သရော်တဲ့ကာတွန်း

ဘာမှတော့မဟုတ်ဘူးပေါ့ဗျာ ။ ကြည့်ပြီးပြုံးတေ့တေ့လေးဖြစ်ရတာပဲ ။ ကာတွန်းဆိုတာ ငယ်ကတည်းကကြိုက်မိတယ် ဗျ ။ သရော်တဲ့ ကာတွန်းတွေ ဆိုပိုကြိုက်တယ် ။ ငယ်တုန်းက မဂ္ဂဇင်း နဲ့ သတင်းစာတွေ မှာ အမြဲကြည့်မိတယ် ။ ကြည့်တိုင်း ပြည်သူ့ တွေရဲ့ ခံစားချက်နဲ့ တစ်ထပ်တည်း ဖြစ်နေတာကို တွေ့ ရတယ် ။ ပြည့်သူ့ သဘောထားအမှန်ကို ဖေါ်ပြနိုင်စွမ်းရှိတဲ့ သူ့ တို့ လက်ရာကိုလည်း လေးစားမိတယ် ။
ခုလည်း ကာတွန်းဆရာကိုဟန်လေး ရဲ့ လက်ရာကို လည်း ကြိုက်နှစ်သက်မိတယ် ။ ခုလည်း သဘောကျလို့ စုထားတဲ့ ကာတွန်း လေးတွေကို လည်း မောင်နှမတွေ အတွက်ပြန်ပြီးမျှပေးလိုက်ပါတယ် ဗျာ ။ သရော်တဲ့ ကာတွန်းကြိုက်တဲ့လူတွေ ခံစားနိုင်ပါစေဗျာ ။





ဒီပုံကြည့်မိတော့ လွယ်အိတ်နဲ့ ကလေးကို ကိုင်မြှောက်နေတာ ၊ လွယ်အိတ်မှာက 1942 ဆိုတာတွေ့ မိတော့ ဒါဟာ ပြည်သူ့ တွေ မွေးထုတ်ခဲ့တဲ့ တပ်မတော် ခုနှစ်ဆိုတာ ပထမဆုံးခံစားမိတယ် ဗျာ ။ နောက်က စပါးပုံကလည်း အကြီးကြီး ပဲ ဗျ ။ နောက်ကျတော့ ပြည်သူ့ ကျွေး ဆိုတဲ့ အခါကျတော့ စပါးပုံ ကလျော့လာပြီ ။ နောက်ဆုံး ပုံကတော့ အဲ့လိုများ တစ်ကယ် ဖြစ်နေတာလား ဆိုတာ စဉ်းစားကြည့်နေမိတယ် ဗျာ ။




ဒီပုံ ကျပြန်တော့လည်း ဥပဒေ တွေ နဲ့  ပုဒ်မတွေ နဲ့ ၊ တွေ့ ဆုံ ဆွေးနွေးဖို့ အရေး ခက်ခဲနေလိုက်တာများ ကြည့်တာနဲ့ ပြုံးတေ့တေ့ပဲ ဗျ ။

ဒါကျတော့ပြန်လည်း ရွေးကောက်ပွဲ အတွက်ပြောင်ထားတဲ့သရော်ထားတဲ့ ပုံလေးမို့ ကြိုက်တယ် ။ လူစုစုမြင်ရင် လန့် နေတော့လည်း ၊ ဒီလိုဖြစ်လာ ရင် ရီရချေသေးရဲ့ ဗျာ ။



ဒါလေးလည်း သဘောကျမိပါရဲ့ ဗျာ ။ စိုက်ခိုင်းတာဘာကြောင့်မှန်းမသိ ၊ စီမံကိန်းနဲ့ စိုက်ခိုင်းနေတာပဲ ။ အောင်မြင် ဖြစ်ထွန်းလား ၊ မဖြစ်ထွန်းလားဆိုတာ ပြည်သူ့ တွေ အသိပါ ။ တစ်ကယ့် ဟာတွေ တော့ရောင်းစားဖို့ လုပ်နေတာ ပြည်သူ့ အတွက်မဖြစ်သေးပါလားဆိုတာ သဘောပေါက်သွားမိတယ် ။



အင်း ဒီပုံလေး ဖတ်မိတော့ အတော်ရီချင်သွားတယ် ။ ဟုတ်မှာပါလေ သူ့ ခမျာ လုပ်ရတာ ပင်ပန်းတော့ မိဘမဲ့ဖြစ်ချင်တော့မှာပေါ့ဗျာ ။ ရွာမှာနေတုန်းက စစ်သားတွေ ကားလမ်းကို ကတ္တရာခင်းတာမြင်ဖူးတယ် ။ ဗိုလ်ကြီးတွေက ဟိုခိုင်း ၊ ဒီခိုင်းပေါ့ဗျာ ။ တစ်ကယ်လက်အောက်ငယ်သားတွေပဲ လုပ်နေရတာ ။ ဒီကြားထဲ သတ်မှတ်ထားတဲ့အချိန် နဲ့ အမှီပြီးအောင် ၊ လူကြီးတွေ လာတော့မယ် ဆိုရင် ရွာသားတွေပါ မနေရဘူး လုပ်အားပေးတယ် ခေါ်တာပေါ့ နော် :P ရွာသားတွေကိုအနိုင့်မကျင့်ပါဘူးဗျာ ညှင်ညှင်သာသာပဲ ဟောက်စားလုပ်တာပါ :D


အင်း ဒါကျတော့ပြန်လည်း အမ်အယ်ဒီ ပါတီကြီး အဖြစ်ကိုရီချင်တယ် ။ ၁၉၉၀ ဆိုတဲ့ကမ်းပါးကလည်း မခိုင်တော့ဘူး ။ ရှေ့က ၂၀၁၀ ဆိုတဲ့ ကမ်းပါးမှာကလည်း ခုန်တက်လိုက်လို့ လက်နဲ့ ဖိထားတာ လွတ်ချလိုက်ရင် သူ့ ခမျာ ချောက်ထဲ ကျသွားနိုင်တယ် ။ ဒီတော့ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့ အနေအထားမှာ ဗျာ များနေတယ်ခေါ်မလား ။


ဒါတော့ အများမြင်ပါတယ် လေ ။ ကြာတော့လည်း ကြာခဲ့ပါပြီ
ဟဟ မော်တော်ပီကယ်တွေ ကူညီထားသမျှ တွေ အကုန် ဖေါ်နေတဲ့ပုံ ။ ဝီစီ ထဲတောင်မချန်ဘူး ထွက်လာတာ ။ ရွှီ ခနဲ့ ဆို ပိုက်ဆံရတတ်တာ သူ့ တို့ ပဲရှိတယ် ။ လိုင်စင်ရ ဓါးမြ ထဲမှာ သူ့ တို့ လည်းပါတယ် ။


ဦးဇင်းတို
့ ဒီအထဲမှာပဲ တရားထိုင်ပါဘုရား။ ဦးဇင်းတို့ တရားကျင့်လို့ ရအောင် စီစဉ်ပေးတာပါ ဘုရား၊ ဒီအထဲမှာက အေးဆေးပဲ ဘုရား



အစ တုန်းက ကြည့်တော့ ဘာဆိုလို သလည်းပေါ့ ၊ မသိလိုက်ဘူး ။ နောက်မှ တစ်ခါပြန်ကြည့်မိတော့ ။ ကားမှာ ကားနံပါတ်နေရာမှာ BURMA ဆိုတာတွေ့ မှ သဘောပေါက်တော့တယ် ။ တိုင်းပြည်အုပ်ချုပ်တတ်ဖို့ မလိုဘူး တိုင်းပြည်ကထွက်တာတွေေ၇ာင်းစားဖို့ လိုတယ်လို့ များ ဆိုလေသလားလို့ ပါ ဗျာ :D


ဒါလည်း ပြုံးတေ့တေ့ပါပဲ ဗျာ




အော်ညီတူညီမျှ ဖြစ်စေရမယ် ဆိုတဲ့  ကာတွန်းလေးပါ



ဒါကတော့ နာဂစ်တုန်းက အခြေခံဥပဒေ ကို အတည်ပြုခဲ့တဲ့သရော်ကွက်လေးပါ ။ တစ်ကယ်ထိမိတယ် ။ ဒုက္ခရောက်နေတဲ့လူတွေကို ကူညီဖို့ ထက် သူ့ တို့  အတွက် အရင် လုပ်နေတဲ့ ထောက်ခံမဲ ယူတဲ့ ကာလပေါ့ဗျာ ။ ဒါကြောင့်လည်း ၉၉.၉% နဲ့  ပြည်သူ့ တွေ အသိအမှတ်ပြုတဲ့ အခြေခံဥပဒေ ကြီးဖြစ်သွားတာကိုးလို့ မြင်မိသေးတယ် :D


တစ်ခါတစ်လေ မွန်းကျပ်နေတာတွေ ၊ စိတ်ပင်ပန်းနေတာတွေ က ခုလို ကာတွန်းလေးတွေ က အမောပြေစေတယ် ။ ကာတွန်းလေးတွေဆို ကြိုက်တယ် ။ ဘာကာတွန်းပဲလာလာ ကြိုက်တယ် ။ ခုထိ အိမ်မှာ ကာတွန်းကားတွေ ဇာတ်လမ်းတွဲနဲ့ ကြည့်တာပဲ ။ နာရူတို ( NARUTO ) ဆိုတဲ့ ဇာတ်လမ်းတွဲ ကြည့်နေတာ မပြီးနိုင်သေးပါဘူးဗျာ ။ ခုလည်း စုထားတဲ့ ကာတွန်းတွေ ထဲက ကြိုက်မိတဲ့ ဟာလေးတွေကို မောင်နှမတွေ ပြုံးရပါစေတော့လို့  ။ ပြီးတော့ အရှိကို အရှိအတိုင်း မြင်တတ်ကျပါစေလို့  ။

အိုက်ခီလောက်
အမြည်းလေးတွေ
6 Responses
  1. ဝက်ဝံလေး Says:

    ဟားးးးးးးးးးးးးးးး
    ကိုခလောက်ကြီးရေ သဘောကျစွာ ရယ်သွားပါတယ်
    တချို့ဟာတွေ သိပ်နားမလည်လို့ ကိုခလောက်ရှင်းမှပဲ လင်းသွားတော့တယ် ဟဲဟဲ

    ညီလေး ခဏလောက် အကိုတို့နဲ့လိုက်ခဲ့ပါ =)


  2. ရှင်းပြလိုက်တော့ ပိုမြင်သွားတာပေါ့ .. :D
    မလွယ်ပါလားနော် ..


  3. kiki Says:

    နာတို့  မောင်နှစ်မ နှစ်ယောက် အကြိုက်ချင်းတယ်တူပါလား ဟ.....
    (နင်လည်း သတိထားနေပေတော့ .... )


  4. ကိုဟန်လေး ကာတွန်းတွေ အကြိုက်တူနေပါလား
    တချို့ပုံတွေဆို စာတစ်ကြောင်းတောင် မပါဘူး ဒါပေမယ့် ခေတ်အခြေအနေကို အရှင်းဆုံး ပြနေတယ်။ ကိုဟန်လေး ကာတွန်းတိုင်း သဘောကျတယ်။ တကယ့်ပါရမီရှင်ပဲ။
    တစ်ကွက်ကာတွန်းကြည့်ပြီး ရသ တစ်ခုရအောင် ရေးခြယ်နိင်စွမ်း ရှိတယ်။


  5. ငမူးးးးးးးးး ငါ ပြောချင်နေတာကြာပြီ မနက်ကတည်းက နင်နော် သတိထားနေ အဟေးဟေးးးးးး အကြိုက်တွေ သိမ်းထားတယ်လားးးးး ငါ့လဲ ကော်ပီလုပ်ခွင့်ပေးးးးးးး) တရားမျှတတဲ့ ကိုဟန်လေးပုံတွေပေါ့း) အမှန်ကို အမှန်အတိုင်းမြင်တတ်ပါ့ ငါလဲ အရမ်းကြိုက်တယ်

    လေးစားလျက်
    တောင်ပေါ်သား


  6. Angel Shaper Says:

    တော်ပါပေတယ် ..အရမ်းသဘောကျပါတယ်.....ရန်ကုန်ပြန်တာနဲ့ကားပြာပြာလေးအသင့်ကြိုနေလိမ့်မယ်နော်..သတိထားး ဟိဟိ..


Post a Comment