နေပျှော်တဲ့ဘဝ

အဝေးဆုံးသူငယ်ချင်းကိုလည်း မျှော်ကိုးလို့
စောင့်ပြီးမသောက်ချင်တော့ဘူး
အနီးဆုံးဆိုင်ကို ထပ်သွားဖို့လည်း
မိန်းမဆီက ပိုက်ပိုက်ကို တောင်းဆိုဖို့ လည်း မဖြစ်ဘူး ။


ခဏတာငါ အပျင်းပြေဖို့ နောက်တစ်ခွက် ကိုလည်း
ကြိတ်မှိတ်ပြီး မော့သောက်ဖို့ လည်း မဖြစ်နိုင်သေးဘူး
ညဘက်ညဘက် ယောင်ယမ်းပြီး
ဝီစကီတစ်ခွက်နဲ့ လမင်းကြီးကို မကြည့်ချင်တော့ဘူး
ဖြစ်နိုင်၇င် အရက်ပုလင်းလည်း မမြင်ချင်ဘူး
ငါတစ်ယောက်ကြောင်နေတာကလွဲလို့

အားလုံးနဲ့ဘာမှမပြောင်းလဲ
အရင်အတိုင်း အရယ်တစ်ချက်မပျက်ဘဲ
အရက် တွေထဲစိတ်နှစ်လို့
ပျော်ပျော်နေတတ်တာ
ကြာပြီပဲ မိန်းမရယ် ....။


( မိန်းမသိရင် ဆူခံထိအုန်းမယ် တတ်နိုင်ဘူးလေ ပျော်စေရီစေချင်တာကိုး )

နေပျှော်တဲ့ ဘဝ ဆိုတာ ကဗျာလေး တစ်ပုဒ်ပါ ။ မူရင်းကို အပြောင်အပျက်နဲ့ လုပ်ပြီးစပ်လိုက်တာ အိုက်ခီလောက်နဲ့ တော်တော်နီးစပ်တယ်ဆိုပြီး ထင်ကြေးပေးခံရတာပါ ။ ဒါနဲ့ ဆားထပ်ချက်လိုက်တယ်ပေါ့ဗျာ ။ တောင်ကြီးမိသားစုမှာ အပြောင်အပျက်နဲ့ ရေးရင်းကနေ ရလာတဲ့ ကဗျာလေး တစ်ပုဒ်ပါ ။

အိုက်ခီလောက်
အမြည်းလေးတွေ
7 Responses
  1. khin oo may Says:

    အရက်ပုလင်းမမြင်ချင်ဘူး
    သောက်မိမှာစိုးလို့


  2. khin oo may Says:

    မြင်ကွင်းရှင်းသွာြးီ့ပီ


  3. Angel Shaper Says:

    ဟဟားးးးးးးးးးးးးးး ကိုကြီးဖိုးရွှေလိပ်.....
    မူးပြီး ရေးထားတဲ့ကဗျာက ဝီစကီနံ့လေးကို သင်းနေတာပဲ။ ဟိဟိ
    ရှန်ပိန်နံ့ဖြစ်ရမှာ.... ဟဟ
    ကောင်းတယ်ဗျိုးးးးးးးး
    မကြီးနဲ့ တိုင်မယ်။ တကယ်တိုင်မှာ...ဂယ်ပြောတာနော်။
    နားပူဖို့သာပြင်... ဟိဟိ


  4. အဟားးး အိမ်ကျယ်ရေ တိုင်ဟ စစ်ကူလိုရင် ငါပါ တိုင်ပေးမယ် ဟဲဟဲ
    ဟုတ်ပါ့ သူ့အိမ်လာတာ အရက်နံ့ကို ထောင်းခနဲနေတာပဲ ဟက်


  5. ပိုက်ပိုက်မတောင်းချင်လဲ အကြွေးသောက်ပါ ခီလောက်ရယ်...


  6. kiki Says:

    အေးဟေ့ နေချင်သလို ပျော်သလိုသာ နေပေါ့ ငမူးရယ်. .. ပတ်ဝန်းကျင် နဲ့ ကိုယ့်ကျန်းမာရေး မထိခိုက်ရင် ပြီးတာပဲ ဟ.... ဘကျောက်ဆီက အကြွေးနဲ့ သွားသောက် ... ငါတော့ နင်ပြောတာနဲ့ ခုလောလောဆယ် ထန်းရည်လေးပဲ သောက်ချင်နေတာ .


  7. Anonymous Says:

    ကိုကြီးကျော်နဲ့ အမျိုးတော့မတော်လောက်ပါဘူးနော်...
    ဟိဟိ...(LoverStar)


Post a Comment