ယမကာလုလင်ရဲ့ အချစ်ပေါ်အမြင်

အချစ်အကြောင်းကို မသိချင်ဘူးဗျ ။ ဒါပေမယ့် တွယ်တာတယ်ဆိုတာကလည်း သံယောဇဉ် ။ သံယောဇဉ်နောက်မှာမှ အမျှင်တန်းတွေ အများကြီးနဲ့ လေ ။ ပြောရရင် ရှုပ်တယ်လို့ ထင်မလား ။ ဆိုတော့က အချစ်ဘယ်ကစဖြစ်သလည်း လူတိုင်းလည်းမသိနိုင်ဘူး ။ နောက်ရှိသေးတယ် အချစ်က ဘာလည်းဆိုတာမသိကျဘူး ။ ခုထိအဖြေ မရှိတဲ့ ပုစ္စာလိုပဲ ။ ဘယ်သူ့ မှဖြေရှင်းချက်မပေးနိုင်ကျဘူး ။ လူအမျိုမျိုးကတော့ အဖြေအမျိုးမျိုးပေးသွားလေ၇ဲ့ ။ ငမူးကိုယ်တိုင်လည်း မဖြေရှင်းတတ်ဘူး ။ နဂိုမှငမူးပါဆိုမှ နော် အကြောင်းအရင်းရှိလို့ မူးနေတာ ။ ဘလိုင်းကြီးမမူးဘူးနော် ဟုတ်စ ။ ပြောရရင်အချစ်ကြောင့် လူတွေ ဝမ်းနည်းပူဆွေးရတာလည်းရှိတယ် ။ ကြေကွဲရတာတွေလည်းရှိတယ် ။ အချစ်ဆိုတာမျိုးကလည်း ထူးဆန်းတယ်ဗျ ။ အဲ့လိုထူးထူးဆန်းဆန်းလေးတွေကိုပဲ လူတွေက စခဲ့ကျတာလေ နော် ။

အချစ်တဲ့ ပြောရတာ စကားလုံးကနှစ်လုံးတည်းရယ် ။ ဒါပေမယ့် လျှို့ ဝှက်မူတွေက များတယ် ။ အချစ်ရဲ့ နောက်မှာ အကြောင်းအရာအမျိုးမျိုးပြောင်းသွားတယ် ။ ဒါကလူတွေက အမျိုးမျိုးတင်စားကျတာကိုးနော့ ။ ချစ်နေတုန်းတော့ ဘာလုပ်လုပ်အပြစ်မမြင်ကျဘူး ။ အချစ်ဆိုတာမျိုးကလည်းကြောက်စရာလို့ ထင်ထားရင် သူ့ ကချိုမြိန်တာတွေကိုချပေးပြန်ရော ။ ကဲ ဒီခါတော့ အစွမ်းကုန်ချစ်လိုက်မယ်ဟဲ့ လို့ အားတင်းခါမှ ခါးသီးမူတွေကလာပြန်ရော ။ ပြောကျပါတယ်လူတွေ အားလုံးလေ အချစ်စစ်မှန်ရင်ဘယ်တော့မှမဖြောင့်ဘူးလို့ ဆို ထားတယ်ခင်ဗျ ။ ဆိုလိုတာက အခက်အခဲ တွေ ကြုံရမယ် ပျော်ရွှင်စရာတွေကိုရ ရင်ရမယ် ။ အချစ်ကိုမကောင်းဘူးလို့ လည်းမဆိုသာဘူးလေ ။ သူ့ မရှိရင်နေရတာ ခက်သွားရော ။ လူဆိုတာမျိုးကလည်း တစ်ဦးတည်းနေလို့ ကောင်းတဲ့အရာမဟုတ်ပြန်တော့ ဒီသံယောဇဉ်ဆိုတဲ့စကားကိုခုတုံးလုပ်ပြီး အချစ်ဆိုတာကို လိမ်လည်နေကျပြန်တယ် ။ ပြောရရင်အချစ်က ကောင်းလားဆိုတော့လည်းမကောင်းဘူး ။ မကောင်းဘူးလားဆိုတော့လည်း ချိုမြမြနဲ့  ပျားသကာလိုပဲ ချိုတယ်လို့ တင်စားပြန်ရော ။ ကဲမခက်ပေဘူးလား ဒီအချစ် ။ အဲ့အချစ်ကပဲ လူကိုအရောင်အမျိုးမျိုးပြောင်းလဲပေးနိုင်တယ် ။ သူ့ ကြောင့် ပျော်ရွှင်ရတဲ့လူရှိတယ် ။ သူ့ ကြောင့်ပဲ ငမူးတို့ လို ယမကာသမားဖြစ်တဲ့သူလည်းဒုနဲ့ ဒေး ပါပဲ ။ ငမူးကတော့ ကြိုက်လို့ သောက်တာ နော ခုတော့သူ့ နဲ့ ဆိုင်တော့ဘူး ။ အစကတော့နည်းနည်းဆိုင်ပါတယ် ။ ခုတော့လည်းဆိုင်သလိုလိုပဲ ။ လသာတုန်းကတော့ လသာမှန်းမသိဘူး ။ လမသာတော့မှ လကိုလွမ်းဆွတ်သလိုမျိုးပါပဲ ။ တိမ်ဖုံးနေတဲ့ လ မသာတဲ့အချိန်ဆို လ ကိုလွမ်းဆွတ်နေရတာအမော ။ အော်အချစ်ဆိုတာပူလောင်ခြင်းပါလားလို့ ။ ဒါပေမယ့်လူဘဝ ဆိုတာခဏလေးအတွင်းမှာ ဒီအချစ်က တော်တော်အရေးပါနေရာယူထားတယ် ။ အားလုံးကလည်း အချစ်ဆိုတာကို လက်ခံကျတယ် ။ ဒီတော့သူ့ ကနေရာတစ်ကာမှာနေရာယူထားပြီပေါ့ ။ လူစိတ်ဆိုတာကလည်း ဆန်းကြယ်တယ်ခင်ဗျ ။ ခုတစ်မျိုးတော်ကြာတစ်မျိုးလုပ်တတ်လွန်းလို့ လေ ။

အချစ်ဆိုတာက တိမ်တွေလိုပဲ ထင်တယ် ။ လေမှာလွင့်ချင်လွင့်နေမယ် ပျောက်ပြယ့်သွားချင်လည်းပျောက်ပြယ့်သွားလိမ့်မယ် အစိုးမရဘူးလေ ။ ပုံစံအမျိုးမျိုးနဲ့ ဖြစ်နေချင်ဖြစ်နေမယ် ။ တစ်ခါတစ်လေ အရမ်းလှတဲ့ ပုံလေးဖြစ်သွားနိုင်သလို ခဏလေးအတွင်းမှာ ရုပ်ဆိုးအကျည်းတန် လား ကြည့်မကောင်းတာလားမသိတဲ့ပုံစံလေးဖြစ်သွားနိုင်တယ်လေ ။
ကဲ အချစ်အကြောင်းကို တပ့် ထားတဲ့  ကိုရဲ ရေ ငါတော့မူးနေတော့မူးနေသလိုပဲ ရေးပေးလိုက်တယ် ။ နောက်ဆိုလုပ်တော့နဲ့ နော်ငါမှာ တော်တော်ဒုက္ခရောက်သွားတယ် ။
အမြည်းလေးတွေ
1 Response
  1. အမူးသမားရေးတဲ့အချစ်အကြောင်းကို
    မူးမူးနဲ့ လာဖတ်သွားတာ
    ဖတ်ရင်းနဲ့ အချစ်ကြားမှာ
    မူးမူးနဲ့ ချာချာလည်သွားတယ်..
    ဘာမှန်းမသိလိုက်ဘူး..
    ကဲ အမူးသမား.. အမှားကင်းအောင်..
    ကဲ..ညီတော်ရေ...နောက်တစ်ခွက်.. (အဲ) မှားလို့ 
    နောက်တစ်ခေါက်ထပ်ဖတ်မယ်ဗျာ...


Post a Comment