ဘာရယ်တော့မဟုတ်ပါဘူး သူများဘလောက်တွေကိုကြည့်ရင်းနဲ့  အားကျလာတာလေ ပြီးတော့ကိုယ်ရေးချင်တာတွေကို ပြန်ကြည့်လို့ ရချင်တဲ့စိတ်ကလေးလည်းပါတာပေါ့နော် တစ်ခါတစ်လေတစ်ယောက်ထည်းနေတဲ့အချိန် မွန်းကျပ်နေတဲ့ကာလမျိုးတွေမှာပေါ့ တစ်ယောက်ထည်းမူးပြီးတွေးချင်ရာတွေးနေတတ်တဲ့ ယမာကာလုလင် လိုလူတွေ ပြောပြန်ရင်လည်းပြောမထွက်တဲ့စကားလုံးတွေ စိတ်ခံစားချက်တွေကို ရေးချရင်စိတ်သက်သာမယ်ထင်လို့ ဒီဘလောက်လေးကို ရေးဖြစ်တာပါပဲ ဘာမှတော့မတတ်ဘူးပေါ့ ကြိုးစားပြီးရေးကြည့်ချင်တယ်လေ မသိတာတွေကိုလည်း လမ်းညွှန်ပြသပေးကျပါ ဖြစ်အောင်တော့ကြိုးစားကြည့်ချင်ပါတယ်လေ ငမူးကပြောတာလိုမှတ်ပါ အဟဲ အမူးသမားဆိုဒ်ဖြစ်အောင်လုပ်မလို့ လေ အမူးသမားရဲ့ ညည်းထွားသံပါမယ် အမူးသမားရဲ့ ဟာသပါမယ် အမူးသမားပုံစံပေါ်အောင်လုပ်မယ်လို့ စိတ်ကူးထားပါတယ် အဟဲ
3 Responses

  1. Unknown Says:

    ဟေ့ကောင်ငမူး မင်းအမူးသမားပုံကနဲနဲ တော့လိုနေတယ် လိုအပ်ရင်ငါကူမယ်
    ငမျိုး


  2. kiki Says:

    အဖွဲ့ ဝင်တယောက်တိုးပြီဟေ့ ။ ဒို့ လဲ ပါမယ် ။ဒိန်းတပ်တပ်ပေါ့


Post a Comment