ကလေးဘဝ အမှတ်တရများ
12:15 AM
တောင်ပေါ်သား က ကုန်ကြမ်းရှာလာပေးတယ် ၊ ဒါနဲ့ ရေးရအုန်းမှာပေါ့ ကလေးဘဝက အဖြစ်အပျက်တွေကို ။ ငမူး ကလေး ဘဝမှ သောင်းကျန်းဆိုးခဲ့ တာတွေ အများကြီးပဲ အဲ့ ထဲ ကမှ ကောင်းမယ်ထင်တာလေးတွေ ၊ မှတ်မိလွယ်တာလေးတွေကို ရေးပြရတော့မှာပေါ့ ။ ဒီလို ဘဝ မျိုးတွေက မေ့ချင်ပေမယ့်လည်း မေ့မရတော့ အမြဲသတိမရရင် နေပါစေ ၊ အမှတ်တမဲ့ နဲ့ ကိုယ်မြင်လိုက်ရတဲ့ ပတ်ဝန်းကျင် ပေါ်မူတည်ပြီး ပြန်အမှတ်ရတတ်ကြတာချည်းပါပဲ ။ ကလေးဘဝ တုန်းကတော့ အပူအပင်မဲ့ ၊ သွားချင်တာ သွား ၊ လုပ်ချင်တာလုပ်ရတဲ့ ဘဝ အိပ်ချိန်ဆိုရင်လည်း ဘာမှတွေးတော ပူပင်စရာမလိုပဲ အိပ်ပျော်သွားတတ်တယ် ။ပြီးတော့ မောင်နှမ များတဲ့ ငမူး ၊ အိမ်မှာအငယ်ဆုံးဆိုတော့ ဘယ်ပြောကောင်းမလည်း ဆိုးချင်တိုင်းဆိုးနေတော့တာပါပဲ ။ လိမ္မာ တာလည်း ရှိတာပေါ့ ဗျာ ။
ငယ်တုန်းက ဦးလေးနဲ့ အတူနေရတော့ ဦးလေးသားတွေနဲ့ ပဲ အများဆုံးပေါင်းပြီး ဆိုးတာများတယ် ။ ဦးလေးကလည်း သားချည်း လေးယောက်မွေးထားတာဆိုတော့  တစ်အိမ်လုံးမှာ ကျား တွေချည်းပဲ ။ သရေပင် ပစ်မလား ၊ ဂေါ်လီရိုက်မလား ၊ ဖဲရိုက်မလား ( တွမ်တီးဝမ်း ) ၊ ဘောလုံးကန်မလား အိမ်မှာပဲ ဒိုင်ခံ ဆော့နေတာ။ ပြီးတော့ တစ်ရပ်ကွက်လုံးလှည့်ပြီး ဂေါ်လီလိမ့်လိုက် သရေပင် သွားပစ်လိုက်နဲ့ လမ်းသလားနေတတ်ကျတာ။ စွန်လွတ်တဲ့ အချိန်ဆိုရင် လည်း မနေသာပါဘူး အထူးအဆန်းတွေလုပ်တတ်လွန်းလို့ ညီအစ်ကိုတွေ အားလုံး ပေါ့ ။ စွန်ကြိုးထက်အောင် မှန်ထောင်းပြီး ကော်ရည်နဲ့ သုတ် ရတာလေ ။ အဲ့ဒါကို ရိုးရိုးမတိုက်ဘူး စွန်ကြိုးကို ၊ အိမ်မှာစိုက်ထားတဲ့ တစ်ဇောင်းလက်ပတ်အပင် က အစေးတွေ ထုတ် ပြီးတော့ ကြောင်အိမ်က ကြက်ဥတွေ ယူ ၊ ပြီးတော့ ဖန်ချောင်းတွေ ဖြုတ် ၊ လူကြီးသိတော့ အားလုံးထွက်ပြေး တစ်ယောက်တစ်နေရာစီပြေးကြတယ်လေ ။ လူကြီးတွေကလည်း ပြောမရတော့ သတိထား ဆိုတာနဲ့ တင် ပြီးသွားလေ့ရှိတယ် ။ စွန်လွတ်ပြန်ရင်လည်း ကောင်းကောင်းမလွတ်ဘူးဗျ ၊ သူများစွန်ကို မျှားခေါ်လာပြီး ကိုယ့်နေရာအပိုင်လောက်ေ၇ာက်ပြီဆိုရင် တစ်ခြားတစ်ယောက်က ကြိုးလေးငါးထပ် ပူးနဲ့ ချည်ထားတဲ့ ကားနတ်သီးနဲ့ ချည်ပြီး ဂွလေးနဲ့ ပစ်တင်ပြီးဆွဲချ ကြတာ ။ အမြဲတမ်းရန်ဖြစ်နေရတယ် အနောက်လမ်းကလူတွေနဲ့ ။ စွန်ခြင်းစားတာ မနိုင်တော့ နိုင်တာလုပ်ကြတာပေါ့ ဗျာ ။
ပြီးတော့ ရေကူးတာလည်းဝါသနာပါမှပါ ၊ တစ်ဖွဲ့ လုံး ပဲ ။ မြို့ အထွက်နားလေးက ရေကူးကန်မှာ သွားကူးနေကျ ။ စက်ဘီးကိုယ်စီနဲ့ သွားကြတာ ။ ရေကူးပြိုင်ကြသေးတယ် ဘယ်လောက်ကူးနိုင်တယ်ပေါ့ ။ ရေသာကူးတာကူးတာ ခုထိ ဒိုင်ဗင်တော့ မပစ်ရဲသေးဘူး ။ တစ်ခါ ဒိုက်စင် ပေါ်ကနေ ဒိုင်ဗင် ထိုးချတာ ဝမ်းလားမှောက်ကြီးကို ကျတာ ရင်ဘတ်တစ်ခုလုံး အောင့်သက်သက်နဲ့ နာလိုက်တာ ရင်ဘတ်တစ်ခုလုံး နီရဲ နေတာပဲ ။ အဲ့ကတည်းက မှတ်သွားတာ ရေကူးရင် ဘယ်တော့မှ ဒိုင်ဗင် မထိုးတော့ဘူး ။ စက်ဘီး စီးရင်လည်းကောင်းကောင်းမစီးဘူး ။ စက်ဘီးရှေ့ဘီး က ဂွကြားလေးမှာ ပူစီပေါင်းတွေ မှုတ်ပြီးချည်ထားတာလေ ။ စက်ဘီး စီးပြီ ဘီးလည် ပြီးဆိုတာနဲ့  စမုတ်တံနဲ့ ပွတ်တော့ အသံတွေက အကျယ်ကြီးထွက်လာတယ် ။ မနက်ခင်းစောစောစီးစီးကျူရှင်သွားပြီဆို အဲ့အသံတွေ ညံနေရောပဲ ။ ဘာနဲ့ တူလည်းဆိုတော့ ထော်လာဂျီအသံနဲ့ ဆင်တယ် ။ ဆ၇ာမဆို သိနေပြီ သူ့ တပည့်တွေလာပြီဆို အသံကို အရင်ကြားရတာပဲ ။ အဲ့လို စီးလို့  ကလေးအမေက ထော်လာဂျီထင်ပြီးသူ့ ကလေးကို ထော်လာဂျီတိုက်မှာစိုးလို့ အိမ်ထဲကနေ ပြေးပြီးလာဆွဲတော့ စက်ဘီးမှန်းသိလို့ အော်ဆဲခံရတာလေ ။ ဒါလည်းမှတ်လားဆို မမှတ်ပါဘူး ။ မြို့ အဝင်က ဘုရားက လှေကားထစ်မှာလည်း လှေကားအတိုင်း ပြိုင်ဆင်းသေးတယ်လေ မှတ်မှတ်ရရပါပဲ ။ လှေကားကတော်တော်ရှည်တယ် ။ သူငယ်ချင်းတစ်ယောက် နဲ့ အလောင်းအစားပြိုင်ပြီး ဆင်းတာ သူငယ်ချင်းက မထိန်းနိုင်ပဲ မှောက်လို့  သွားကျိုးပြီး ၊ ကျိုးတဲ့ သွားက ရှေ့နုတ်ခမ်းကို ဖေါက်သွားတာလေ ဘယ်တော့မှမမေ့နိုင်ပါဘူးအဲ့အဖြစ်အပျက်ကို ။ ဒါလည်းမှတ်လားဆို ငမူးတစ်ကောင်လုံးဝကို အမှတ်သည်းခြေ မရှိပါဘူးဗျာ ကိုယ့်ခံရတာမှ မဟုတ်တာကို နော့ :P ။
ပြီးတော့ အစအနောက်လည်း တော်တော်သန်တယ်ဗျ အားလုံးထဲမှာ ။ ကျူရှင်သွားလို့  လမ်းလျှောက်သွားကျတယ်ဆိုရင် လူက အုပ်လိုက်ကြီးဗျ ။ ပြီးတော့ ဆရာမ အိမ် အဝင်လမ်းနားမှ ခွေးကြီး နှစ်ကောင်က ငမူးတို့ လူအုပ်မြင်ပြီဆိုထိုးဟောင်တာ ။ ပြီးလိုက်ကိုက်တယ် ။ လူအုပ်နဲ့ ဆို ခွေးက ဟောင်ပဲ ဟောင်တာ ။ အားလုံးကလည်း သတိအနေအထားနဲ့ ပေါ့ ။ သူ့ ကို ငါ ကြည့် င့ါကို နင်ကြည့် နဲ့ ခွေးရှေ့က ဖြတ်သွားပြီဆို ငြိမ်နေလိုက်ကျတာ ၊ နည်းနည်းလေးကျော်သွားတာနဲ့ အရင်ဦးအောင် ခွေးကို စပြီး တန်းထွက်ပြေးတာ ။ အဲ့ခါဆို ခွေးက လိုက်ဆွဲပါလေရော် အသကုန် ခြေကုန်သုတ်ပြေးတာ တစ်ဖွဲ့ လုံး ။ ပြန်တွေးကြည့်ရင် ရီစရာလေးပဲ ဗျ ။ ပြီးတော့ ကျောင်းမှာ တုတ်တန်းပေါ်တက်ဆော့နေတဲ့ သူငယ်ချင်းကို ပုဆိုးဆွဲချလို့ လိုက်ရိုက်တာ ခံလိုက်ရသေးတယ် ။ သူခမျာ အရှက်ကွဲတော့လိုက်ရိုက်တော့တာပေါ့ ဗျာ ။ အမြင်ကပ်တဲ့ ဆရာမကျတော့ သူ့ အချိန် မရောက်ခင် မုန့် စားကျောင်းဆင်းတယ်လေ ။ အဲ့ချိန်ဆို ကျောင်းခန်းထဲမှာ လူသိပ်မရှိဘူး ။ ဒါကို အခွင့်ကောင်းယူပြီး ဆရာမထိုင်မယ့်နေရာနဲ့ တစ်ခန်းလုံးခုံမှာ ခွေးလီးယားသီးတွေ ဖြူးထားလိုက်တာ ။ အတော်ရီရတယ် သူ့ တို့ ယားနေတာကို ကြည့်ပြီး ၊ ဒါပေမယ့်လည်းဗျာ မကောင်းမူဆိတ်ကွယ်ရာမရှိဆိုတော့ ကြိမ်ဒဏ်နဲ့ ဒူးထောက်တာခံလိုက်ရတယ် ။
ကျောင်းပိတ်ရက် ဆိုရင် ရွာကို အမြဲပြန်နေကျလေ ။ ရွာမှာလည်း ဆိုးတာပဲ ၊ ဆိုးမှာပေါ့ အလိုလိုက်ထားတာကိုးနော့ ။ ရွာမှာဆိုတော့ ဗမာစကားသိပ်မပြောတတ်တဲ့ လူတွေထဲမှာ ဆရာကြီးပေါ့ ။ ရွာမှာဆို ပျှော်ဖို့ တစ်ကယ်ကောင်းတယ် ။ လူကြီးတွေ လက်ဖက် ခူးသွားရင် လိုက်သွား ၊ တောထဲ ထင်းခွေသွားရင်လည်းလိုက်တာပဲ ။ ပြီးတော့ချောင်းထဲဆင်းပြီးရေဆော့ရင် လူကြီးတွေက ဆူတယ် ။ ရေနစ်မှာဆိုးလို့ လေ ။ ရွာကလည်း ရှေ့ဖက်မှာလည်းချောင်း ၊ အနောက်ဖက်မှာလည်းချောင်း ဆိုတော့ ငမူးတစ်ကောင် ကောင်းကောင်းကဲတာပေါ့ ။ နဂိုကမှ ရေဆိုအသေကြိုက်တာ ၊ အရင်ဘဝက ငါးများ ဖြစ်ခဲဖူးလားမသိဘူး ။ အိမ်က ကားဘက်ထရီ ခိုးဖြုတ် ၊ ပြီးတော့ ရွာက ညီအစ်ကိုဝမ်းကွဲတွေနဲ့ ချောင်းထဲ သွားပြီး ငါးရှော့လိုက်ရိုက်တာ ၊ ပျှော်ဖို့ တစ်အားကောင်းတယ် ။ ငရဲတော့ မကြီးဘူးလားဆိုတော့ အတုံးလိုက် အတစ်လိုက်ကို ကြီးမှာသေချာတယ် :D ။ တစ်ရွာလုံးလှည့်ပြီး ရှိသမျှအပင်က အသီးတွေ လိုက်ခူးစားတာပဲ ။ ရွာထဲက လူတွေအားလုံးနီးပါးကလည်း ဆွေမကင်း ၊ မျိုးမကင်းဆိုတော့ ခွင့်လွတ်ပေးကြပါတယ် ဘာလုပ်လုပ် အပြစ်မတင်ကြဘူး ။
လူကြီးတွေ ဘိန်းခင်းသွားရင်လည်း လိုက်သွားတာပဲ ။ ဘိန်းခင်းကြားထဲမှာ မုန် ညှင်း တွေ စိုက်ထားတယ်လေ ။ အဲ့ မုန် ညှင်းတွေဆို စားလို့ ကောင်းမှကောင်းပဲ ။ ဘိန်းခင်းထဲက မုန်ညှင်းမို့ လားမသိဘူး အပင်တွေက အကြီးကြီးတွေ ။ ပြီးတော့ဘိန်းစေ့တွေ စားလို့ လည်းကောင်းမှကောင်း ။ ငယ်တုန်းတော့ဘာမှမသိဘူး ဆော့နေရ ၊သွားနေရရင်ကိုပဲကျေနပ်နေပြီ ။ တောထဲမှာ မှိုခူး လည်းလိုက်တာပဲ ၊ မြှစ် ချိုးလည်း လိုက်သွားတာပဲ ။ မြှစ် လတ်လတ်ဆတ်ဆတ်တွေ စားရတာ တစ်ကယ့်ကို ကောင်းမှကောင်း မြို့ ကလူတွေတောင် မစားဖူးဘူး ဒါမျိုးတွေ ။ ပြီးတော့ခူးပြီးသားလက်ဖက် ကို ငရုတ်သီး ၊ ခရမ်းကျွတ်သီးနဲ့ ထောင်းပြီးစားရတာလည်း ကောင်းသလားမပြောနဲ့ ။ ပြောရရင် မြို့ မှာနေရတာထက် ရွာမှနေရတာက ပိုပျှော်ဖို့ ကောင်းနေသေးတယ် ။ ပုရစ် ဖမ်းချိန်ဆိုလည်း ချောင်းဘေးတစ်လျှောက် တိုင်လေးတွေ စိုက်ပြီး ၊ တိုင်မှာ ဆန်မှုန့် ကော်ရည်နဲ့ သုတ်ပြီး လာကပ်သမျှ ပုရစ်တွေ လိုက်ခွာ ပြီးရေပုံးထဲ ထည့် ၊ ညဆိုရင် ပုရစ်ကြော်စား ၊ မီးကင်စား ဘယ်လို စားစားကောင်းနေတာပဲ ။ တွေးတိုင်း အမြဲ သတိရနေမိတယ် ။
ရွာသန့် ရှင်းရေး ၊ ဘုန်းကြီးကျောင်းသန့် ရှင်းရေး ဆိုရင် တစ်ရွာလုံးလာပြီးလုပ်အားပေးကြတယ်လေ ။ အဲ့ချိန်ဆိုရင်လည်း လူကြီး ကြားထဲမှာ အမြဲ ပါတတ်တာပဲ ။ လပြည့် ၊ လကွယ် နေ့ တိုင်းဆို တစ်ရွာလုံးအလုပ်မလုပ်ကြဘူးလေ ။ လူကြီးပိုင်း နဲ့  လူငယ်တွေ က လယ်ထဲ က ကောက်ရိုးတဲမှာ ကြိတ်ဝိုင်းလုပ်ကြတယ် ။ ငမူးလည်း ပါတာပဲ အဲ့နေရာဆိုလည်း ။ ဘာမှတာ မဆော့တတ်တာ သူ့ တို့ ထဲက နိုင်တဲ့ လူက အချိုရည်တိုက် ၊ မုန့် ကျွေးတယ်လေ ။ ဒီတော့သူ့ တို့ လိုတာ လက်တိုလက်တောင်းခိုင်းလို့ ရအောင် သွားတာပေါ့ ဗျာ ။ ပြီးတော့ ရွာမှာ အသားပေါ်ရင် ဝက်တွေ ၊ နွားတွေ သားဖျက်ပြီဆိုရင်လည်း လိုက်တာပဲ ။ အသားတွေ စားရတာလေ ဖျက်တဲ့ နေရာမှာ ။ ချောင်းဘေးမှာ မီးဖို ပြီး ရေနွေးအိုး တည်ထားတယ် ။ ဆား ၊ ဟင်းချိုမုန့် ၊ ငရုတ်သီး အကုန်ပါတယ် ။ ပြီးတော့အတွင်းကလီစာတွေ ၊ စားကောင်းမယ့် အသားတွေ ဦးဦးဖျားဖျားစားရတာ ။ ပြီးတော့ သွေးကို အိုးထဲ ထည့်ပြီး ရေနဲ့ ဆား ၊ဟင်းချိုမုန့် အစာပလာတွေထည့်ပြီး ၊ အိုးကို ချောင်းထဲမှာတစ်ဝက် စိမ်ထားပြီး လက်နဲ့ သွေးကို မွှေလိုက်တာ သွေးက ခဲသွားပါလေရော် ။ ကျောက်ကျောလို ခဲသွားတာဗျ ၊ ဒါကို ဓါးလေးနဲ့ လှီးပြီး စားကြည့်တာ အစကတော့မစားရဲဘူး တစ်တုံးလည်း စားလိုက်ရော် စားလို့ ကောင်းလိုက်တာဗျာ ၊ နောက်ပိုင်း ဘယ်မှာသားဖျက် တယ်ဆိုအသံကြားတာနဲ့ ရောက်အောင်သွားတတ်တာ ။
လယ်ထဲမှာ လောက်စာလုံးတွေ လုံး ၊ ပြီးတော့ တောထဲ ဝင်ပြီး ငှက်လိုက်ပစ် ။ ထောင်ချောက်တွေ ထောင် ။ ဘာအကောင်ပဲ ရရ မျက်နှာကိုက ဂုဏ်ယူဝင့်ကြွားတဲ့ ပုံစံမျိုး ငါ့ကွ ဆိုတဲ့ မျက်နှာပေးမျိုး ။ ဘကြီး ဆေးလိပ် ခပေါင်းတစ်ဗူးကို ခိုးသောက်တာ ဘာမှန်းမသိပဲနဲ့ တစ်ဗူးသာကုန်သွားတာ ။ ညရောက်တော့ လည်ချောင်းနာပါရော်လား ။ ခြံထဲက သရက်သီးတွေ တက်ခူးတာ ခါချဉ်ကိုက်လို့ သစ်ပင်ပေါ်က မပြုတ်ကျတာ ကံကောင်း ။ မြို့ မှာ ခါချဉ် မရှိဘူးလေ သရက်ပင်မှာ က ။
ခုနေခါမှာပြန်တွေးကြည့်ရင် ပျှော်ဖို့ ကောင်းသလို ၊ လွမ်းဆွေးဖို့ လည်းကောင်းတယ် ။ အိမ်ထောင်ကျတဲ့ လူက ကျ ၊ တစ်ခြားနေရာမှာအလုပ်သွားလုပ်တဲ့ လူက လုပ်နဲ့ အားလုံး ကွဲသွားကြတာ ဘယ်ချိန်ပြန်ဆုံမယ်မသိဘူး ဗျာ ။ အမြဲ သွားအတူ ၊ လာအတူ ၊ စားအတူနဲ့  တစ်ရုန်းရုန်း သွားလာခဲ့ကြပြီးမှ အရွယ်ရောက်လာတော့ တစ်နေရာစီ ၊အဆင်ပြေမယ့်နေရာကို သွားတဲ့ လူနဲ့ ၊ ကင်းကွာသွားလိုက်တာ ခုထက်ထိ ပါပဲ လေ ။ ဆုံဖြစ်ရင်တောင်အရင်လို လူမစုံတော့ သတိရမိတယ် ။ ခုတော့ လည်း လူလို နေတတ်အောင်ကျင့်နေရတာပါပဲ ။ မနေချင်လည်း နေတတ်အောင် နေရပြီ ။ ကဲ မတပ်စ့်စဖူး တစ်ခါမှမတပ်စ့်ဖူးပါဘူး ခုတော့ တပ်စ့်ပြီဗျာ ချစ်လို့ တပ်စ့်တာပဲဗျာ
( ၁ ) ကိုမိုးစက်
( ၂ ) ကိုသော်ဇင်
( ၃ ) ငလင်း
( ၄ ) ကိုကျိုး
( ၅ ) မကြီးကီ
( ၆ ) ကိုနေရင့် တို့ ပါပဲ ။ စိတ်ဝင်စားပါတယ် သူ့ တို့ ဘဝလေးတွေကိုလည်း ၊ ငရဲ ကို တပ်စ့်ချင်တာ ဒင်းက စာမေးပွဲရှိနေလို့ ပေါ့ကွာ ။ ကျန်တဲ့ မောင်နှမအားလုံးကတော့ တပ်စ့်ဘေးထိထားလို့ ဆက်မတပ်စ့်တော့ပါဘူး ။

အိုက်ခီလောက်
ကိုအိုက်ခီရေ.. လုပ်ပလိုက်ပြီပေါ့..အဟင့်..ဗြဲ...။
ဒီညီမှ မပြောရင် ဘယ်သူပြောမလဲဗျာ..။ ရေးမှာ ရေးဦးမှာ...ဟဲ..။
ကို အိုက်ခီရေ.. ကျွန်တော်လဲ အဲလို တောထဲ တောင်ထဲ လျှောက်သွားချင်တာဗျာ..။
ပညာကုန်သုံးနေတာလေ :P
ဘိန်းခင်းထဲက မုန်ညှင်းစားကောင်းတာတော့သေချာတယ်။)))))))း
ဘိန်းခင်းကို မြင်ဖူးချင်လိုက်တာဗျာ။
အခုလို အသိအမှတ်ပြုတဲ့ တပ်စ် ပေးတာ ကျေးဇူးတင်ပါတယ်။ ကလေးဘ၀ကဖြစ်ပျက်ဆိုတော့ မကောင်းတာတွေပဲ လုပ်ဖြစ်ကြတာ များပါတယ်။ အရင်တုန်းကနဲ့ အခုဘာကွာသလဲ ဆိုတာလေး စဉ်းစားကြည့်လိုက်တော့ လူကောင်ကြီး၊ အသက်ကြီးလာတာဆိုတာကတော့ ကွာနေတာသိသာတယ်။ ဒီကအစ်ကိုကြီးတော့ တခြားဘာတွေကွာခြားနေသလဲတော့ မသိဘူးပေါ့ဗျာ။
ပျော်ရွှင်ပါစေဗျာ
ကိုယ့်စာကိုယ်ပြန်ဖတ်ကြည့်အုံး
ပြီးရင် အဲဒီလို သားမျိုးမမွေးဖို့ဆုတောင်းကွ ဟဲဟဲ
အာ ဒီလူကြီး တော်တော် ပေါက်ကရလုပ်တာဘဲဗျ
ခုမိန်းမ ရနေပြီနော် ငယ်ငယ်က အကျင့်တွေဖျောက်တော့
တော်ကြာမိန်းမ စိတ်ကောက်နေမယ်နော် သတိထား
ပျော်စရာလေးတွေပေါ့ဗျာ ပူပင်ကင်းတဲ့  ကလေးဘ၀ကို
ကိုအိုက်လည်း ပြန်တမ်းတတ်တာ မဆန်းပါဘူးဗျာ
ကလေး က အပြစ်ကင်းတယ် ကျွန်တော်ကတော့
ကလေး ကိုချစ်တယ် ဗျ :D
ခီလောက်ရေ ခုမှ လာဖတ်ဖြစ်တယ်ဗျား)
ကျနော်လဲ ဖတ်ပြီးတော့ လွမ်းသွားတယ် တော်တော်ဆိုးတဲ့လူပဲ ငဆိုး အရက်သမားကြီး အဟေးဟေးး လွမ်းတယ်ဗျာ ပြန်ချင်တယ် ရေးပေးတာ ကျေးဇူး
လေးစားလျက်
တောင်ပေါ်သား
ဒီဟာကို မန့်ပြီးသွားပြီပဲထင်နေတာ ခုပြန်ရောက်မှ မမန့်ရသေးမှန်းသိတယ်.. သိပ်မဆိုးရှာဘူးနော်ူကိုအိုက်ခီလောက်ငယ်ငယ်က (ဒါတောင်လျှော့ရေးထားတာ မဟုတ်လား :P)ဘိန်းခင်းကို အပြင်မှာမြင်ဖူးကြည့်ချင်တယ်။ ဒါနဲ့ နောက်ခံပြောင်းဖို့ စိတ်ကူးရှိဘူးလားဟင် စာကိုအောက်ဆွဲချလိုက်ရင် ဖတ်ရတာ အရမ်းခေါင်းမူးတာပဲ။ စာလုံးပေါင်းမှားနေတာတွေ ပြောဖို့တောင် ပြန်ကြည့်လိုက်တာ ခေါင်းမူးလို့ ပြောတော့ဘူး။ (အမှန်တော့ ပျင်းနေလို့) ပြန်ပြီ။ :P