ဘာရယ်မဟုတ် သတိရတဲ့စိတ်လေးကြောင့်

အင်း အပျင်းကြီးနေလို့  စက်ထဲ ဟိုဒီလိုက်ရှာလိုက်တာ ၊ ဆားချက်ဖို့ တစ်ခု သွားတွေ့ တယ်ဗျာ ။ ဆိုင်လားမဆိုင်လားမသိဘူး ၊ လွမ်းနေတဲ့ စိတ်လေးတော့ ပြေသွားတာအမှန်ပဲဗျ ။ မိန်းမတော့ မဟုတ်ဘူးနော် :D
ရှမ်းသီချင်းလေးနဲ့  ဗီဒီယို ဖိုင်က ပုံလေးတွေ က မဆိုင်ပါဘူး ။ ဒါပေမယ့် နားထောင်ကောင်းတာတော့ တစ်ကယ်ပါ ။ ရှမ်းသီချင်းလေးက ဆင်းရဲတဲ့ ကောင်လေးက သူ့ ချစ်တဲ့ ကောင်မလေးကို ဖွဲ့ ဆိုထားတဲ့ သီချင်းလေးပါ ။ အားပေးပြီး နားထောင်ကြပါဦးဗျာ ။ နားမလည်လည်း ပုံလေးတွေ ကိုကြည့်ပြီး အားပေးပေါ့ဗျာ ။ သေချာတာတော့ တောင်ကြီး ကို လွမ်းနေတာလေးပျောက်သွားတယ်ဗျာ ၊ ပိုတောင်သတိရလာသေး :-(







အိုက်ခီလောက်
အမြည်းလေးတွေ ,
10 Responses
  1. နားထောင်ပြီးပြီကွ မိုက်တယ်ကွာ မလိမ်မာဘူး
    နားထောင်ပြီး သတိတောင်ရလာပြီ လွမ်းလာပြီ ပြန်ချင်လာပြီ
    ပုံလေးတွေ ကြည့်ပြီး သတိပိုရလာပြီ ရင်ခုန်နှုန်းတွေ မြန်လာပြီ သေတော့မယ် အဟိ
    သူများတွေ မသောင်းကျန်းခင် အရင်ဦးဆုံးသောင်းကျန်းထားတာပါ ဗျာ
    အဲ့ ငမူးလေးတို့ ရွာက တောင်ကြီးကနေ မိုင်ပေါင်းအများကြီးဝေးပါတယ်
    လမ်းခရီးမှာတစ်ည အိပ်စက်ရပါတယ် မိုင်းပျဉ်းမြို့ လေးရဲ့ ဟိုးတစ်ဖက်
    ဆယ့်သုံးမိုင်အကွာလေးမှာပ မိုင်းပုအွမ် ဆိုတဲ့ ကျေးရွာလေးပါဗျာ
    ငမူးလေးက တောသားမြို့ ရောက်တင်မကဘူး နိုင်ငံဂျားဆိုတာကြီးကိုပါ အဆစ်ရောက်သွားတာဗျ
    ဆိုင်မောဝ် သီချင်းထဲကလိုပဲ တောင်တန်းပြာတွေ အစား တိုက်တွေ ကားတွေ ဆူညံလို့ နေ ဆိုသလိုမျိုးပဲ ဗျ


  2. 2 နော် အိမ်ရှင်က ၁ ကြိုယူထားတော့ ဟွင့် ဧည့်သည်ကို ဦးစားမပေးဘူးး


  3. ဟင် ဘာလိုဆိုထားတာလဲ ဟင် နားလည်ဘူးရော သိဘူး သိဘူး အဲဒါကို မြန်မာလိုပြန်ဆိုပေးး အီးးးးဝါးးးးးးးးးး ပါ ကိုခလောက်

    ဟက် ဆလူးခေါ် မူယာဝက်
    ဘိုင်တာ့တာ


  4. khin oo may Says:

    လွမ်းစရာတွေလာမပြနဲ့လွမ်းတတ်တယ်။


  5. kiki Says:

    အိမ်းးးး
    တောင်ကြီး၊ အင်းလေးဖေါင်တော်ဦး မရောက်တာ ၁၀ နှစ်ရှိတော့မယ် ။
    ပဲပုပ် ၊ တို ဟူးနွေး ၊ ရှမ်းခေါက်ဆွဲ ၊ ထမင်းချဉ် အားလုံးကို လွမ်းသွားတယ် ငမူး ရေ ...
    မီးပုံပျံပွဲတောင် မရောက်ဖူးလိုက်ဘူး ၊ အဝေးကနေပဲ ကြည့်နေရတယ် ။
    တနေ့ တော့ ပြန်လာမယ် ...း(
    နင့်ကလေး လာထိန်းပေးမယ်ဟေ့ ...


  6. thawzin Says:

    ဝေး...... လွမ်းတာဂျာ....
    နားတော့လည်ဘူးဗျ
    တောင်ကြီးကို လွမ်းတာ မတော်ရသေးတဲ့ ချစ်သူလေးနဲ့ပေါ့ဗျာ


  7. Ree Noe Mann Says:

    နားမလည်ဘူး လွမ်းသွားတယ် ညီ


  8. :)
    မြန်မာနိုင်ငံကို လွမ်းနေပါတယ် .. မြန်မာနိုင်ငံက ဒေသတွေကိုလည်း သွားချင်နေတယ် .. :D


  9. မရောက်ဖူးသေးတဲ့ တောင်ကြီးကို လွမ်းသွားပြီ :P :P


  10. တစ်နှစ် သုံးလေး ယမကာလေး
    ငါးခြောက် အိုက်ခိလောက်
    အိုက်ခိလောက်က ယမကာစွဲ
    ဒူးထောက်မှောက်လျက် လှဲ
    ဟဟ လကြီးအ ဟဟ လကြီးအ။

    မအယ်


Post a Comment