မွေးရပ်မြေအမှတ်တရပုံရိပ်များ
11:23 AM



အရင်က တောင်ကြီးမြို့ ပေါ့ ခုများတော့ချယ်ရီဆိုတာ အသံသာကြားရပြီး ပန်းတွေရှာရခက်လိုက်တာ
မြို့ ထဲမှာမပွင့်တော့ပဲ တောင်ပေါ်မှာပဲ ပွင့်တော့တယ်လေ

ကြက်ခြံကျောင်းလို့ ငမူးတို့ ခေါ်တဲ့ အထက ၆ ကျောင်းလေ:D

ဖောင်တော်ဦးဘုရား အလယ်ကတစ်ဆူက ကျောင်းစောင့်
ဘုရားပင့်ရင် လေးဆူပဲပင့်လို့ ရတယ် အားလုံးပင့်ရင် ပြောင်းဆန်ကုန်ရော :P
တစ်ခါက ဘုရားအားလုံးပင့်လိုက်တာလေကြီးမိုးကြီးရွာပြီးဖောင်တော်မြုပ်သွားတာ
ဘုရားလေးဆူပဲ ပြန်ဆယ်လို့ ရပြီး ကျန်တဲ့တစ်ဆူက ဘယ်လို မှရှာမရဘူးလေ
ဒါနဲ့ ကျောင်းတော်ကိုပြန်ပင့်လာမှ ကျောင်းတော်ပေါ်မှာ ရှာမရတဲ့တစ်ဆူက သူ့ နေရာအတိုင်းပဲ
ရှိနေတာလေ ဒါကြောင့် ကျောင်းစောင့်တစ်ဆူဖြစ်သွားတာနေမှာ သိတဲ့အတိုင်းပြောပြတာ :D

အင်းလေး ရူခင်းတွေလေ

နေဝင်ရီသရော လှေကလေး လှော်ပြီး အရက်လေးတစ်မြမြနဲ့ နေလို့ အတော်ကောင်းဆိုပဲ :D




ဆိုလိုတာက ရေတွေ ဟင်္သာနားရောက်ရင် ရေကြီး လေကြီးဖြစ်တတ်တယ်လေ
အဲ့ချိန်ဆို အင်းအော်တယ် လို့  မှတ်သားဖူးတာပါ
အင်းအော်ရင် လှေမှောက်တာတို့ ဘာဖြစ်တယ် ညာဖြစ်တယ်တို့ ကြားရတတ်တယ်လေ


ဒီလိုအိမ်လေးမှာပေါ့ သူငယ်ချင်းအိမ်မှာ သွားလည်တုန်းက အားရပါးရ ခုန်ချပြီးရေကူးဖူးတယ်
နမ့်ပန်ရွာ လေးမှာပေါ့



ရွာတွေဖက်က မြင်ကွင်းလေးတွေလေ ကြည့်မိတိုင်းစိတ်ချမ်းသာလိုက်တာ
အပေါင်းအသင်းစုံရင် အရက်ဝိုင်းလေးထောင်ပြီးသောက်မလားလို့ 

ဂူထဲက ဘုရားဆင်းတုတော်များ တစ်ဂူလုံးအပြည့်ပဲ
အဟတ် တောင်ကြီးနဲ့ မွေးရပ်မြေကို လွမ်းပြီး မနေတတ်မထိုင်တတ်တော့ ဟိုစပ်စပ် ၊ ဒီစပ်စပ်နဲ့ လျှောက်ရှာလိုက်တာ ပုံတွေ အများကြီး စုထားမိလို့ ပြန်ပြီးဆားချက်လိုက်ပါတယ် :P ။ တပ်စ့်ထားတဲ့ ကိုရီနိုရေ ဒါနဲ့ ပဲ ဖြေသိမ့်ပေးလိုက်ပါနော် ။ အားရင်အားသလို ပြန်လာပါ့မယ် ဗျာ မောင်နှမအားလုံးကို သတိရနေပါတယ် ။
အိုက်ခီလောက်
အိုက်ခီလောက်