တွေးမိတာလေးတွေ

လူဆိုတာဖြစ်လာတော့ ခံစားချက်ကိုယ့်ဆီနဲ့  ရှင်သန်နေကျတယ် ကိုယ့်ပတ်ဝန်းကျင်ကလူတွေ ဂရုမစိုက်တာတောင်မှ မသိချင်လည်းကြားနေရတယ်လေ ။
လူပီသအောင်နေကြတာလားမသိ ။ တစ်ခါတစ်လေကျတော့လည်းကမောက်ကမာတွေဖြစ်လို့ ရီရတာလည်းရှိတယ် ။ ငါလည်းလူတွေထဲကလူပါလားလို့ တွေးမိပြန်တော့လည်း ရီချင်လာတယ် ။
ခုလည်းမဟုတ်တာတွေတွေးနေတာပဲ ။ တစ်ခါတစ်လေများကိုယ့်ကအတွေးလွန်ပြီး ရီချင်ရီနေတတ်တယ် ။
ကိုယ့်ကတော့ဘာမှမဖြစ်ပေမယ့် မြင်ရတဲ့လူတွေက ရူးများနေလားဆိုပြီး မေးငေါ့တာပေါ့ ။ အဲ့လိုဖြစ်ပေါင်းလည်းများနေပါပြီ ။ သူငယ်ချင်းတွေကလည်း သတိထားဆိုပြီး သတိပေးတာပဲ ။ မရဘူး လူက ကို အကျင့်ပါနေတော့ ပြင်လည်းမထူးပါဘူး ခွေးမြီးကျည်တောက်စွပ်သလိုပဲ ။ နိုင်ငံခြားရောက်နေတဲ့ လူတွေကိုကြည့်ပြန်တော့လည်း ရီချင်လာတယ် ။ ကိုယ့်နိုင်ငံမှာနေတုန်းကလို မနေရတော့ အောက်ခြေလွတ်တာတွေ မြင်ရတယ် ။ မစားရတာတွေစားရတော့ အဟုတ်မှတ်နေတာ ။
အိမ်ကလူတွေကိုမေ့လို့  ။လခ ထုတ်ရက်လည်းရောက်ရော အိမ်ပို့ တာကနည်းနည်း ကိုယ်တိုင်သုံးနေတာကများများ ။ပြောရဲပါတယ် သုံးပုံ တစ်ပုံ လောက်ပဲ ရောက်တယ် ။ ငွေတွေကိုလည်း တစ်ခါမှမကိုင်ဖူးတော့ ခုလိုအများကြီး ကိုင်ရတော့ ဘဝင်လေဟပ်ချင်နေတယ် ။ မြို့ ထဲက မြန်မာဆိုင်တွေမှာ ဘီယာသောက်ကျ အဖွဲ့ စုပြီးမဟုတ်တာတွေလုပ်နေတာ မြင်နေရတယ် ။ သူ့ တို့ ကိုယ်စားရင်လေးရပါတယ် ။ ကိုယ့်နဲ့ တော့ဆိုင်ပါဘူးလေ ။ မြင်ရတာလေးပြောတာပါ ။ တစ်ချို့ ကျတော့လည်း ရတဲ့လစာအကုန်ပို့  ကိုယ့်စားဖို့ တောင်မချန်တဲ့လူ ။ အဲ့လိုလူတွေက တစ်ကိုယ်ကောင်းသမားတွေ ။ ပိုက်ဆံမရှိရင်လူတကာဆီကလိုက်ချေးငှားစားနေတာလေ ။ သောက်မြင်ကပ်တာအလွန် အဲ့လိုလူတွေ ။ နောက်ရှိပါသေးတယ် ။အဆင်ပြေတဲ့လူများကျတော့ သေဌေးလိုနေတာလေ ။ ရတဲ့လစာ နဲ့ မလောက်ပါဘူး ။ နောက်ပြီး အလကားရတဲ့မိန်းမတွေ နဲ့ ပေါင်းကျ ။ ကိုယ့်အိမ်ကိုတောင်လှည့်မကြည့်တတ်တဲ့လူစားတွေ ။ မွေးရကြိုး မနပ်တဲ့ လူတွေပေါ့ ။ အရွယ်ငယ်တော့ဟုတ်နေသလိုပဲ ။ တစ်သက်လုံးနေသွားမှာကျနေတာပဲ ။ အချိန်တန်ရင် အိမ်ပြန်ရမဲ့လူတွေချည်းပါပဲ ။
အချိန်ဆိုတာကို တန်ဖိုးမထားတတ်ကျဘူး ။ လွန်သွားမှ နောင်တရနေတတ်ကျတယ် ။ ကိုယ့်ရှာနိုင်တုန်းလေး အဆင်ပြေနေတုန်းလေး ကိုယ့်ရဲ့ မွေးမိခင်ဖခင်တွေကို လုပ်ကျွှေးသင့်ပါတယ် ။ သူ့ တို့ မရှိတော့ရင် ကျွှေးချင်တယ် ဆိုလို့ ထမလာနိုင်တော့ဘူးလေ ။ အများကြီးတွေ့ ဖူးပါတယ် ။ ဒီလိုလူတွေကို ။ ခုလည်း ဘေးဆိုးတွေ စီးပွားရေးအကျပ်အတည်း ကာလတွေမှာ အလုပ်အဆင်မပြေတော့ ကြည့်ပြီး သံဝေဂ ရစရာလေးပါပဲ ။ ကိုယ့်နိုင်ငံမှာကလည်း အိမ်ကစီးပွားရေးအဆင်မပြေ ။ ပြန်လည်းမကြည့်နိုင်နဲ့ လူက ယောင်ပေပေဖြစ်နေကျတာ လေ ။
ကံဆိုးပြီဆိုရင်လည်း အပေါင်းအသင်းနဲ့ လာသလိုပဲ တစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်နေတာ။ နလံမထူနိုင်အောင်ပါပဲ ။ အဲ့လိုကြုံ လာတော့ အားတင်းဖို့ လိုတာပေါ့ ။ စိတ်ဓါတ် မကျဖို့ အရေးကြီးတာပါပဲ ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ ကိုယ့်အပူတော့ပါဘူးပေါ့ ။ လူဆိုတာကလည်းခက်တယ် မလုပ်နဲ့ ဆိုလုပ်ချင်တယ် ။ မကောင်းပါဘူးပြောရင် ဘာဖြစ်လို့ မကောင်းတာလည်းဆိုပြီးစပ်စုချင်ကျတာကိုးနော့် ။ ပိုဆိုးတာက ကိုယ့်လူမျိုးအချင်းချင်း ခေါင်းပုံဖြတ်တာပဲ ။ မသိနားမလည်တဲ့  မနူးမနပ် အသစ်ရောက်လာတဲ့လူ တွေကို သူ့ တို့ ရဲ့ ပစ်မှတ်လိုသဘောထားပြီး ခေါင်းဖြတ်စားနေကျတာလေ ။ အဲ့လိုလူတွေကမြင်ရသလောက် မသထာရေစာ စားနေရလို့ လားမသိဘူး အသေဆိုးနဲ့ သေတာများတယ် ။ ကိုယ့်တွေ့ ပါ ။ နောက်မှ ကြုံရင် ရေးပါမယ့် ။ သူ့ တို့ လည်းအပြစ်မဆိုသာပါဘူး ။ သူ့ တို့ လည်း ရောက်စက ဒုတ်ခတွေ ကြုံ ရလို့ နေမှာပါ ။ ဘဝ ကသင်ခန်းစာပေးသွားတာနေမှာပေါ့ ။ အဟတ် သူ့ များသာပြောနေတာ ကိုယ့်တိုင်ကလည်း အလုပ်မရှိတော့လျှောက်တွေးနေပြီး ။ ပြန်စဉ်းစားမိပါတယ်ကိုယ်လည်း ကောင်းတာလည်းမဟုတ်ပါဘူး အဟတ် ။ လူတွေထဲကလူပဲ အမှားအယွင်းတော့ရှိမှာပဲ နော်။ ကိုယ့်တိုင်လည်းမှားယွင်းထားပါတယ် ။မလိမ်ပါဘူး အဟီး ။
1 Response
  1. Monday Says:

    အမှားများစွာဖြင့် နောင်တနဲ့နေထိုင်သူများကို လူကြီးများဟုခေါ်သည်...

    အမှားများဖြင့် ပျော်ရွှင်နေသူကို လူလတ်ဟုခေါ်သည်...

    အမှားများကို လိုက်လံရှာဖွေ၍ မှားဖို့ကြိုးစားနေသူများအား

    လူငယ်ဟုခေါ်သည်...ဆိုပဲလေ


Post a Comment