ခံစားမိတဲ့ ကြိုက်တဲ့ သီချင်း

အလွမ်းကဗျာရှည်





ရှိနေမယ်



ခုတစ်လော ဘာမှမလုပ်နိုင်ပါဘူးဗျာ ။ အကြောင်းလေးကတော့ရှိပါတယ် ။ ပြောပြတော့ဘူးနော် :D ။ ခုလည်း ဘာမှမလုပ်နိုင်မဲ့အတူတူသီချင်းလေးတွေလိုက်ရှာပြီးနားထောင်နေတာ အဟောင်းတွေထဲကနေပဲ ရှာနေတာပါ ။ ကိုဟန်ထွန်း သီချင်းတွေနားထောင်ပြီး သူ့ အသံအေးအေးလေးနဲ့ သီချင်းတွေ ကို ဆားချက်တယ်လို့ သဘောမထားပဲနဲ့ နားထောင်ကြည့်ပါအုန်း ။ ကိုဟန်ထွန်းကို ကြိုက်နေတာက သူ့ ထိပ်ဆုံး ခွေထွက်ကတည်းကပါပဲ ။ မျက်ရည်ယန္တား ဆိုတဲ့  ခွေထွက်ကတည်းကပါပဲ ။ မှတ်မှတ်ရရ သူ့ ခွေထွက်တဲ့ နေ့ မှာ တောင်ကြီးသားနှစ်ဦးလုံး တစ်နေ့ တည်း အခွေတူတူထွက်တဲ့နေ့ ဖြစ်ပါတယ် ။ ကို အယ်နှောင်း ပါ ၊ အနောက်တောင်မှတ်သုံလေ ဆိုတဲ့ ခွေလေးပါပဲ ။ အတူတူထွက်ပြီးတော့ ပေါက်တာက ကိုအယ်နှောင်းခွေလေးပါ ။ နောက်မှ တစ်ဖြည်းဖြည်းနဲ့ အသံအေးအေးလေးနဲ့ နားထဲဝင်လာတာက နားထောင်ပြီးနားထောင်ချင်အောင် ဆွဲဆောင်မူတွေနဲ့ ကိုဟန်ထွန်းက ဆွဲဆောင်သွားပါတယ် ။ အလွမ်းသီချင်းတွေ ၊ ခံစားမူတွေနဲ့ ပီပြင်အောင်ဆိုနိုင်တဲ့ ကိုဟန်ထွန်းကို အဲ့ကတည်းကကြိုက်နေမိပါတယ် ။ မှတ်မှတ်ရရ ရှစ်တန်းကျောင်းသား လေးပါ ။ ခုလည်း သူ့ သီချင်းတွေ ကြိုက်နေဆဲပါပဲ ။ တောင်ကြီးသားတွေ မို့ လို့ တောင်ကြီးကအဆိုတော်တွေ အားလုံးကိုကြိုက်ပါတယ် ။ ပြောရဲပါတယ် အဆိုတော်အများစု က တောင်ကြီးကထွက်တယ်ဆိုတာ ။ တောင်ကြီးသားတွေ သီချင်းတစ်အားကြိုက်ပါတယ် :P ။ မဆိုပဲမနေနိုင်အောင်ကို ပတ်ဝန်းကျင်ကို ဒုက္ခပေးတတ်ပါတယ် :D ။ မူးပြီး အော်ဆိုတဲ့အထဲမှာ ငမူး မပါဘူးဆိုရင် ဘယ်ယုံကျမလည်းနော့် ။ အသံတောင်ဝင်ပါတယ် နင်းကန်လည်းအော်တယ် ၊ မှောက်ယှက်လည်းအော်တယ် ၊ ကျုံးပြီးလည်းအော်တယ် ၊ ဖင်ထောင်အောင်သောက်ပြီး လည်းအော်တယ် ။ အဲ့လောက်အထိ သောင်းကျန်းခဲ့တာ တောင်ကြီးတစ်ခွင်ပြဲပြဲစင်အောင်ကို လှည့်ပြီးသောင်းကျန်းတာ :D ။


အိုက်ခီလောက်
အမြည်းလေးတွေ
14 Responses
  1. ဟန်ထွန်းသီချင်းတွေကို ကြိုက်ပြီးသား။ ကျေးဇူး အိုက်ရေ


  2. ကိုလည်း ကြိုက်တယ် ရင်ခုန်ဘက်သို့ တမ်းချင်း လား သေချာ မမှတ်မိတော့ဘူး အဲဒါ ပိုကြိုက်တယ် ရှာပြီး ထပ်ဖြည့်ပေးကွာ
    ချစ်ကို


  3. Anonymous Says:

    အကိုလဲ တောင်ကြီးသားပဲလားဗျ
    တောင်ကြီးမြို့ကိုတော့ သဘောကျတယ် ရာသီဥတုလေးလဲ ကောင်းတယ်
    ရှမ်းလေးတွေလဲ လန်းတယ်(ရှမ်းတရုတ်မတွေသာလျှင်) ပြန်ရောက်ရင် တောင်ကြီးကို ရောက်အောင်သွားအုံးမယ်........
    အကိုက တောင်ကြီးသားဆိုရင် ခင်မင်ခွင့်ရတာ ၀မ်းသာပါ၏


  4. သယ်ရင်းအိုက်ခီရေ......ရင်ခုန်ဘက်သို့ တမ်းချင်း မှ စနားထောင်ဖူးတယ်။ အခု လမ်းဆုံ အယ်လ်ဘမ်ထဲက အရင်ကဇာတ်လမ်း ကိုနားထောင်နေပါတယ်။
    သီချင်းအေးအေးတွေကို ကြိုက်တော့ စုထားတဲ့အထဲမှာ ဟန်ထွန်းသီချင်းတွေ
    လည်း အများဆုံးပါနေတယ်။
    အခုတစ်လော ပျောက်နေတယ်နော်။ ပျော်ပါစေ

    ခင်မင်ခြင်းနှင့်
    တလနွန်


  5. မိုက်တယ် အဲသီချင်းကို ကျနော် လဲကြိုက်...

    ခင်မင်လျှက်
    အဆိပ်ခွက်


  6. ယုံပါတယ် ခီလောက်ရယ် :P


  7. ချစ်ညီလေးယောက်ဖ

    အကိုကြီးယောက်ဖ လာသွားတယ်


    ချစ်ညီမရှိတော့ ပျင်းနေတာကြာပြီးး

    တို့ညီအကိုယောက်ဖသုံးယောက်တူတူမသောက်ရတာကြာပြီးး
    သောက်ကြမယ်

    ညကိုတက်လာခဲ့ပါ

    ချစ်တဲ့
    ကိုကြီးယောက်ဖဖိုးစိန်


  8. ကဲ ကိုအိုက်ရေ တောင်ကြီးကို လာနိမ်စက်မယ်နော်.
    ရှောင်မနေနဲ.နော် အဟတ် ... တောင်ကြီးမှာ
    လန်းကြတာပေါ.ဗျာ...


  9. ဇော် Says:

    ဂျစ်ကိုတို့ကတော့နော်
    စာမရေးချင်တိုင်း ဟိုဟာတင် ဒီဟာတင်နဲ့
    ပတ်ရှောင်နေတယ်။ ဟွန်း။ ညင်ကပ်လာပြီ။ အဟီး။
    =P


  10. ဂျစ် Says:

    ကိုကြီး...
    တောင်ကြီးသားဆိုတော့ အဆိုကောင်းမှာပေါ့နော် ။

    သီချင်လေးတွေ လာနားထောင်သွားပါတယ်...။

    ဟန်ထူး သီချင်းတွေ ကောင်းတယ်....ဗျို့ ။

    ခင်မင်စွာဖြင့်
    ဂျစ်


  11. ဂျစ် Says:

    ကိုကြီး

    မကြေနပ်လို့ ထပ်လာသွားတယ်....
    ဂျစ်တူးကို အထင်တော့ မလွဲပါနဲ့ဗျာ...။
    မြန်မာစာကို စာရိုက် တဲ့နည်းသင်တာ သိပ်မကြာသေးလို့ပါ...
    ဂျစ်က ထိုင်ဝမ်ရောက်တာ ဆယ်နှစ်ရှိပြီဆိုတော့ အဆိုတော်နာမည်
    သိပ်မသိတာလည်း ပါပါတယ် ...။

    ကိုကြီးစာကိုတော့ ဖတ်ပြီးမှ မန့်တာပါဗျို့........။
    အမှားမရှိရဆိုရင်လဲ နောက်ဖတ်ပြီး ပြန်ပါ့မယ်...ဗျာ ။
    မန့်ချင်ရက်နဲ့ .....အမှားပါမှာဆိုးလို့ မမန့်ရတာပါလို့ပဲ
    သဘောထားပေးလိုက်ပါ ။

    မုန့်ဟင်းခါးက ဘလော့မောင်နှမတွေ အားလုံးစားစေချင်လို့
    တင်ထားတာပါ ....တို့ကိုကြီးလဲ စားသွားနိုင်ပါတယ်....။
    မုန့်တီတော့ ချက်တတ်ဘူးဗျ .....၊ အရက်(ဂျော်နီလမ်းလျှောက်)ကို ဂျူတီ ဖရီး ဆိုင်က ၀ယ်လာပြီး ကိုကြီးကို ချော့သွားတယ်နော်...။

    စိတ်ဆိုးနဲ့တော့.......မလှပဲနေမယ်.....ဟဟဟ


    ချစ်ခင်စွာဖြင့်
    ဂျစ်တူး


  12. ဟန်ထွန်းကို သတိထားမိတာ မဒီနဲ့ဆိုတဲ့ လမ်းခွဲစကား ဆိုတဲ့ သီချင်းထဲမှာ
    အဲဒီသီချင်းကို တော်တော်ကြိုက်တယ် စာသားလေးကောင်းသလို
    အသံအားပြင်းပြင်းနဲ့ဆိုဟန်ကို နှစ်သက်တာလေ...
    အခုတော့တချို့ညနေတွေ သီချင်းဆိုဖြစ်ရင် ဟန်ထွန်းရဲ့ ရှိနေမယ် ..ရင်ခုန်ဖက်သို့တမ်းခြင်း..တို့ဘ၀သစ်နေ့..ရင်နာတယ်ဧပရယ် အဲဒီသီချင်းတွေ
    မပါမဖြစ်ဘဲကွ...ရင်နာတယ်ဧပရယ်ကိုတော့ အကြိုက်ဆုံးပဲ သူ့အသံနဲ့လိုက်တယ်...ညီလည်း ဆိုချင်ရင် အိမ်လာခဲ့ဟေ့
    တရပ်ကွက်လုံးပြောင်းပြေးအောင် အော်ကြတာပေါ့...
    ...ခင်မင်သောအားဖြင့်...


  13. Dream Says:

    အမယ်အမယ်... အခုတလော ဘာတွေရှုတ်နေလဲ မသိခက်မယ်နော်... ဟွင်းဟွင်း..

    အော်..အိမ်တကာတက် အရက်ဖိုး လိုက်တောင်းနေတယ်လို့ ပြောမလို့ပါ..အဟတ်..
    သူ့အဒေါ်နဲ့ သူ့အဖွားတော်...့ဂျီးထော်မတ်နဲ့ဘွားထော်မတ်ချီမှာပါ အရက်ဖိုး လိုက်တောင်းနေလို့ မနိုင်လို့ အိမ်ကနှင်ချထားတာ..... ဟိဟိ...အော်...သနားပါတယ်...အဆိုကျင့်ပီးတော့..ခုတော့..
    အဟင်းအဟင်း :P


    အူးခွီရေ......
    ဆားချက်တာကလဲနော်....ယူကျု့က သီချင်းတွေ ကုန်ပီလားမသိဘူး ..ဟိဟိ....

    ကျေးဇူးပါပဲဗျာ....တကယ်ပါ.... မက်မက်ကြိုက်တဲ့သီချင်းလေး ပါနေလို့ ... :D
    ရော့...အရက်ဖိုး ပေးခဲ့တယ်..မကုန်မချင်းသုံး...သောက်လဲသောက်
    မကုန်စေနဲ့..တိရား


  14. Lin Says:

ိုအားနည်းချက် ၂ခုမရှိတဲ့ ဘုရားစူးတောင်ကြီးသား ငမူးလေးပါ :P


Post a Comment