အဖေ့ရွာ ( သို့ မဟုတ် ) ဆွေမျိုးရွာ

ငမူးတို့ ရွာဖက်ကပေါ့ဗျာ ။ အဖေ့ရွာဖက် ကရှုခင်းလေးတွေပါ ။ ရှမ်းပြည်ရဲ့ လယ်တွေ ၊ နေရာဒေသတွေ ခံစားနိုင်ဖို့  ၊ ညီအစ်ကိုမောင်နှမအားလုံကို ခံစားစေချင်တဲ့ စိတ်လေးနဲ့ တင်ပေးလိုက်ပါတယ် ။ ငမူးတို့ အမေ ရွာနဲ့ အဖေ့ရွာက သုံးမိုင် ဝေးတယ်လေ ။ ချောင်းတွေ ဖြတ် ၊ လယ်တွေ ဖြတ်နဲ့ သွားလာကြရတာ ။ အဖေ့ရွာက ရှမ်းအခေါ် ဝမ့်ကြောင်ဂျိန် ( ကြောင်ဂျိန်ရွာ )


ဒါကတော့ လယ်နဲ့ ချောင်း လေးပါ ရွာမဝင်ခင် လေးမှာပေါ့ အဖေ့တို့ ရွာက တောင်ကုန်းပေါ်မှာနေကျတယ်ဗျ ။

တန်ခိုးကြီးစေတီ တစ်ဆူပါပဲ ငမူးလေးတို့ နယ်မှာ ရှမ်းအခေါ် ထပ်ကြောင်ဂျိန် ( ကြောင်ဂျိန် စေတီ ) လို့ ခေါ်ပါတယ် ။ တပေါင်းလ ဆိုရင် ဘုရားပွဲတော်ရှိပါတယ် ။ ဘုရားပွဲတော်အတွင်း ဘုရားလာဖူးတဲ့ ရပ်ဝေး ရပ်နီးက ဧည့်သည်တွေကို ဧည့်ခံကျွေးမွေးပါတယ် ။ ကောက်ညှင်းထုပ်နဲ့ ရှမ်းဟင်းတွေ အလှူလုပ်ပြီးကျွေးမွေးဧည့်ခံပါတယ် ။



အဝင် လှေကားလေးမှာပါ ရှမ်းရွာဆိုတော့ ရှမ်းတို့ ရဲ့ ရိုးရာပုံစံမြင်ရမှာပါ



အတွင်းပိုင်းတစ်နေရာက တည်ထားကိုးကွယ်သော ရုပ်ပွားတော်များ



ထပ်ကြောင်ဂျိန်

အတွင်းပိုင်းက ရုပ်ပွားတော်များ



ဆုတောင်းပြည့်ကျောက်တုံးလေး တစ်နယ်လုံးကလူတွေ ပွဲတော်အတွင်းလာရောက်ဆုတောင်းကြတယ်



စေတီကုန်းပေါ်က နေဆင်းလာရင် ဘုန်းကြီးကျောင်း ရောက်ပါတယ် ။ ဘုန်းကြီးကျောင်းကနေမှ ရွာထဲကို ဝင်သွားတာပါ ။ ရွာတွေ တောင်ကုန်းပေါ်မှာဆောက်ထားကျတော့ များပါတယ် ။ ရွာတည်နေရာကိုက တောင်ပေါ်မှာ ဖြစ်ပါတယ် ။ ရွာက အမိုး အားလုံးဟ အုတ်ကြွပ်မိုးတွေ ဖြစ်ပါတယ် ။ တစ်ရွာလုံးကလူတွေက လယ် ၊ ယာ ၊ လက်ဖက် ၊ အဓိက စိုက်ပျိုးကြပါတယ် ။ ငမူးလေးတို့ ရွာဖက်ကို အလည်တစ်ခေါက်ရောက်လာကြပါအုန်းလို့ ဖိတ်ခေါ်ပါတယ်ဗျာ ။ ရွာရောက်လို့ ကတော့ ရွာကချက်တဲ့ အရက်အမျိုးမျိုးတိုက်မယ် ၊ ပြီးတော့ ချောင်းထဲမှာ ငါးတွေကို ရှော့ရိုက်ပြီး အမြည်းလုပ်ကျွေးမယ် ။ ပြီးတော့ရှမ်းဟင်းတွေ အများကြီးချက်ကျွေးမယ်ဗျာ :D





အိုက်ခီလောက်


အမြည်းလေးတွေ
8 Responses
  1. ပီဟွမ် Says:

    အဲဒါ ပီဟွမ်ရဲ့ ယောင်းမရွာပဲ....ထပ်ကြောင်ဂျိန် ဖူးရင်ဆုတောင်းပြည့်တယ်..ဒီတစ်ခေါက်ပြန်သွားရင် နှစ်ယောက်အတူသွားဖူးကြနော်။


  2. တကယ်လဲ မခေါ်ပဲနဲ့ အိမ်လေးတွေက ချစ်စရာလေး တကယ့် ရိုးသားတဲ့ ဖော်ရွေတဲ့ ရနံ့တွေကို ပုံလေးကြည့်ပြီး ရနေတယ်


    လေးစားလျက်
    တောင်ပေါ်သား


  3. kiki Says:

    သာယာလိုက်တဲ့ ရွာကလေးပဲ ငမူးရေ..
    သွားလည်ချင်လိုက်တာ ..
    တောင်ကြီးမြို့ နဲ့ ဘယ်လောက်ဝေးသလဲ ..
    ရှမ်းဟင်းတွေတော့ စားချင်သားရယ်..
ုငါးတွေတော့ ရှော့မရိုက်ပါနဲ့ဟယ် ..သနားပါတယ် ..
    ဝဋ်လိုက်တတ်တယ် သတိထား ...

    နင့်အမားးး


  4. thawzin Says:

    လာလည်ပါတယ် အကိုရေ... အကိုရှိရင်လဲ လိုက်ပို့ခိုင်းတာပေါ့။ အကိုမရှိတော့လဲ တောင်သူကြီးတွေ ရှိပါတယ်။ဟဲဟဲ ဆွေးမျိုးတော်လိုက်ကြတာပေါ့ဗျာ


  5. ဆလူး Says:

    အလည်ခေါ်မှာလားဟင် ဆလူးက သိပ်သိပ်သွားချင်တာ ဗျ


  6. ပုံလေးတွေကြည့်ရတာ သွားလည်ချင်စရာလေး


  7. Unknown Says:

    လှလိုက်တဲ့ ရှုခင်း၊ အိမ်က အုတ်ကြွတ်မိုးတယ် ဆိုတော့ ရှမ်းပြည်အရှေ့ပိုင်း
    ကရွာပေါ့ ဟုတ်လား အိုက်ခီလောက်။ ရုပ်ပွားတော်တွေက ရှေးကျပုံပေါ်တယ်
    ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားပေးကြပါ တန်ဖိုးဖြတ်လို့မရတဲ့ ရှမ်းလက်
    ရာ ရုပ်ပွားတော်ကို ပုံထဲမှာ တွေ့ရလို့ပါ။ အခွင့်ရယင် အိုက်ခီလောက်ကိုလိုက်
    ပို့ခိုင်းအုန်းမယ်နော်။ ရွာလိပ်စာ ပေးထားပါအုန်းဗျာ့။ ငါးတွေကိုတော့ ရှော့မ
    ရိုက်ပါနဲ့ မျိုးပြုန်းသွားယင် ရွာကနောင်လူငယ်တွေအတွက် ငါးရှားလိမ့်မယ်နော်။ ခင်မင်လျက် (လိုင်းဟန်)


  8. လှလိုက်တဲ့ ရှုခင်းလေးတွေဗျာ
    ဗဟုသုတရတာပေါ့ အမူးသမားရေး)


Post a Comment