ဝါသနာတဲ့လေ

မွေးရပ်မြေညီအစ်ကိုက တော့လုပ်ချလိုက်ပြန်ပြီ အေးဆေးနေတာကို မနာလိုတာလားမသိဘူး :p ဘယ်သူ့ ရှိမလည်း တောင်ပေါ်သား ပေါ့ တပ့်စ်သွားလေရဲ့ မရေးမနေ၇အမိန့် တဲ့လေ ။ မေ၇းတာလည်းကြာပြီဆိုတော့ ခေါင်းစဉ်လေးတော့ပေါ်လာတာပေါ့လေ အပျင်းထူနေတာ ရေးဖို့ ကို အကို ၊ အမ တွေကလည်း မရေးတာကြာတော့အမြင်မကြည်တော့ဘူး နေ့ တိုင်းလာဆူနေကျတယ် ။ အကိုတွေ အမတွေ ငမူးကိုချစ်တာမြင်တော့လည်း အားရကျေနပ်စရာပါပဲ ကျေးဇူးပါပဲ အကိုတို့ အမတို့ ရယ် ။ ခုတော့ လည်းမနေသာတော့ပါဘူးရေးအုန်းမှပဲ ။



ငယ်စဉ်တုန်းကတော့ မှတ်မိနေသေးတယ် အစားကြီးတဲ့ဝါသနာလေ ။ ဘာဖြစ်ဖြစ် အများကြီးစားလိုက်ရမှ။ဒါပေမယ့်စားပြီးတိုင်းပြန်အန်တတ်တဲ့အကျင့်ကပါလာရော ။ ကောက်ညင်းစားပြီးတိုင်းဗိုက်နာတတ်တယ် ။ ဒါပေမယ့်လည်းအစားကြီးတော့ စားတာပဲ ။ တစ်ခါကလည်း အိမ်က ဧည့်သည်အတွက် ဖရဲသီးကိုပြင်ထားတယ် ။ စားကလည်းစားချင် တစ်ဝဲလည်လည်နဲ့ ရစ်သီရစ်သီလုပ်နေတာ ဖရဲသီးဘေးနားမှာ ။ အိမ်ကလူကလည်းမနေသာတော့ယူစားဆိုတော့ စားလိုက်တာ အငမ်းမရ အတင်းကိုဆွဲတော့တာ အဲ့မှာနင်ပြီးမျက်လုံးတော့ပြူးထွက်လာသလားအောက်မေ့ရတယ် ။ အသက်ရှုလည်းမဝဘူး မြို ချလည်းမရ အတင်းမြိုချတာပဲမရဘူး ။ အသက်ရှုလည်းမဝဘူး လည်ဝမှာတစ်နေတာ ငတ်ကြီးကလည်းကျနေတာကို ဖြည်းဖြည်းခြင်းစားလည်းရတာကို ခုတော့အငမ်းမရသွင်းခါမှ တစ်နေပြီ ။ နောက်ဆုံးမရတော့မှအန်ထုတ်ရတယ် ။ နည်းနည်းကြီးလာတော့ ကြောက်သွားပြီ ။

ကျောင်းတက်ရင် ပျော်တယ် ကျောင်းရောက်တော့သိုင်းကရူးလာရော ။ အခြင်းခြင်းသိုင်းကစားတယ် ။ အားရင် သိုင်းကွက်ထုတ်နေတတ်တယ် ။ အဆင်ပြေချင်တော့ အိမ်ဘေးမှာသိုင်းဆရာတစ်ယောက်ရောက်လာတယ် ။ ညတိုင်းသူ့ ဆီသိုင်းသွားသင်တယ် ။ ကီထိုင်တာလည်းပါတာပေါ့ ။ ညောင်းလိုက်တာမပြောနဲ့ တော့ ။ ကျောင်းရောက်တော့အကွက်တွေထုတ်ပေါ့ ။ သိုင်းပြောင်းပြန်ဆိုတာလည်းပါသေး :p အိမ်မှာလည်းညီအကိုဝမ်းကွဲတွေနဲ့ ချရတာပြောမနေနဲ့ တော့ ။ အဲလိုနဲ့ တစ်ဖြည်းဖြည်းကြီးလာတော့ ဂေါ်လီ ရိုက်တယ် အံစာတုံးဖက်လှည့်လာရော ။ ဖဲလည်းရိုက်တတ်တာ လေးတန်းနှစ်ပေါ့ ။ အထင်မကြီးပါနဲ့ တွမ်တီးဝမ်း ပါ အပျော်ဆော့တာလေ ။ သရေပင်ပစ်တာကနေ လိုင်းပြောင်းလိုက်တာ ။ စုံပါတယ် ရာသီကစားနည်းနဲ့ ပဲ ဝါသနာက တစ်ခုပြီးတစ်ခု ပါနေတာလေ ။ ပြီးတော့စက်ဘီးလည်းပြိုင်စီးတာဝါသနာပါတယ် ။ ကျောင်းသွားကျောင်းပြန်ဆို စက်ဘီးပြိုင်စီးကျတယ်လေ ။ ကံကောင်းလို့ ခြေလက်မကျိုးတာပြောရမယ် ။ စက်ဘီးစီးရင်လည်းအကောင်းမစီးဘူး အဖွဲ့ လိုက် ကျူရှင်သွားတက်တဲ့ ဆရာမ လမ်းထဲက ခွေးဆိုးတစ်ကောင်ကိုစပြီးမှပြေးကျတာ နောက်ကျတဲ့ကောင်သွားပေါ့းD စွန်လွတ်တဲ့အချိန်လည်း စွန်ချိန် ။လေတံခွန်ပေါ့ဗျာ ။ ဂျင်ပေါက်တဲ့အချိန်ဆိုဂျင် ။ သရေပင်ပစ်ချိန်ဆိုလည်းသရေပင် ။ ဂေါ်လီချိန်ဆိုလည်းဂေါ်လီချိန် ။ အရွယ်ကလည်းတစ်ဖြည်းဖြည်းကြီးလာတယ် ငါးတန်းရောက်တော့ မီးပုံးပျံကိုဝါသနာပါနေပြီ ။ မီးပုံးပျံလုပ်တာကိုသဘောကျလာတယ် ။ အားရင် မီးပုံပျံပုံဆွဲနေတယ် ။ ကျောင်းစာအုပ်ထဲမှာ မီးပုံပျံပုံချည်းပဲ ။ မီးရှုးရှိက်တာလည်းဝါသနာပါလာတယ် ။ မီးဆရာ ( ငမူးတို့ ဒေသအခေါ် ) ဖြစ်ချင်လာရော ။ ယမ်းတွေထောင်းကျ မီးပုံးပျံလုပ်ကျပေါ့ ပျော်ဖို့ ကောင်းလာတယ် ။ ဘေးအိမ်ကလည်း လူပဲ့မီး မီးဆရာ ဦးဖိုးထောင်ကလည်း သင်ပေးတယ် ။ ယမ်းထောင်းတာကောင်းလွန်းလို့ ကံကောင်းလို့ လက်မီးမလောင်တာ ။ မီးခြစ်ဆံကိုထောင်းတာလေ အဟတ် တွေးရင်ကြောက်တယ် ။ ရှစ်တန်းရောက်တော့လူက ဟိုလိုလို ဒီလိုလိုနဲ့ ယောင်ခြောက်ဆယ်ကာလပေါ့ ။ ကျောင်းပိတ်တော့ရွာပြန်တော့ ငါးကိုဖမ်းတာဝါသနာပါလာရော ။ ချောင်းထဲမှာသူငယ်ချင်းတွေတစ်အုပ်နဲ့ ငါးဖမ်းကျတယ် ။ ငါးကိုမိုင်းနဲ့ ခွဲပြီးပစ်တာ ။ ကျောက်ခဲမိုင်းခွဲတဲ့ ယမ်းတောင့်ပဲ တရုတ်ကလာတာ ။ မိုင်းကို မီးရှို့  ပြီးရေထဲပစ်ချလိုက်ရင်ခဏလေးပဲ ဝုန်းဆိုပြီး ရေတွေဖွာထွက်လာပြီးရင်ေ၇ပေါ်မှာငါးတွေပေါလောပေါလောပေါ်နေပြီဆိုရေထဲဒိုင်ဗင်ထိုးပြီး ဆယ်တာပဲ ။ အဲ့ရေကူးတာလည်းဝါသနာပါတယ်ဗျ ။ ခုထိပဲ ရေကူးတာတော့ဝါသနာပါတာ ။ အင်းလေးထဲတောင်ဆင်းကူးတာ ။ တောင်ကြီးဆည် ၊ ဟိုပုံးဆည် ၊ လွိုင်လင်ရေကန် ၊ နမ့်ဆန် ကနမ့်တိမ်းချောင်း ၊ ကွန်ဟိန်းက မြစ်တွေ သံလွင်မြစ်တွေ ရေတွေ့ တိုင်းကူးတာပဲ ။ တစ်ခါက အင်းထဲသယ်ရင်းနဲ့ အတူသွားလည်တာပေါ့ ။ သူ့ အိမ်က နမ့်ပန်ရွာမှာ ၊ ဖောင်တော်ဦးဘုရားနည်းနည်းကျော်လောက်ပါ ။ အိမ်ကလည်း ရေထဲမှာဆောက်ထားတာဆိုတော့ ရောက်ရောက်ခြင်းရေကကူးချင်လာတယ် ။ အားလုံးပေါင်းက ရှစ်ယောက်ဆိုတော့ ကူးချင်နေကျပြီ ။ ဒါနဲ့ ရေအရင်ကူးမယ်ဆိုပြီး အားလုံး အိမ်ပေါ်ကနေ ခုန်ပြီး ကူးကျတာပေါ့ ။ ရေငုပ်တဲ့သူ့ ကငုပ်နဲ့ ပျော်စရာတော့ကောင်းသား ။ အဲ့မှာ ဖြစ်ချင်တော့ သူငယ်ချင်းတစ်ယောက်က ကျန်နေတယ် မကူးသေးဘူး ။ အိမ်ပေါ်မှာစောင့်ပြီးကြည့်နေတာ သူ့ မြင်လိုက်တယ် ပေါလောပေါလောနဲ့ ချီးတုံးမျောပါလာတာကိုမပြောဘူး ။ ငမူးတို့ ကလည်း ရေငုပ်ပြီးပြန်အတက် တွေ့ ပါလေရောမျက်နှာခြင်းဆိုင်တည့်တည့်မှာ ဝါဝါလေးနဲ့ အဟီး ။ ဘယ်ပြောကောင်းမလည်း အပေါ်ကိုဘယ်လိုပြန်ရောက်သွားမှန်းမသိဘူး ။ ဒီလိုနဲ့ ကိုးတန်းရောက်တော့ ဆိုင်ကယ်ကိုဝါသနာပါလာရော ။ ဆိုင်ကယ်မြင်ရင်အငမ်းမရတော့ဘူး ။ ဆိုင်ကယ်ပြင်တာလည်းဝါသနာပါလာတယ် ။ ကျောင်းသွားရင် ကျောင်းမတက်သေးရင်ကျောင်းဘေးကဆိုင်ကယ်ဆိုင်မှာ သွားပြီး လေ့လာတာပေါ့ ။ ကျောင်းခေါင်းလောင်းခေါက်မှ ကျောင်းထဲဝင်တာ ။ ဆိုင်ကယ်ဘယ်လောက်စုတ်စုတ် စက်နိုးမရပါဘူးဆိုတဲ့ ဆိုင်ကယ် ငမူးနဲ့ တွေ့ ရင် နိုးတာပဲ ။ အဲလောက်ထိ ဝါသနာက ပါတာ မရအရ ပြင်တာ ။ ခုထိလည်းဝါသနာပါတုန်းပဲ ။ ရေကူးနဲ့ ဆိုင်ကယ်ပေါ့ ။ ရွာမှာလည်း ဆိုင်ကယ်ပြင်ဆိုင်မရှိတော့ ကိုယ့်ဆိုင်ကယ်ကို ပြင်တာပေါ့ ။ အကိုတွေကလည်း ဆိုင်ကယ်တက္ကစီ ဆွဲတာဆိုတော့ မသိတာမေးလည်းသူ့ တို့ ကသင်ပေးတာပေါ့ ။ ဆိုင်ကယ်ဆေးမှုတ်တာကအစ အားလုံးတတ်လာတယ်။ အိမ်ကဆိုရင် ထမင်းမေ့ဟင်းမေ့လို့ အတင်းကို ပြောယူရတယ် ။ ကားထက်ဆိုင်ကယ်ကိုပို ဝါသနာပါလာတယ် ။ ဆယ်တန်းပြီးတော့ ရွာရောက်တာနဲ့ ဆိုင်ကယ်တက္ကစီဆွဲတာပဲ ။ ဝါသနာကလည်းပါ ဆိုတော့ေ၇ထဲငါးကိုလွတ်ပေးသလိုပဲ ပျော်လိုက်တာမှ ပြောမနေနဲ့ တော့ ။ တရုတ်ပြည်နယ်စပ် ပန်ဆန်းလည်းရောက်တယ် ။ အဖွဲ့ လိုက်သွားကျတာလေ ။ တာချီလိတ်လည်းရောက်တယ် ။ မိုင်းလားလည်းရောက်တယ် ။ အစုံရောက်တယ် ။ ဆိုင်ကယ်မောင်းရင်လည်းပြိုင်စီးကျတယ် ။ လောင်းကြေးနဲ့ လေ ။ နောက်ကျတဲ့လူ က စားသောက်ဆိုင်ရောက်ရင် အရက် တိုက်ကြေးပေါ့ ။ လမ်းကလည်း တောလမ်းဆိုတော့ နွေရာသီဆိုရင် ဖုန်တစ်လုံးလုံးနဲ့  မိုးတွင်းဆိုလည်း ဗွက်တွေ ပေါ့ ။ အဲ့လို ပျော်ရာကနေ ပျက်လာတယ် လူ က ။ အပျော်ပြီးတော့အပျက်ဆိုတာမှန်တာပဲ ။ အပေါင်းအသင်းကလည်းစုံတော့ မဟုတ်တာ အကုန်တတ်လာတယ် ။ မိန်းမ ကိစ္စ ကလွဲရင် အားလုံးတတ်လာတယ် ။ အိမ်ကလည်း ရွာမှာဆက်နေရင် ပျက်တော့မယ်ဆိုပြီး ။ နယ်နှင်ဒဏ်ပေးလိုက်တာ ခုထိပါပဲ ။ ရွာပြန်ရင် အများဆုံး သုံးလ ထက်ပိုမနေရ ။ ထိန်းမရတော့တဲ့အဆုံး အမတော်ရှိရာ နိုင်ငံရပ်ခြားဆိုတာကို ရောက်လာတော့တာပဲ ။

ခုတော့လိမ်မာလျက်နဲ့ ဝါသနာပါတဲ့ဆိုင်ကယ်ကိုလေ့လာနေဆဲပေါ့ ။ ကိုယ့်ဆီမှာမရှိတဲ့ ဆိုင်ကယ်တွေကို ကြည့်ပြီးအားကျနေတယ် ။ ဝါသနာ ပါတာက တော့ မီးပုံးပျံရယ် ၊ မီးဆရာရယ် ၊ ရေကူးရယ် ၊ဆိုင်ကယ်နဲ့  ယမကာလေးဖြစ်ပါကြောင်း ။ဝါသနာပါခဲ့တာလေးတွေကို ရေးတတ်သလို ရေးလိုက်ပါကြောင်း ။ ကျေနပ်ကျမှာပါ အကိုတို့ အမတို့းD



အိုက်ခီလောက်
အမြည်းလေးတွေ
4 Responses
  1. အဲ..အဲ..အဲ..ဝါသနာကလည်း ပါတတ်လိုက်တာ..ကုန်တော့မယ်..
    သိုင်းပြောင်းပြန်ကျင့်နည်းလေး အကို့ကိုသင်ပေးပါအုံး..
    နင်အောင်စားနိုင်တဲ့သူကို နင်အောင်ကျွေးအုံးမယ်..
    အများကြီးကျွေးမယ်မထင်နဲ့ ..နည်းနည်းလေးကိုနင်အောင်ခွံ့ထားမှာ
    အကိုလဲ ကားထက်ဆိုင်ကယ်ကိုပိုကြိုက်တယ်..မီးပုံပျံလုပ်တာကိုတော့ဝါသနာပါတယ်..
    စိတ်ဝင်စားတာပါ..ငါးဖမ်းတော့မလုပ်ချင်ဘူး..
    ဝါသနာလေးတွေကစိတ်ဝင်စားစရာ..ရယ်စရာကောင်းအောင်ရေးထားတယ်..
    ဖတ်လို့ ကောင်းပါတယ်..ညီလေးငမူးရဲ့ ဝါသနာတွေကိုမှတ်ထားပါတယ်..
    တွေ့ ရင်မီးပုံပျံလုပ်ခိုင်းအုံးမယ်..ချောင်းတွေ..မြစ်တွေမှာ ဘီယာသောက်ရင်းရေကူးကြမယ်ကွာ..နော်
    ခင်မင်တဲ့
    ဖိုးစိန်


  2. ၀ါသနာတွေ ဖတ်သွားတယ်ဗျို့ တော်သေးတယ် အစားမက်တာတောင် ခုထိ အသက်ရှင်သေးတယ် အဟား ဖရဲသီး မစားနဲ့ နောက်တခါ ဒူးရင်းသီးကို အခွံပါစား ပိုကောင်းတယ် ဟီးး ပျော်ရွှင်ပါစေ အကိုရေ


    လေးစားလျက်
    တောင်ပေါ်သား


  3. တော်တော်ကောင်းတဲ့ ၀ါသနာတွေပါပဲ။ သေချာတာ တခုကတော့ စူဇကာ ၀င်စားတယ်ဆိုတာပါပဲ။ နောက် အစားအသောက်ဆင်ခြင်ပါ။:P
    အင်းး.ဦးဖိုးစိန်နဲ့ ရေတူတူကူးမယ်ဆိုတော့ဒါလဲ သေချာပါတယ်။
    ဟို...၀ါဝါအတုံးလေးက ပါးစပ်ထဲ တန်းနေမှာ :)))


  4. လာလည်ပါတယ်--ရှမ်းလေးရေ--
    ပျော်ရွှင်ပါစေ--


Post a Comment