ကားအလှလေးတွေ မိုက်တယ်သိလား

  1. တောင်ကြီးကငဲသူ ဆိုတာပေါ့ အဲ့ကောင်ပေါ့ အနော်ကို ခေါ်နေတာလေ သူ့ ကအဲ့လို ကားတွေကို လုပ်နေတာလေ သယ်ရင်းတွေ ကားရှိလို့  လိုရင်သူ့ ကို ခေါ်နော် အဟဲ
ဒီကောင်ပဲ အဟဲ ပဲများနေတယ်သိလား
ဒီကောင်ကတော့သိဘူး အဟီး ငဲသူ ဘော်ဘော်နေမှာ အတူတူ လုပ်တာနေမှာနော်
အားမိုက်တယ်နော်လူမဟုတ်ဘူး ကားလေး
ဒီကောင်က မလေးကတရုတ်လေ ငဲသူ သဌေး ရဲ့ သားပေါ့ 
လှတယ်မလား ပြန်ပြင်ထားတာတွေလေ ကားအသစ်တွေကို ပေါ့
အားပါးပါး ဒီပုံတော့အမိုက်ဆုံးပဲနော် အဟဲ ကားတော့ဟုတ်လောက်ဘူးနော် အဟီး



အာယားနေတော့ သူငယ်ချင်းကပြောတယ် ကားအလှပြိုင်ပွဲရှိတယ် လိုက်မလားလို့ ပြောတယ်လေ
အလုပ်အားရက်နဲ့ က မတိုက်တော့သွားလို့ မဖြစ်ဘူးလေ
အဲ့ဒါနဲ့ မလိုက်ဖြစ်ပါဘူး သူ့ ကိုတော့မှာလိုက်တယ် ပုံတော့လိုချင်တယ်ကွာရိုက်လာပေးပါဆိုတာနဲ့ သူ့ ကိုကင်မရာပေးလိုက်တယ်
နောက်ရက်ကျတော့အနော်သယ်ရင်းက ပြန်လာပြတယ်
အားလုံးကမိုက်တယ် အနော်တို့ နိုင်ငံမှာ ဒီလိုမြင်ဖူးဘူး လေ
အနော်သယ်ရင်းက ဒီလို ကားတွေ အလှလုပ်တဲ့နေရာမှာလုပ်နေတာလေ
သူ့ က ငဲသူ တဲ့တောင်ကြီးကပါပဲ အနော်တို့ နဲ့ ငယ်ပေါင်းကြီးဖော်ပေါ့
တောင်ကြီးမှာဆိုးဖော်ဆိုးဖက်ဆိုပါတော့ အဟဲ ဂုဏ်ဖေါ်တာဟုတ်ပါဘူး လေ
ပြောရင်းကဘယ်ရောက်သွားပါလိမ့် အဟဲ မဆိုင်တာတွေရောက်သွားတယ်
သူ့ ရိုက်လာတဲ့ပုံတွေကိုကြည့်ရင်း အနော်တို့ ရဲ့ ဘဝနဲ့ နှိုင်းမိတယ်
အရာအားလုံးကတစ်ခြားစီပါလားလို့ လေ ဟုတ်တယ်နော်
ဒါပေမယ့်ဘာပြောပြောပါလေ ကိုယ့်နိုင်ငံထက်တော့ နေရတာမပျော်ပါဘူး
ရောက်တဲ့အရပ်မှာနေတတ်သလို နေရမှာပေါ့ အဟဲ
ကဲပြန်ဆက်ရအောင် အနော်တို့ လည်း အဲ့လိုကားလေးတွေလိုချင်တာပဲ
ကားဈေးကလည်းကြီးတယ်ခင်ဗျာ ပြန်ပြင်ပြီးသားကားတွေလေ
ကားအသစ်တွေကို ပြန်ပြင်တာဗျ ဝါသနာပါတဲ့လူတွေ လုပ်ကျတာပေါ့ လေ
ကားအဟောင်းမဟုတ်ဘူးနော် ပါကင်တွေကို လုပ်ထားတာ
ပြန်ပြင်ပြီးရင်လည်းအပြင်ထုတ်မစီးကျဘူးသိမ်းထားတာလေ
ပြိုင်ပွဲရောက်မှ ထုတ်ပြကျတာလေ
အင်ဂျင်တွေကလည်းကောင်းမှကောင်း
ပြိုင်ပွဲရက်နီးလာလေ ကိုယ့်ကားကို အကောင်းဆုံးဖြစ်အောင်လုပ်ကျတာ
တောင်ကြီးမီးပုံးပျံလိုပေါ့ သူ့ တို့ လည်းဝါသနာပါတာပြောပါတယ်
အရူးအမူးပေါ့ သူ့ တို့ လည်း အများအားဖြင့် လူငယ်တွေပို သဘောကျပါတယ်
ကားအလှနဲ့ အတူ မဒီချောချောလေးတွေလည်းပေါတယ်သိလား အဟဲ
ဒါတောင်တစ်ပုံပဲပါလာလို့ သယ်ရင်းတွေကို မျှလိုက်တာလေ
သယ်ရင်းဆီတော့ရှိသေးတယ်လို့ တော့ပြောတာပဲ
ဖုန်းနဲ့ ရိုက်လာတာဆိုတော့ ပြန်ယူရအုန်းမယ်လေ
အားရင်ပြန်တင်ပေးပါ့မယ်အဟဲ ခုတော့ဒါလေးကြည့်ပြီး ကျေနပ်ကျပါနော်
နောက်ကျရင်ကောင်းတာလေးတွေ ထက်ပြပါ့မယ် ခုတော့ မူးနေပြီလေ အဟဲ

0 Responses

Post a Comment