ကိုယ့်ဒေသကိုတိုးတက်အောင်လုပ်ကျပါစို့ လား

မြင်နေရတာတွေ တွေ့ နေရတာတွေ ကြည့်ပြီး အားမလိုအားမရဖြစ်နေမိတယ် ။ စဉ်းစားကြည့်ပါ ခုတစ်လောမြင်နေရတာတွေက ကိုယ့်လူမျိုးတွေ ကိုယ့်ဒေသကိုစွန့် ပြီး နောက်နိုင်ငံကူးကျတယ် ။ ကိုယ့်ဒေသ ဖွံဖြိုးတိုးတက်အောင်မလုပ်ကျဘူး ။ အစိုးရကို အပြစ်တင်နေကျတယ် ။ စာမတတ်တဲ့လူတွေကတော့ အစွဲကိုယ့်ဆီနဲ့ ပေါ့ သူများမကောင်းပြောလည်း မကောင်းဘူးပဲ ။ ဘာဖြစ်လို့ မကောင်းတာလည်း ဆိုတာကို မလေ့လာကျဘူး ။ အနာသိရင်ဆေးရှိရမှာပဲလေ ဟုတ်ဘူးလား ။ ယောင်တောင်ကြောင်တောင်နဲ့ လိုက်ပြီး ဟေးလားလိုက်နေကျတယ် ။ သူများနိုင်ငံဘာလို့ တိုးတက်လည်း လေ့လာကြည့်မိသလား ။ သိလို့ ပြောတာဟုတ်ဘူးနော် ။ ကိုယ့်လူမျိုးတွေ နိုင်ငံခြားမှာအနှိမ်ခံနေရတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိလို့ ပါ ။ နိုင်ငံခြားရောက်နေတဲ့လူတွေလည်း သံယောင်လိုက်ပြီး တိုင်းပြည်မကောင်းကြောင်းပြောနေကျတယ် ။ အစွမ်းရှိရင် နိုင်ငံတွင်းမှာ ပြောကျပါလား ။ မြန်မာလူမျိုးတွေ မညံပါဘူး တိုင်းရင်းသားတွေလည်း အားလုံးတော်ကျပါတယ် ။ ဇွဲရှိတယ် လုံလ ရှိတယ် ။ အပျင်းမထူကျပါဘူး လယ်သမားတွေကြည့် မနက်မိုးလင်းတာနဲ့ လုပ်နေတာတွေ ။ ခက်တာက ဘိုးဘွား အစဉ်အဆက် လက်ထက်က စကားလုံးတွေကိုပဲ ။ တစ်လွဲယူနေကျတာလေ ။ သူ့ တို့ ခေတ် နဲ့ အနော်တို့ ခုနေတဲ့ခေတ်က ပြောင်းကုန်ပြီ ။ မတူတော့ဘူး အရင် က ရေဒီယိုနားထောင် ပြီးနေရတဲ့ခေတ် ။ ခုအနော်တို့ နေရတဲ့ခေတ်နဲ့ တစ်ခြားဆီပါ ။ ဘာမှကို မဆိုင်တော့တာ ။ အားလုံး ပြောင်းလဲနေပြီ ။ ခေတ်ဟောင်းက ဟာတွေဖယ်သင့်ရင်ဖယ်ရမယ် ။ လူငယ်တွေ အနာဂတ်ကို ပိုင်ဆိုင်တယ် ။ တွေးခေါ်တတ်တယ် မြင်တတ်တယ် ။ ခုဆို တောဖက်ရွာဖက်ကလူတွေက ဘိုးဘွားလက်သုံးစကားပဲ ။ နိုင်ငံခြားရောက်ပြီးမှ ကြီးကျယ်တဲ့လူတွေလည်း အများသား ။ မြန်မာပြည်မှာနေတုန်းကတော့ လက်ဖျားငွေမသီးတဲ့ကောင်က ဒီရောက်မှ အာခြောင်နေတယ် ။ မြန်မာပြည်ကလူတွေကိုပဲ သနားသလိုလို နဲ့ တိုင်းပြည်မကောင်းကြောင်းအားကြီးပြောနေလိုက်ကျတာဗျာ။ အနော်တို့ နိုင်ငံ မှာလိုချင်တာအားလုံးရတယ် ။ နည်းပညာမထွန်းကားလို့ သာ နောက်ကျနေတာ ။ ပညာတတ်တွေကျတော့နိုင်ငံခြားမှာ နေပြီး တိုင်းပြည်မကောင်းကြောင်းပဲပြောနေလိုက်ကျတာ မြင်ပြင်းကပ်လွန်းသဗျာ ။ ကိုယ့်တိုင်းပြည်ပြန်လာပြီးကောင်းအောင်လုပ်ကျပါလား ။ နိုင်ငံချစ်စိတ်ရှိရင် ပြောတာပါ ။ ခုတော့ကိုယ့်မိသားစုလေးအဆင်ပြေပြေနေရင်လုံလောက်ပြီလို့ တွေးနေတတ်ကျတာကိုးဗျ ။
သူ့ တို့ လို ပညာတတ်တွေသာ တိုင်းပြည်တိုးတက်အောင်လုပ်လို့ ကတော့လူငယ်တွေနိုင်ငံခြားထွက်စရာမလိုဘူး ။ တစ်ကယ်လုပ်တဲ့လူတွေကျတော့ဘယ်ရောက်ရောက် ရှိတဲ့အရပ်မှာတိုးတက်အောင်လုပ်ပေးတာကိုလည်းမြင်ရတာ နည်းတယ် ။ အဆိုးဆုံးက တိုင်းရင်းသားတွေပဲ ကိုယ့်ဒေသကိုစွန့် ပြီး နိုင်ငံခြားမှာေ၇ာက်နေတာတွေ ။ နောက်ကျရင် ပြည်နယ်ဟာ သူ့ တို့ ပြည်နယ်နဲ့ မဆိုင်သလို ပဲ လူမျိုးတွေပျောက်နေမယ် ။ ခုဆိုကြည့်ရင်ရှမ်းပြည်လောက်တိုးတက်သောပြည်နယ်မတွေ့ ဖူးဗျာ ။ ဘယ်ဖက်ကကြည့်ကြည့် ရှမ်းပြည်လောက်တိုးတက်တဲ့ပြည်နယ်မရှိသေးဘူး ။ လုပ်ကျပါဗျာ ညီအစ်ကိုတွေ ။ ပြည်နယ်တိုးတက်မှ တိုင်းပြည်လည်းတိုးတက်တယ်လေ ။ နိုင်ငံတွင်းမှာ ကုန်ကြမ်းပေါပါတယ် ကုန်ချောထုတ်ဖို့ ပဲလိုတာပါ ။ ကိုယ့်နိုင်ငံက ကော်ဖီစေ့ ပို့ ကုန်လုပ်တယ် ။ သူများနိုင်ငံက ကုန်ချောထုတ်ပြီး ပြန်ပို့ ပေးတယ် ။ ကဲ ငါးကြင်းဆီနဲ့ ငါကြင်းပြန်ကြော်တာဟုတ်ဘူးလား ။ သိတယ်တတ်တယ်ဆိုတဲ့လူတွေ လုပ်ကျပါ ။ ကိုယ့်သားစဉ်မြေးဆက် နိုင်ငံခြားပဲထွက်ကျမလား ။ အစိုးရမကောင်းသာမပြောနဲ့  ။ သူလည်းလုပ်နိုင်သလောက်လုပ်တယ် ။ ဟိုလို ပေါ့
လက်သည်ချည်းအားမကိုးနဲ့ ကိုယ့်တိုင်လည်းအားစိုက်ညစ်မှပေါ့
ဆိုသလိုပေါ့ ။ နိုင်ငံခြားပညာတော်သင်တွေ အားလုံးကို အားကိုးနေပါတယ် ။ အနာဂတ် တိုင်းပြည် ဟာ နင်တို့ လက်ထဲမှာရှိပါတယ် ။ နိုင်ငံခြားမှာ လခစားလုပ်နေမယ့်အစား ကိုယ့်တိုင်းပြည်ကောင်းအောင်းလုပ်ကျပါလို့ ပြောချင်တယ်ဗျာ ။ ပြောမှားတာရှိရင်လည်း ဆဲလို ကဆဲ အော်ချင်အော် ။ အနော်တော့ ပြောစရာရှိတာတော့ပြောမှာပဲ ။ ကိုယ့်တိုင်းပြည်ကြီးကို တိုးတက်စေချင်တယ်ဗျာ ။
အမြည်းလေးတွေ
3 Responses
  1. Unknown Says:

    မင်းပြောတာအားလုံး ငါထောက်ခံတယ် ငမူး ငါလဲအပြင်ရောက်နေတယ်ဆိုပေမဲ့  မှန်တာပြောရရင် တခါမှ ငါဘယ်ရောက်နေတယ်ဆိုတဲ့ မာနဆိုတာလဲဝေးသေး ကိုယ့်ကိုကိုယ်လည်းတခါမှ ဘ၀င်တောင်လေမတိုက်ဖူးပါဘူးကွာ...မင်းတင်လိုက်တဲ့ အတွေးကို ငါစဉ်းစားဖူးပီးပါပီ အရင်ကတည်းက ဒီလိုလုပ်နိုင်ကြရင်ကောင်းပါ့ကွာ ..အခွင့်ရေးဖို့ ကိုတော့ကြိုးစားရင်း စောင့်ကြတာပေါ့ကွာ ..ခုချိန်မှာတော့ ကိုယ်ဘက်ကလည်း စွမ်းဆောင်နိုင်တဲ့  လိုအပ်ချက်လေးတွေ ကမပြည့် နိုင်သေးတာမို့  အချိန်ကာလလေးတခု တော့လိုအပ်နေဆဲပါပေါ့ မင်းလည်းမူးသာမူးတယ် အတွေးအခေါ်တော့ မဆိုးဘူးလို့ ငါမှတ်ချက်ချ လိုက်တယ်ကွာ
    ငါတော့ဘာပဲဖြစ်ဖြစ် ငါ့လူဖြစ်ခဲ့ တဲ့  အမိမြေ ကိုတော့အရမ်းချစ် မကောင်းဘူးလို့ လူတွေပြောကြတာကလည်း နိုင်ငံကိုတော့မဟုတ်ပါဘူး မကောင်းတဲ့ လူတွေကိုပါဟ
    အဟဲ ငါလဲ မူးမူးလေးနဲ ပျင်းနေလို့  နဲနဲပွားသွားတယ်ကွာ
    ငပျင်း


  2. မိုက်သဗျာ ။ ရေရေလည်လည်ကြိုက်တယ် ။ ငါ့အကို ရေဆက်ချ အားပေးတယ်ဟေ့ ။ ကိုယ်ကိုယ်တိုင်နိုင်ငံခြားရောက်နေပေမဲ့ အရာရာက ကိုယ့်နိုင်ငံလောက် မကောင်းဘူးဆိုတာ နိုင်ငံခြားရောက်ဖူးသူတိုင်း သိကြမှာပေါ့နော် ။


  3. Anonymous Says:

    အိုက်ရေ...

    နင်ပြောတာတွေက ပုံမှန်အတိုင်း ရှိနေတဲ့ ခေတ်ကြီးဆို ဟုတ်တာပေါ့..
    ငါတို့ နိုင်ငံကြီးက ခေါင်ကမလုံလို့  မိုးယိုနေမှတော့ အိမ်ထဲ ဘာပစ္စည်းထားထား အကုန်ဆွေးပြတ်ကုန်မှာ... ခေါင်လုံမှပဲ ပြန်တာပေါ့...
    မယုံနင်ပြန်ပြီး ကြိုးစားကြည့်ပါလား.... ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနားမလည်ပဲ ငါတို့  အပေါ်တက် အုပ်ချုပ်နေတဲ့ကောင်တွေနဲ့  နင်ရူးပြီးပြန်လာရမှာ...


Post a Comment