မူးရင်မမောင်းနဲ့  မောင်းရင်မမူးနဲ့ 

ပြောရရင်ကိုယ့်ပေါင်လှန်ထောင်းသလိုပဲဗျ ။ မဆင်မခြင် သောက် မူးပြီးအငြိမ်မနေ ။ မူးပြီးရင်ပိုဆိုးတယ်လို့ သူငယ်ချင်းတွေကတော့ပြောကျပါတယ် ။ မူးပြီးရင်ထပ်သောက် လိုက်ရမှလေ ။ ခုလည်း မူးပြီးဖြစ်တဲ့ကိစ္စ ကိုယ့်ဟာကိုခံလိုက်ရတယ် ။ ပိတ်ရက် အားအားယားယား နဲ့ ပျင်းနေတာနဲ့ ဆိုင်ကယ်တစ်စီးနဲ့ ပတ်ဝေ့နေတာ မြို့ ထဲက မြန်မာဆိုင်ကိုရောက်သွားတယ် ။ မြန်မာဆိုင်တွေကလည်း အပြိုင်အဆိုင် ဖွင့်နေကျတာ တော်တော်များတယ်ဗျ ။ မြန်မာပြည်ပြန်ရောက်နေသလိုပဲ လမ်းဘေးမှာကွမ်းတံတွေးနဲ့ စကားဟောင်ဖွာဟောင်ဖွာပြောနေကျတဲ့ ယဉ်ကျေးသောအနော့တို့ ရွှေမြန်မာ တွေ ချည်းပဲ ။ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နဲ့ ဘာလုပ်နေကျမှန်းကိုမသိဘူး ။ ငမူးလည်း ပတ်ဝေ့နေတာ ဆိုင်တွေ ကြားမှာ ။ ဆိုင်တွေ အပြိုင်အဆိုင်ကြားမှာ ဆိုင်အရောင်းမြင့်တင်ဖို့ ဆိုပြီး ကောင်မလေးချောချောလေးတွေလည်း ဆိုင်တိုင်းမှာတွေ့ ရတယ် ဗျ ။ အဲ့ .. အဲ့မှာစတာပဲ ငမူး တို့ ။ တောင်ကြီးသားဖွင့်ထားတဲ့ဖောက်သည်ဆိုင်ကိုသွားတာပေါ့ ။ မောသျှမ်း ဆိုင်ပေါ့ ။ လူချင်းကလည်းရင်းနှီးနေတယ်လေ ။ ပြီးတော့လည်းပြောမနာဆိုမနာတွေ ။ ငမူးတို့ စားသောက်ထားတာကို စာရင်းနဲ့ မှတ်ထားပဲ ။ အကြွေးလည်းယူတယ် ။ လုပ်ချင်တာလုပ် သူ့ ကလွတ်ပေးထားတာ သူ့ စီးပွားရေးကို နော့ ။ ဒါနဲ့ သူ့ နဲ့ စကားပြောရင်း ဘီယာသောက်တာပေါ့ ။ နောက်တော့ သူငယ်ချင်းတွေရောက်လာတယ် ။ ဆက်သောက်ကျတာပေါ့နော့ ။ ဘယ်ပြောကောင်းမလည်း အပေါင်းအသင်းကလည်းစုံလာပြီဆိုတော့ဝိုင်းလေးကစိုပြည်လာတယ် ။ မူးလာပြီဆိုတော့ လူက ထိန်းမရဘူးဗျ ။ ကြိုက်သလောက်သောက် ငမူးဒိုင်ခံရှင်းတယ် ။ မလိမ်မာတာလေ မိုက်တာတော့ဟုတ်ဖူး :D ။ ဒီလိုနဲ့ သောက်လာတာနေ့ လည်ကနေ ညရောက်လာတယ် ဒီတော့အတူလာတဲ့  ညီကအလုပ်ပြန်ဝင်ရမှာဆိုတော့ အိမ်ကိုပြန်လိုက်ပို့ လိုက်သေးတယ် ။ ဆိုင်ကယ်လည်းစီးတာကောင်းမှကောင်းပဲ ။ ဘယ်လိုအိမ်ပြန်ရောက်လာတယ်မသိဘူး ။ ညီကတော့ ပြန်မသွားစေချင်ဘူး ။ ငမူးကလည်း ဂတိပေးထားတယ်လေ သေချာပေါက်ပြန်လာမယ် ဆိုပဲ ။ ဒါနဲ့ ပြန်လာပါရော ။ဆိုင်ရောက်တော့ ကိုးနာရီထိုးတော့မယ် ။ဆိုင်တံခါးပိတ်နေပြီ ဘယ် ရမလည်းနော့ ဖောက်သည်ပဲဟာ ။ သူငယ်ချင်းတွေကလည်းတစ်ချို့ ကပြန်ကုန်ပြီ ၊ တစ်ချို့ ကလည်းကျန်နေသေးတယ် ဒါနဲ့ ဝိုင်းပြန်စတယ် ဆက်သောက် ကျတယ် ။ အဲ့ .. ဆိုင်ရှင်ကလည်း အလုပ်သမားတွေကို မှာထားတယ် ။ လိုတာချပေးလိုက် ဒီကောင်ဒီမှာအိပ်ချင်အိပ်ပါစေဆိုပြီးခွင့်ပေးထားတယ် ။ တစ်နယ်တည်းသားတွေကိုးနော့ ။ မပေးလည်းရစ်မှာဆိုတော့ သူ့ ကလစ်ပြီ ။ ဒါနဲ့ ဆယ့်နှစ်နာရီထိုးတော့ သူငယ်ချင်းတစ်ယောက်က ပြန်မှဖြစ်မယ်ဆိုတော့ လိုက်ပို့ မယ်ပေါ့ ။ ဒါနဲ့ လိုက်ပို့ ရော သူ့ အိမ်အထိ ကောင်းကောင်းမွန်မွန်ပဲ သူ့ အိမ်မှာတောင်ထပ်သောက်သေးတယ် ။ သောက်ပြီးလို့ အိမ်ပြန်မယ်ဆိုပြီး သူ့ တို့ အတင်းတားနေတဲ့ကြားကနေ ထပြန်လာတာ ။ မူးတာမူးတာ ကိုယ့်အိပ်ယာနဲ့ ကိုယ်ပဲ အိပ်ချင်တာလေ ။ မူးမူးနဲ့ ဆိုင်ကယ်ကို မောင်းလာတာ လမ်းမှားသွားတယ် ။ လမ်းမှားတော့ လမ်းပြန်လိုက်ရှာရတာပေါ့ ။ လမ်းရှာရင်းနဲ့ ပဲ လူက အိပ်ငိုက်လာတယ် ။ တစ်ချက်တစ်ချက်ငိုက် ငိုက်သွားတာ မနဲ့ သတိထားရတယ် ။ မဖြစ်ဘူးဆိုပြီး ဓါတ်ဆီဆိုင်ဝင် မျက်နှာသစ်တာပေါ့ ။ ပြီးတော့ ဆက်မောင်းလာတော့ လမ်းမှန်တွေ့ သွားပြီ ။ ဝမ်းသာအားရနဲ့ မောင်းလာတယ် အိမ်ရောက်တော့မယ်ဆိုပြီး ။ လူက မနက်ကတည်းက သောက်လာတာဆိုတော့ ပမ်းနေပြီ ။ နှုံးနေပြီလေ ။ တစ်လမ်းလုံးကိုယ့်ဆိုင်ကယ်ချည်းပဲ သတိထားပြီးမောင်းနေတာပေါ့ ။ ဟိုင်းဝေးလမ်းလေ ပြီးတော့ ။ အိပ်ငိုက်နေတော့ သတိထားပြီးအနှေးလမ်းဖက်နေမောင်းနေတာ ။ တစ်ခါငိုက်တယ် ရသေးတယ် ။ နှစ်ခါငိုက်တယ် ရပါသေးတယ် ။ သုံးခါငိုက် ပြီ ဒီခါတော့ အမြန်လမ်းကိုရောက်ယုံမက သူ့ ဘေးကတံတိုင်းကို ဝင်ဆော်ပါတော့တယ် ။ လူ ကပြုတ်ကျပြီး လမ်းပေါ် တရွတ်တိုက်ပါသွားတယ် ပက်လက်လှန်ကြီးနဲ့ ။ စိတ်ထဲမှာတော့သွားပြီပေါ့ လက်များကျိုးမလား ခြေများကျိုးမလားဆိုပြီးတော့လေ ။ နောက်မှခေါင်းထောင်ကြည့်တယ် အိုကေ ရသေးတယ် လက်တွေ ခြေတွေ ကြည့်တယ် မကျိုးဘူး ။ ပွန်းပဲ့သွားတယ် ညာလက်တော့ ထိတာများတယ် ။ ထကြည့်တော့ရနေတယ် ။သူငယ်ချင်းဆီဖုန်းဆက်မယ်ဆိုမှ ဖုန်းကပြုတ်ကျလို့  နောက်ကလိုက်လာတဲ့ကားကရှောင်ရင်းနဲ့ တက်ကြိတ်တာကြေပေါ့ ပြားနေတာပဲ ။ ကံကောင်းချင်တော့နောက်က ကားတွေမပါလာလို့  ။ ကားသာ ပါလာလို့ ကတော့ ဟင်း ဘယ်ပြောကောင်းမလည်း ပွဲချင်းပြီးပဲ ။ ခုချိန်ဆို ကိုကြီးကျော်နဲ့  အတူတူသောက်နေလောက်ပီ :P ။ ဒါနဲ့ ဆိုင်ကယ်ဆီရောက်အောင် လာပြီးဆိုင်ကယ်ကို ထူပေးရတယ် ဆိုင်ကယ်ကိုတက်ခွပြီး စက်နှိးကြည့်တော့အဆင်ပြေတယ် ။ မောင်းတော့မောင်းလို့ ရနေတယ် ။ ဒါနဲ့ အားစိုက်ပြီး အိမ်ကိုမောင်းပြန်လာတယ် ။ အိမ်ရောက်တော့ အပေါက်ဝကနေပဲ သူငယ်ချင်းတွေကို ကူပါ ကယ်ပါနဲ့ အော်နိုင်တော့တယ် ။ သူ့ တို့ ပဲ ဆေးထည့်ပေး အနာဆေးပေးနဲ့  လုပ်ပေးနေတာ ။ ဒီကြားထဲ သူငယ်ချင်းတစ်ယောက်က ပုံရိုက်ထား ဒါမှဒီကောင် နောက် ဆိုင်ကယ်မစီးရဲ မှာ ဆိုပြီး ခု လို ပုံလေးရိုက်ပေးခဲ့ပါတယ် ။ ဘယ်ရမလည်းနော့ ဆိုင်ကယ်ဆိုအားကြီးကြိုက်တာကို ။ ဒါပေမယ် သောက်ပြီးမစီးရဲတာတော့အမှန်ပါပဲ ။ မွေးမိခင် ကျေးဇူးရှင်ကလည်း အိမ်မက် မက်တယ် လို့ ပြောပါတယ် ။ သူ့ အိမ်ပေါက်ဝမှာ လာအော်နေလို့ တံခါးထွက်ဖွင့်တော့ မတွေ့ ရဘူးဆိုလို့ စိတ်ပူပြီး ဖုန်းဆက်လာပါတယ် ။ ဆိုင်ကယ်မှောက်မှန်းသိတော့ နောက်တစ်ခါ မလုပ်ဖို့ မှာတမ်းတွေ ချွေနေတာ တော်တော်ကြာပါတယ် ။ အလုပ်လည်းမလုပ်နိုင် ။ ဆယ်ရက်လောက်တော့ ငြိမ်နေလိုက်ရတယ် ဗျ ။ သေဌေးကသဘောကောင်းလို့ လစာမဖြတ်တာ ကံကောင်းတယ် ။ ပိုကံကောင်းတာက ဆေးရုံတို့  ရဲစခန်းတို့ ကိုမရောက်သွားတာပဲ ။ ခုတော့ မူးရင်မမောင်းတော့ဘူး ၊ မောင်းရင်လည်းမမူးအောင်လုပ်နေတယ် ။ သူများနိုင်ငံမှာ ပိုက်ပိုက်လာရှာတာ ကနေ ထာဝရအိပ်စက်သွားရမယ့်ကိန်းဗျ ။ ကြောက်သွားပြီလားလို့ မေးရင်လည်း ကြောက်ဘူးဗျ ။ ဒါပေမယ့် ကြောက်တော့ကြောက်တာပေါ့ ငမူးလည်း လူပဲလေ ။



ထိသွားတဲ့လက်နဲ့ ခြေထောက်





ဒါကတော့ချစ်သူငယ်ချင်းတွေ ပေါ့


ကဲ နောက်တစ်ခါ ငမူး မူးရင်မမောင်းတော့ပါဘူး ဗျ အဟုတ်ပြောတာ ။




အိုက်ခီလောက်
အမြည်းလေးတွေ
13 Responses
  1. အေး.များများမူး.နင်နော်နင် အိုက်.ငါမပြောချင်ဘူး။
    မကီရဲ့ ပိုစ့်ကို သွားဖတ်။ အသောက်လျော့ဦး.


  2. ခုသောက်တော့ဘူးလေ မငုံရ ဆင်ခြင်နေပါပြီဆိုမှ
    ထားဝယ်ကြိမ်နဲ့ လုပ်တော့မယ်
    မကီလည်းလာဆူအုန်းမယ် သိနေတယ် ငါ့အမတွေတော့
    မကြီးရောင်ပြန်လည်း ဆူမှာပဲသိနေတယ် အဟင့်
    ပြောပါတယ် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတယ်ဆိုတာ


  3. Unknown Says:

    ဟာဗျာ။။ မုန့်ဟင်းခါးနဲကလွဲသွားတယ်။ ဒီက စားချင်လို့လိုက်ချောင်းနေပါတယ်ဆို။ သူက ရက်လည်တော့ဘူး။ ဟင့်။


  4. ကို အိုင်ခီလောက်တော့ဗျာ
    အဲဒီလောက်သောက်နိုင်တရ်နော် (သောက်ပြီးရင် ပိုမောင်းလို့ ကောင်းတရ်ဗျို့ 
    ဆက်သာမောင်း...ဟဲဟဲ) ...


  5. Welcome Says:

    ဆွေမျိုးတွေနဲ့ဝေးကွာနေတဲ့အချိန်မှာ လိမ်၂မာ၂ နေပါ။
    အကြောင်းကြီးငယ်အတွက် အိမ်ကစိတ်ပူနေအုန်းမယ်။
    အစစအရာရာ အဆင်ပြေပါစေ


  6. kiki Says:

    အင်းပြောပြောက စောသားဘဲ ။ဒီလိုဆက်မူးနေရင်ဘုန်းကြီးစားသွားမယ်လို့ ။အဲဒါတွေက သောက်တုံး ခဏသာကောင်းတာ( ကြိုက်တတ်တဲ့ သူတွေအတွက်ပေါ့ ) နောက်တော့ မူးပြီးဖြစ်တဲ့ အကျိုးဆက်တွေက တခုမှ မကောင်းဘူး ။ကိုယ့်အတွက်ရော ၊ကိုယ့်ပတ်ဝန်းကျင်အတွက်ရော ပေါ့ ။အခုက ဒီလောက် ပွန်းပဲ့ ရုံလေးနဲ့ ကံသိပ်မဆိုးသေးဘူး ။ ကံဆိုတာလဲ အမြဲကောင်းနေနိုင်မှာ မဟုတ်ဘူးနော် ။
    သတိသာ ကြပ်ကြပ်ထားနေ ခီလောက်ရေ...


  7. အင်း ငအိုက်ရေ သတိထားတော့နော် ပိုစ့်လေးတွေ ဆက်ပြီး ဖတ်ရတာ အားရစရာ မရှိဘူး မသောက်နဲ့တော့ အရက်ဆိုတာ မကောင်းဘူးဟ ဘီယာပြောင်းသောက် ဟဲဟဲ .. အဆင်ပြေ ကျန်းမာပါစေ

    လေးစားလျက်
    တောင်ပေါ်သား


  8. ဘ၀တူ လာတွေ့နေပါလား..ကျွန်မတုန်းကတော့ ကံကောင်းလို့ ချင်းမိုင်က ဟိုင်းဝေးမှာ မှောက်တာ နောက်ကပါလာတဲ့ကားက ကန့်လန့်ပိတ်ရပ်ပေးထားလို့ နို့မို့ရင် ဆိုင်ကယ်မှောက်တာ မသေပဲ ကားကြိတ်လို့ သေမလို့ ဒဏ်ရာဒဏ်ချက်တွေဆိုတာ ပြန် မတွေးဝံ့အောင်ပဲ လက်တစ်ဘက်တော့ ကျိုးသွားလေရဲ့ ဒါပေမယ့် နာက မူးလို့ မှောက်တာတော့ မဟုတ်ဘူး..:) ကြမ်းလို့ မှောက်တာပါ
    ထိန်းထိန်းသိမ်းသိမ်းသောက်ပါကွယ်...


  9. ပီဟွမ် Says:

    ဒါလည်းမမှတ်သေးဘူးမဟုတ်လား...ဒါကအရင်ကသောက်လို့မှောက်တာကြီး..သင်္ကြန်တုန်းကလည်း ကဲသေးတာပဲမို့လား။ ပြောလိုက်ရင်တော့ နောင်တပဲရနေသလိုလိုနဲ့ ။ မသိရက်ခက်မယ်။ ဒါမျိုး ရိုး..ဟိုး...ဟိုး...နေပြီငါ့မောင်။


  10. ဟုတ်ကဲ့ စေတနာထားပြီးပြောသွားတဲ့ အကိုတွေအမတွေ ညီညီမငယ်တွေ အားလုံးကျေးဇူးပါဗျ ပီဟွမ်ဆိုတာကတစ်ခြားမဟုတ်ပါဘူး ငမူးအမ အရင်းခေါက်ခေါက်ပါ ကြုံရင် ပုံနှင့်တစ်ကွ တင်ပေးပါ့မယ် အဟိ
    မဆုမွန်လည်းကျေးဇူးတင်ပါတယ် တစ်ကူးတကနဲ့ ဘဝတူနေတာ
    သတိပေး ကျတဲ့သူငယ်ချင်းအားလုံးကိုလည်း ကျေးဇူးအထူးပဲနော့


  11. လူများနိုင်ငံမှာလေ.. ပီခီလောက်ရဲ့.. သတိလေးထားအုံးမှပေါ့.. အိုကေ အဆင်ပြေပါစေဗျာ..


  12. ကိုအိုက်ခီရေ... သတိထားလေဗျာ... တောင်ကြီးသားတွေက မူးလည်း မောင်းနိုင်ပါသေးတယ်ဗျာ... အခုက အတော်လေး များသွားပုံ၇တယ်... သတိထားဗျာ.. အရက်မသောက်ရင် ပိုကောင်းပါတယ်... ကိုတောင်ပေါ် ပြောသလို ဘီယာဘဲ ပြောင်းသောက်ပေါ့ဗျာ.... ကျန်းမာတယ်....


  13. Anonymous Says:

    ဒါကြောင်.ကိုး
    ငါ ဆိုင်ကယ် ဦးထုတ် ပွန်းသွားတာ
    မှတ်မိသေးတယ်မလား အနီရောင် ဦးထုတ်အသစ်လေ ငမှူးရေ
    တော်တော်ဆိုးတဲ.ကောင်


Post a Comment