ပြန်လည်ပြင်ဆင်နေပါပြီ

ရွာခံ သူငယ်ချင်း အိုက်ဟိန်း ပုံလေးတွေ ထပ်ပို့ လာပေးလို့ ပြန်တင်ပေးလိုက်ပါတယ် ။ တစ်မြို့ လုံးက လူတွေ ဝိုင်းလုပ် ဝိုင်း ကူနဲ့ ၊ အစိုးရ ဝန်ထမ်းတွေရော လုပ်အားပေးနေတာမြင်မိတော့ စည်းစည်းလုံးလုံးနဲ့ လုပ်နေတာကို ပိုလွမ်းသွားတယ်ဗျာ ။ အရင်ရွာမှာနေတုန်းက လပြည့် ၊ လကွယ်ဆို ဘုန်းကြီးကျောင်း သန့် ရှင်းရေး လုပ်တုန်းကဆို တစ်ရွာလုံးက လူတွေ ကိုယ့်အပိုင်း ကိုယ့်ခွဲ ပြီးလုပ်ကျတာ ။ ယောက်ကျားလေးတွေ အလုပ်လုပ်နေချိန်မှာ မိန်းကလေးတွေက လည်း ရေတိုက်မယ့်လူနဲ့  ထမင်းစားချိန် စားဖို့ ချက်ပြုတ်ပေးတဲ့ လူနဲ့  ကိုယ်စီအလုပ်များနေကြတာကို ပြန်အမှတ်ရမိတယ် ။ အိုး စည် ဗုံ မောင်း တီးပြီး အားပေးတဲ့လူတွေနဲ့ တစ်ကယ့်ကို လွမ်းမိပါသေးတယ် ။ တစ်လ လုံးမှာ အလုပ် မလုပ်တဲ့ ရက် လပြည့် နဲ့ လကွယ် ၊ အဲ့ရက်မှာကိုရှိသမျှ အလုပ်တွေ ဘေးချထားပြီး ကောင်းမှု တွေ လုပ်ကြ တာပေါ့ ဗျာ ။ မနက်ခင်း တစ်ပိုင်းလုံးဘုန်းကြီးကျောင်းအတွက် အချိန်ပေးထားပြီး ၊ နေ့ လည် ထမင်းစားသောက်ပြီးရင်တော့ အိမ်ပြန်နားကျပေါ့ဗျာ ။ ရွာ ကာလသားတွေကတော့ လယ်ထဲက ကောက်ရိုးစင်ပေါ်မှာ ကြိတ်ဝိုင်းလုပ်ကြတယ်လေ ။ ခုလည်း အဲ့အဖြစ် အပျက်တွေကို မြင်ယောင်မိသေးတယ် ။ ခုလို ပြင်ဆင်နေ သန့် ရှင်းရေးတွေ လုပ်နေတာတွေကိုလည်း မြင်ပြီး တစ်ကယ်လွမ်းမိတယ် ။ တစ်ဦးကို တစ်ဦး စ လိုက် ၊ အလုပ်လေး လုပ်လိုက်နဲ့  နောက်ပြောင်နေကျတာကို အမှတ်ရမိတယ် ။ ခုတော့ မောင်နှမအားလုံးကို ပုံလေးနဲ့ တင်ပေးနိုင်အောင် ကြိုးစားလိုက်ပါတယ် ။ သူငယ်ချင်း အိုက်ဟိန်း လည်း ကျေးဇူးပါ ။














































































အိုက်ခီလောက်
အမြည်းလေးတွေ
2 Responses
  1. thawzin Says:

    စေတီပုထိုးတွေပြုပြင်မွန်းမံတာတွေမြင်ရတော့ ရင်ထဲမှာ အတိုင်းမသိပီတိဖြစ်မိပါတယ်။ ငါတို့ဘာသာရဲ့ မှတ်တိုင်း တစ်ခုအနေနဲ့ပေါ့။ ဒီလိုပဲ ဘာသာဝင်တိုင်းရဲ ရင်ထဲမှာ ရှိနေတဲ့ မိရိုးဖလာဗုဒ္ဓဘာသာအသိကလေးကို မှန်ကန်ကောင်းမွန်းတဲ့ ကြည်ညိုသက်ဝင်ယုံကြည်မှု၊ ဝေဖန်ခွဲခြားပြီး မှန်ကန်သော အသိဆီသို့ ညွှန်ပေးတတ်တဲ့ ၀ိဘစ္စ စတဲ့ ပြုပြင်မွန်းမံလိုက်ကြမယ်ဆိုရင် ဘယ်လောက်များ သာဓုခေါ်ချင်စရာကောင်းလိုက်မလဲ အစ်ကိုရာ။ မရောက်တာကြာလို့ လျှာရှည်စွာနဲ့ အကြိုက်ပွားသွားပါတယ်အကိုရေ။ ပျော်ရွှင်ကျန်းမာ လိုအင်ဆန္ဒတွေပြည့်ဝနိုင်ပါစေလို့


  2. ခီလောက်ရေ
    ရောက်လာတယ်နော်...
    လေပြင်းက အဲလောက်တောင် ဆိုးဆိုးရွားရွားဖြစ်သွားတယ်နော်...
    အခုလို အချိန်မီပြင်ဆင်လိုက်နိုင်တော့လဲ ကောင်းပါတယ်.....
    ခီလောက်ဆီမှာ သတင်းဓါတ်ပုံတွေတွေ့ရလို့ ကျေးဇူးပါ...

    မနှင်း


Post a Comment