တွေ့ မြင်ရတာစိတ်မကောင်းစရာတွေပါ

ပြောလိုက်ချင်ဘူးဗျာ ခုတစ်လော မြင်နေရတာတွေ လူငယ်တွေလေ ဘာတွေလေ့လာနေလည်းမသိဘူး ။ စာလည်းဖတ်ပါရဲ့  ဘာတွေဖတ်နေကျလည်းမသိဘူး ။ ယုတ်စွအဆုံး သက်တူရွယ်တူတွေလည်း ဒီလိုပဲ ။ နိုင်ငံရေးအကြောင်းမေးကြည့် ဘာမှမသိဘူး ။ ထားပါလေ ဒီမိုကရေစီဆိုတာဘာလည်း မေးကြည့် ။ မသိဘူးပဲ ကဲ အနာဂတ် တိုင်းပြည်ကို ဘယ်လောက်စိတ်ဝင်စားလည်း ။ သူ့ တို့ စိတ်မှာ နည်းနည်းလေးလောက်တော့ သိစေချင်တယ် ။ စာဖတ်တယ် ဘယ်လိုစာလည်း ဟာသလား ။ အပျော်ဖတ်လား ။ ဘာတွေဖတ်လို့ နေမှန်းမသိဘူး ။ ပြောရရင် ဘာမှကိုမသိတာဗျာ ။ ပြောရဲပါတယ် ဆယ်ယောက်မှာ တစ်ယောက်တောင်မပါဘူး ။ သိတဲ့လူဆိုလို့ လေ ။ ငါနဲ့  မဆိုင်ဘူးလို့ များမှတ်ထားကျလားမသိပါဘူးဗျာ ။ ရင်လေးတယ်ပြောရင် ခဲဆွဲထားလို့ လားလို့ မေးနေကျအုန်းမယ် ။ ကိုယ့်နိုင်ငံ အကြောင်းကိုဘယ်လောက်စိတ်ဝင်စားလည်း ကြည့်တော့ တစ်ကယ်ပါနောင်လာငမိုက်သားတွေအတွက် တိုင်းပြည်ကို အိုးမဲသုတ်မဲ့လူတွေလေ ။ ကိုယ့်နေရာ ကိုယ့်ပတ်ဝန်းကျင်မှာဘာဖြစ်နေတယ်ဆိုတာတော့လေ့လာသင့်ပါတယ်နော် ။ ခုတော့ဆိုရှယ်လစ်လည်းမသိ ။ ကွန်မြူနစ်လည်းမသိ ။ လက်ဝဲ လက်ယာ ဆိုတာ သူ့ တို့ သိတာ ထမင်းစားတဲ့လက်နဲ့  အီးကုန်းတဲ့လက်ဆိုပြီးများ မှတ်ထားကျလားမသိဘူး ။ပြောလိုက်ရရင်မကောင်းတော့ဘူး ။ သူများနိုင်ငံမှာနေတော့လည်း အနေအထိုင်ကမတတ်ပြန်ဘူး ။ ကိုယ့်နိုင်ငံကိုအထင်သေးစရာတွေ လုပ်ပြနေတယ် ။ နိုင်ငံချစ်စိတ်ဆိုတာရှိလားမသိပါဘူး ။ ယမကာတို့ ကတော့ သေအောင်ချစ်တယ် ။ မွေးမြေ မွေးရပ် မွေးတဲ့တိုင်းပြည် ကိုယ့်လူမျိုး အားလုံးကိုချစ်တယ် ။ ပြောလိုက်ရင် တက္ကသိုလ် ကျောင်းသားတဲ့  ။ မေးလိုက်ရင်မသိတာများနေတယ် ။ ဒါလားတက္ကသိုလ် ကျောင်းသား မိဘ ပိုက်ပိုက်ဖြုန်းနေလိုက်ကျတာ ။ ကောင်မလေးတွေကို လိုက်ကြူမယ် ရန်ဖြစ်မယ် အဆွယ်ကောင်းရင် ဘိန်းစားမယ် အဆောင်မှာဖဲစုရိုက်ကျမယ် ဆိုတာတွေပဲတတ်လာကျတယ် ။ အိမ်ကတော့ ငါ့သားတော်လှ မှတ်နေကျတယ် ။ နောက်မှ အချူပ်ခန်း လိုက်ပြီးအာမခံပေးရတာနဲ့  ။ ဆေးဖြတ်ခိုင်းရတာနဲ့  ရန်ဖြစ်လို့ ကွဲပြဲလာတာနဲ့ မျက်ရည်ကိုကျရော ။ တက္ကသိုလ်ကျောင်းသားတဲ့  အထင်သေးတာမဟုတ်ပါဘူး ။ မြင်နေရတာတွေကိုပြောနေတာပါ ။ ကျောင်းဘေးမှာလည်း အရက်ဆိုင် ဘိလိယက်ခုံကလည်းပေါမှပေါ ။ အဲ့မှာများသွားသင်နေကျလားမသိဘူး ။ တိုင်းပြည်အကြောင်းဘာဆိုဘာမှမသိသော ဘာမှကိုမသိတာဗျာ ။ နိုင်ငံကျော်တဲ့ တိုင်းပြည်ခေါင်းဆောင်မေးကြည့် သူ့ တို့ သိလားဆိုရင် ။ ဒီနေ့ လည်း သယ်ရင်းနဲ့ စကားပြောနေရင်းနဲ့  သူကဘယ်ကလည်းလို့ မေးကြည့်မိတယ် ။ ဦးသန့် ရွာ ကလေ လို့ ပြောတာနဲ့ သိနေပြီ ပန်းတနော်သား ပေါ့ ။ ဒါကို တက္ကသိုလ်ကျောင်းသားဆိုတဲ့ ငနဲ က ဘယ်က ဦးသန့် ရွာလည်းလို့ မေးတော့ သူ့ ကိုတောင်သနားနေမိတယ် ။ ဘာလို့ ကျောင်းတက်နေသေးလည်းလို့ လည်းလေ ။ ဦးသန့့် အရေးအခင်းသိလားမေးကြည့် ။ သေချာတယ်မသိဘူး ။ ဆက်ပြောလည်း နွားကို ပလာတာကျွေးတာမှ နွားကမှစားရကောင်းမှန်းသိသေးတယ် ။ သူ့ ကတော့သိမှာဟုတ်ဘူး ။ လေ့လာအားနည်းတာကိုပြောတာပါ ။ ခုလို ခေတ်မီနေတဲ့ခေတ်မှာ အိုင်တီခေတ်မှာ ခလုပ်လေးနှိပ်ယုံပဲ ။ သိချင်တာ အားလုံး ရှိတယ် ။ အားရင် ကောင်မလေးတွေနဲ့ အပြိုင်ကြူမယ် ။ ဂိမ်းဆော့မယ် ။ ဒါလေးပဲသိတယ် ။ တစ်ကယ်သိသင့်တာမသိဘူး ။ ကဲကိုယ့်နိုင်ငံအကြောင်းကို တစ်ခြားသူကမေးလာပါပြီတဲ့ ဘယ်လိုဖြေမလည်း ။ မြန်မာ လို့  ပဲဖြေမလား ။ ဖြေရောဖြေတတ်သေးလားမသိပါဘူး ။ ဘူးမား ဘားမား ဒါပဲဖြေတတ်တယ် ။ သူများနိုင်ငံကလူတွေတောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းတို့  အရင်က အာရှမှာ ခြေစွာခဲ့တဲ့ မြန်မာဘောလုံးကလူတွေကိုတောင်သိနေတယ် ။ ကိုယ့်က နိုင်ငံသားသာပြောတာ ဘာမှမသိတဲ့နလပိန်းတုံးကြီးပါလားလို့  ပြောပြီးသေသင့်နေပြီ နော်။ ကဲကိုယ်မွေးခဲ့တဲ့တိုင်းပြည်အကြောင်းကို သိအောင်လုပ်စမ်းပါ ။ အသာငြိမ်မနေကျပါနဲ့  သိသင့်တာကိုသိအောင်လုပ်ကျပါလား ။ နင့်တို့ ကလေး တွေမေးလာရင် ဘာမှမသိဘူးဆိုရင်သဘာဝမကျဘူးနော် သိလား ။ ခုတော့ ငယ်တုန်းလေးမလေ့လာကျဘူး ။ ငါတို့ နဲ့ မဆိုင်ဘူးလို့ များထင်နေလားမသိဘူး ။ ပြောပြန်ရင်လည်းမကောင်းဘူးဗျို့  အရပ်ကတို့ ရဲ့ ။ ခုတော့မြန်မာတွေ လူအတွေလို့  ဒင်းတို့ ကြောင့်အပြောခံရပြီ ။ အနော်လည်းရှမ်းလူမျိုးပါ ။ ဒါပေမယ့် မြန်မာလူမျိုးပဲ ။ ခုတော့ ဒင်းတို့ က မသိလည်းမသိဘူး ကိုယ့်လူမျိုးမှ လူထင်နေလားမသိဘူး ။ သောက်တလွဲဒင်းတို့ ရှိနေတာတိုင်းပြည်နာတယ် ။ ဒါပေမယ့် လည်း ငါတို့ တိုင်းပြည်ကလူမျိုးပါလား ဆိုပြီးတွေးပြီး ဖြေသိမ့်နေလို့ ပေါ့ ။ ဟူးပြောရတာ မသက်သာ ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။
အမြည်းလေးတွေ
3 Responses
  1. တချိန်ချိန်ပေါ့ဗျာ ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး


  2. Unknown Says:

    ဒီစာဖတ်ပြီးမှ
    တိုင်းပြည်အတွက်ရင်တောင်လေးသွားတယ်။
    မေတောင်အပြစ်၇ှိသလိုခံစားရတယ်။
    မေက တော်တော်တန်တန်မသိတဲ့ငအူလေ။
    အင်းသိသလောက်မျှပေးနိုင်တဲ့အလုပ်လုပ်နေပြီး
    သိသလောက်လေးမျှပေးခဲ့တယ်လို့တော့ထင်တာပဲ
    တော်ပါသေးတယ်လေလို့ကိုယ့်ကိုကိုယ်စိတ်ဖြေလိုက်ပါတယ်။
    ယာမကာလုလင်ဆိုတော့ ပုလင်းထဲပဲခေါင်းစိုက်နေသလားလို့
    ဒီလိုအတွေးအခေါ်ရှိမယ်တောင်မထင်ထားမိဘူး
    လေးစားပါတယ်
    ပတ်ဝန်းကျင်ကလူတွေကိုလည်းဒီလိုစိတ်လေးရှိအောင်ဆွဲဆောင်ပါဦးနော်။
    မေတို့လည်းတတ်နိုင်သလောက်ပေါ့နော်
    ကြိုးစားကြည့်ကြတာပေါ့


  3. ဟုတ်ကဲ့ပါ သိသလောက်လေးချရေးကြည့်တာပါ မှားတာပါရင်
    ဘွားတေး အဟေး တောင်ပေါ်သားနော်ဟူးးးးးးးးးးး
    လုပ်နေတယ် နင့်လည်း သတိထား အဟတ်
    မေ လည်းရောက်လာတယ်လား ငမူးလည်းမူးပြီးရေးချင်တာရေးတာပဲ
    မှားသွားလည်းမူးပြီးရေးတာလို့ မှတ် အဟတ်


Post a Comment