ရှမ်းမောင်ရှင်လောင်း
 ခုလို သင်္ကြန်နား နီးလာပြီဆို ရွာမှာ အလှူအတန်းတွေ ၊ ရှင်လောင်းတွေ များလာပါပြီ ။ တစ်ချို့ ကျတော့လည်း သင်္ကြန်ရှေ့ ၊ တစ်ချို့ ကျတော့လည်း သင်္ကြန်နောက်ပိုင်း နှစ်သစ်မှာပေါ့ ။ ရွာမှာ ရှင်ပြုရတာ တော့ အပျှော်ဆုံးပဲ ။ မြို့ မှာလို ဟန်ဆောင် တာတွေ မရှိဘူး ၊ အားလုံးကရိုးရိုးသားသားလေးတွေ ။ မရှိ ရင် တောင်မှ ရှိတာလေးနဲ့ ဖြစ်အောင် လုပ်ပေးတတ်တာ ရွာ ဖက်ကလူတွေ ပါပဲ ။ သားရှင် တွေ သူ့ တို့ ကလေးကို ရှင်မပြုခင် တစ်နှစ်လောက်အလို ကတည်းက အစစ ၊ အရာရာကို ပြင်ဆင်ထားတတ်ကျတယ် ။ စပါး လှောင်စရာရှိတာ လှောင် ၊ အရက်ချက်ပြီး မြေမြုပ်စရာရှိတာမြုပ် ၊ အသားအတွက်ဆိုလည်း  နွားဘယ်နှစ်ကောင် ၊ ဝက် ဘယ်နှစ်ကောင် သုံးမယ်ဆို ရင် လိုသလောက် ရှာထားပြီးသား ။ ရှင်မပြုခင်တစ်နှစ်လောက် အလိုကတည်းက အားလုံးစီစဉ်ထားတတ်ကြတာ ပါ ။ တစ်ရွာလုံးကိုလည်း အသိပေးထားပါတယ် ။ ဒါမှ သက်တူရွယ်တူကလေးတွေ အားလုံး အတူတူ ပါအောင်လို့ ပါ ။ မတတ်နိုင်တဲ့လူတွေကိုလည်း ပိုက်ဆံတတ်နိုင်တဲ့ လူတွေက ကူညီပေးကြပါတယ် ။
အင်းရှင်ပြုခါနီး ကလေးတွေ ကျောင်းပိတ်ပြီ ၊ စာမေးပွဲဖြေပြီး ပြီဆိုတာနဲ့ ဘုန်းကြီးကျောင်းကို အပ် တာပါပဲ ။ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးကျောင်းသားတွေ လုပ် ၊ ဘုန်းကြီးကျောင်းမှာအိပ် ။ ညဖက်ဆို ဘုရားစာရွတ် ။ သိသင့်သိထိုက်တာတွေကို သင်ပေးပါတယ် ။ ရွာမှာက ထုံးစံက ဘုန်းကြီးတွေ ဆွမ်းခံမကြွဘူးဗျ ။ မနက်စောစော ဘုန်းကြီးကျောင်းမှာပဲ ဆွမ်းထမင်း ၊ ဟင်းတွေ လာလောင်းလှူကျတာ ။ ဒီတော့ ဘုန်းကြီးနောက်လိုက်ပြီး ဆွမ်းချိုင့်ဆွဲစရာလည်း မလိုဘူး ။ ည စာ ကိုတော့ ကိုယ့်အိမ်ကို ပြန်စားကြရတာပါ ။ ဘုန်းကြီးမှ ညစာ မစားတာကို နော့ :D ။ ရှင်ပြုပြီဆိုလည်း ၇ ရက် ၇ ညတောင်မှ ဗျ ။ တစ်နေ့   တစ်နေ့  စားလိုက် သောက်လိုက်နဲ့ ဘာမှကို မလုပ်ရတာ ။ မြို့ မှာလို ကား မစီးဘူး ၊ မြင်းမစီးဘူး ။ ဘာစီးလည်း ဆိုတော့ လူစီးတယ်ခေါ်မလား ၊ ဘယ်လိုခေါ်မလည်း မပြောတတ်ဘူး ရှမ်းလို ကတော့ လည်ပင်းစီးတယ်ခေါ်တာပဲ ။
တစ်နေ့ ရွာကို မနက်တစ်ခေါက် ပတ် ပြီးရင် ဘုန်းကြီးကျောင်းမှာ ခြောက်ခါ ခုနစ်ခါလောက် ပတ် နေတာ ။ ပြီးရင် ပြန်နား ၊ ညနေပိုင်းဆို တစ်ခေါက် ထပ် ပတ် ရွာကို ၊ ပြီးရင် ဘုန်းကြီးကျောင်းကို ခြောက်ခါ ခုနစ်ခါ လောက်ပြန်ပတ် ၊ပြီးရင် ပြန်နား ။ တစ်ရက်ကို တစ်အိမ် ၊ အဲ့ချိန်ဆို တစ်ရွာလုံး မီးခိုးတိတ်ပဲ ။ အလှူလုပ်တဲ့အိမ်မှာပဲ လုပ်ကူ ၊ မနက်စာ  ညစာ ရပ်ဝေး ၊ ရပ်နီးက ဧည့်တွေ လည်းလာစားကြတာပေါ့ဗျာ ။ ရှင်လောင်းကို ထိန်းတဲ့ အပျို ၊ လူပျိုတွေ ရှိသေးတယ် ။ ရှင်လောင်းခိုင်းတာမှန်သမျှ လုပ်ပေးရတာ ။ ဒါလေးစားချင်တယ် ဆို လုပ်ပေးရ ၊ ဟိုဟာလေးပါစားချင်တယ်ဆို လုပ်ပေးရနဲ့ ဇိမ်ကို ကျနေတာ ( ခုနေများ အဲ့ဘဝ လေးကို ပြန်လွမ်းပါ့  ဘာမှမလုပ်ရဘူး :D )
 ဒီလို မျိုးစီးတာကို ဂုတ်ခွစီးတယ် ခေါ်မလား ၊ လည်ပင်းစီးတယ်ခေါ်မလား :P ။အောက်မှာလည်း ကြည့်ပါဦး ဗီဒီယို ဖိုင်လေးနဲ့ တင်ပေးထားတယ် ။ ရှမ်းအခေါ် ကျွဲလူးတယ်လို့ ခေါ်ပါတယ် ။ ရှင်လောင်း အဖေတွေ၊ ဦးလေးတွေ၊  အမျိုးတွေ ပြီးတော့ ခင်ရာမင်ရာ သူငယ်ချင်း အပေါင်းအဖေါ်တွေ ၊ ရွာကာလသားတွေ စုပေါင်းပြီး ကျွဲလူးနေတာပါ ။ ကျွဲလူးတယ်ဆိုတာက မြေပြင်ပေါ် ရေလောင်းလိုက်တာပါ ။ အဲ့ပေါ်ကို ကျွဲရွံလူးသလို လူးလိမ့်ပြီး ပျှော်ရွှင်ကြရတာပါ ။ ဘာကြောင့်ဒီလိုလုပ်မှန်းတော့မသိပါဘူး ၊ ရွာပြန်မှပဲ မေးကြည့်တော့မယ် ။ ပြီးတော့ အရက် ၊ ဘီယာ ဆိုလည်း ဘေးကနေ ဂါလံ ပုံးတွေနဲ့ ဆွဲထားတဲ့လူရှိတယ် ။ ကြိုက်တဲ့အချိန် သောက် ၊ ပြီးရင် လူးလိမ့် တစ်ရွာလုံး အပျှော်တွေ ကူးစက်တဲ့ နေ့ တွေ ပေါ့ဗျာ ။ အိုက်ခီလောက်လည်း မိန်းမ ရပြီဆိုတော့ ၊ သားလေးများမွေးလာ လို့ ကတော့ အစစအရာရာ ကြိုတင်ပြင်ဆင်ထားရပါတော့မယ် ။ ခုတော့ မုန့် ဆီကြော်က ဘယ်ဆီနေမှန်းမသိသေးဘူး သရေကတော့အရင်ကျထားရတယ် :D အဲ့အချိန်ကျရင် လာနိုင်တဲ့ မောင်နှမ အားလုံးကို ဖိတ်ပါ့မယ် ။ မလာနိုင်တဲ့လူတွေလည်း အားမငယ်ပါနဲ့ ပုံတွေ ပို့ ပေးမှာပါ ၊ ပြီးမှ အလှူငွေ လေးတွေ ထည့်ပေါ့ :P
အိုက်ခီလောက် 
အမြည်းလေးတွေ
5 Responses
  1. ခီလဝ်; ...
    သားမွေးအောင် ကျိုးစားတုန်းပေါ့....
    မအိပ်မနေကျိုးစားပါ မောင်ရာ...ရှင်ပြုနိုင်အောင်ပါ....
  2. khin oo may Says:
    မွေးပြီးမှ ပြော အဟက်ဟက်
  3. kiki Says:
    ခုကတည်းက စုထားတော့ ဟေ့ ။။ ဝက် အကောင် ၃၀၀ ၊ နွား အကောင် ၃၀ ။ ဘီယာ ကတော့ စက်ရုံပါ ရွာနား လာထောင် ပေးထားမယ် ။ နင့် ဂုတ်လည်း ခိုင်အောင် ကျင့်ထား အုံးဟ ။ ရှင် လောင်း မစီးခင် ၊ မိန်းမ စီးဖို့  ..း)))
  4. kaungkinpyar Says:
    သားလေး သားလေး....မွေးစေ...ရှင်ပြုမယ်...း)
  5. အပေါ်က ဒေါ်ကိ အနှောင့်မလွတ် အသွားမလွတ်နဲ့ ဘာာာာာာာ ဝက်လဲ ဝက်ကိုများ ပေါ်ဖို့ စဉ်းစားနေသေးတယ် နာမယ် ဟွင့်
    သားလေးမွေးရင် အဟေးးအဟေးးး ဒီက ဝက်ကိုမမေ့နဲ့နော် ဟိ
    အဲ တမျိုးမထင်နဲ့လေ နံမည်ပေးပေးမယ်လို့ ပြောတာပါဗျ အဟက်
Post a Comment