးမို့လား။ ကျနော်က ဂယ်မှတ်နေဒါနော်။ ဖောမှန်းတိလိုက်လို့ကတော့လား။ ဂျစ်ကို ကို တမီးဗျိုနဲ့ ပေးစားပစ်မယ်။ အဟက်။
    တော်သေးတာပေါ့။ ခုမှပဲ အသစ်ကို ဖတ်ရတော့တယ်။ နံနက်ဖြန်လဲ ဆက်တင်ဦး။ နေ့တိုင်းတင်ရင်တင်၊ မတင်ရင် ဒီတစ်ခါ ဂျစ်ကိုတစ်ယောက်ထဲကို ကျနော်တပ်မယ်။ ဒါဘဲ။ အဟိ။


  5. တိုကြီးအိုက်ကတော့ ကောင်းကြောင်းတွေပြောစရာမရှိ လိုနဲ့တူတယ် မကောင်းတာလေးတွေ ပြောသွားတယ်.. အင်ကောင်းတာတွေများနေတော့လဲ မကောင်းတာလေးတွေရှာကျန်ရေးရတာပေါ့နော် တိုကြီးအိုက် .... ဖားရသေးတယ်... အရက်သောက်ရအောင်လိုဟီ

    သယ်ရင်း
    အဆိပ်ခွက်


  6. kiki Says:

    ဟော..ကြည့်စမ်း ။အရက်မူး ကျွဲခိုးပေါ် ။ ခုတော့ မမူးသေးဘဲ ဖေါ်တာလား ။ မူးပြီးရေးလို့  အပေါက်အလမ်းတဲ့ နေတာလား။ ဂုဏ်ပုဒ်တွေထပ်တိုးသွားပြီဟေ့ ။
    ငမူး ။ ငရစ်။ ငလိမ် ။ ငရွဲ့  ။ နောင်ဆုံး အပိတ် တပိုဒ် ကရော ။ မိုးလုံးပြည့် မုသာဝါဒါတွေများလားဟေ ...
    ညီးအမ..
    ကိကီ


  7. yehtutnaung Says:

    ကိုအိုက်ခီ.. ဒါက ဒီလိုရှိပါတယ်.. ဟဲ.. ဖတ်သွားပြီဗျာ။ ဒါနဲ့  မူးနေတုန်း ရေးတာလား..။ ကျွန်တော်ဆို ရာဇ၀င်ကို တွင်လို့ ... မူးရင် ငါပြောတာ တကယ်နော်ဆို ထည့်ထည့် ပြောရလွန်းလို့ ဗျာ။


  8. khin oo may Says:

    ဘယ်နစ်ရက်ခံမှာလည်းအေ့။


  9. ကိုယ်တော်လေး အိုက်ခီရေ ... အကောင်းတွေချည်းဖတ်ရတာ အီတောင်သွားတယ် ..း)
    အကျင့်ကောင်းလေးတွေအများကြီးပိုင်ခဲ့တာပဲနော် ... အစ်မနဲ့ ခင်တဲ့အချိန်မှာ မူးတာလောက်ပဲရှိတော့တယ်ထင်ပါ့ ...း)


  10. ယုံအောင်ပြောတတ်တယ်ဆိုလို့ နောက်သတိထားတော့မယ်..။


  11. ဟား ဟား အကျင့်ချင်းက မတိမ်းမယိမ်းပဲထင်ပါ့။ အရွဲ့ တိုက်တာချင်းတူတရ်။.
    နောက်ပြီး ဆေးလိုက်ဝယ်တဲ့ စတိုင်ကို သဘောကျတယ် အဟုတ်...
    ပြင်သင့်တာ ပြင်နေပြီးဆိုတော့ မတော် ကောင်မလေးတစ်ယောက်ကြောင့် များလား? အဟတ်..

    ခင်မင်ခြင်းနှင့်
    တလနွန်


  12. ခရီးကပြန်လာလို့ အနားမယူဘဲ အိမ်လိုက်လည်မိကာမှ ငါးပါးမှောက်တာပဲ။ ဇော်တစ်ယောက်က သူ့ဂျစ်ကို ကိုပြောချင်တာနဲ့ ဘယ့်နှယ့်ငါနဲ့ပေးစားရတာတုန်း ။ အမောတောင်အပြေတေးဘူး ရင်ဝဖနှောင့်နဲ့ဆောင့်ကန်ဆိုသလို ဖြစ်နေပါပေါ့လား ။င်္ဒမောင်နှမနှစ်ယောက်ကြား ငါက မြေစာပင် ဖြစ်တော့မယ် ။ဟီး ။ စကားမစပ် ခလောက်ရေ မသောက်နဲ့ပြောရင်ပိုသောက်ချင်မှာစိုးလို့ သောက်နော် နားနားပြီးတောက်တိရား...မောနေမှာချိုးရို့


  13. မလုပ်နဲ့ဆိုလုပ်တယ်ဆိုတော့ ..
    ခီလောက်ရေ များများသောက် များများရစ် များများသာဆိုး .. သိလား ..:D
    မူးလာပြီဆို ကားလေးဘာလေးပတ်မောင်း .. ဆိုင်ကယ်လေးဘာလေးစီး .. လေလေးတဖြူးဖြူးနဲ့ .. :P


  14. Anonymous Says:

    မောင်လေးရေ ... ဒီလောက် ကောင်းတဲ့ အကျင့်လေးတွေ လာတူနေရလား။ စိတ်ညစ်လာပြီ။ ဒီမောင်နှမတွေပေါင်းရင်တော့ ကမ္ဘာကြီး ပျက်စီးဖို့ မြင်နေတယ်။ ဒါကြောင့် တတိုင်းပြည်စီ ပို့ထားတာနေမယ်နော့်။ ဒါတောင် တွေ့ဖြစ်အောင်တွေ့သေး။

    ချစ်သော မကြီး
    မေတ္တာရောင်ပြန်


Post a Comment