မူးပြီးပြောမိတော့ဒုတ်ခတွေ့ တာပေါ့

အဖြစ်ကဒီလိုပါ ။ အနော်ရွာက မိုင်းပျဉ်းမြို့ နယ် မိုင်းပုအွန် ကျေးရွာလေးပါ ။ ကျောင်းပိတ်ရက်ရွာပြန်တော့ တပေါင်းလဆိုတော့ တပေါင်းပွဲ ရှိတာပေါ့ ။ ပွဲဆိုတော့ ဘုရားပွဲလေ ။ ရွာနဲ့ ပွဲက ဝေးတော့ ကားနဲ့ သွားရတယ်လေ ။ အဲ့ဒါနဲ့  အိမ်ကအမေတို့ က ရွာကသက်ကြီးတွေ ကို ကားနဲ့ လိုက်ပို့ ပေးလိုက်လို့  ပြောတာနဲ့ အနော်လည်းခေါ်သွားရော ။ ဘုရားလည်းရောက်ေ၇ာ အနော်ကတော့မူးနေပြီလေ အဟိ ။ မသွားခင်ကတည်းက ခွက်ပုန်းကစ်ထားတာလေ ။ ဘုရားရောက်တော့လူကြီးတွေက လာဘုရားလာကန်တော့ ဆိုပြီးခေါ်တာလေ ။ လူကမူးနေတော့ဖြစ်သလို ပြောလိုက်မိတယ် ။ အာဒီဘုရားက ဖူးနေကျပဲ ကန်တော့ချင်တော့ဘူးဆိုပြီးလေ ။ အဲ့ကံက ညရောက်တော့ထိတာပဲ ။ ဘုရားကုန်းဆင်းကားလည်းရောက်ရော ကားစက်ရပ်သွားတယ် ။ ဘရိတ်ကလည်းမမိ လမ်းအလယ်လောက်မှာ တန်းလန်းကြီး ။ ဇောချွေးပြန်လာတယ် ဘယ်လိုလုပ်ရပါ့ပေါ့ ။ အယောင်ယောင်အမှားမှားနဲ့ ကလက်ကိုနင်းမိတယ်လေ အဲ့မှာကားက ထွက်သွားရော ။ ကားကိုဘရိတ်မမိမှန်းသိလို့ အစောကတည်းက ဂီယာတစ်နဲ့  ထိန်းဆင်းပါတယ်ဆိုမှ နော် ။ ကားကထွက်တော့ ယောင်ပြီး ကလက်ကို ပြန်လွတ်လိုက်တော့ ထောင်းဆိုပြီးဂီယာပြုတ်သွားပြီး ကားကထိန်းမရဘဲကုန်းဆင်းကြီး ပြေးရော ။ အောက်မှာက လမ်းကွေ့ လေ တောင်ကြားထဲမှာ ။ ကံကောင်းချင်တော့လည်း ဘုရားဖူးလူတွေရှင်းနေတယ် လမ်းပေါ်မှာ လူမရှိတဲ့အချိန်ဖြစ်နေလို့ ပေါ့ ။ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကားကို တောင်နံရံဖက်ဆွဲချလိုက်တာ ကံကောင်းချင်တော့ကျောက်တုံးအကြီးတစ်တုံးနဲ့  သွားတိုက်မိတယ်လေ ။ ဒုန်း ဆိုပြီးအသံကြားလိုက်၇တယ် ။ ကံကောင်းချင်တော့ အားလုံးဘာမှမဖြစ်သွားဘူး ။တွေးပြီးခုထိကြောက်နေတုန်းပဲ ။ ဖြစ်များဖြစ်သွားရင် ခုဆိုထောင်နန်းစံနေရလောက်ပြီ ။ အဲ့ဒါနဲ့ လူအားလုံးကိုထွက်ခိုင်းပြီး ပြည့်သူ့  စစ်ကို အကူအညီတောင်းရတာပေါ့ ။ ယောက်ဖက ရွာသူကြီးလေ ။ သူ့ေ၇ာက်လာပြီး ကားကိုစက်နှိး ပြည့်သူ့ စစ်က တွန်းပေး ဂီယာကြီးထည့်ပြီး ဖြည်းဖြည်းချင်းမောင်း ပြီး ပွဲလယ်ကိုေ၇ာက်လာတယ် ။ ကားစက်ရပ်ပြီးကားကိုပြန်စစ်တော့ ဖရိန် တစ်ဖက်ကျိုးသွားတယ် အဟဲ ။ တော်သေးတာပေါ့ကားက စစ်တပ်အပ်တော့မဲ့ကားဖြစ်နေလို့ အဟဲ ။ ခံသာသွားတယ် ။ အဲ့ကစပြီး ဘုရားရောက်ရင်မူးမူး မမူးမူး အတင်းဖူးတော့တာပဲ ။ တစ်ခါသေဖူးတော့ပျဉ်ဖိုးနားလည်တယ်ထားပါတော့ ။ ကြုံတွေ့  ရတာကိုပြောတာပါ ။ ဘုရားကိုဘုရားမှန်းမသိလို့ လေ ပါးစပ်အငြိမ်မနေတော့ ခံရတာနည်းသေးတယ် ။ ခုဆိုဆင်ခြင်နေပါပြီ ။
အမြည်းလေးတွေ
0 Responses

Post a Comment