ရှမ်းမျိုးနွယ် ဆစ်ဆောင်ပနားသင်္ကြန်

ရိုးရာသင်္ကြန်လေးနဲ့ အကိုတို့ အမတို့ ကို တင်ပေးလိုက်တယ်ဗျာ ။ ခုလို တင်ဖို့ လမ်းညွှန်ပြီးကူညီပေးတဲ မကီ ၊ ငမူးကို အမြဲလာလာပြီးပိုစ့်ရေးပါဆိုတဲ့ အကိုဖိုးစိန်ကိုရဲ လည်းစာကောင်းကောင်းမလုပ်ရပဲနဲ့ သိချင်တာကို ကူညီသွားလေရဲ့ ( မကူလို့ ရမလား သူ့ ပဲအစလုပ်ပေးတာကို ) ကြယ်စင်မင်း နဲ့ မငုံ ပိုစ့်မတင်လို့ လာအော်သွားလို့  ၊ အင်းခုတော့ ငမူးလည်း သင်္ကြန်ပေါ့  ။ ဒီရိုးရာသင်္ကြန်က ရှမ်းမျိုးနွယ် တရုတ်ပြည်နယ်စပ်မှာနေထိုင်တဲ့ ဆစ်ဆောင်ပနားလို့ ခေါ်တဲ့ ရှမ်းမျိုးနွယ်ပါ ။ ငမူးတို့ ရှမ်းတွေရဲ့ သင်္ကြန်ပေါ့ ။ သင်္ကြန်မကျခင် ” ဦးဆုံး ခေါက်မွန်းဟော်ဒေါင့်ကွေ့ ” ( ရှမ်းအခေါ် ) မုန့် ဖက်ထုတ်ကို အိမ်တိုင်းလုပ်ကျပါတယ် ။ ကောက်ညှင်းကို အမုန့် လုပ်ပြီးထညှက်ရည် ၊ ကြံသကာ နဲ့ နယ်ပါတယ် ။ အုန်းသီးလည်းထည့်တာပေါ့ ။ နယ်ထားပြီးတဲ့ မုန့် ကို ငှက်ပျောရွက်နဲ့ ထုတ်ပါတယ် ။ ပြီးမှ ပေါင်းအိုးထဲ ထည့်ပြီးပေါင်းတာပါ ။ စားလို့ ကတော့ကောင်းမှကောင်းပဲ ။ တစ်ခြားရွာက ဧည့်သည်လာရင် ဧည့်ခံရအောင်လို့ လေ ။ ရွာမှာက သင်္ကြန်ဆိုမနက်ပိုင်းက ရွာက သက်ကြီးတွေက မနက်ငါးနာရီထပြီး ကန့် တော့ခံဖို့ ပြင်ဆင်နေပြီ ။ ကန့် တော့ဖို့ ပစ္စည်းလေးတွေလည်းကိုယ့်ခြင်းနဲ့ ကိုယ့်ပေါ့ ။ ပြီးတော့ ရှမ်းဘောင်းဘီ ၊ ရှမ်းအင်္ကျီ ဝတ်ပြီး ကန့် တော့ထွက်ဖို့ လူစုတာပေါ့ ။ ရွာကလူငယ်တွေလည်းသူ့ အဖွဲ့ ကိုယ့်အဖွဲ့ ပေါ့ စုပြီး အိမ်စေ့ကန့် တော့ကျတယ်လေ အဲ့လို ကန့် တော့တာ ကမနက်ပိုင်း ကနေစပြီးကန့် တော့တာ နေ့ လည် ၁၁ ကျော်မှပြီးတယ်လေ ။ နေ့ လည်ခဏနားပြီးရင် ဘုရားကို ရေသပ္ပာယ် ဖို့ ရေမွေးနံသာနဲ့ ပက်ဖြန်းပူဇော်ဖို့ တစ်ခါပြင်ရတယ် ။ ဘုန်းကြီးကျောင်းမှာလည်း တန်ခိုးကြီးဘုရားတွေဆိုရင် သင်္ကြန်ရောက်မှဖူးရတယ်လေ ။ ဘုန်းဘုန်းတွေကလည်း သင်္ကြန်ရောက်မှ တန်ခိုးကြီးဘုရားတွေ ပင့်ပြီး ဘုရားကိုပလ္လင်ပေါ်တင်ပြီး ဘုန်းကြီးကျောင်းဝင်းထဲမှာပဲ ရှိသမျှ ဘုရားအားလုံးကို ရေသပ္ပာယ်အပူဇော်ခံ ဖို့ ကွင်းပြင်ကျယ်ကြီးထဲမှာလုပ်ပေးထားတယ် ။ ဒီတော့ရွာက လူငယ်အပျို တွေ အားလုံး ရေမွေးနံသာနဲ့ လုပ်ထားတဲ့ ရေပုံးကိုယ်စီဆွဲပြီးလာပြီးတော့ရေသပ္ပာယ် တာာပေါ့ ။ ပြီးရင် ဘုန်းကြီးကျောင်းအပြင်မှာ ရေပက်ပြီးဆော့ကစားကြတာပေါ့ ။ ညဆိုရင် အိမ်စေ့ မုန့် ဖက်ထုတ်တောင်းထွက်ကျတယ် ။ ” တုတ်ဆူးခေါက်မွန်းဟော်ဒေါင့်ကွေ့  ” ဆိုပြီး တောင်းကျတာပါ ။ ကလေးတွေ တောင်းကျတာပါ ။ ငယ်ငယ်ကတောင်းခဲ့ဖူးပါတယ် ။ ပျော်စရာအလွန်ကောင်းပါတယ် ။ ည ဆယ်နာရီအထိ မနားတမ်းအိမ်စေ့တောင်းကြတာပေါ့ ။ ကလေးဆိုတော့လည်းမမောနိုင်မပန်းနိုင်ပါဘူး ( ခုနဲ့ များကွာပါ့းD ) ဘယ်သူ့ အရများလည်းဆိုတာပြိုင်ကျတာပေါ့ ကလေးဆိုတော့လည်း ။ ရွာကသင်္ကြန်ကတော့ ဘုရားကို အရင်ဆုံး
ရေသပ္ပာယ် ပြီးမှဆော့ကစားကျတဲ့ထုံးစံရှိပါတယ် ။ နှစ်ဆန်းတစ်ရက် ဘုန်းကြီးကျောင်းကို တစ်ရွာလုံးတက်ပေါ့ ။ ရိုးရာသင်္ကြန်ပေါ့ ရှမ်းတွေရဲ့ အစဉ်အလာပါ ။ ခုထိလည်းရှိပါသေးတယ် ရွာတွေဆီမှာ ။



ဒါကတော့ ဆစ်ဆောင်ပနားလို့ ခေါ်တဲ့ ရှမ်းသင်္ကြန်ရိုးရာပါ





ရှမ်းလှပျိုဖြူများလည်းကြည့်ပါအုန်း ရေကစားနေတဲ့ ဟန် ၊ ကလေးလူကြီးမရွေး ကပြီးရေကစားနေကြတဲ့ ရိုးရာ သင်္ကြန်ပါ ရှမ်းရိုးရာ အကများနဲ့ ကြည့်လို့ မဝတဲ့ သင်္ကြန်လေးပါ



ဝန်ခံချက် ။ ။ မောရှမ်းမြေ ဆိုဒ့်မှကူးယူဖော်ပြပါသည် ။


အိုက်ခီလောက်



.

အမြည်းလေးတွေ
6 Responses
  1. မငုံ Says:

    ဆစ်ဆောင်ပန်းနား သင်္ကြန်ကို ပြောပြသွားတဲ့ အိုက်ခိလောက်ရေ။ ရှမ်းသင်္ကြန်ကျတာလေး ဖတ်ရတော့ အိမ်တအားပြန်ချင်လာပြီ
    ကောင်းတယ်။ အဲ..ကွန်နက်ရှင်သိပ်မကောင်းနေတာနဲ့ မနက်ဖြန်မှ လာထပ်ကြည့်မယ်။


  2. ရှမ်းမုန့်ဖက်ထုပ်စားချင်းတယ်..
    အင်းပါလေ..
    ယောက်ဖတစ်ယောက်လုံးကရှမ်းဖြစ်နေမှတော့ ဒီမုန့်ဖက်ထုပ်ကိုစားရဖို့
    အချိန်တွေရှိပါသေးတယ်..
    ကျေးဇူးတင်ပါတယ် ညီလေးယောက်ဖငမူးရေ..
    ညီလေးရေးထားတာကဖတ်လို့ကောင်းပါတယ်..
    ကြည်နူးစရာ လေးကို စာနဲ့သရုပ်ဖော်သွားလေရဲံ့
    ရိုးသားတဲ့ ရှမ်းတိုင်းရင်းသားတွေရဲ့သင်္ကြန်ကိုလဲ လွမ်းမောကြည်နူးစွာကြည့်သွားပါတယ်
    ချစ်ယောက်ဖညီလေးငမူးရေ
    ခင်တဲ့
    ဖိုးစိန်


  3. ရှမ်းသင်္ကြန်လာလည်ပါသည်........ရှမ်းမလေးတွေ ချောတယ်နော်(စိတ်မဆိုးနဲ့  စတာ)
    ပျော်ရွှင်ပါစေ


  4. Anonymous Says:

    စောစောစီးစီး ရှမ်းသင်္ကြန်လာကြတယ်နော်။ ချမ်းလိုက်တာနော် အရမ်းပက်တာပဲ။ အခုပဲ အရဲကလည်း ရှမ်းသင်္ကြန်တဲ့။ ရွှဲကုန်ပြီ ဒီတိုင်းရုံးသွားရအုံးမယ် နော့်။

    ပျောရွှင်ပါစေ
    မကြီး ရောင်ပြန်


  5. မု;သုင်

    ရှမ်းပြည်သင်္ကြန်ဆိုတော့ စပါးအရက်လည်း ပါမှ ပိုမြိုင်တာပေါ့။
    စစ်ဆောင်ပန်းနားက ရှမ်းတွေ ကျိုင်းတုံမှာ အများကြီးလာ အခြေချ ကြတယ်။ တရုတ်ဘက်မှာ အလုပ်အကိုင်ရှားတယ် ဆိုပဲလား။
    သူတို့ရှမ်းစကားနဲ့ တို့ကျိုင်းတုံရှမ်းစကားက အတူတူပဲ

    ပျော်ရွှင်ပါစေ


  6. ပီဟွမ်ဆိုင်း Says:

    မုန့်ဖက်ထုပ်စားချင်တယ်။ ရွာကိုလည်းပြန်ချင်တယ်။ ဒါနဲ့စကားမစပ် ထိပ်ကဓါတ်ပုံက အိုက်ခိလောက်တို့ရွာပုံလားဟင်...ကိုယ်တိုင်ရိုက်ထားတာလား....


Post a Comment