ဘယ်လိုလုပ်မလဲ

အမေနေ့ ရောက်တော့မှာဆိုတော့ဘလောက်အတော်များများက အမေအကြောင်းတွေရေးကျတယ် ။ ကဲ အမေရင်ငွေ့ ကို မခံစားရတဲ့ ကလေးငယ်လေးတွေအတွက်ရော ။ ရင်ထဲမှာဒဏ်ရာတွေ ပရပွနဲ့နုနယ်တဲ့ကလေးစိတ်မှာစွဲသွားပြီလေ ။ ပြင်ချင်သော်လည်း မရနိုင်တော့ဘူး ။ မိဘ စုံလင်တဲ့ဘဝကိုလူတိုင်းလိုချင်ကျတာပါပဲ ။ မိဘ မရှိတဲ့လူတွေကတော့ မသိနိုင်ဘူးလေ ။ မိဘရှိရဲ့ သားနဲ့ ရင်ငွေ့ မခိုလှုံဖူးတဲ့ ငယ်ကတည်းက ပစ်ထားခံရတဲ့ကလေးတွေအတွက်ရောစဉ်းစားပေးကျရဲ့ လား ။ အရွယ်နဲ့ မတန်အောင် သူ့ ပေးဆပ်ရတာတွေရော ခံစားမိကျလား ။ သူများတွေကျောင်းသွားရင် မိဘကိုယ့်ဆီနဲ့  ကိုယ့်မှာ က တစ်ယောက်ထည်းရယ် အားငယ်နေတယ် ။ သူများတွေအမေလို့ ခေါ်နေချိန် မှာ ကိုယ့်က ဘယ်သူ့ ကို ခေါ်ရမှာလည်း ။ ကျောင်းသွားကျောင်းပြန် တစ်ယောက်ထည်းလေ ။ ကလေးတွေဆိုးတယ်ဆိုတာဘယ်သူလုပ်လာသလဲ ။ အထိန်းအကွပ်မရှိတော့ ဖြစ်ချင်တာဖြစ်တော့တာပေါ့ ။ ကြီးလာမှ ဆုံးမလည်း မရတော့ဘူးလေ ။ လွန်နေပြီ ။ မိဘ မရှိတော့မျက်နှာငယ်ရတာပေါ့ ။ ကလေးရဲ့ စိတ်မှာ ဦးနှောက်ထဲမှာ လိုချင်တာ နွေးထွေးတဲ့ခိုလှုံမူပါပဲ ။ ပတ်ဝန်းကျင် အနှိမ်ခံ ဘဝ ။ မိဘတွေမကြည့်နိုင်တော့တဲ့ ဘဝ ။ ကိုယ့်ချင်းစာဖူးလား ။ ကိုယ့်ချင်းစာတတ်တယ်ဆိုတာ ကိုယ့်ကပြန်ခံရချိန်မှ သိတတ်ကျတာမလား ။ မိဘမကောင်းဘူးပြောတာမဟုတ်ပါဘူး ။ မိဘမရှိတဲ့ကလေးရဲ့ ခံစားချက်တွေပေါ့ ။ ဒါတွေသိကျလား ။ ငမူးကတော့ပြောင်းပြန်တွေးတယ် ။ မိဘမရှိတဲ့ ကလေးတွေကို သနားတယ် ။ လုံခြုံမူမရှိဘူးလေ သူ့ တို့ ဘဝက ။ တံငါနားနီးတံငါ ဆိုသလိုပဲ မုဆိုးနားနီးတော့မုဆိုးဖြစ်မှာကြောက်တယ် ။ အတတ်နိုင်ဆုံးလေး ကူညီပေးကြည့်ပါလား ။ စကားနာတွေနဲ့ မထိုးနှက်ပဲ နူးညံသိမ့်မွေ့ တဲ့စကားလုံးလေးတွေနဲ့ ပြောကြည့်ပါ ။ ငမူးတော့သနားတယ် ဘဝတူတွေလိုပဲ ခံစားရတယ် ။ ခုလိုအချိန်ဗျာ အမေနေ့ မှာ စုစုစည်းစည်းနဲ့ ကျင်းပနေချိန်မှာ သူ့ တို့ ကဘယ်လိုဖြစ်နေမှာလည်း ။ အမေနဲ့ အတူနေချင်ပျော်ချင်တာပေါ့ ။ ကဲ ဘယ်မှာသွားရှာမလဲ ။ အာကျတဲ့စိတ်လေးရှိယုံကလွဲပြီး မတတ်နိုင်ဘူးလေ ။ ကလေးဆိုးရင်လူတွေက မနှစ့်မြိုကျဘူး ။ စကားနားထောင်တဲ့ကလေးမှချစ်ကျတာလေ ။ ဂရုစိုက်ကျတာ ။ ကလေးဆိုးကို အရောတဝင်မလုပ်ကျဘူး ။ မိဘ ကိုယ့်ချင်းမစာကျဘူးလေ ။ အများအားဖြင့်ကတော့ဒီလိုဖြစ်ဖို့ များပါတယ် ။ ကိုယ့်သားမှကိုယ့်သားဖြစ်နေတာလေ ။ တစ်ခြားကလေးကရော မခံစားတတ်တော့ဘူးလား ။ ပြောပြန်လည်းကောင်းမယ်မထင်ပါဘူးလေ ။ အေးဆေးမူးပြီးအိပ်နေတာမှကောင်းသေးတယ် ။ အဟတ် မူးပြီးပြောင်းပြန်တွေးနေတာ ။
0 Responses

Post a Comment