မိန်းမဆိုးလေး
3:20 AM
လူရယ်လို့ ဖြစ်လာသော်လည်းပဲ ရှေးက ပါလာတဲ့ကုသိုလ်ကံခြင်းက မတူတာရယ်ကြောင့် ၊ လူ လူ ခြင်းပေမယ် ဖြစ်လာရတဲ့ ၊ ခံစားရတဲ့ ဘဝပေးအခြေအနေက မတူကြဘူး ။ လူကံဆိုတာကလည်း ပြောရခက်တယ် ။ ဆုတောင်းကြတာခြင်းလည်းမတူတာရယ်ကြောင့် ဖြစ်နေရတဲ့ဘဝတွေ လည်း ခြားနားလို့ ပါ ။ တစ်ချို့ လည်း လိုလေသေးမရှိ မတောင့်မတ ၊ မကြောင့်မကျ နေနိုင်ကျတယ် ။ တစ်ချို့ လည်း တစ်နေ့ လုပ်တစ်နေ့ စားတွေ လေ ။ သေဌေးတစ်ချို့ တွေက ငွေမျက်နှာ တစ်ခုတည်းနဲ့ နိုင်ထက်စီးနှင်းကျတယ် ။ သူတစ်ပါးသားပျို ၊ သမီးပျိုတွေကို ငွေနဲ့ ပေါက်ပြီး အတင်း သား၊ မယားလုပ်နေကြတယ် လေ ။ ငွေနဲ့ အရာရာကို ထိန်းချုပ်ထားကျတယ် ။ ဒီလိုလူတွေကို ဘယ်သူ့ မှ မပြောရဲ ကျဘူး ။ ဘာကြောင့်လည်းဆိုတော့ ငမူးတို့ နယ်စပ်ဖက်မှာ အဖွဲ့ အစည်းဆိုတဲ့ လူတွေပေါ့ ။ အထူးအခွင့်အရေးတွေ ရနေတော့လုပ်ချင်တာလုပ်နေကျတယ် ။ ပြီးတော့ဗျောက်လည်းခါးကြားချိတ်ထားတော့ ဘယ်သူ့ ကသွားပြောရဲမလည်းနော့ ။ အာချောင်မှ ပြောင်းဝက ကိုယ့်ဖက်လှည့်လာမှာတော့ကြောက်သား ။ လူပဲလေ ကိုယ့်အသက်ထက် ဘာကိုနှမြောနေရမှာလည်း ။ ပြီးတော့ ဒီလိုလူတွေက ဒေသ ဖွံဖြိုးတိုးတက်ရေးဆိုတာထက်သူ့ တို့ စည်းစိမ် တွေ တိုးပွားရေးပဲ လုပ်နေကျတာပေါ့ ။ မိန်းမလည်းယူချင်တိုင်းယူနေကျတာလေ ၊။ မဟုတ်တာလုပ်နေလည်း ဘယ်သူ့ ကသွားပြောရဲမှာလည်း နော် ။ ဒီလိုလူတွေ ကလည်း ငွေ နဲ့ လုပ်ချင်တိုင်းလုပ်နေကျတယ် ။ တစ်ချို့ လူတွေလည်းကောင်းပါတယ် ။ ခုပြောတာက တစ်ချို့ သောသူတွေ ဆိုပါတော့ ။ သူ့ တို့ လို လူမဆန်တဲ့ ရင်ခွင်ကြားမှာ အညွှန့် တုံးရတဲ့ သမီးပျိုတွေ ဘယ်လောက်တောင်များနေပြီလည်းမသိဘူး ။ မရှိလို့ လုပ်စားပါတယ် ဆိုမှ သူ့ တို့ ရဲ့ မက်လုံးတွေ ၊ ငွေနဲ့ အရာရာကို ထိန်းချုပ်ပြီး လုပ်ချင်တိုင်းလုပ်နေကျတာ ။ ဒီလိုလူတွေ ကိုတော့ ဘယ်သူ့ မှ မပြောရဲ ပေမယ့် ဘဝ တစ်ခုလုံးရင်းလိုက်ရတဲ့ မိန်းကလေးတွေ ကို တော့ ရစရာမရှိအောင်ကို ကဲ့ရဲ့ ကျတယ် ။ အားပေးစကားပြောဖို့ ဆိုတာဝေးလို့ ၊ အရင် ဆုံးပုတ်ခတ်ပြောဆိုကြတယ် လေ ။ သူ မတန်အောင် အမျိုးမျိုးကဲ့ရဲ့ ပြောဆိုကြတယ် ။ လူမဆန်တဲ့ လူတွေကြောင့် မိန်းမပျိုလေးတွေ ခမျာ အပျိုလေးဖြစ်ချိန် ဆယ့်ခြောက် ဆယ့်၈ှစ် ဆိုတဲ့အသက်အရွယ်မှာပဲ ဘဝ တစ်ခုလုံး ရင်းလိုက်၇တယ်။ ဆင်းရဲတော့လည်း ငွေ မရှိတော့ မတတ်သာတဲ့အဆုံး လူမဆန်တဲ့ ရင်ခွင်ကြားမှာပဲ ငွေကိုရှာနေကြတယ်လေ ။ ဒါပေမယ့် သူ့ တို့ ရဲ့ ဒုက္ခတွေ ၊ ပေးဆပ်လိုက်ရတဲ့ ဘဝ တစ်ခုလုံး ၊ ချစ်သူ ၊ ပတ်ဝန်းကျင် တစ်ခုလုံးကို သူ့ မသိသလို နေခဲ့ ရတယ် ။ သူ့ တို့ ရဲ့ မျက်ရည်ကို ဘယ်သူ့ မှမတွေ့ ကြဘူး ။ ပြီးတော့ ဝိုင်းကဲ့ရဲ့ ကြတာက မိန်းမဆိုးလေး ပိုင်းလုံးမ ၊ မယားငယ် ။ သူ့ တို့ ရဲ့ ဘဝ တစ်ခုလုံးအရှုံးခံပြီး ရင်းထားရတာတော့ မသိကြဘူး ။ အားလုံးပဲစဉ်းစားကြည့်ပါ လူဆိုတာ ကောင်းတာပဲ နေချင်ကြတယ် ၊ အရာရာကို ပြီးပြည့်စုံချင်ကျတာချည်းပဲလေ ။ ဆုတောင်းကြတာလည်း ကောင်းတာတွေချည်းပဲ ။ ဖြစ်လေရာဘဝ ဆက်တိုင်း ကောင်းရာမွန်ရာလေးနဲ့ နေချင်ကြတယ် ။ ဒါပေမယ့် ဖြစ်လာရတဲ့ အကျိုးပေးခြင်းမတူတော့ ၊ ဆင်းရဲနွမ်းပါးတာတောင်မှ ဒုက္ခကရောက်နေသေးတယ် ။ မလုပ်ချင်တာလည်းလုပ်နေရတယ်လေ။ အားလုံးပဲ စဉ်းစားကျပါ ဘယ်သူ့ က ပိုင်းလုံးမ ဖြစ်ချင်မလည်း ၊ သူ များအကဲ့ရဲ့ ခံ ချင်မလည်း ။ အပြောအဆိုခံချင်မလည်း လို့ လေ ။ ပြီးတော့ မိဘ ၊ မောင်နှမတွေ နဲ့ ခွဲခွာချင်မလည်း ။ ဘယ်သူ့ မဆိုကိုယ့်ချစ်သူနဲ့ အတူနေချင်တာပေါ့ ။ လူမဆန်တဲ့ ရင်ခွင်ကြားမှာ ဘယ်သူ့ ကပျော်နေနိုင်မလည်း ။ အသက် ၊ သွေး ၊ချွေး နဲ့ ရင်းပြီး ဒုက္ခ ခံနေ၇တာ ဘယ်သူ့ သိနိုင်မလည်း ။ သူများ အမုန်းတွေကြားမှာ သူ့ တို့ ဘယ်လောက်တောင် အရှက်ကွဲ နေပြီလည်း ။ အနေရခက်နေပြီလည်း တွေးမိကြရဲ့ လားဗျာ ။ ဒါပေမယ့်လည်း ကံကြမ္မာဆိုးကဝင်မွှေသွားတော့ သူ့ တို့ ကို မျက်နှာသာမပေးတော့ သူ့ တို့ ရဲ့ မိသားစု ၊ ရည်ရွယ်ချက် ၊ ချစ်သူ ၊ အရာရာအားလုံးကို စွန့် လွတ် ခဲ့ရတယ်လေ ။ တစ်ခါတစ်လေမှာသူ့ တို့ ဘဝလေးတွေကိုစာနာ သနားစွာနဲ့ စဉ်းစားပေးကြပါလား ။ သူ့ တို့ ဟာ မိဘကို လုပ်ကျွေးနေတဲ့ မိန်းမဆိုးလေး ဆိုတာ မသိကြဘူးလား ။ ကိုယ်တိုင် အနှစ်နာခံပြီး မိဘ တွေကို လုပ်ကျွေးနေတဲ့ သူတွေဆိုတာ မမြင်မိကြဘူးလား ။ တစ်သက်လုံးနာမည်ပျက်နဲ့  နေထိုင်သွားရတော့မယ် ။ ကိုယ့်အဖေ လောက်အသက်အရွယ်ကို ယူထားရတာလေ ။ ဒါပေမယ့် သူ့ တို့ ရဲ့ စိတ်မှာ ဖြူစင်နေတယ် ဆိုတာ သိပေးကြပါ ။ စာနာပေးကြပါ ။ သည်းခံပြီးတော့ မိန်းမဆိုးလေးလို့ မပြောပါနဲ့ လား ။ နားလည်သဘောပေါက်ပေး မယ်ဆိုရင် ကောင်းမှာပဲ ။ သူ့ တို့ မကောင်းကြောင်းကိုမပြောပါနဲ့ လား ဗျာ ။ အားလုံးပဲတွေးကြည့်ပါ လူရယ်လို့ ဖြစ်လာရင် ဘယ်သူ့ မဆို ကောင်းတာလေးတွေ ဖြစ်ချင်ကြတာပါပဲ ။ နေရာကောင်းကို ရောက်ချင်ကျတာပါပဲ ဗျာ ။ ဘယ်သူ့ ကမိန်းမဆိုးလေးဖြစ်ချင်ကျမှာလည်း ၊ မိန်းမဆိုးလေးဖြစ်ချင်တာမဟုတ် ရပါဘူး ။ မိန်းမဆိုးလေးပိုင်းလုံးမ ဖြစ်ချင်တာ မဟုတ်ရပါဘူး ၊ မကောင်းတဲ့ မိန်းမလည်းမဖြစ်ချင်ကျပါဘူးး ။ နားလည်ပေးကြပါ သူ့ တို့ ဘဝလေးတွေကို ။ အဆိုးဖက်ကမမြင်ဘဲနဲ့  အကောင်းဖက်ကလည်းတွေး ပြီးနားလည်ပေးကြပါလား ။
အိုက်ခီလောက်




